Pages
Thursday, December 26, 2013
သက်တော်မြဲ ဂါထာတော် ( အဋ္ဌာနမေတံ ဂါထာတော် )
သက်တော်မြဲ ဂါထာတော် ( အဋ္ဌာနမေတံ ဂါထာတော် )
အဋ္ဌာနမေတံ ဘိက္ခဝေ အနဝကာသော
ယံ ပရူပက္ကမေန တထာဂတံ
ဇီဝိတာ ဝေါရောပေယျ ။
အနုပက္ကမေန ဘိက္ခဝေ
တထာဂတာ ပရိနိဗ္ဗာယန္တိ ။
ဧတေန သစ္စဝဇ္ဇေန ၊ သောတ္ထိ မေ ဟောတု သဗ္ဗဒါ ။
ဂါထာတော် အနက်
     ဘိက္ခဝေ - ချစ်သား ရဟန်းတို့ ။ အကြင်အကြောင်းကြောင့် ။ ပရူပက္ကမေန - သူတစ်ပါးတို့၏ လုံ့လ ပယောဂဖြင့် ။ တထာဂတံ - သင်တို့ ဆရာ ငါဘုရားကို ။ ဇီဝိတာ - ရုပ်နာမ် နှစ်ထွေ မြွက်ဖော် အသက်တော်မှ ။ ဝေါရောပေယျ - ခွင်းခါ ပျက်ခြွေ ၊ ချသတ်လေရာ၏ ။
      ဧတံ - ဤသို့ ရုပ်နာမ် ပျက်ခွင်း ၊ ချသတ်နိုင်ခြင်းသည် ။ အဋ္ဌာနံ - အကြောင်းခြင်းရာ မဟုတ်သည်သာတည်း ။
      ဧတံ - ဧသာ - ဤသို့ ရုပ်နာမ် ပျက်ခွင်း ၊ ချသတ်နိုင်ခြင်းသည် ။ အနဝကာသော - အခွင့်အခါ မဟုတ်သည်သာတည်း ။
       ဘိက္ခဝေ - ငါဘုရားကို စောင့်ရှောက်နေငြား အို- ချစ်သားတို့ ။ တထာဂတာ - ရှေးရှေးအတူ ကြွလာတော်မူကြကုန်သော မြတ်စွာဘုရားတို့သည် ။ အနုပက္ကမေန - သူတစ်ပါးတို့ လက်နက် လုံလ ပယောဂတို့  လုံးဝ မရှိဘဲနှင့်သာလျှင် ။ ပရိနိဗ္ဗာယန္တိ - နိဗ္ဗာန် စံကိန်း ငြိမ်းတော်မူကြပေကုန်၏ ။
        ဧတေန သစ္စဝဇ္ဇေန - ဤသို့ ထုတ်ပြန် ဟုတ်မှန်သော စကားကို မြွက်ကြားရပေသောကြောင့် ။ မေ - ချမ်းသာလိုလား ဘုရားတပည့်တော်အား ။ သဗ္ဗဒါ - နေ့ရောညဥ့်ပါ အခါခပ်သိမ်း ။ သောတ္ထိ - လက်နက် ပယောဂ ကင်းစင်ပ၍ ဘေးရန်ကင်းကွာ ချမ်းသာခြင်း သုခ အဝဝနှင့် ပြည့်စုံခြင်းသည် ။ ဟောတု - မုချမသွေ ဖြစ်ပါစေသတည်း ။
 ( ဘုရားရှင်၏ ထူးခြားသော ပရိနိဗ္ဗန္တ ဂုဏ်တော်ကို အာရုံပြု၍ ရွတ်ဆိုခြင်းဖြင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစေနိုင်ပါသည် ။ )
Tuesday, November 26, 2013
နေနဲ့ လနဲ့ နှစ်ပါးပြိုင် ဂါထာ
နေနဲ့ လနဲ့ နှစ်ပါးပြိုင် ဂါထာ
        ဝရဗုဒ္ဓေါ ၊ ဝရဓမ္မော ၊ ဝရသံဃော
        ဝရိဿရော ၊ ဝရစေတော ၊ ဝရံဒေတု
        ဝရေဟိမေ ၊ ဝရံ ဝရံ ။
        အထက်ပါ ဂါထာအား နေထွက်ချိန်တွင် ( ၂၇ ) ခေါက် ၊ လထွက်ချိန်တွင် ( ၂၇ ) ခေါက် ရွတ်ဖတ်ရပါမည် ။ နေ့စဉ် မပျက် ရွတ်၍ ( ၄၉ ) ရက်ကျော်လျှင် စိတ်ချမ်းသာ၍ လိုရာ ပြည့်ဝမည် ။
Saturday, October 26, 2013
အတိတ်ကံ ၊ ပစ္စပ္ဗုန်ကံ ၊ ကံနှစ်မျိုး ပွင့်လင်းရန် ဆုတောင်း
အတိတ်ကံ ၊ ပစ္စပ္ဗုန်ကံ ၊ ကံနှစ်မျိုး ပွင့်လင်းရန် ဆုတောင်း
     အတီတေ ဝတ္တမာနေစ ၊
     ယံ ပုညံ ပကတံ မယံ ၊
     ဤ ဒေဝ တဿ ပစ္စက္ခေ ၊
     ဝိပါကော မေ ဝိပစ္စတု ။
အနက်
     တပည့်တော်တို့သည် ဘဝ သံသရာ အဆက်ဆက်က ဒါန ၊ သီလ ၊ ဘာဝနာဟု ဆိုအပ်သော ကုသိုလ် ကောင်းမှုတို့ကို ပြုလုပ် အားထုတ်ခဲ့ကြပါ၏ ။
     ယခု ဘဝ၌လည်း ဒါန ၊ သီလ ၊ ဘာဝနာ ကုသိုလ်ကောင်းမှု အစုစုတို့ကို ပြုလုပ် အားထုတ်ကြပါသည် အရှင်ဘုရား ။
     ထိုကုသိုလ် ကောင်းမှု နှစ်ခုတို့သည် ယခုအချိန်၌ အကျိုးပေးရာ အချိန်တန်၍ ရင့်ကျက်ဖွံ့ဖြိုး အကျိုးပေးပါစေသတည်း ။  ။
သစ္စာပြု ဆုတောင်း
       ဧတေန သစ္စ ဝဇ္ဇေန
       ဧကံ ဆန္ဒံ သမိဇ္ဈတု  ။
        ဧတေန သစ္စဝဇ္ဇေန - ဤသို့နှုတ်မှန် ဆိုထုတ်ပြန်၍ ဟုတ်မှန်စွာသော သစ္စာစကားကြောင့် ၊ ဧကံ ဆန္ဒံ - တစ်ခုတည်းသော ဆန္ဒကို ၊ သမိဇ္ဈတု - ပြီးစီး အောင်မြင်ပါစေသတည်း ။  ။
အလိုတော်ပြည့်ဘုရားရှိခိုး
အလိုတော်ပြည့်ဘုရားရှိခိုး
အလိုတော်ပြည့် မဟာဗုဒ္ဓေါ
ဒေဝမနုဿ ပူဇိတော ၊
သောရဟော ပစ္စယာဒီနံ ၊
မဟာလာဘံ ကရောတုမေ ။
မဟာဓနံ ကရောတုမေ ။
မဟာသုခံ ကရောတုမေ ။
အနက် ...
     အလိုတော်ပြည့် မဟာဗုဒ္ဓေါ - သတ္တဝါတိုင်း ဆန္ဒရှိသမျှ ပြည့်ဝကုံလုံ တန်ခိုးဂုဏ်ဖြင့် တောင့်တလင့်ဆို အလိုရှိသမျှ ပြည့်ဝရသော အလိုတော်ပြည့် နာမထင်ရှား မြတ်စွာဘုရားသည် ။ ဒေဝ မနုဿ ပူဇိတော - နတ်လူဗြဟ္မာ သတ္တဝါတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူထပါပေသော ။ ပစ္စယာဒီနံ - တကာ ၊ တကာမတို့ သဒ္ဓါ ရွှင်လန်း ထာဝရ လှူဒါန်း သစ်သီးဆွမ်းနှင့် ဆီမီး ၊ ရေချမ်း ၊ ပန်း အစရှိသည်တို့ကို အလှူတော်မှန် အပူဇော်ကို ခံယူတော် မူထိုက်သော ။ ရဟော - ဆိတ်ကွယ်ရာ အရပ်၌ အကုသိုလ် ဒုစရိုက် ဟူသမျှကို ပယ်သတ်တော်မူထသော ၊ သော ဗုဒ္ဓေါ - ငါးမာရ်အောင်ဘိ ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ၊ မေ - အလိုပြည့်ရာ ဆန္ဒမှန်ဖြင့် အလိုပြည့်ကြောင်း အောင်ဆုတောင်းကြကုန်သော တပည့်တော်တို့အား ၊ ဝရံ - မြတ်လှစွာသော ၊ သုခံ - ချမ်းသာခြင်းကို ၊ ဝရံ - မြတ်လှစွာသော ၊ ဓနံ - စည်းစိမ်ဥစ္စာတို့ကို ၊ ဝရံ - မြတ်လှစွာသော ၊ လာဘံ - လာဘ်သပကာကို ၊ ကရောတု - ကရုဏာရှေ့ထား မေတ္တာအားဖြင့် ပေးသနားတော်မူပါ အရှင်မြတ်ဘုရား ။  ။
ပထမဗုဒ္ဓဝစန ဥဒါန်း ဂါထာတော်ကြီး
ပထမဗုဒ္ဓဝစန ဥဒါန်း ဂါထာတော်ကြီး
      အနေက ဇာတိ သံသာရံ ၊
      သန္ဓာ ဝိဿံ အနိဗ္ဗိသံ ၊
      ဂဟကာရံ ဂဝေသန္တော ၊
      ဒုက္ခာ ဇာတိ ပုနပ္ဗုနံ ။
      ဂဟကာရက ဒိဌောသိ ၊
      ပုနဂေဟံ န ကာဟသိ ။
      သမ္မာ တေ ဖာသုကာ ဘဂ္ဂါ ၊
      ဂဟကူဋံ ဝိသင်္ခတံ ။
      ဝိသင်္ခါရဂတံ စိတ္တံ ၊
       တဏှာနံ ခယမဇ္ဈဂါ ။
  အနက် ...
