Pages

Saturday, April 26, 2014

ရွှေတက် ငွေတက် စီးပွားတက်ကြပါစေ ...





ရွှေတက် ငွေတက် စီးပွားတက်ကြပါစေ ...

 “ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ”

အရဟတော - ပူဇော်အထူးကို ခံယူတော်မူထိုက်သော ၊ သမ္မာသမ္ဗုဒ္ဓဿ - သိစရာရှိသမျှ တစ်စမကျန် သယမ္ဘူ ဉာဏ်ဖြင့် အမှန်အတိုင်း သိတော်မူသော ၊ တဿဘဂဝတော - ထိုမြတ်စွာဘုရားအား ၊ နမော - ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား ။  ။


“ နတ် လူ ဗြဟ္မာ သတ္တဝါ အပေါင်း ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ ။ သူတော်ကောင်းတရား ပွားများ အားထုတ်နိုင်ကြပါစေ ။ ရွှေတက် ငွေတက် စီးပွား လာဘ်လာဘများ တိုးတက်ပွားများကြပါစေ ။  ။ ”

ဩဝါဒ ပါတိမောက် ဓမ္မစေတီ ကျောက်စာတော်



ဩဝါဒ ပါတိမောက် ဓမ္မစေတီ ကျောက်စာတော် 

၁ ။ ခန္တီ ပရမံ တပေါတိ တိက္ခာ ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ ။ နဟိ ပဗ္ဗဇိတော ၊ ပရူပယာတီ ၊ နသမဏော ၊ ဟောတိ ပရံ ဝိဟေဌ ယန္တော ။

       လွန်စွာချုပ်တည်းမှု ဟူသော သည်းခံခြင်းသည် အလွန်မြတ်သော အကျင့်ပေတည်း ။ နိဗ္ဗာန်တရားကို အမြတ်ဆုံး ဟူ၍ ဘုရားရှင်တို့ ဟောတော်မူကုန်၏ ။ သူတစ်ပါးကို သတ်သောသူသည် စိတ်အညစ်အကြေးကို နှင်ထုတ်သူ မဟုတ် ။ သူတစ်ပါးကို ညှဉ်းဆဲသောသူသည် မကောင်းမှုတို့ကို ငြိမ်းစေသူ မဟုတ် ။


၂ ။ သဗ္ဗ ပါပဿ အကရဏံ ၊ ကုသလဿ ဥပသမ္ဗဒါ ။ သစိတ္တ ပရိယောဒပနံ ၊ ဧတံ ဗုဒ္ဓါနသာသနံ ။ 

         မကောင်းမှု ဟူသမျှကို မပြုလုပ်ရာ ။ 
         ကောင်းမှု ဟူသမျှကို ပြည့်စုံစေရာ၏ ။
         မိမိ စိတ်ကို သန့်ရှင်း ဖြူစင်စေရာ၏ ။
         ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း ။


၃ ။ အနုပ ဝါဒေါ အနုပ ဃာတော ၊ ပါတိမောက္ခေ စ သံဝရော ။
     မတ္ထညုတာ စ ဘတ္တသ္မိံ ၊ ပန္ထဉ္စ သယနာသနံ ။ 
     အဓိစိတ္တေ စ အာယောဂေါ ၊ ဧတံ ဗုဒ္ဓါနသာသနံ ။ 

           သူတစ်ပါးကို မစွပ်စွဲ မပြစ်မှားရာ ။
           သူတစ်ပါးကို မနှိပ်စက် မညှဉ်းဆဲရာ ။ 
            မြတ်သော သီလ၌ စောင့်စည်း လုံခြုံရာ၏ ။
            စားသုံးဖွယ်၌ ပမာဏကို သိရာ၏ ။
            အစွန်းအဖျား ကျောင်းအိပ်ရာ၌ နေရာ၏ ။
            ထူးမြတ်သော စိတ်၌ လွန်စွာ အားထုတ်ရာ၏ ။
            ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း ။ 



                       ရွှေတိဂုံဘုရားမှ ကူးယူ ဖော်ပြပါသည် ။

 

Thursday, April 17, 2014

ကံ ကံ၏ အကျိုးတရား



ကံ ကံ၏ အကျိုးတရား 

ပြောသမျှ အောင် 
လုပ်သမျှ ဖြစ် 
  ဆန္ဒက နံပါတ် တစ်

ဆန္ဒအလို မလိုက်ဆိုက
ထိုထိုသူအား အညှိုးထား၍
ကြုံသည့်နေရာ ပေးပညာ ။

ကံရှိန် အကျိုးပေး မကုန်သေးက 
လက်ညှိုးညွှန်ရာ ရေဖြစ်နိုင်၏ ။
ကုန်လွန် ကံရှိန် ကံညှိုးမှိန်က
ကိုယ်ပြုသမျှ ခံပေစွ ။  ။

 လူတိုင်း လူတိုင်း ဗြဟ္မစိုရ်တရား  လေးပါးအသိ သတိလေးနဲ့ ညှိလို့
 လူမှု ဆက်ဆံရေးများ ပြေလည်နိုင်ကြပါစေ ...



Foreverstrong 

Monday, April 14, 2014

ကြိုတင်သတိ အကျိုးရှိ



နှစ်သစ်မှာ မင်္ဂလာအပေါင်း ခညောင်းလို့ ကျက်သရေ အဖြာဖြာ ဝေဆာနိုင်ကြပါစေ ...              

                       ကြိုတင်သတိ အကျိုးရှိ

၁ ။ တနေဝင်လျက် တနေထွက် နေ့ရက် နာရီ ကုန်ခဲ့ပြီ ။

၂ ။ နာရီတွေ ပြောင်း ရက်တွေ နှောင်း လပေါင်း ဆင့်ဆင့် တက်ခဲ့ပြီ ။

၃ ။ လပေါင်းစုတွေ ကုန်လွန်စေ သစ်ဝေ တနှစ်ဆန်းတော့မည် ။

၎ ။ တနှစ်ဆန်းလျှင် ငါ့အသွင် တွင်တွင် ဆန်းစစ်ကြည့်သင့်ပြီ ။

၅ ။ တနှစ်တာတွင် မဆင်ခြင် ပျော်ချင်သမျှ ပျော်ခဲ့သည် ။

၆ ။ တနှစ်တာတွင် မဆင်ခြင် မော်ချင်သမျှ မော်ခဲ့သည် ။

၇ ။ အရွယ် ချင့်သော် တော်သင့်နော် ပျော်မော်အကြွား နားသင့်ပြီ ။

၈ ။ ပျော်မော်မကင်း မေ့လျော့လျှင်း သေမင်း ငါ့ကို ညှင်းတော့မည် ။

၉ ။ သေမင်းလက်တွင် မရောက်ခင်က ကြိုတင်စဉ်းစား မြတ်တရား ကြိုးစားသင့်လှပြီ ။


                                                                          အောင်ရွှေထီး

    ရွှေတိဂုံဘုရား မှ ကူးယူဖော်ပြပါသည် ။
Related Posts Plugin for WordPress, Blogger...