Pages

Monday, January 26, 2015

နတ်မင်းကြီး ( ၂၈ ) ပါး မေတ္တာပို့



နတ်မင်းကြီး ( ၂၈ ) ပါး မေတ္တာပို့ 

* အရှေ့အရပ်မျက်နှာ၌ တည်ရှိကြကုန်သော ဓတရဋ္ဌ နတ်မင်းကြီး အမှူးရှိသည့် သာတာဂီရိ နတ်မင်းကြီး ၊ ဟေမဝတ နတ်မင်းကြီး ၊ ပုဏ္ဏကနတ်မင်းကြီး ၊ ဝုတ္တိယနတ်မင်းကြီး အပေါင်းတို့သည် ဘေးရန် မရှိကြပါစေ ။ စိုးရိမ်ကင်းကြပါစေ ။ ကိုယ်စီကိုယ်ငှ ချမ်းသာသုခ ရရှိကြပါစေ ။

* တောင်အရပ်မျက်နှာ၌ တည်ရှိကြကုန်သော ဝိရူဠှကနတ်မင်းကြီး အမှူးရှိသည့် ကာလနတ်မင်းကြီး ၊ ဥပကာလနတ်မင်းကြီး ၊ ဗိမ္ဗနတ်မင်းကြီး ၊ ဗိမ္ဗသေနနတ်မင်းကြီး အပေါင်းတို့သည် ဘေးရန် မရှိကြပါစေ ။ စိုးရိမ်ကင်းကြပါစေ ။ ကိုယ်စီကိုယ်ငှ ချမ်းသာသုခ ရရှိကြပါစေ ။

* အနောက်အရပ်မျက်နှာ၌ တည်ရှိကြကုန်သော ဝိရူပက္ခနတ်မင်းကြီး အမှူးရှိသည့် ဟရနတ်မင်းကြီး ၊ ဟရဟရိယနတ်မင်းကြီး ၊ ပါပနတ်မင်းကြီး ၊ ပိင်္ဂလနတ်မင်းကြီး အပေါင်းတို့သည် ဘေးရန်မရှိကြပါစေ ။ စိုးရိမ်ကင်းကြပါစေ ။ ကိုယ်စီကိုယ်ငှ ချမ်းသာသုခ ရရှိကြပါစေ ။

* မြောက်အရပ်မျက်နှာ၌ တည်ရှိကြကုန်သော ကုဝေရနတ်မင်းကြီး အမှူးရှိသည့် သံဃနတ်မင်းကြီး ၊ သံဃုလိနတ်မင်းကြီး ၊ သုသုရနတ်မင်းကြီး ၊ ဥဂ္ဂတေဇနတ်မင်းကြီး အပေါင်းတို့သည် ဘေးရန်မရှိကြပါစေ ။ စိုးရိမ်ကင်းကြပါစေ ။ ကိုယ်စီကိုယ်ငှ ချမ်းသာသုခ ရရှိကြပါစေ ။

* အထက်အရပ်မျက်နှာ၌ တည်ရှိကြကုန်သော စန္ဒနတ်မင်းကြီး ၊ သူရိယနတ်မင်းကြီး ၊ ဣန္ဒနတ်မင်းကြီး ၊ ဗြဟ္မာနတ်မင်းကြီး အပေါင်းတို့သည် ဘေးရန်မရှိကြပါစေ ။ စိုးရိမ်ကင်းကြပါစေ ။ ကိုယ်စီကိုယ်ငှ ချမ်းသာသုခ ရရှိကြပါစေ ။

* အောက်အရပ်မျက်နှာ၌ တည်ရှိကြကုန်သော ဝရဋ္ဌနတ်မင်းကြီး ၊ ဓတရဋ္ဌနတ်မင်းကြီး ၊ သေဋ္ဌနတ်မင်းကြီး ၊ ကမ္ဗလသေဋ္ဌနတ်မင်းကြီး အပေါင်းတို့သည် ဘေးရန်မရှိကြပါစေ ။ စိုးရိမ်ကင်းကြပါစေ ။ ကိုယ်စီကိုယ်ငှ ချမ်းသာသုခ ရရှိကြပါစေ ။

      ဘုရားရှင်အား နတ်မင်းကြီးများကိုယ်စား ဖယောင်းတိုင် အမွှေးတိုင် ရေချမ်း သစ်သီး ဆွမ်း ကပ်လှူပေးလျှင် ပိုထိရောက်ပါသည် ။ 
      အစမှ အဆုံးအထိ ( ၁ ) ကြိမ်ဖြစ်ပြီး တစ်နေ့လျှင် ( ၉  ) ကြိမ် အနည်းဆုံးထား၍ နေ့စဉ် မေတ္တာပို့သပေးပါ ။ နံနက်စောစောထ၍ ပို့သနိုင်လျှင် အလွန်ထိရောက်ပါသည် ။ မေတ္တာပို့သပြီးလျှင် မိမိတို့ထံတွင် ရှိသော အခက်အခဲ ပြဿနာများ အလိုရှိရာများကို နတ်မင်းကြီးတို့အား ဖွင့်ဟ ပြောဆိုကာ အကူအညီ တောင်းခံနိုင်ပါသည် ။ နတ်များ၏ မ , စခြင်းကို ခံရတတ်တဲ့ တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး သက်ရောက်များမှာ ပို့ခြင်းက ပိုမို ထိရောက် ထိမိပါသည် ။ မည်သည့် သက်ရောက်မဆို မေတ္တာပို့နိုင်ပြီး ဘဝ တစ်သက်တာလုံး ပို့သွားနိုင်လျှင် အကောင်းဆုံး ဖြစ်ပါသည် ။ 


      အောင်နန္ဒစံ ( ကျိုက်လတ် ) 
      pg - 47  နက္ခတ္တရောင်ခြည် မဂ္ဂဇင်း

      2014 Nov
Related Posts Plugin for WordPress, Blogger...