        ဂဟကာရံ - ခန္ဓာအိမ်ဆောက်ထား တဏှာလက်သမားကို ၊ ဂဝေသန္တော - ရှာမှီးသော ငါဘုရားသည် ၊ အနိဗ္ဗိသံ - မရလတ်သော် ၊ အနေက ဇာတိ သံသာရံ - တစ်ပါးမက များစွာသော ဘဝသံသရာပတ်လုံး ၊ သန္ဓာဝိဿံ - ကျင်လည်ရလှလေပြီ ။ ပုနပ္ဗုနံ - ထပ်ခါ ထပ်ခါ ၊ ဇာတိ - ပဋိသန္ဓေနေရခြင်းသည် ၊ ဒုက္ခာ - ဆင်းရဲလှ၏ ။
         ဂဟကာရက - ခန္ဓာအိမ်ဆောက်သမား ၊ တဏှာ ယောက်ျား ၊ တွံ - သင့်ကို ၊ ဒိဌော - မြင်အပ်သည် ၊ အသိ - ဖြစ်ပြီ ။ ပုန - တစ်ဖန် ၊ ဂေဟံ - ခန္ဓာအိမ်ကို ၊ န ကာဟသိ - မဆောက်လုပ်ရတော့ ၊ တေ - သင်၏ ၊ သဗ္ဗာ - အားလုံးကုန်သော ၊ ဖာသုကာ - ကိလေသာအချဉ်နယ်တို့ကို ၊ ဘဂ္ဂါ - ဖျက်ချိုးအပ်ကုန်ပြီ ။ ဂဟကူဋံ - ခန္ဓာအိမ်၏ အဝိဇ္ဇာ အထွတ်ကို ၊ ဝံသင်္ခတံ - ဖျက်ဆီးအပ်ပြီ ။ စိတ္တံ - စိတ်သည် ၊ ဝိသင်္ခါရဂတံ - သင်္ခါရ ကင်းရာ နိဗ္ဗာန်သို့ ရောက်ပြီ ။ တဏှာနံ - တဏှာတို့၏ ၊ ခယံ - ကုန်ရာ နိဗ္ဗာန်ကို ၊ အဇ္ဈဂါ - ရပြီ ။
        ဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီး၍ ဆင်ခြင်လတ်သော် တဏှာ လက်သမားကို သဗ္ဗညုတ ဉာဏ်တော်ဖြင့် မြင်တော်မူ၍ အရဟတ္တမဂ်ဉာဏ်ဖြင့် ပယ်တော်မူပြီး ခန္ဓာအိမ်ကို အဆောက်မခံရတော့သဖြင့် လွန်စွာ ဝမ်းမြောက်ကာ ဤ ဂါထာကို ပထမဆုံး ဥဒါန်း ကျူးတော်မူလေသည် ။ ဘုရားရှင်ကို အာရုံပြု၍ ရွတ်ဖတ် သရဇ္ဈာယ်သူတိုင်း ကောင်းကျိုးတရားကို ရကြလေသည် ။ နေ့ - ည မပြတ်ရွတ်ဖတ်ကြပါကုန် ။  ။
Thursday, September 26, 2013
ရှင်အရဟံ ပုတီးစိပ်နည်း ( အနန္တ မန္တာန်တော်ကြီး )
ရှင်အရဟံ ပုတီးစိပ်နည်း ( အနန္တ မန္တာန်တော်ကြီး )
၁ ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ နာမ ရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ ။
      ဗုဒ္ဓံ - မြတ်စွာဘုရားကို ၊ သရဏံ - ကိုးကွယ်ရာ ဟူ၍ ၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏ ။ နာမရူပံ - နာမ် ရုပ်သည် ၊ အနိစ္စံ - အမြဲ မရှိ ။ ဒုက္ခံ - ဆင်းရဲ၏ ။ အနတ္တာ - အနှစ်ကင်းပ အစိုးမရ ။
၂ ။ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ နာမ ရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ ။
      ဓမ္မံ - တရားတော်မြတ်ကို ၊ သရဏံ - ကိုးကွယ်ရာ ဟူ၍ ၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏ ။ နာမရူပံ - နာမ် ရုပ်သည် ၊ အနိစ္စံ - အမြဲ မရှိ ။ ဒုက္ခံ - ဆင်းရဲ၏ ။ အနတ္တာ - အနှစ်ကင်းပ အစိုးမရ ။
၃ ။ သံဃံ သရဏံ ဂစ္ဆာမိ ၊ နာမ ရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ ။
      သံဃံ - သံဃာတော်မြတ်ကို ၊ သရဏံ - ကိုးကွယ်ရာ ဟူ၍ ၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏ ။ နာမရူပံ - နာမ် ရုပ်သည် ၊ အနိစ္စံ - အမြဲ မရှိ ။ ဒုက္ခံ - ဆင်းရဲ၏ ။ အနတ္တာ - အနှစ်ကင်းပ အစိုးမရ ။
၎ ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ ၊ နာမ ရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ ။
      ဗုဒ္ဓံ - မြတ်စွာဘုရားကို ၊ သရဏံ - ကိုးကွယ်ရာ ဟူ၍ ၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏ ။ ဓမ္မံ - တရားတော်မြတ်ကို ၊ သရဏံ - ကိုးကွယ်ရာ ဟူ၍ ၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏ ။ သံဃံ - သံဃာတော်မြတ်ကို ၊ သရဏံ - ကိုးကွယ်ရာ ဟူ၍ ၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏ ။ နာမရူပံ - နာမ် ရုပ်သည် ၊ အနိစ္စံ - အမြဲ မရှိ ။ ဒုက္ခံ - ဆင်းရဲ၏ ။ အနတ္တာ - အနှစ်ကင်းပ အစိုးမရ ။
၅ ။ စက္ကဝါဠေသု ၊ အနန္တေသု ။
      အာကသေ ၊ အနန္တေ တထာ ။
      သတ္တနိကာ ၊ အနန္တာစ ။
       သမ္ဗုဒ္ဓေ ဉာဏ အနန္တာ ။
       အနန္တေသု - အဆုံး အပိုင်းအခြား မရှိကုန်သော ၊ စက္ကဝါဠေသု - စကြာဝဠာတိုက်တို့၌ လည်းကောင်း ၊ တထာ - ထိုမှတစ်ပါး ၊ အနန္တေ - အနန္တေသု - အဆုံး အပိုင်းအခြား မရှိကုန်သော ၊ အာကာသေ - အာကာသေသုစ - ကောင်းကင်တို့၌ လည်းကောင်း ၊ သတ္တနိကာ - သတ္တဝါအပေါင်းတို့သည်လည်း ၊ အနန္တာ - အဆုံး အပိုင်းအခြား မရှိကုန် ။ သမ္ဗုဒ္ဓေစ - သစ္စာသိမြင် ဘုရားရှင်တို့သည်လည်း ၊ ဉာဏ - ဉာဏာ - ဉာဏ်တော်တို့သည် ၊ အနန္တော - အဆုံးအပိုင်းအခြား မရှိကုန် ။
၆ ။ အနန္တံ ဗလဝံ ဗုဒ္ဓံ ၊ အနန္တံ ဂေါစရံ ဓမ္မံ ။
      အနန္တံ အရိယံ သံဃံ ၊ အနန္တံ ဗောဓိ မုတ္တမံ ။
      ဗလဝံ - အားတော် ဆယ်တန် ၊ ဉာဏ်တော် ဆယ်ပါး နှင့် ပြည့်စုံတော် မူသော ၊ ဗုဒ္ဓံ - မြတ်စွာဘုရားသည် ၊ အနန္တံ - အတိုင်းမသိ တန်ခိုးတော် ကြီးမြတ်လှပါပေ၏ ။
       ဂေါစရံ - မဂ်ဉာဏ် ဖိုလ်ဉာဏ် တို့၏ ကျက်စားရာဖြစ်သော ၊ ဓမ္မံ - တရားတော်မြတ်သည် ၊ အနန္တံ - အတိုင်းမသိ တန်ခိုးကြီးမြတ်လှပါပေ၏ ။
        အရိယံ - မဂ္ဂဋ္ဌာန် ၊ ဖလဋ္ဌာန် ရှစ်တန်ထင်ပေါ် အရိယာ ဖြစ်တော်မူသော ၊ သံဃံ - သံဃာတော်မြတ်သည် ၊ အနန္တံ - အတိုင်းမသိ တန်ခိုးတော် ကြီးမြတ်လှပါပေ၏ ။
၇ ။ အာဂေစၧယ် သေဗၺေဒဝါ ၊
      အာယုုဝေဏၰာ သုုခံဗလံ ၊
      သဗၺသိဒၶိ မဟိဒၶိကာ ၊
      ဇယေတဇ ၊ ဒသဒိသာ ။
      ဘဝတြ မမ သဗၺဒါ ။   ။
       သဗ္ဗေ - အလုံးစုံကုန်သော ၊ ဒေဝါ - နတ်တို့သည် ၊ အာဂစ္ဆေယျ - လာရာ၏ ။ အာယုဝဏ္ဏော သုခံ ဗလံ - အသက်ရှည်ခြင်း ၊ အဆင်းလှခြင်း ၊ ခွန်အားကြီးခြင်း ၊ ချမ်းသာကြီးခြင်း ၊ ဉာဏ်ပညာ ကြီးခြင်းသည် ၊ သဗ္ဗသိဒ္ဓိ - အလုံးစုံသော သိဒ္ဓိပြီးမြောက်သည် ဖြစ်၍ ၊ မဟိဒ္ဓိကာ - ကြီးမားသော တန်ခိုး ရှိ၏ ။ မမ - ကျွနု်ပ်အား ၊ ဒသဒိသာ - အရပ်ဆယ်မျက်နှာမှ ၊ ဘယံ - ဘေး ဟူသမျှသည် ၊ တေဇသာ - တေဇေန - တန်ခိုးအားဖြင့် ၊ ဇယ ဇယတု - အောင်ပါစေသတည်း ။ မမ - ကျွနု်ပ်အား ၊ သဗ္ဗဒါ - နေ့ရော ညဥ့်ပါ ဘယ်ခါ မပြတ် အခါခပ်သိမ်း ၊ ဘဝတု - တောင်းတတိုင်း ပြည့်စုံပါစေသတည်း ။  ။
