Pages

Monday, December 26, 2011

ဘေးရန်ကင်းကွာ စီးပွားဖြာသည့် ဂုဏ်တော်ကွန်ချာ



အဘိဓဇ အဂ္ဂမဟာ သဒ္ဓမ္မဇောတိက ဘွဲ့တံဆိပ်တော်ရ
တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ
ဟောကြားတော်မူအပ်သော ဘေးမဲ့ဆရာတော်၏
ဘေးရန်ကင်းကွာ စီးပွားဖြာသည့်
ဂုဏ်တော်ကွန်ချာ
၁ ။ သောဘဂ၀ါ ဣတိပိ အရဟံ
အရဟံ ၀တ သောဘဂ၀ါ
အရဟန္တံ သရဏံ ဂစ္ဆာမိ
အရဟန္တံ သိရသာ နမာမိ
ပထမော ၀ဇိရပါကာရော
သောဘဂ၀ါ ဣတိပိ အရဟံ ။

၂ ။ သောဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ
သမ္မာသမ္ဗုဒ္ဓေါ ၀တ သောဘဂ၀ါ
သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ
ဒုတိယော ၀ဇိရပါကာရော
သောဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ ။

၃ ။ သောဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော
ဝိဇ္ဇာစရဏသမ္ပန္နော ၀တ သောဘဂ၀ါ
ဝိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ
ဝိဇ္ဇာစရဏသမ္ပန္နံ သိရသာ နမာမိ
တတိယော ၀ဇိရပါကာရော
သောဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော ။

၎ ။ သောဘဂ၀ါ ဣတိပိ သုဂတော
သုဂတော ၀တ သောဘဂ၀ါ
သုဂတံ သရဏံ ဂစ္ဆာမိ
သုဂတံ သိရသာ နမာမိ
စတုတ္ထော ၀ဇိရပါကာရော
သောဘဂ၀ါ ဣတိပိ သုဂတော ။

၅ ။ သောဘဂ၀ါ ဣတိပိ လောက၀ိဒူ
လောက၀ိဒူ ၀တ သောဘဂ၀ါ
လောက၀ိဒုံ သရဏံ ဂစ္ဆာမိ
လောက၀ိဒုံ သိရသာ နမာမိ
ပဉ္စမော ၀ဇိရပါကာရော
သောဘဂ၀ါ ဣတိပိ လောက၀ိဒူ ။

၆ ။ သောဘဂ၀ါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ
အနုတ္တရော ပုရိသ ဒမ္မသာရထိ ၀တ သောဘဂ၀ါ
အနုတ္တရော ပုရိသ ဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ
အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သိရသာ နမာမိ
ဆဋ္ဌမော ၀ဇိရပါကာရော
သောဘဂ၀ါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ ။

၇ ။ သောဘဂ၀ါ ဣတိပိ သတ္ထာဒေ၀ မနုဿာနံ
သတ္ထာဒေ၀ မနုဿာနံ ၀တ သောဘဂ၀ါ
သတ္ထာရံ ဒေ၀ မနုဿာနံ သရဏံ ဂစ္ဆာမိ
သတ္ထာရံ ဒေ၀ မနုဿာနံ သိရသာ နမာမိ
သတ္တမော ၀ဇိရပါကာရော
သောဘဂ၀ါ ဣတိပိ သတ္ထာဒေ၀ မနုဿာနံ ။

၈ ။ သောဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ
ဗုဒ္ဓေါ ၀တ သောဘဂ၀ါ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဗုဒ္ဓံ သိရသာ နမာမိ
အဋ္ဌမော ၀ဇိရပါကာရော
သောဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ ။

၉ ။ သောဘဂ၀ါ ဣတိပိ ဘဂ၀ါ
ဘဂ၀ါ ၀တ သောဘဂ၀ါ
ဘဂ၀န္တံ သရဏံ ဂစ္ဆာမိ
ဘဂ၀န္တံ သိရသာ နမာမိ
န၀မော ၀ဇိရပါကာရော
သောဘဂ၀ါ ဣတိပိ ဘဂ၀ါ ။

