Pages

Saturday, January 29, 2011

ယောဆရာတော် မေတ္တာနှလုံး အလှဆုံး.mp3



ယောဆရာတော်ဘုရား၏ မေတ္တာပို့နည်း
- ဘာသာအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းစုံရာ မေတ္တာအလှဆုံး ။
- လူမျိုးအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းစုံရာ မေတ္တာအလှဆုံး ။
- သတ္တ၀ါအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းစုံရာ မေတ္တာအလှဆုံး ။

ယောဆရာတော်ဘုရား၏ မေတ္တာပို့နည်း ( ၅ ) နည်း
၁။ အတူနေငြား လူအများ နှစ်ပါး ကိုယ်စိတ် ချမ်းသာစေ။
ဆင်းရဲရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
မေတ္တာနှလုံး အလှဆုံးဖြင့် ရွှင်ပြုံးကြည်သာ အေးမြကာ ချမ်းသာကြပါစေ။

၂။ အတူနေငြား နတ်အများ နှစ်ပါးကိုယ်စိတ် ချမ်းသာစေ။
ဆင်းရဲရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
မေတ္တာနှလုံး အလှဆုံးဖြင့် ရွှင်ပြုံးကြည်သာ အေးမြကာ ချမ်းသာကြပါစေ။

၃။ အုပ်ချုပ်နေငြား လူအများ နှစ်ပါးကိုယ်စိတ် ချမ်းသာစေ။
ဆင်းရဲရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
မေတ္တာနှလုံး အလှဆုံးဖြင့် ရွှင်ပြုံးကြည်သာ အေးမြကာ ချမ်းသာကြပါစေ။

၎။ မြို့ရွာအတွင်း ရပ်ကွက်တွင်းမှာ လူများစွာ ချမ်းသာကြပါစေ။
ဆင်းရဲရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
မေတ္တာနှလုံး အလှဆုံးဖြင့် ရွှင်ပြုံးကြည်သာ အေးမြကာ ချမ်းသာကြပါစေ။

၅။ လုံးစုံများစွာ သတ္တ၀ါ နှစ်ဖြာကိုယ်စိတ် ချမ်းသာစေ။
ဆင်းရဲရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
မေတ္တာနှလုံး အလှဆုံးဖြင့် ရွှင်ပြုံးကြည်သာ အေးမြကာ ချမ်းသာကြပါစေ။

Wednesday, January 26, 2011

တောင်တန်းသာသနာပြု ဆရာတော် ဘုရားကြီး၏ ရေမေတ္တာနှင့်ပရိတ်တရားတော်




နတ်လူ သတ္တ၀ါအားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
ကောင်းကျိုး လိုရာ ဆန္ဒ ပြည့်ဝကြပါစေ။

ရေမေတ္တာပို့နည်း

ဘုရားစင်ပေါ် ရေသန့်သန့်လေး ထည့်ထား အဲ့ဒိ လူကို ရည်စူးပြီး လူမနင်းတဲ့ နေရာက ကျောက်ခဲလေး သန့်သန့်ဆေး ရေခွက်ထဲထည့်...
ကျောက်ခဲမရရင် တုတ် သန့်သန့်လေး ဆေးပြီးထည့်... ထိုသူ၏ စိတ်နှလုံး ( ရေကဲ့သို့ အေးပါစေ ) ဒါကိုပဲ အကြိမ်ကြိမ် ရွတ်ပေး... အဲ့လိုသာ လုပ် အကုန်လုံး ရတယ်...

လောကမှာ မေတ္တာလောက် ကောင်းသော အရာမရှိ... ကာယကံ မေတ္တာ ၊ ၀စီကံ မေတ္တာ ၊ မနောကံ မေတ္တာ ကံ ၃ ပါး ရှိတယ်... ကိုယ်ပြုတဲ့ ကံတရား ကိုယ်သာလျှင် ခံစားရမှာ ဖြစ်တယ်...

Min kun sayardawgyi ၂။ ရတနသုတ် .mp3



ရတနသုတ် ရွတ်ဖတ်ရခြင်း အကျိုး

ကပ်ကြီး သုံးပါးကို ကျော်နင်းစေနိုင်သည်၊ စုန်း တစ္ဆေ ကဝေ ပယောဂ ဟူသမျှကို နိုင်သည်။ အကြောင်း အမျိုးမျိုးကြောင့် ဆင်းရဲ ဒုက္ခ ရောက်သော အခါ အချုပ် ထောင် နှောင်အိမ် စသည်တို့၌ ကျရောက်နေသောအခါ အမြန်လွတ်မြောက်စေနိုင်သည်။ နတ်ကောင်း နတ်မြတ်တို့၏ စောင်မ ကြည့်ရှုခြင်းကို ခံရမည် ဖြစ်ပေသည်။

ဓမ္မသုခဆရာတော်ကြီး၏ဓုတင်အကျင့်မြတ်လမ်းမှဖြစ်ရပ်ဆန်းများ

Min kun sayardawgyi ၁။ ပရိတ်နိဒါန်း+မင်္ဂလသုတ်.mp3



မင်္ဂလသုတ် ရွတ်ဖတ်ရခြင်း အကျိုး

မင်္ဂလသုတ်ကို မပြတ်ရွတ်ဖတ် သရဇ္ဈာယ်၍ လိုက်နာကျင့်ကြံလျှင် မည်သည့် နေရာမှာ နေသည်ဖြစ်စေ ဘေးအန္တရာယ် ကင်းသည်။ ရန်သူတို့က မိမိအား မအောင်မြင်နိုင် ။ မိမိ၏ ဘ၀ အဆင့်အတန်းသည်လည်း တစ်နေ့ထက် တစ်နေ့ တိုးတက်ချမ်းသာလာမည် ဖြစ်ပေသည်။ အချုပ်အားဖြင့် ရန်ကင်းသည်၊ သူတစ်ပါး မကောင်းမကြံနိုင် ၊ ဘ၀အခြေအနေ ကြီးပွားတိုးတက်စေသည်။ မဂ်ဉာဏ် ဖိုလ်ဉာဏ်သည်ပင် မင်္ဂလာရှိသော မိမိ၏ စိတ်သန္တာန်မှာ ပေါ်လာနိုင်ပေသည်။
Related Posts Plugin for WordPress, Blogger...