    အထက်ပါ ပုတီးစိပ်နည်းကို နေ့စဉ် စွဲမြဲပြီး အမြဲစိပ်ပါက အသက်ရှည်ခြင်း ၊ ဘုန်းကြီးခြင်း ၊ ကျက်သရေ တိုးတက်ခြင်း ၊ ကြံတိုင်းအောင်၍ ဆောင်တိုင်းပြီးမြောက်ခြင်း စသည့် လောကီ အကျိုးတရားတို့နှင့် တကွ လောကုတ္တရာ အကျိုးတရားတို့ကို ရရှိစေပါသည် ။
ဂါထာတော်များ သိဒ္ဓိမြောက်စေရန်
ဂါထာတော်များ သိဒ္ဓိမြောက်စေရန်
         “ အကြိမ် တစ်သန်း ရွတ်သောကြောင့် အက္ခရာ တစ်လုံး ရှိသော မန္တရား အကျိုးပြီးမြောက် သိဒ္ဓိပေါက်၏ ။ အက္ခရာတိုးသည်နှင့်အမျှ ရွတ်ကြိမ်လျှော့သွားသည် ။ ထိုနည်းဖြင့် အခြားအခြားသော မန္တရားတို့၏ ရွတ်ကြိမ်ကို အဘယ်မျှဟု သုံးချက်တွက်နည်းဖြင့် တွက်၍ အတက်အဆုတ်ကို ကြံစည် သိမှတ်ရာ၏ ။ ”
 ဗုဒ္ဓ = အကြိမ် ငါးသိန်း
 လောကဝိဒူ = အကြိမ် နှစ်သိန်း ငါးသောင်း
 *** သတိပြုရန်မှာ ... ရွတ်ဖတ်ရမည့် အက္ခရာသည် “ မ ” ဖြစ်နေလျှင် ရှေ့တစ်ခု တိုး၍ “ စုံ ” ဟု မှတ်ရမည် ။
“ နမော ဗုဒ္ဓါယ သိဒ္ဓံ ” = ၇ လုံး ( မ ) = ၈ လုံး ( တစ်လုံးတိုး စုံ )
၁၀၀၀၀၀၀ / ၈ = ၁၂၅၀၀ ကြိမ် ရွတ်လျှင် သိဒ္ဓိမြောက်၏ ။
ဆရာကြီး ဦးဆန်းထွန်း ( မန်းတက္ကသိုလ် ) 
စာ - ၁၀၄ ၊ နက္ခတ္တရောင်ခြည် မဂ္ဂဇင်း
 ဩဂုတ် ၊ ၁၉ ၉ ၆
Saturday, August 3, 2013
သဗ္ဗဇယမင်္ဂလာ ဂါထာတော်နှင့် အနက်
သဗ္ဗဇယမင်္ဂလာ ဂါထာတော်နှင့် အနက်
ဒိဝါတပတိ အာဒိစ္စော ၊ ရတ္တိမာ ဘာတိ စန္ဒိမာ
သန္နဒ္ဓေါ ခတ္တိယော တပတိ ၊ ဈာယီ တပတိ ဗြဟ္မဏော
အထသဗ္ဗ မဟောရတ္တိံ ၊ ဗုဒ္ဓေါ တပတိ တေဇသာ ။
ဧတေန သစ္စ၀ဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ ။
ဂါထာတော် အနက် 
နေမင်းသည် နေ့အခါ၌သာ တင့်တယ်၏ ။
လမင်းသည် ညအခါ၌သာ တင့်တယ်၏ ။
မင်းသည် မင်းမြောက်တန်ဆာ ဆင်မှသာလျှင် တင့်တယ်၏ ။
ဗြဟ္မဏသည် ဈာန်ဝင်စားမှသာလျှင် တင့်တယ်၏ ။
ဗုဒ္ဓသည် တန်ခိုးဖြင့် နေ့ညဥ့်ပတ်လုံး တင့်တယ်၏ ။
ဤ မှန်ကန်သော သစ္စာစကားကြောင့် ဘုရားတပည့်တော်အား ၊ နေ့ရော ညဥ့်ပါ အခါခပ်သိမ်း ဘေးရန်ကင်းကွာ ချမ်းသာခြင်း သုခ အ၀၀နှင့် ပြည့်စုံခြင်းသည် မုချမသွေ ဖြစ်ပါစေသတည်း ။
Thursday, August 1, 2013
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ဆုံးမစာ
အိုးမဖုတ်ခင်၊
အိုးလုပ်စဉ်ဝယ်
အိုးတွင် နှိပ်ခတ်၊
တံဆိပ်မှတ်ကား
မပြတ်မစဲ၊အိုးပင်ကွဲလည်း
အမြဲတစေ၊တည်ရှိနေသို့
ထွေထွေသွေးသား၊ကလေးများ၌
ဘုရားတံဆိပ်၊ဘာသာစိတ်ကို
ခတ်နှိပ်နိုင်မှ၊သက်ဆုံးကျအောင်
ဗုဒ္ဓ၀ါဒီ၊စွဲ၍တည်မည်
ကိုယ်စီခတ်နှိပ်စေသတည်း။ ။
                                                                      အမရပူရမြို့ ၊ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး
Friday, July 26, 2013
လုံးတော် ဆရာတော်ဘုရားကြီး၏ အဖွင့်နှင့် ဣစ္ဆန္တော ၁၂ ဂါထာ ပါဠိ
လုံးတော် ဆရာတော်ဘုရားကြီး၏
အဖွင့်နှင့် ဣစ္ဆန္တော ၁၂ ဂါထာ ပါဠိ
၁ ။ ဣစ္ဆန္တော သာသပ ဂဗ္ဘေ ၊ စင်္ကမတိ ဣတော စိတော ၊
      ဣစ္ဆန္တော စက္က၀ါဠမှိ ၊ အတ္တဘာဝေန ဆာဒယိ ။
၂ ။ ဣစ္ဆန္တော ဒသစက္ကေသု ၊ သဟေဿသု စင်္ကမန္တော ၊
      ပါဒရိယာ အကာသယိ ၊ နာနာဓမံ္မ အဒေသယိ ။
၃ ။ ဣစ္ဆန္တော အသာဓာရဏံ ၊ အနန္တ ဗုဒ္ဓနိမ္မိတံ ၊
     စင်္ကမန္တောပိ ခဏေန ၊ မောစေသိ ဗဒ္ဓနာ ဗဟုံ ။
၎ ။ ဣစ္ဆန္တော ယာဝ ဘ၀ဂ္ဂံ ၊ သမိဉ္စိ တံ ဗာဟုံယထာ ၊
     စင်္ကမတိ မဟိဒ္ဓိနာ ၊ ဗုဒ္ဓတေဇေန သံယုတံ ။
၅ ။ ဣစ္ဆန္တော ယုဂန္ဓရေန ၊ ဂစ္ဆံ သမံ သူရစန္ဒံ ၊ ဇေတ၀နေ ၊
     သယာနတော ၊ အာမသိ ဟတ္ထပါဒေန ။
၆ ။ ဣစ္ဆန္တော မိတ၀ဏ္ဏောစ ၊ သမုဒ္ဒေါကာသိ ဣစ္ဆိတံ ၊
      လောကဇေဋ္ဌံ စက္က၀ါဠံ ၊ အနန္တဘူမံဆာဒယိ ။
၇ ။ ဗုဒ္ဓေါ ဘမုခါ အသုရာ ၊ နလာဘေ အတ္တ ကာယတံ ၊
      နပဿ ဋ္ဌ ပိတံ ဗုဒ္ဓံ ၊ အစိန္တေယျံ အပ္ဗမေယျံ ။
၈ ။ နိလ္လယေ ဒေ၀သူရေန ၊ သမ္ဗန္နော ဒသဣဒ္ဓိယာ ၊
      ဘဂ၀ါဒေ၀ သူရဿ ၊ စက္ခုဓမ္မမှိ နိလ္လယိ ။
၉ ။ သကျာနံ ကောလိယာနဉ္စ ၊ မာနမဒ္ဒါ နမာသယံ ၊
      အန္တရေ မဇ္ဈေ ဂန္တွာန ၊ နိသီဒတိ နိလ္လယိ ။
၁၀ ။ စရတွာ ဒုက္ကရ စရိယံ ၊ ဆဗ္ဗဿာနိ ဂတေဒိဝေ ၊
       နိဂြောဓ သမီပေ ပတ္တေ ၊ ဣဒ္ဓိမဿ အဒဿနံ ။
၁၁ ။ တိဋ္ဌတု စတုစိန္တိယေ ၊ ၀ိကုပ္ဗနိဒ္ဓိမာပိတော ။
       သဟပရိက္ခာရေဟိစ ၊ သာသပန္တေ စရတိစ ။
၁၂ ။ အန္တောဂစ္ဆေ ဣတော စိတော ၊ ဣဒ္ဓိဝဏ္ဏောဝသာသပေါ ၊
        အတ္တဘာဝေန ဆာဒိယေ ၊ ဧတေ မေ ဇယမင်္ဂလံ ။
တိုက်တွန်းချက်
     ဤ ဣစ္ဆန္တော ဂါထာကို ဆရာတော်ကြီး ကိုယ်တိုင် အလေးအနက် အဆုံးအဖြတ် ပေးထားခြင်းဖြစ်၍ နှုတ်ငုံအရဆောင်ပြီး နေ့စဉ်ဝတ်မပျက် ရွတ်ဖတ်ရန် တိုက်တွန်းအပ်ပါသည် ။
     ဤ ဂါထာတော်ကြီး၏ တန်ခိုးကြောင့် အလွန်ဆင်းရဲသော ဘ၀မှသည် မကြောင့်မကြ ၊ မတောင့်မတ နေနိုင်သော ဘ၀သို့လည်းကောင်း ၊ ယခင်က အပယ်ခံ ပညာရှင်တစ်ဦးသည် ဤ ဂါထာတော်မြတ်ကြီးကို နေ့စဉ် ၀တ်မပျက် ပူဇော်ကန်တော့ရာမှ ရာထူးကြီးများ အဆင့်ဆင့်သို့လည်းကောင်း ၊ အသီးသီး ရောက်ရှိသွားပုံတို့ကို ၎င်းတို့ ပြောကြားချက်အရ သိရှိရပါသည် ။
( တစ်နေ့လျှင် မိမိ တတ်စွမ်းနိုင်သလောက် ရွတ်ဖတ် သရဇ္ဈာယ်ပါရန် တိုက်တွန်းအပ်ပါသည် ။ )
Wednesday, June 26, 2013
မဂ္ဂင်ရှစ်ပါး တရားတော်၏ အင်္ဂလိပ် အခေါ်အဝေါ်များ ...
မဂ္ဂင်ရှစ်ပါး တရားတော်၏ အင်္ဂလိပ် အခေါ်အဝေါ်များ ...