၁၀ ။ သောဘဂ၀ါ ဣတိပိ လောက၀ိဒူ
လောက၀ိဒူ ၀တ သောဘဂ၀ါ
လောက၀ိဒုံ သရဏံ ဂစ္ဆာမိ
လောက၀ိဒုံ သိရသာ နမာမိ
ပဉ္စမော ၀ဇိရပါကာရော
သောဘဂ၀ါ ဣတိပိ လောက၀ိဒူ ။

၁၁ ။ သောဘဂ၀ါ ဣတိပိ သုဂတော
သုဂတော ၀တ သောဘဂ၀ါ
သုဂတံ သရဏံ ဂစ္ဆာမိ
သုဂတံ သိရသာ နမာမိ
စတုတ္ထော ၀ဇိရပါကာရော
သောဘဂ၀ါ ဣတိပိ သုဂတော ။

၁၂ ။ သောဘဂ၀ါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ
အနုတ္တရော ပုရိသ ဒမ္မသာရထိ ၀တ သောဘဂ၀ါ
အနုတ္တရော ပုရိသ ဒမ္မသာရထိံ သရဏံ ဂစ္ဆာမိ
အနုတ္တရံ ပုရိသ ဒမ္မသာရထိံ သိရသာ နမာမိ
ဆဋ္ဌမော ၀ဇိရပါကာရော
သောဘဂ၀ါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ ။

၁၃ ။ သောဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော
ဝိဇ္ဇာစရဏသမ္ပန္နော ၀တ သောဘဂ၀ါ
ဝိဇ္ဇာစရဏသမ္ပန္နံ သရဏံ ဂစ္ဆာမိ
ဝိဇ္ဇာစရဏသမ္ပန္နံ သိရသာ နမာမိ
တတိယော ၀ဇိရပါကာရော
သောဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော ။

၁၄ ။ သောဘဂ၀ါ ဣတိပိ သတ္ထာဒေ၀ မနုဿာနံ
သတ္ထာဒေ၀ မနုဿာနံ ၀တ သောဘဂ၀ါ
သတ္ထာရံ ဒေ၀ မနုဿာနံ သရဏံ ဂစ္ဆာမိ
သတ္ထာရံ ဒေ၀ မနုဿာနံ သိရသာ နမာမိ
သတ္တမော ၀ဇိရပါကာရော
သောဘဂ၀ါ ဣတိပိ သတ္ထာဒေ၀ မနုဿာနံ ။

၁၅ ။ သောဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ
သမ္မာသမ္ဗုဒ္ဓေါ ၀တ သောဘဂ၀ါ
သမ္မာသမ္ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
သမ္မာသမ္ဗုဒ္ဓံ သိရသာ နမာမိ
ဒုတိယော ၀ဇိရပါကာရော
သောဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ ။

၁၆ ။ သောဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ
ဗုဒ္ဓေါ ၀တ သောဘဂ၀ါ
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ
ဗုဒ္ဓံ သိရသာ နမာမိ
အဋ္ဌမော ၀ဇိရပါကာရော
သောဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ ။

၁၇ ။ သောဘဂ၀ါ ဣတိပိ အရဟံ
အရဟံ ၀တ သောဘဂ၀ါ
အရဟန္တံ သရဏံ ဂစ္ဆာမိ
အရဟန္တံ သိရသာ နမာမိ
ပထမော ၀ဇိရပါကာရော
သောဘဂ၀ါ ဣတိပိ အရဟံ ။

၁၈ ။ သောဘဂ၀ါ ဣတိပိ ဘဂ၀ါ
ဘဂ၀ါ ၀တ သောဘဂ၀ါ
ဘဂ၀န္တံ သရဏံ ဂစ္ဆာမိ
ဘဂ၀န္တံ သိရသာ နမာမိ
န၀မော ၀ဇိရပါကာရော
သောဘဂ၀ါ ဣတိပိ ဘဂ၀ါ ။

