Pages

Monday, July 13, 2015

အနေကဇာတင် ဂါထာတော် ( ပထမ ဗုဒ္ဓဝစန ဥဒါန်းဂါထာတော် )



အနေကဇာတင် ဂါထာတော် ( ပထမ ဗုဒ္ဓဝစန ဥဒါန်းဂါထာတော် )

     အနေက ဇာတိ သံသာရံ ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ ။
     ဂဟကာရံ ဂဝေသန္တော ၊ ဒုက္ခာဇာတိ ပုနပ္ပုနံ ။
     ဂဟကာရက ဒိဋ္ဌောသိ ၊ ပုနဂေဟံ နကာဟသိ ။
     သမ္ဗာတေ ဖာသုကာ ဘဂ္ဂါ ၊ ဂဟကူဋံ ဝိသင်္ခတံ ။
     ဝိသင်္ခါရ ဂတံ စိတ္တံ ၊ တဏှာနံ ခယမဇ္ဈဂါ ။

  အနေကဇာတင် ဂါထာတော် အနက် -

      ဂဟကာရံ - ခန္ဓာအိမ်ဆောက်ထား တဏှာလက်သမားကို ၊ ဂဝေသန္တော - ရှာမှီးသော ငါဘုရားသည် ၊ အနိဗ္ဗိသံ - မရလတ်သော် ၊ အနေကဇာတိသံသာရံ - တစ်ပါးမက များစွာသော ဘဝ သံသရာပတ်လုံး ၊ သန္ဓာဝိဿံ - ကျင်လည်ရလှလေပြီ ။ ပုနပ္ပုနံ - ထပ်ခါ ထပ်ခါ ၊ ဇာတိ - ပဋိသန္ဓေ နေရခြင်းသည် ၊ ဒုက္ခာ - ဆင်းရဲလှ၏ ။
      ဂဟကာရက - ခန္ဓာအိမ်ဆောက်သမား ၊ တဏှာယောက်ျား ၊ တွံ - သင့်ကို ၊ ဒိဋ္ဌော - မြင်အပ်သည် ၊ အသိ - ဖြစ်ပြီ ။ ပုန - တစ်ဖန် ၊ ဂေဟံ - ခန္ဓာအိမ်ကို ၊ န ကာဟသိ - မဆောက်လုပ်ရတော့ ။ တေ - သင်၏ ၊ သဗ္ဗာ - အားလုံးကုန်သော ၊ ဖာသုကာ - ကိလေသာ အချဉ်နယ်တို့ကို ၊ ဘဂ္ဂါ - ဖျက်ချိုးအပ်ကုန်ပြီ ။ ဂဟကူဋံ - ခန္ဓာအိမ်၏ အဝိဇ္ဖာအထွတ်ကို ၊ ဝိသင်္ခတံ - ဖျက်ဆီးအပ်ပြီ ။ စိတ္တံ - စိတ်သည် ၊ ဝိသင်္ခါရဂတံ - သင်္ခါရ ကင်းရာ နိဗ္ဗာန်သို့ ရောက်ပြီ ။ တဏှာနံ - တဏှာတို့၏ ၊ ခယံ - ကုန်ရာ နိဗ္ဗာန်ကို ၊ အဇ္ဈဂါ - ရပြီ ။


      *** ဘုရားရှင်သည် ဘုရား ဖြစ်တော်မူပြီး၍ ဆင်ခြင်လတ်သော် တဏှာလက်သမားကို သဗ္ဗညုတဉာဏ်တော်ဖြင့် မြင်တော်မူ၍ အရဟတ္တမဂ်ဉာဏ်ဖြင့် ပယ်တော်မူပြီး ခန္ဓာအိမ်ကို အဆောက်မခံရတော့သဖြင့် လွန်စွာ ဝမ်းမြောက်ကာ ဤဂါထာကို ပထမဆုံး ဥဒါန်းကျူးတော်မူလေသည် ။ ဘုရားရှင်ကို အာရုံပြု၍ ရွတ်ဖတ် သရဇ္ဈာယ်သူတိုင်း ကောင်းကျိုးတရားကို ရကြသဖြင့် နေ့-ည မပြတ် ရွတ်ဖတ် ပူဇော် ကျူးရင့်ခြင်းဖြင့် ကျက်သရေ ဖြိုး၍ စီးပွားရေး လာဘ် လာဘများ တိုးတက်စေပါသည် ။
Related Posts Plugin for WordPress, Blogger...