Pages

Wednesday, April 17, 2013

သဗ္ဗဇယ မင်္ဂလာ ဂါထာတော်နှင့် နမောတေ ဂါထာတော်နှစ်ပုဒ်


သဗ္ဗဇယမင်္ဂလာ ဂါထာ ပါဠိ

ဒိဝါတပတိ အာဒိစ္စော ၊ ရတ္တိမာ ဘာတိ စန္ဒိမာ ။
သန္နဒ္ဓေါ ခတ္တိယော တပတိ ၊ ဈာယီတပတိ ဗြဟ္မဏော ။
အထသဗ္ဗ မဟောရတ္တိံ ၊ ဗုဒ္ဓေါ တပတိ တေဇသာ ။
တာဒိသံ တေဇ သမ္ဗန္နံ ၊ ဗုဒ္ဓံ ၀န္ဒာမိ အာဒရံ ။
နမက္ကာရာ နုဘာဝေန ၊ သဗ္ဗေ ပူရေန္တု သင်္ကပ္ဗာ ။

သက်စေ့ ရွတ်ဖတ် သရဇ္ဈာယ်ခြင်းဖြင့် ပစ္စည်းဥစ္စာ ဒီရေအလား တိုးပွားစေပါသည် ။ လူနတ်တို့ ချစ်ခင်၍ မိမိ ပြောဆိုသမျှ အောင်မြင်ပါသည် ။

ဥုံ- ဗုဒ္ဓ တန်ခိုး ၊ ထီးလိုမိုး ၊ ကောင်းကျိုးအထွေထွေ ရပါစေ ။
     ဓမ္မ တန်ခိုး ၊ ထီးလိုမိုး ၊ ကောင်းကျိုးအထွေထွေ ရပါစေ ။
         သံဃ တန်ခိုး ၊ ထီးလိုမိုး ၊ ကောင်းကျိုးအထွေထွေ ရပါစေ ။
         မိဘ  တန်ခိုး ၊ ထီးလိုမိုး ၊ ကောင်းကျိုးအထွေထွေ ရပါစေ ။
                                                                 ဆရာ့ တန်ခိုး ၊ ထီးလိုမိုး ၊ ကောင်းကျိုးအထွေထွေ ရပါစေ ။            ( ၉ ) ခေါက် ရွတ်ဖတ်ပူဇော်ပါ ။

( လှည်းပုံတောင်း ( ပဒေါင်း ) သား ပုတီးနဲ့ ပဋ္ဌာန်း ဂုဏ်တော်ကြီးကို နေ့စဉ် ပုတီး ( ၉ ) ပတ်စိပ်ပေးပါ )


နမောတေ ဂါထာတော်

နမော တေ ဗုဒ္ဓ ၀ီရတ္ထု ၊ ၀ိပ္ဗမုတ္တောသိ သဗ္ဗဓိ ။
သမ္ဗာဓပ္ဗဋိပန္နောသ္မိံ ၊ တဿ မေ သရဏံ ဘ၀ ။


      နမောတေ ဂါထာတော် ရွတ်ဆိုရခြင်း အကျိုး

-  ဤ နမော တေ အစချီသော ဂါထာတော်မှာ ဘုရားဟော ဂါထာတော် ဖြစ်သည် ။ ဘုရားတိုင် ဂါထာတော်လည်း ဖြစ်သည် ။ ယင်း ဂါထာတော်ကို ရွတ်ဖတ်ခြင်းအားဖြင့် စီးပွားရေး           အကြပ်အတည်း မကောင်းသော အနှောင်အဖွဲ့ စသည်တို့မှ လွတ်မြောက်နိုင်ပါသည် ။


နေနတ်သားဂါထာ

တထာဂတံ အရဟန္တံ ၊ ( သူရိယော ) သရဏံ ဂတော ။
ရာဟု ( သုရိယံ ) ပမုဉ္စဿု ၊ ဗုဒ္ဓါ လောကာနုကမ္ဗကာ ။


- မိမိတွင် တစ်စုံတစ်ခုသော အခက်အခဲအတွက် ရွတ်ဖတ်ပူဇော်လိုပါက နမောတေ ဂါထာတော်နှင့်အတူ တွဲ၍ အထက်ဖော်ပြပါ နေနတ်သား ဂါထာတော်တွင် နေနတ်သား နေရာ (  သူရိယော ) ၌ မိမိ အမည် ထည့်သွင်း ရွတ်ဆိုနိုင်ပါသည် ။
- ရွတ်ဆိုရာတွင်လည်း ဂါထာ၏ ပုဒ် အက္ခရာများ ပီပီသသ ဋ္ဌာန်ကရိုဏ်း ကျ၍ ယုံယုံကြည်ကြည် စိတ်အားထက်သန်စွာ ကြိုးစား အားထုတ်ပါ ။ အခက်အခဲ အကြပ်အတည်း  ဒုက္ခအမျိုးမျိုးမှ လွတ်ကင်း ချမ်းသာနိုင်ပါသည် ။


လာဘ်လာဘများ တိုးပွားစေရန်နှင့် အခက်အခဲ အကြပ်အတည်းတို့မှ လွတ်မြောက်စေရန်

- သဗ္ဗဇယ မင်္ဂလာ ဂါထာတော်နှင့် နမောတေ ဂါထာတော်နှစ်ပုဒ်တို့အား

 နှစ်သစ်မင်္ဂလာ အခါသမယ အနေဖြင့် ဓမ္မကုသိုလ် ပြုအပ်ပါသည် ။


နှစ်သစ်တွင် ဘိုးဘွားမိဘများနှင့် ကျေးဇူးရှင်များအား ဂါရ၀ထား ကန်တော့လိုက်ပါသည် ။

No comments:

Related Posts Plugin for WordPress, Blogger...