The Noble Eightfold Path  မဂ္ဂင် ( ၈ ) ပါး
The Middle way ( Majjhimapatipada ) မဇ္ဈိမ ပဋိပဒါ
1.   သမ္မာ ဒိဋ္ဌိ                        Samma - ditthi                     =  Right View or Understanding
2.   သမ္မာ သင်္ကပ္ဗ                  Samma - sankappa              =  Right Thought or Intention
3.   သမ္မာ ၀ါစာ                      Samma - vaca                      =  Right Speech
4.   သမ္မာ ကမ္မန္တ                     Samma - kammanta             =  Right Action
5.   သမ္မာ အာဇီဝ                    Samma - ajiva                      =  Right Livelihood
6.   သမ္မာ ၀ါယာမ                    Samma - vayama                 =  Right Effort
7.   သမ္မာ သတိ                      Samma - sati                         =  Right Mindfulness
8.   သမ္မာ သမာဓိ                    Samma - samadhi                 =  Right Concentration
       The Nobel Threefold Training ( သိက္ခာ သုံးပါး )
1.   သီလသိက္ခာ                      Silasikkha                              =  The training of moranty ( 3,4,5 )
2.   သမာဓိသိက္ခာ                    Samadhisikkha                 
     =  The training of concentration ( 6,7,8 )
3.   ပညာသိက္ခာ                      Pannasikkha                          =  The training of wisdom ( 1,2 )
1. What is the right understanding ? ( Samma - ditthi )
The right understanding is :                                                          
1. To understand suffering :                                                               ( ဒုက္ခသစ္စာ = Dukkhasacca )
2. To understand the origin of suffering :                                            ( သမုဒယသစ္စာ = Samudayasacca )
3. To understand the exitinction of suffering :                                     ( နိရောဓ သစ္စာ = Nirodhasacca )
4. To understand the path that leads to the exitinction of suffering  :  (  မဂ္ဂသစ္စာ  = Magasacca )
This is called the Right Understanding   ( Samma - ditthi )
Four kinds of the Right Understanding  သမ္မာဒိဋ္ဌိ ( ၄ ) မျိုး
1. ကမ္မဿကတာ သမ္မာဒိဋ္ဌိ                   =  Understanding kamma and its result :
    kammassakata - sammaditthi
2 . ဈာန သမ္မာဒိဋ္ဌိ                                 = Understanding mental absorptions by direct experience :
    Jana - sammaditthi
3 . ၀ိပဿနာ သမ္မာဒိဋ္ဌိ                           = Understanding the psycho physical phenomena by insight . 
     Vipassana - sammaditthi
4. စတုသစ္စ သမ္မာဒိဋ္ဌိ                              = Understanding the four noble truths.
    Catusacca - sammaditthi
Sunday, May 26, 2013
ဝဋ်ကြွေးတော်ပြေ ဘုရားနှင့် ပါရမီ ၁၀ ပါး
ဝဋ်ကြွေးတော်ပြေ ဘုရားနှင့် ပါရမီ ၁၀ ပါး
Inline image 1
ဘုရားပုံတော်ကို facebook သတင်းချစ်သူမှ ပင့်ဆောင် ပူဇော်ထားပါသည် ။
10 Kinds of the fulfilment of the perfection  ပါရမီ ( ၁၀ ) ပါး
၁ ။ ဒါနပါရမီ          - Danaparami               = The fulfilment of the perfection of Charity .
၂ ။ သီလပါရမီ       - Silaparami                  = The fulfilment of the perfection of Morality .
၃ ။ နေက္ခမ္မပါရမီ   - Nekkhammaparami     = The fulfilment of the perfection of Renunciation .
၎ ။ ပညာပါရမီ       - Pannaparami              = The fulfilment of the perfection of Wisdom .
၅ ။ ၀ီရိယပါရမီ     - Viriyaparami                 = The fulfilment of the perfection of Effort .
၆ ။ ခန္တီပါရမီ         - Khantiparami                = The fulfilment of the perfection of Patience .
၇ ။ သစ္စာပါရမီ      - Saccaparami                = The fulfilment of the perfection of Truthfulness .
၈ ။ အဓိဋ္ဌာနပါရမီ  - Adhitthanaparami         = The fulfilment of the perfection of Resolution .
၉ ။ မေတ္တာပါရမီ    - Mettaparami                  = The fulfilment of the perfection of Loving-kindness .
၁၀ ။ ဥပေက္ခာပါရမီ - Upekkhaparami            = The fulfilment of the perfection of Equanimity .
     When the above 10 are multiplied by 3 perfections , there are all together 30 .
၁ ။ ဒါန ပါရမီ                   - Danaparami                    
     = offering or donation material things .
၂ ။ ဒါန ဥပ ပါရမီ              - Danaupaparami                   = offering or donation body-organs such as eye and kidney .
၃ ။ ဒါန ပရမတ္ထ ပါရမီ        - Danaparamatthaparami       = offering or donation one's own life to others .
From Wikipedia
  1. Dāna pāramī : generosity, giving of oneself
  2. Sīla pāramī : virtue, morality, proper conduct
  3. Nekkhamma pāramī : renunciation
  4. Paññā pāramī : transcendental wisdom, insight
  5. Viriya (also spelled vīriya) pāramī : energy, diligence, vigour, effort
  6. Khanti pāramī : patience, tolerance, forbearance, acceptance, endurance
  7. Sacca pāramī : truthfulness, honesty
  8. Adhiṭṭhāna (adhitthana) pāramī : determination, resolution
  9. Mettā pāramī : loving-kindness
  10. Upekkhā (also spelled upekhā) pāramī : equanimity, serenity
Two of the above virtues, metta and upekkha also comprise two of the four immeasurables (brahmavihāra).
      ပါရမီ ( ၁၀ ) ပါးကို အင်္ဂလိပ်လိုပါ လေ့လာ သိရှိနိုင်ရန်အတွက် ရှာဖွေ ဖော်ပြပေးခြင်း ဖြစ်ပါသည် ။ ၀ဋ်ကြွေးများရှိက အမြန်ဆုံး ကျေပါစေ ။  ။
Friday, April 26, 2013
အိုသေဘေးမစောင့်ဘဲ ၀ိပဿနာ လုပ်သင့်ကြောင်း တရားတော်
016-MogokSayadaw-OBaeMaSaukBairVippassaLoakThinkKaung.mp3
( ၇ ) ရက် သားသမီး ကုသိုလ်ကံဖွင့် လေးဆူဘုရား ရှိခိုး ဂါထာတော်များနှင့် ဆုတောင်း
( ၇ ) ရက် သားသမီး ကုသိုလ်ကံဖွင့် လေးဆူဘုရား ရှိခိုး ဂါထာတော်များနှင့် ဆုတောင်း
တနင်္ဂနွေ သားသမီးအတွက် လေးဆူ ဘုရားရှိခိုး
မေဓင်္ကရော သောဘိတောစ ၊
ပီယဒဿီ သိခီ ဇိနော ။
ရ၀ိဝါရေ အဘိဇာတာ ၊
တေ နမဿာမိ သာဒရံ ။
ဆုတောင်း
နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ၀ိနဿန္တု ။
စတုန္နံ ဗုဒ္ဓတေဇေန ၊
သဒါ သုခီ ဘ၀န္တုမေ ။
တနင်္လာ သားသမီးအတွက် လေးဆူဘုရားရှိခိုး
သရဏင်္ကရော နောမာစ ၊
အတ္ထဒဿီ စ ဝေဿဘူ ။
စန္ဒ၀ါရေ အဘိဇာတာ ၊
တေ နမဿာမိ သာဒရံ ။
ဆုတောင်း
နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ၀ိနဿန္တု ။
စတုန္နံ ဗုဒ္ဓတေဇေန ၊
သဒါ သုခီ ဘ၀န္တုမေ ။
အင်္ဂါ သားသမီးအတွက် လေးဆူဘုရားရှိခိုး
ဒီပင်္ကရော ပဒုမောစ ၊
ဓမ္မဒဿီ ကကုသန္ဓော ။
ဘောမ၀ါရေ အဘိဇာတာ ၊
တေ နမဿာမိ သာဒရံ ။
ဆုတောင်း
နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ၀ိနဿန္တု ။
စတုန္နံ ဗုဒ္ဓတေဇေန ၊
