Pages

Saturday, February 4, 2012

သုဂတောငါးချက် ဂါထာ ( ဣစ္ဆာသယဂါထာတော် )

သုဂတောငါးချက် ဂါထာ ( ဣစ္ဆာသယဂါထာတော် )

သုဂတော သုဂတဓာနံ ၊
သုဂတော သုန္ဒရမ္ပိစ ၊
နိဗ္ဗာနံ သုဂတော ယာတိ ၊
သုဂတော တေ နမော နမာ ။

ဣစ္ဆာသယဂါထာတော် ရွတ်ဖတ်ခြင်းအကျိုး

၎င်းဂါထာတော်ကို နေ့စဉ် သက်စေ့ရွတ်ပါက လိုရာဆန္ဒ ပြီးစီးစေပါသည် ။ ပြောဆိုသမျှ ဩဇာတည်စေပါသည် ။ ဆရာကောင်း ၊ ဆေးဝါးကောင်းများကို အထူးရရှိစေပါသည် ။ နေမိန္ဒရတောင်ပေါ်မှ ဆရာတော်ကြီး ဦးတေဇနိယသည် နေ့စဉ်ရွတ်ရာ နှစ်ကြာလာသည်နှင့်အမျှ အကျိုးပွားလာခဲ့ပြီး တစ်နေ့တွင် ၀ိဇ္ဇာဓိုရ်များက တပည့်တစ်ဦး စေလွှတ်၍ စတုမဓူ ကပ်သဖြင့် ဘုဉ်းပေးရာ အားကုန်ညှိုးနွမ်းသော မြစ်ခြောက်နာမှာ ရုတ်တရက် ယူပစ်သလို ပျောက်ကင်းခဲ့ဖူးပါသည် ။
ဤ ဣစ္ဆာသယ မန္တန်တော်ကို ရှေးဆရာတော်ကြီးများက သုဂတော ငါးချက် ဂါထာဟု ခေါ်ဆိုခဲ့ကြသည်။
မြတ်ဗုဒ္ဓ၏ မုက္ခပါဌ်တော်များကို နတ်ပင့်မှ ဣစ္ဆာသယ သုဂတော ဂါထာထိ အမျိုးပေါင်း ခြောက်ဆယ်ကျော်ဖြင့် ထုတ်ဖော် တင်ပြခဲ့ပြီး ဖြစ်လေပြီ ။
ထိုသို့သော ဘုရား နှုတ်ခပါဌ် ဂါထာ မန္တန်တော်မြတ် တည်းဟူသော ဗုဒ္ဓ ပရိတ်တော်မြတ်များတွင် မိမိတို့ အလိုရှိရာ အဆင်ပြေရာ ဂါထာတော်မြတ်များကို ရွတ်ဖတ် သရဇ္ဈာယ်ပြီး သကာလ ထို ပရိတ် မန္တန်တော်မြတ်များ၏ အကျိုးကျေးဇူးများကို ပိုမို ခံစားစေနိုင်ရန် မေတ္တာပို့သခြင်းနှင့် တွဲဖက်၍ အသုံးပြုသင့်ပေသည် ။ ဥပမာ - သဗ္ဗဇယမင်္ဂလာ ဂါထာတော်ကို နေ့စဉ်အမြဲ ရွတ်ဖတ်မည် ဆိုပါက ထို သဗ္ဗဇယမင်္ဂလာ ဂါထာတော်ရွတ်ပြီးသည်နှင့် တစ်ပြိုင်နက် မေတ္တာပို့ ဂါထာတော်ကို ဆက်လက် ရွတ်ဆိုရန် ဖြစ်ပါသည် ။
ထိုကဲ့သို့ မေတ္တာပို့သပြီးသည်နှင့် တစ်ပြိုင်နက် မိမိပြုခဲ့သမျှ ကုသိုလ်ပုည အားလုံးကို ၃၁ ဘုံသို့ အမျှပေးဝေရမည် ဖြစ်ပါသည်။ လူ ၊ နတ် ၊ ဗြဟ္မာ သတ္တ၀ါများက မိမိ၏ ကောင်းမှုကို သာဓုအနုမောဒနာ ခေါ်ယူ၍ မှတ်တမ်းတင်ကြပါလိမ့်မည် ။
မေတ္တာပို့ အမျှအတန်းပေးဝေပြီးသည့်နောက် သမ္မာဒေ၀ နတ် ဗြဟ္မာအပေါင်းတို့အား ၎င်းတို့ ရပ်ဌာန ဘုံဗိမာန်သို့ ပြန်နိုင်စေရန် ရည်သန်ခွင့်ပြု နတ်ပို့ခြင်း အမှုကို ပြုရပါသည်။
နောက်ဆုံးတွင် အရပ်ဆယ်မျက်နှာကို စည်းချ၍ ဗုဒ္ဓပရိတ်တော် မန္တန်ရွတ်ဖတ်ခြင်း ကိစ္စကို ပြီးစီး စေရမည် ဖြစ်ပါသည်။

No comments:

Related Posts Plugin for WordPress, Blogger...