Pages

Friday, October 26, 2012

မရှိဟူသော စကား ပေးပါ ဟူသော စကား မပြောဆို မကြားလိုသော ဂါထာ

မရှိဟူသော စကား ပေးပါ ဟူသော စကား
မပြောဆို မကြားလိုသော ဂါထာ

    “နတ္ထီတိ ၀စနံ ဒုက္ခံ ၊
     ဒေဟီတိ ၀စနံ တထာ
     တသ္မာ နတ္ထီတိ ၊ ဒေဟီတိ
     မာမေ ဟောတု ဘ၀ါ ဘဝေ  ”

    နတ္ထီတိ ၀စနံ - မရှိဟူ၍ ပြောဆိုရခြင်းသည် ၊ ဒုက္ခံ - ဆင်းရဲ၏ ။ ဒေဟီတိ ၀စနံ - ပေးပါ ဟူ၍ ပြောဆိုရခြင်းသည်လည်း ၊
တထာ - ထို့တူ ၊ ဒုက္ခံ - ဆင်းရဲ၏ ။ တသ္မာ - ထို့ကြောင့် ၊ နတ္ထီတိ - မရှိဟူ၍ ပြောဆိုရခြင်းသည်လည်းကောင်း ၊ မေ - ငါ့အား ၊
ဘ၀ါဘဝေ - ဘ၀ကြီးငယ်တိုင်း၌ ၊ မာ ဟောတု - မဖြစ်ပါစေသတည်း ။

    “ မရှိပါဟု ပြောဆိုရသော စကားသည် ဆင်းရဲလှပေ၏ ။ ( ဒုက္ခ တစ်ပါးပါပဲ ) ”
    “ ပေးပါဟု ပြောရသော စကားသည်လည်း ထိုနည်းတူ ( ဆင်းရဲပါပေ၏ ။ ) ”

    ထို့ကြောင့် မရှိဟူသော စကား ၊ ပေးပါ ဟူသော စကားကို ဘ၀တိုင်း ဘ၀တိုင်း မပြောရပါစေနှင့် ...

    ( နေ့စဉ် ဂါထာ အရေအတွက်ကို မိမိ၏ အသက်စေ့ ရွတ်ပွားပါ ။ အချိန်ရလျှင် ပုတီးပတ် သက်စေ့ စိပ်ပါ ။
ကောင်းကျိုး ထူးပါလိမ့်မည် ။ ထို ဂါထာ စာသားလေးကိုပင် အဆောင်တစ်ခုအဖြစ် ဆောင်ထားနိုင်ပါသေးသည် ။ )


သက်နှင်းဆွေ ( ပုပ္ပါး )
နေလ ဂမ္ဘီရဂျာနယ် အမှတ် - ၄၇၅ မှ ကူးယူဖော်ပြပါသည် ။
Related Posts Plugin for WordPress, Blogger...