သဒါ သုခီ ဘ၀န္တုမေ ။
ဗုဒ္ဓဟူး သားသမီးအတွက် လေးဆူဘုရားရှိခိုး
ကောဏ္ဍညော နာရဒေါ သတ္ထာ ၊
သိဒ္ဓတ္ထော ကောဏာဂမနော ။
ဗုဒ္ဓ၀ါရေ အဘိဇာတာ ၊
တေ နမဿာမိ သာဒရံ ။
ဆုတောင်း
နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ၀ိနဿန္တု ။
စတုန္နံ ဗုဒ္ဓတေဇေန ၊
သဒါ သုခီ ဘ၀န္တုမေ ။
ကြာသပတေး သားသမီး လေးဆူဘုရားရှိခိုး
မင်္ဂလော ပဒုမုတ္တရော ၊
တိေဿာနာထော စ ကဿပေါ ။
ဂုရုဝါရေ အဘိဇာတာ ၊
တေ နမဿာမိ သာဒရံ ။
ဆုတောင်း
နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ၀ိနဿန္တု ။
စတုန္နံ ဗုဒ္ဓတေဇေန ၊
သဒါ သုခီ ဘ၀န္တုမေ ။
သောကြာ သားသမီးအတွက် လေးဆူဘုရားရှိခိုး
သုမနော သုမေဓော ဗုဒ္ဓေါ ၊
ဖုေဿာ ဇိနော ဂေါတမော ။
သုက္က၀ါရေ အဘိဇာတာ ၊
တေ နမဿာမိ သာဒရံ ။
ဆုတောင်း
နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ၀ိနဿန္တု ။
စတုန္နံ ဗုဒ္ဓတေဇေန ၊
သဒါ သုခီ ဘ၀န္တုမေ ။
စနေ သားသမီးအတွက် လေးဆူဘုရား ရှိခိုး
တဏှင်္ကရော ရေ၀တောစ ၊
သုဇာတော စ ၀ိပဿိကော ။
သောရီဝါရေ အဘိဇာတာ ။
တေ နမဿာမိ သာဒရံ ။
ဆုတောင်း
နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ၀ိနဿန္တု ။
စတုန္နံ ဗုဒ္ဓတေဇေန ၊
သဒါ သုခီ ဘ၀န္တုမေ ။
ကုသိုလ် ကံပွင့် ကံမြှင့် ဂါထာတော် ရွတ်ဆိုရခြင်း အကျိုး
         ခုနှစ်ရက်သားသမီးများအတွက် ကံပွင့် ၊ ကံမြှင့် ဂါထာတော်မှာ သာမည မဟုတ်ချေ ။ ဘုရားနှစ်ကျိပ်ရှစ်ဆူကို မပြတ်အာရုံယူ၍ ကြည်ညိုသဒ္ဓါ ပွားနေကြရသည် ဖြစ်ခြင်းကြောင့် နိဗ္ဗာန်အကျိုးအထိ ရရှိစေနိုင်ပါသည် ။
          နိဗ္ဗာန် မရမီတွင်လည်း ဤဂါထာတော်ကို မပြတ်ရွတ်ဖတ် သရဇ္ဈာယ်နေခြင်းကြောင့် သမာဓိ-သမထ အာရုံ ပွားများသည် ဖြစ်ရာ နှောင့်ယှက် ဖျက်ဆီးတတ်သော ကံဆိုး ကံဟောင်းများ ပျောက်ပျက်၍ ကံကောင်းခြင်း အခွင့်အလမ်းပွင့်၍ မြင့်တက်သော အကျိုးကို ရရှိစေနိုင်ပါသည် ။
( ၇ ) ရက်သားသမီးများ အဓိဋ္ဌာန်ပြု ကုသိုလ်ကံဖွင့်ချင်လျှင် ဤသို့ ရွတ်ဖတ် ပွားများ ပူဇော်ပါ ။
ကံပွင့် - ကံမြှင့် မဟာပဋ္ဌာန်း ရွတ်ဖတ်ပွားများပူဇော်နည်းသည် မိမိ၏ မွေးနေ့ နံအလိုက် ဆောင်ရွက်ရသော နည်းကောင်းတစ်ခု ဖြစ်ပါသည် ။
ဝေဒဗေဒင်တွင် ဂြိုဟ်ကြီး ရှစ်လုံး ၊ ဂြိုဟ်ကြီး ကိုးလုံး ဟု လာရှိသော်လည်း နေ့ရက်သား အရ ( ၇ ) နေ့ ရက်သားသမီးဟူ၍သာ တည်ရှိသဖြင့် ( ကိတ် - တနင်္လာနေ့ မွန်းလွဲဖွား ) သည် တနင်္လာနေ့ သားသမီးကဲ့သို့ လည်းကောင်း ၊ ( ရာဟု - ဗုဒ္ဓဟူးနေ့ မွန်းလွဲဖွား ) သည် ဗုဒ္ဓဟူးနေ့ သားသမီးကဲ့သို့ လည်းကောင်း ရွတ်ဖတ်ပွားများ ပူဇော်ရပေမည် ။
( ၁ ) မွေးနေ့ တစ်ရက်တည်းသာ ဆောင်ရွက်ရမည် ။
( ၂ ) သား ၊ ငါး ရှောင်ကြဉ် သက်သတ်လွတ် စားပြီး မွေးနေ့ မွေးနံ ကိုက်ညီသည့် ပန်း ၊ ရေချမ်း ၊ ဆီမီး ၊ အသီးအနှံ ၊ ကပ်လှူ ပူဇော်၍ နေ့သားအလိုက် ကုသိုလ်ကံဖွင့် လေးဆူဘုရား ရှိခိုး     ဆုတောင်း ဂါထာ ပါဠိတော်နှင့် ရှိခိုးကာ ငါးပါးသီလ ခံယူဆောက်တည်ပါ ။
   ( ကုသိုလ်ကံဖွင့် နေ့နံအလိုက်ဖွား လေးဆူဘုရားရှိခိုး ဆုတောင်းဂါထာများကို အထက်ပါ ဂါထာ၌ နေ့နံသင့် ရှုပါ ။ )
( ၃ ) ပြီးလျှင် နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ  ( ၃ ) ခေါက် ရွတ်ဆို၍ ပဋ္ဌာန်း ပစ္စုယုဒ္ဒေသ ပါဠိတော် ( ၂၄ ) ပစ္စည်းအား (၁) ပစ္စည်း ပုတီး တစ်လုံးချနှင့် ( ၁၀၈ ) လုံး ပုတီးဖြင့် ပုတီး ( ၂ ) ပတ်စိပ်ပါ ။
( ၄ ) အထူးကံဖွင့်၍ ကံပွင့်ရန်နှင့် အထူးကံမြှင့်၍ ကံမြင့်ရန်မှာ မိမိ၏ မွေးနေ့မှ စ၍ ( ၉ ) ရက် ၊ ( ၁၈ ) ရက် ၊ ( ၄၅ ) ရက် အဓိဋ္ဌာန် ပြဋ္ဌာန်းကာ နံနက် နေ့လည် ည ၊ တစ်နေ့ ( ၃ ) ကြိမ် ရွက်ဆောင် ကြိုးပမ်းခြင်းဖြင့် ရရှိမည့် လောကုတ် ၊ လောကီ အကျိုးအနန္တကို မညွှန်းလိုတော့ပါပြီ ။ ရွက်ဆောင်သူ၏ သဒ္ဓါနှင့် ကျင့်ကြံအားထုတ်မှုသာ ပဓာန ဖြစ်ပါသည် ။
Wednesday, April 17, 2013
သဗ္ဗဇယ မင်္ဂလာ ဂါထာတော်နှင့် နမောတေ ဂါထာတော်နှစ်ပုဒ်
သဗ္ဗဇယမင်္ဂလာ ဂါထာ ပါဠိ
ဒိဝါတပတိ အာဒိစ္စော ၊ ရတ္တိမာ ဘာတိ စန္ဒိမာ ။
သန္နဒ္ဓေါ ခတ္တိယော တပတိ ၊ ဈာယီတပတိ ဗြဟ္မဏော ။
အထသဗ္ဗ မဟောရတ္တိံ ၊ ဗုဒ္ဓေါ တပတိ တေဇသာ ။
တာဒိသံ တေဇ သမ္ဗန္နံ ၊ ဗုဒ္ဓံ ၀န္ဒာမိ အာဒရံ ။
နမက္ကာရာ နုဘာဝေန ၊ သဗ္ဗေ ပူရေန္တု သင်္ကပ္ဗာ ။
သက်စေ့ ရွတ်ဖတ် သရဇ္ဈာယ်ခြင်းဖြင့် ပစ္စည်းဥစ္စာ ဒီရေအလား တိုးပွားစေပါသည် ။ လူနတ်တို့ ချစ်ခင်၍ မိမိ ပြောဆိုသမျှ အောင်မြင်ပါသည် ။
ဥုံ- ဗုဒ္ဓ တန်ခိုး ၊ ထီးလိုမိုး ၊ ကောင်းကျိုးအထွေထွေ ရပါစေ ။
     ဓမ္မ တန်ခိုး ၊ ထီးလိုမိုး ၊ ကောင်းကျိုးအထွေထွေ ရပါစေ ။
         သံဃ တန်ခိုး ၊ ထီးလိုမိုး ၊ ကောင်းကျိုးအထွေထွေ ရပါစေ ။
         မိဘ  တန်ခိုး ၊ ထီးလိုမိုး ၊ ကောင်းကျိုးအထွေထွေ ရပါစေ ။
                                                                 ဆရာ့ တန်ခိုး ၊ ထီးလိုမိုး ၊ ကောင်းကျိုးအထွေထွေ ရပါစေ ။            ( ၉ ) ခေါက် ရွတ်ဖတ်ပူဇော်ပါ ။
( လှည်းပုံတောင်း ( ပဒေါင်း ) သား ပုတီးနဲ့ ပဋ္ဌာန်း ဂုဏ်တော်ကြီးကို နေ့စဉ် ပုတီး ( ၉ ) ပတ်စိပ်ပေးပါ )
နမောတေ ဂါထာတော်
နမော တေ ဗုဒ္ဓ ၀ီရတ္ထု ၊ ၀ိပ္ဗမုတ္တောသိ သဗ္ဗဓိ ။
သမ္ဗာဓပ္ဗဋိပန္နောသ္မိံ ၊ တဿ မေ သရဏံ ဘ၀ ။
      နမောတေ ဂါထာတော် ရွတ်ဆိုရခြင်း အကျိုး
-  ဤ နမော တေ အစချီသော ဂါထာတော်မှာ ဘုရားဟော ဂါထာတော် ဖြစ်သည် ။ ဘုရားတိုင် ဂါထာတော်လည်း ဖြစ်သည် ။ ယင်း ဂါထာတော်ကို ရွတ်ဖတ်ခြင်းအားဖြင့် စီးပွားရေး           အကြပ်အတည်း မကောင်းသော အနှောင်အဖွဲ့ စသည်တို့မှ လွတ်မြောက်နိုင်ပါသည် ။
နေနတ်သားဂါထာ
တထာဂတံ အရဟန္တံ ၊ ( သူရိယော ) သရဏံ ဂတော ။
ရာဟု ( သုရိယံ ) ပမုဉ္စဿု ၊ ဗုဒ္ဓါ လောကာနုကမ္ဗကာ ။
- မိမိတွင် တစ်စုံတစ်ခုသော အခက်အခဲအတွက် ရွတ်ဖတ်ပူဇော်လိုပါက နမောတေ ဂါထာတော်နှင့်အတူ တွဲ၍ အထက်ဖော်ပြပါ နေနတ်သား ဂါထာတော်တွင် နေနတ်သား နေရာ (  သူရိယော ) ၌ မိမိ အမည် ထည့်သွင်း ရွတ်ဆိုနိုင်ပါသည် ။
- ရွတ်ဆိုရာတွင်လည်း ဂါထာ၏ ပုဒ် အက္ခရာများ ပီပီသသ ဋ္ဌာန်ကရိုဏ်း ကျ၍ ယုံယုံကြည်ကြည် စိတ်အားထက်သန်စွာ ကြိုးစား အားထုတ်ပါ ။ အခက်အခဲ အကြပ်အတည်း  ဒုက္ခအမျိုးမျိုးမှ လွတ်ကင်း ချမ်းသာနိုင်ပါသည် ။
လာဘ်လာဘများ တိုးပွားစေရန်နှင့် အခက်အခဲ အကြပ်အတည်းတို့မှ လွတ်မြောက်စေရန်
- သဗ္ဗဇယ မင်္ဂလာ ဂါထာတော်နှင့် နမောတေ ဂါထာတော်နှစ်ပုဒ်တို့အား
 နှစ်သစ်မင်္ဂလာ အခါသမယ အနေဖြင့် ဓမ္မကုသိုလ် ပြုအပ်ပါသည် ။
နှစ်သစ်တွင် ဘိုးဘွားမိဘများနှင့် ကျေးဇူးရှင်များအား ဂါရ၀ထား ကန်တော့လိုက်ပါသည် ။
Tuesday, February 26, 2013
ရှေးဆရာတော်ကြီးများ အသုံးပြုခဲ့သော ကိစ္စဟူသမျှ အောင်မြင်စေသော အင်းတော်ကြီး
နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဓမ္မံ သရဏံ ဂစ္ဆာမိ
သံဃံ သရဏံ ဂစ္ဆာမိ
ဝေဒါသာကု ကုသာဒါဝေ
ဒါယသာဒ ဒသာယဒါ
သာသာဒိကု ကုဒိသာသာ
ကုဒကုဘု ဘုကုဒကု
ဒိဝါတပတိ အာဒိစ္စော
ရတ္တိမာဘာတိ စန္ဒိမာ
သန္နဒ္ဓေါ ခတ္တိယော တပတိ
ဈာယီ တပတိ ဗြဟ္မဏော
အထသဗ္ဗ မဟောသတ္တိံ
ဗုဒေ္̕ဓါ တပတိ တေဇသာ
တာဒိသံ တေဇ သမ္ဗန္နံ
ဗုဒ္ဓံ ၀န္ဒာမိ အာဒရံ
မာရံ ယက္ခံ ဂဇံစောရံ
စိဉ္စမာဏဉ္စ သစ္စကံ
နာဂံ ဗကံ ဇိနော ဇိနိ
ဟောတုမေ ဇယမင်္ဂလံ ။
Saturday, February 16, 2013
မွေးနေ့
ဘိုးဘွား မိဘများအား အမှူးထား၍ စာစဉ်လေးကို မွေးနေ့အမှတ်တရ တရားဒါန ပြန်လည် လှူမျှဝေပါသည်။
Monday, February 4, 2013
ကံကောင်းစေသော ကုသိုလ် ၅မျိုး(တစ်ပိုင်တစ်နိုင် သာသနာပြုရအောင်)
တစ်ပိုင်တစ်နိုင် သာသနာပြုရအောင်။ ရဝေနွယ်-အင်းမ
စာဖတ်သူ အသင်။ သင့်ကံ ဆိုးနေသလား။? ဒါမှမဟုတ် သိပ်ကံကောင်း နေတယ်လို့ ထင်လား။?
ဒါမှမဟုတ် ကံကောင်းတယ်လဲ မဟုတ် ကံဆိုး တယ်လဲ မဟုတ်ပါဘူးလို့ သတ်မှတ် ထားသလား။?
ဘယ်လိုဖြစ်နေနေ မပင်မပန်း ချမ်းချမ်းသာသာ လေး ကုသိုလ် ၅မျိုးကို ဆောင်ရွက်ရင်း … တစ်ဘ၀တာ ကံကောင်းသောသူ၊ နောက်ဘ၀ပေါင်းများစွာ.. ကံကောင်းသောသူ ဖြစ်နိုင်အောင်  ကံကိုပြင်လိုက်ပါ။
၁။ ”၀သဘ ၏ သာမန်ဘ၀”
     သီဟိုဠ်ရာဇ၀င်မှာ ၀သဘမင်း ဆိုတာ ရှိခဲ့ဖူးးပါတယ်။ မင်းမဖြစ်ခင် သာမန်လူတစ်ယောက် ဘ၀တုန်းက ဦးရီးတော် စစ်သူကြီးဆီမှာ နေရပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဟူးရား ပညာရှိတွေက ၀သဘ အမည်ရှိတဲ့ သူဟာ မင်းဖြစ်လိမ့်မယ်လို့ ဟောပြောလာ ကြပါတယ်။ ဒီစကားကြားတော့ လက်ရှိ မင်းလုပ်နေတဲ့ ယသဠာလက မင်းက သီဟိုဠ်ကျွန်းမှာ ၀သဘ အမည်ရတဲ့ သူအားလုံးကို သတ်စေလို့ မိန့် ပါတော့တယ်။
၂။ အသက်ဘေးက လွတ်ပြီ။
        ဒီတော့ စစ်သူကြီးက သူ့ဆီမှာ နေနေတဲ့ ၀သဘ ကို မင်းဆီ အပ်ဖို့ မိန်းမ လုပ်သူကို ပြောပါတယ်။ သူရာထူး တိုးချင်တာလည်း ပါမှာပေါ့။ နံနက်စောစော ရောက်တော့ စစ်သူကြီးက ၀သဘကို အသာခေါ်ပြီး နန်းတော်ကို ထွက်ခဲ့ပါတယ်။ ၀သဘကို သတ်ဖို့ ခေါ်သွားတာ ဆိုတာကို သိတဲ့ စစ်သူကြီး ကတော်က ကွမ်းအလွန်ကြိုက်တဲ့ စစ်သူကြီးအတွက် ထုံးမပါတဲ့ ကွမ်းကို ထည့်ပေး လိုက်ပါတယ်။
       စစ်သူကြီး နန်းတော်တံခါးဝ ရောက်လို့ ကွမ်းစားမယ် လုပ်တော့ ထုံးပါမလာတာ တွေ့ပြီး ၀သဘကို အိမ်ပြန် ထုံးယူစေပါတယ်။ ၀သဘ က အိမ်ရောက်တော့ စစ်သူကြီးကတော်က သူ့အကြံအစည် အတိုင်း ဖြစ်လာလို့ ၀မ်းသာအားရနဲ့ ” ၀သဘ၊ သင့်ဦးကြီးက သင့်ကို မင်းကြီးဆီ အပ်ပြီး သတ်မှာ .. ရော့ အသပြာ တစ်ထောင်ယူပြီး လွတ်ရာကို ပြေးပေတော့ ” ဆိုပြီး ထွက်ပြေး ခိုင်းလိုက်ပါ တော့တယ်။
၃။ စစ်သည်စုရုံးပြီ။
ဝသဘလည်း မင်းနဲ့ဝေးတဲ့ ဘုန်းကြီးကျောင်း တစ်ကျောင်းမှာ ပုန်းနေပါတယ်။ ရဟန်းတော် တွေကလည်း သူ့ကို ကြည့်ရှု ထားပါတယ်။
        ဒီလိုနေရင်းနဲ့ တစ်နေ့မှာ ပညာရှိလူနူတစ်ယောက်က ၀သဘရဲ့ ဇာတာကို ကြည့်ပြီး ” သင်.. မင်းဖြစ်လိမ့်မယ် ” လို့ ဟောလိုက်ပါတယ်။ ဒီစကားကြားတော့ ၀သဘဟာ ၀မ်းမြောက်စွာနဲ့ပဲ ရဲရင့်သတ္တိ ရှိတဲ့ေ နာက်လိုက် ယောက်ျားတွေကို စုရုံပါတယ်။ အတော်အတန် စုမိတော့ ” မုန့်သည် မ သားသည် မုန့်အနားကစ၍ စားရသည် ” ဆိုတဲ့ ရှေးထုံးကို နှလုံးမူပြီး မြို့စွန်ရွာစွန် ကစပြီး သိမ်းပါတယ်။ လိုရင်း ပြောရရင်တော့ နောက်ဆုံးမှာ ၀သဘ မင်းဖြစ်သွားတယ်ပဲ ဆိုပါတော့။
၎။ နန်းစံသက်ကို တွက်ချက်ခိုင်းတော့
၅။ ကုသိုလ်တွေ ပြုပြီ။
       အဲဒီနောက် ၀သဘမင်း ဟာ ရဟန်းသံဃာတော်တွေဆီ ဆည်းကပ်ပြီး ” အရှင်ဘုရားတို့၊ မင်းသက် ရှည်ရာရှည်ကြောင်း ကုသိုလ်ကောင်း မှု.များ မရှိဘူးလား ဘုရား .. ” လို့ လျှောက်ထားပါတယ်။
ဒီတော့ သံဃာတော်တွေက -
” ၀သဘမင်းမြတ် ၊
၁။ ရေစစ်လှူပါ။
၂။ နာမကျန်းဖြစ်နေတဲ့ ရဟန်းတွေကို ဆေးလှူပါ။
၃။ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ ကျောင်းဟောင်း၊စေတီဟောင်းတွေကို ပြုပြင်ပါ။
၎။ ငါးပါးသီလကို နေ့စဉ်စောင့်ထိန်းပါ။
၅။ ၈ရက်ဥပုသ်၊ ၁၅ရက်ဥပုသ်နေ့တိုင်း ၈ပါးသီလ၊ ၉ပါးသီလကို စောင့်ထိမ်းပါ။
မင်းသက်ရှည်လိမ့်မယ် ” လို့ မိန့်လိုက်ပါတယ်။
လိုရင်းပြော ရရင်တော့ ၀သဘမင်းဟာ ( ၁၂ နှစ်သာ နန်းစံရမဲ့အစား ) ၄၄-နှစ် နန်းစံခဲ့ရပါတယ်။
၆။ အတိတ်ကံ နဲ့ ပစ္စုပ္ပန်ကံ
     ဒီ ၀တ္ထုမှာ အဓိက ပြောချင်တာကတော့ ၀သဘမင်းဟာ အတိတ်ကံအရ ၁၂နှစ်သာ နန်းစံရမှာပါ။ ဒါပေမယ့် အတိတ်ကံကို ပစ္စုပ္ပန်ကံနဲ့ ပြုပြင် ယူလိုက်တော့ ၄၄-နှစ်တောင် နန်းစံခဲ့ရပါတယ်။ အပိုကြေး အနေနဲ့ ၃၂နှစ် နန်းစံသက် ပိုရခဲ့ပါတယ်။
ဝသဘ မင်းပြုခဲ့တဲ့ ကုသိုလ် ခြောက်မျိုးက အသက်ရှည်ကြောင်း ကုသိုလ်တွေပါ။ သူ့အနေနဲ့ ကတော့ နန်း သက်ရှည်ကြောင်း သီးခြား ကုသိုလ်တွေပေါ့။ အဲဒီကုသိုလ်-၆မျိုးကို အောက်ပါ လင်္ကာလေးနဲ့ တွဲမှတ်ထားလိုက်ပါဦး။
ဗဟုသုတ အဖြစ်ပေါ့။
ရေစစ်၊ ဆေး၊ ကျောင်း၊ ဘုရားဟောင်းပြုပြင်
” ပဉ္စင်၊ အဋ္ဌ သီလ ဖြူစင်
သက်ရှည်ကြောင်းစု
ကောင်းမှု ၆-အင်
အခွင့်စိုက် ပြုလိုက် ထာဝစဉ်။ ”
ဝသဘ မင်းကတော့ သူနဲ့ အသုံးတည့်မယ် အသက်ရှည်ကြောင်း ကုသိုလ်တွေကို ရွေးပြုပြီး သူ့ကံသူ ပြုပြင်သွားတာပါ။
၇။ သင်နှင့် ကောင်းကံ ဆိုးကံ
အခု စာဖတ်သူတွေ ကတော့ တခြားသော ဘ၀ လိုအပ်ချက်တွေ တခြားသော အဆင်မပြေမှုတွေ ရှိနေနိုင်ပါတယ်။
– လူမှုရေးနဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
– စီးပွားရေး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
– ကျန်းမာရေး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
– ပညာရေး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
– ရာထူးဌာနန္တရ နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
– နိုင်ငံခြားခရီး နဲ့ ပတ်သက်လို့ ကံဆိုးချင်ဆိုးနေမယ်။
ကြိုက်သလောက် ကံဆိုးနေပါစေ။ နောက်ဆုံး သေချင်လောက်အောင် အထိ ကံဆိုး နေစမ်းပါစေ။ ၀သဘ မင်းဝတ္ထုကို အာရုံပြုပြီး ဆိုးနေတဲ့ကံကို စိတ်ကြိုက် ပြုပြင်ယူလို့ရတယ် ဆိုတဲ့ အသိလေးကိုပဲ အာရုံပြုပစ်လိုက်စမ်းပါ။
၈။ ဘယ်လိုပြုပြင်မလဲ …အဲဒီတော့ ဘယ်လိုပြုပြင်ယူမလဲ..?
အဲဒီ သေချင်လောက်အောင်ထိ ဆိုးနေတဲ့ကံကို ကုသိုလ်၅-မျိုးနဲ့ ပြုပြင် ယူလို့ရပါတယ်။ တိုက်တွန်း စကားအနေနဲ့ ပြောရရင်တော့ သေချင်လောက်အောင် ဆိုးနေတဲ့ကံကို ကုသိုလ် ၅မျိုးနဲ့ နေ့စဉ်ပြုပြင် ပစ်လိုက်စမ်းပါ။ ဆိုးနေတဲ့ကံ ” နင်နေ ငါသွား ” ဖြစ်သွား ပါလိမ့်မယ်။
အဲဒီကုသိုလ် ၅မျိုးကတော့
၁။ ဒါန
၂။ သီလ
၃။ ဂုဏ်တော်
၎။ မေတ္တာ
၅။ ၀ိပဿနာ          တို့ ဖြစ်ပါတယ်။
အဲဒီကုသိုလ် ၅မျိုးကို နေ့စဉ် ဖြစ်စေရမယ်လို့ အဓိဋ္ဌာန်ပြီး နေ့စဉ် ပြုလုပ် သွားဖို့ပါပဲ။
၉။ ငါးမျိုးကုသိုလ် ဘယ်လိုပြုရမယ်။
၉-၁။ ဒါန
       ပထမဆုံးကုသိုလ်က ဒါန ပါ။ ဒါနဆိုတဲ့နေရာမှာ ရှင်၁သောင်းပြုပေးနိုင်မှ။ ကျောင်းကြီးတွေ ဆောက်လုပ်လှူဒါန်းနိုင်မှ ဒါန မဟုတ်ပါဘူး။ အိမ်မှာရှိတဲ့ ဘုရားကို ရေချမ်း ကပ်လိုက်မယ် ဆိုလည်း ဒါန ဖြစ်သွားတာပါပဲ။ နောက် ကိုယ်ထမင်းချက်မယ့် ဆန်ထဲက လက်တစ်ဆုတ်စာလောက်နှိုက်ပြီး အိမ်ရှေ့က စာကလေးတွေ ခိုကလေးတွေကို ပစ်ကျွေးလိုက်မယ်ဆိုရင်လည်း ဒါနဖြစ်သွားတာပါပဲ။ ဆန်လက်တစ်ဆုတ် လောက်နဲ့တော့ မိသားစု ထမင်းဝိုင်းကို သိပ်ပြီးလည်း မထိခိုက်စေပါဘူး။ နေ့စဉ် လက်တစ်ဆုတ် စာလောက် စာကလေးတွေကို ကျွေးနေမယ် ဆိုရင်လည်း ကိုယ့်ဝန် ကိုယ့်အားနဲ့ မျှတဲ့ ဒါန ဖြစ်နေတာပါ။
၉-၂။ သီလ
     ဒုတိယက သီလ ပါ။ သီလမှာလည်း လောကီ ထဲမှာနေတဲ့ လူတစ်ယောက် အတွက် ငါးပါးသီလလောက် လုံခြုံအောင် စောင့်ထိန်း လိုက်နိုင်တယ် ဆိုရင်ပဲ တော်တော် လုံလောက်နေပါပြီ။ တစ်ဆင့်တက်ပြီး ဥပုသ်နေ့တွေမှာ ၈ပါးသီလ၊ ၉ပါးသီလကို စောင့်ထိန်း နိုင်ရင်တော့ အကောင်းဆုံးပေါ့။ သီလကို စောင့်ရှောက်တဲ့အတွက် သီလကလည်း ကိုယ့်ကို သူ့သတ္တိ အားလျော်စွာ ပြန်စောင့်ရှောက် ပါလိမ့်မယ်။
၉-၃။ ဂုဏ်တော်
တတိယက ဂုဏ်တော်ပါ။ ဂုဏ်တော် ၉-ပါးထဲက ကိုယ်နှစ်သက်ရာ တစ်ခုခုကို ပွားလို့ရပါတယ်။
အရဟံဂုဏ်တော်ကိုပဲ …
အရဟံ = ပူဇော်အထူးကို ခံယူထိုက်သော မြတ်စွာဘုရား
အရဟံ = ကိလေသာ ကင်းစင်တော်မူသော မြတ်စွာဘုရား
အရဟံ = ဆိတ်ကွယ်ရာအရပ်၌ပင် မကောင်းမှုကို ပြုတော်မမူသော မြတ်စွာဘုရား
လို့ ပွားများရပါတယ်။
အရဟံ ဆိုတဲ့ ပါဠိလေးရယ်။ အရဟံရဲ့ နောက်က အနက်သုံးမျိုးရယ်က ပွားလို့ ဆင်ခြင်လို့ သိပ်ကောင်းတဲ့ ပါဠိနဲ့အနက်လေးတွေပါ။
ဂုဏ်တော်ပွားတဲ့အတွက် ဂုဏ်တော်က သူ့သတ္တိအားလျော်စွာ ပြန်စောင့်ရှောက်နေ ပါလိမ့်မယ်။
၉-၄။ မေတ္တာ
      စတုတ္ထက မေတ္တာပါ။ မေတ္တာပွားတဲ့နေရာမှာ ပွားနည်းတွေကတော့ သီသန့်အကျယ်ကို ရှိပါတယ်။ စာရေးသူရဲ့ မေတ္တာ အတွေးများ စာအုပ်မှာလည်း ပွားပုံ ပြည့်ပြည့်စုံစုံ ရေးပြထားပါတယ်။
     မေတ္တာပွားတဲ့ နေရာမှာ အဓိက အကြံပေးချင် တာတော့ ပထမ ကိုယ့်အပေါ် ကျေးဇူးရှိတဲ့ ကျေးဇူးများတဲ့ လူပုဂ္ဂိုလ်အားလုံးကို တစ်ယောက်ချင်း ကုန်အောင်ပွားပါ။ ပြီးရင် နတ်ကောင်း နတ်မြတ်တွေ၊ ကိုယ်စောင့်နတ်-အိမ်စောင့်နတ် ကစပြီး၊ လမ်းမြို့နယ်၊ မြို့၊ နိုင်ငံကို စောင့်ရှောက်နေကြသော နတ်ကောင်း နတ်မြတ်တွေ အားလုံး ကိုယ်ဆင်းရဲ စိတ်ဆင်းရဲ ကင်းပါစေ၊ အစစအရာရာ အဆင်ပြေ ပါစေ… စသည်ဖြင့် ပေါ့လေ။
 ၉-၅။ ၀ိပဿနာ
      နောက်ဆုံးက ၀ိပဿနာပါ။ ၀ိပဿနာ ကတော့ ကိုယ်အားထုတ်ဖူးရာ-ကိုယ်သန်ရာ သန်ရာ ကိုယ့် အာစရိယ ၀ါဒအတိုင်း မှတ်ယူလို့ ရပါတယ်။
( မည်သည့် တရားစခန်း မည်သည့် အာစရိယ၀ါဒမျှ သင်ကြားထားခြင်း မရှိသူများအဖို့ အစပိုင်းတွင် တင်ပလ္လင်ခွေ(ထက်ဝယ်ဖွဲ့ခွေ)ထိုင်၊ ဘယ်လက်ပေါ် ညာလက်ထပ်တင်၊ ခါး-လည်ပင်း-ဦးခေါင်းကို မတ်မတ်ထား၊ အသက်ကို ပုံမှန်ရှူလျှက် ၀င်လေ၀င်လာလျှင် ၀င် လာ သည်ဟု သိပေး၊ ထွက်လေ ထွက်သွားရင် ထွက်သွားသည်ဟု သိပေးခြင်းဖြင့် မိမိစိတ်ကို ထိုထိုနှာသီးဝသို့သာ စူးစိုက်ရောက်ရှိစေရန် ပဏာမ လေ့ကျင့်ကြလျှက် ၇ရက်စခန်း-၁၀ရက်စခန်း စသည်တို့ကို ၀င်ရောက်နိုင်ရန် တိုး၍ ကြိုးစား ကြသင့်ပေသည်။ )
၁၀။ ကုသိုလ်-၅မျိုး တစ်နေ့တာ
ကဲ … စာဖတ်သူ၊ စိတ်ကူးနဲ့ပဲ ကုသိုလ်၅မျိုးကို စမ်းကြည့်ရအောင်ပါ။
၁၀-၁။ အိပ်ရာထ
မနက် အိပ်ရာက ထတာနဲ့ ကိုယ်လက် သန့်စင်ပြီး မိသားစု ကိစ္စတွေကို ဘာမှ မလုပ်နဲ့ဦး။
 ဘုရားခန်းကို အရင်သွားပါ။
ဘုရားသောက်တော်ရေကိုအရင်ကပ်ပါ။ (ဒါန)
ကပ်ပြီးရင် ၅ပါးသီလ ခံယူပါ။ (သီလ)
အဲဒါပြီးရင် ဂုဏ်တော်ကို ၅-မိနစ် ( ဂုဏ်တော် )
မေတ္တာကို ၅-မိနစ် ပွားပါ။ ( မေတ္တာ )
ပြီးရင် ၀ိပဿနာ ၅-မိနစ် ပွားများပါ။ ( ၀ိပဿနာ )
အင်မတန် နည်းပါးတဲ့ ၁၅မိနစ်အချိန်လောက်တော့ လူတိုင်း လုပ်နိုင်လောက်မယ် ထင်ပါတယ်။ ( ၅မိနစ်စီ ဆိုသည်မှာ အနည်းဆုံး ပြုရန်အချိန်ကို ဆိုလိုခြင်းဖြစ်ပြီး မိမိတို့၏ ခွန်အားအလိုက် သဒ္ဓါ တရားအလိုက် ၁၀မိနစ်စီ၊ နာရီဝက်စီ၊ တစ်နာရီစီ စသည်ဖြင့် အဓိဋ္ဌာန်ပြု
နေ့တစ်နေ့တာရဲ့ အစကို ကုသိုလ် ၅မျိုးနဲ့ စလိုက်တာ ဘယ်လောက် ကျက်သရေ ရှိသွားလဲ ။ အိပ်ရာထပြီး နာရီဝက် ၁နာရီအတွင်းမှာပဲ ကုသိုလ်၅မျိုး ရနေပါပြီ။ အဲဒီ ကုသိုလ် ၅မျိုးပြုပြီးမှ မိသားစုကိစ္စ၊ ကိုယ့်ကိစ္စ ဝေယျာဝစ္စတွေကို ပြုလုပ်ပါ။
၁၀-၂။ နေ့လည်
       အဲဒီလိုနဲ့ မနက်စာစားပြီးတဲ့ အခါ ဆန်လက်တစ်ဆုတ် စာယူပြီး ခြံရှေ့မှာ ငှက်ကလေးတွေ အတွက် ပက်ကျွေးလိုက်ပါဦး။
ကျွေးပြီးသွားရင် အဆစ်အနေနဲ့ ” ဒီနေ့ မနက် ပြုဖြစ်ခဲ့တဲ့ ကုသိုလ်၅မျိုး ကိုလည်း အမျှ ပေးဝေပါတယ်။ အမျှ အမျှ အမျှ ယူတော်မူကြပါ။ သာဓု၊ သာဓု၊ သာဓု ” ဆိုပြီး နတ်ကောင်း နတ်မြတ်များနဲ့တကွ ဝေနေယျ အပေါင်းကို အမျှပေးဝေလိုက်ပါဦး။
၁၀-၃။ ညပိုင်း
တတ်နိုင်တယ်။ အချိန်ရတယ်။ သဒ္ဓါတရားလဲ ထက်သန်လာတယ် ဆိုရင် ညပိုင်း ကိုးရီးယားကားလေး မလာခင်၊ ဒါမှမဟုတ် ကိုးရီးယားကားလေး ပြီးသွားတဲ့အခါ ကုသိုလ်ငါးမျိုးကို မနက်ကအတိုင်း တစ်ကြိမ် ထပ်လုပ်လိုက်ပါဦး။
၁၁။ နေ့စဉ်ပြုအပ်သည်
       ဒီအတိုင်းသာ နေ့စဉ်ပြုသွားစမ်းပါ။ ဆိုးနေတဲ့ကံဟာ တောင်းပန်ပြီး ထွက်သွားဦးမှာပါ။
ဒါပေမယ့် ဒီနေ့လုပ်-နက်ဖြန်ဖြစ် ဆိုတဲ့ပုံစံမျိုးတော့ ဘယ်ဖြစ်နိုင်မှာလဲ။ တစ်လတန်သည် တစ်နှစ်တန်သည်တော့ စွဲလုပ်ရပါမယ်။ ရက်မပျက်အောင် အဓိဋ္ဌာန်ပြု၍ လုပ်ရပါမယ်။ အကုသိုလ်ဆိုတဲ့ အင်းအားက ကြီးလွန်းနေရင်တော့ ချက်ခြင်းကြီး ရနိုင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ကုသိုလ် အင်အား ကောင်းလာတာနဲ့ အမျှ ကုသိုလ်အင်အားကို ကြည့်ပြီး လန့်ပြေးသွားမှာပါ။
ဒါက ကံဆိုး နေတဲ့သူတွေကို ပြောတာပါ။
ကံကောင်း နေတဲ့သူတွေ အတွက်လည်း အမြဲတမ်း ကံကောင်းနေအောင် ကုသိုလ်၅မျိုး နဲ့ အမြဲပြုစု စောင့်ရှောက်နေသင့်ပါတယ်။
ဒီကုသိုလ်၅မျိုးနဲ့ ကံကောင်းအောင် လုပ်နေတဲ့အတွက် ဒုတိယဘ၀၊ တတိယဘ၀ စသည်တွေမှာလည်း ဆက်ပြီး ကံကောင်းနေဦးမှာပါ။
၁၂။ ဒုက္ခကြုံရင် သစ္စာဆို။
      ဒီကုသိုလ် ၅မျိုးကို ကံကောင်းခြင်း၊ ကံဆိုးခြင်းကြောင့် မဟုတ်ဘဲ နေ့စဉ်ဝ တ်တစ်ခု အနေနဲ့ ပြုရပါမယ်။ အဲဒီလို ပြုနေစဉ် အတွင်းမှာပဲ
ဘ၀ အခက်အခဲ တစ်ခု ကြုံလာမယ်၊ ဒါဆို ကိုယ်ပြုတဲ့ကုသိုလ်၅မျိုးကို နေ့စဉ် အမျှပေးဝေနေတဲ့ နတ်ကောင်းန တ်မြတ်တွေကို တိုင်တည်ပြီး သစ္စာ ဆိုလို့လည်း ရပါတယ်။
” ကျွနှ်ုပ်သည် ကုသိုလ်၅မျိုးကို နေ့စဉ်ပြုပြီး၊ နတ်ကောင်းန တ်မြတ် များကိုလည်း နေ့စဉ် အမျှပေးဝေခဲ့ပါတယ်။ ဤသစ္စာစကား မှန်ကန်ပါက ယခုတွေ့ကြုံနေရသော အခက်အခဲများ ပြေပျောက် ပါစေသတည်း။ နတ်ကောင်း နတ်မြတ်တို့က ကူညီမစတော်မူပါ ” စသည်ဖြင့်ပေါ့လေ…..
၁၃။ သံသရာကပင် ကျွတ်နိုင်ရဲ့
     ကုသိုလ် ၅-မျိုးထဲမှာ ၀ိပဿနာလည်း ပါနေတော့ တရားမှတ်ရင် ပါရမီပါခဲ့ရင် တစ်မဂ် တစ်ဖိုလ်မှသည် လေးမဂ်၊ လေးဖိုလ် အထိ တရားထူးတရားမြတ်တွေ ရသွားပြီး သံသရာဝဋ်က ကျွတ်သွားနိုင်ပါသေးတယ်။
ကုသိုလ် ၅မျိုးကို ဘယ်အဆင့်အထိ ပြုရမလဲ … ဆိုရင် ညအိပ်ရာဝင်လို့မှ ဒီနေ့ တစ်နေ့တာအတွက် ကုသိုလ် ၅မျိုး မပြုရသေးရင် အိပ်လို့ လုံးဝမပျော်တဲ့ အဆင့် ချက်ခြင်း ထလုပ်လိုက်မှ အိပ်ပျော်တယ် အိပ်လို့ရတယ် ဆိုတဲ့ အဆင့်ထိ ပြုလုပ်ကြရပါတယ် …
ကဲ …. စာဖတ်သူ … ၊ ကံ နဲ့ ပတ်သက်လို့ သေချင်လောက်အောင် ဆိုးနေပါစေ။ ကုသိုလ် ၅မျိုးနဲ့သာ နေ့စဉ် ပြုပြင် လိုက်စမ်းပါ။ မကြာခင် ကံကောင်းလာပါလိမ့်မယ်။
ရေးသားသူ - အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ)
ကျမ်းကိုး
မဟာဝင်ဝတ္ထု - ကျီးသဲလေးထပ်ဆရာတော်
        ဆရာတော်-အရှင်ရာဇိန္ဒ (ရဝေနွယ်- အင်းမ) က ဆုံးမသလို အားလုံး
ကံကောင်းအောင် ဆောင်နိုင်ကြပါစေ.. .
                                                    လေးစားစွာဖြင့်   ....    မောင်မြင့်
via Everyone's Blog Posts - အရူးလွယ်အိတ် မှ ကူးယူတင်ပြပါသည်။
Saturday, January 26, 2013
ရှင်သီဝလိ ၁၀ ဂါထာ
၁ ။ သီဝလိ စ မဟာနာမံ ၊
     သဗ္ဗလာဘံ ဘ၀ိဿတိ ။
     ထေရဿ အာနုဘာဝေန ၊
     သဗ္ဗေ ဟောန္တု ပီယံ မမ ။
၂ ။ သီဝလိ စ မဟာဝီရော ၊
     ယေ ယေ ပဿန္တု မံ ပိယံ ၊
     တေ တေ ပဿန္တု ပရမံ ၊
     ဇနပဒါ ပူဇယန္တု ။
၃ ။ သီဝလိ စ နာမ ထေရေန ၊
     မမ သီသေ ဌပေတွာန ၊
     ဇမ္ဗုဒီပ မဏ္ဍလေန ၊
     ဇယော မန္တာ သုခါဝဟံ ။
၎ ။ သီဝလိ စ မဟာနာမံ ၊
     ဣန္ဒာဒေ၀ါ သဗြဟ္မကာ ၊
     မနုဿ ပုရိသော ဣတ္ထိ ၊
     မဟာလာဘံ ဘ၀ိဿတိ ။
၅ ။ သီဝလိ စ မဟာလာဘံ ၊
     နာနာ ဒေတိ ၀ရံ ၀ရံ ၊
     ဣဒမ္ဗိ ပူဇိတံ ဒေတိ ၊
     မဟာသုခံ ဘ၀ိဿတိ ။
၆ ။ ၀ဏ္ဏံ ဒန္တံ သုခံ ကတ္တိ ၊
     အနာ မယံ ဘဝေ ဘဝေ ၊
     တ၀ရုက္ခေ ဒေ၀ ဓိတာ ၊
     သဗ္ဗကောဓံ ၀ိနဿန္တု ။
၇ ။ သီဝလိ စ မဟာလာဘံ ၊
     သဗ္ဗလာဘံ ဘ၀ိဿတိ ၊
     ထေရဿ အာနုဘာဝေန ၊
     သဒါ ဟောတု ပီယံ မမ ။
၈ ။ သီဝလိ စ မဟာထေရော ၊
     ယေ ယေ ပဿန္တု မံ ပိယံ ၊
     တေ တေ ပဿန္တု မံ ပိယံ ၊
     ဇန ပဒါ ပူဇယန္တု ။
၉ ။ သီဝလိ စ မဟာထေရော ၊
     မမ သီသေ ဌပေတွာန ၊
     မန္တိတေန ဇယော မန္တံ ၊
     အဟံ ၀န္ဒာမိ သဗ္ဗဒါ ။
၁၀ ။ သီဝလိ စ မဟာထေရော ၊
     ဒေ၀မနုဿ ပူဇိတော ၊
     သောရဟော ပစ္စယာ ဒီနံ ၊
     မဟာလာဘံ ကရောတု မေ ။   ။
Related Posts Plugin for WordPress, Blogger...