( ဂုဏ်တော်ကွန်ချာ ပြီး၏ ။ )

Monday, December 19, 2011

Chapter 9 : The Future Buddha Cut his hair to become a monk ဘုရားအလောင်းတော်သည် ရဟန်းပြုရန် ဆံတော်ပယ်ခြင်း



Chapter 9 : The Future Buddha Cut his hair to become a monk
ဘုရားအလောင်းတော်သည် ရဟန်းပြုရန် ဆံတော်ပယ်ခြင်း

A : " Where did Siddhattha arrive on his Great Renunciation ? "
သိဒ္ဓတ္တမင်းသားဟာ တောထွက်ပြီးတဲ့အခါ ဘယ်ကို ရောက်ပါသလဲ ။

B : " He got to the bank of the Anoma River at day-break. He left the city at midnight . "
ဘုရားလောင်း သိဒ္ဓတ္တမင်းသားဟာ နံနက်မိုးသောက် အလင်းရောက်တဲ့အခါ အနော်မာမြစ်ကို ရောက်တယ် ။ မြို့တော် ( ကပ္ပိလ၀တ် ) မှ သန်းခေါင်ယံ ထွက်ခဲ့တာလေ ။

A : " Anoma River ? "
ဆိုပါဦး ။ အနော်မာမြစ်ဟာ ဘယ်လိုမြစ် ဖြစ်ပါသလဲ ။

B : " Well , it's one of the well-known rivers in ancient time like that of Ganger in India . It means " Illustrious ".
ဟုတ်ကဲ့ ၊ အနော်မာမြစ်ဟာ အိန္ဒိယပြည်မှာ ရှေးတုန်းက ဂင်္ဂါမြစ်လို ထင်ရှားတဲ့ မြစ်ပါပဲ ။ အနော်မာဆိုတဲ့ အဓိပ္ပာယ်ကတော့ " ဂုဏ်ကျက်သရေနှင့် ပြည့်စုံသော " လို့ ဆိုပါတယ် ။

B : " Ofcourse, Ganger is the world-famous one, and also I have read about Ganger in Jataka stories. "
မှန်တာပေါ့ ။ ဂင်္ဂါမြစ်ကတော့ ကမ္ဘာကျော်မြစ်ပဲလေ ။ ပြီးတော့ ငါးရာငါးဆယ် ဇာတ်တော်တွေထဲမှာ ဂင်္ဂါမြစ်အကြောင်းကို ဖတ်ဖူးပါတယ် ။

B : " On arrival Siddhatha handed his ornaments and the horse, Kanthaka to Channa and asked him to go back home with them .
အနော်မာမြစ်ကို ရောက်တော့ သိဒ္ဓတ္ထမင်းသားက မင်းမြောက်တန်ဆာတွေနဲ့ စီးတော်မြင်း ကဏ္ဍကကို ဆန္နအမတ်ကို အပ်တယ် ။ ပြီးတော့ နေပြည်တော်ကို ပြန်ခိုင်းတယ် ။

A : " What , then ? "
ဒီနောက်တော့ ဘာဖြစ်လဲ ။

B : " He then cut his hair with the sword on the sandy beach. "
အနော်မာ သဲသောင်မှာ သန်လျက်နဲ့ ဆံတော်ကို ပယ်တာပေါ့ ။

A : " What's the intention of it ? "
ရည်ရွယ်ချက် ဆန္ဒသဘောက ဘာလဲ ဟင် ။

B : " To purify the worldly sins and as I said to become ascetic ."
လူ့ဘောင်လောကရဲ့ အညစ်အကြေးတွေကို သန့်ရှင်း စင်ကြယ်စေဖို့နဲ့ ပြောခဲ့တဲ့ အတိုင်း ခြိုးခြံစွာ ကျင့်တဲ့ ပုဂ္ဂိုလ် ရဟန်းဘ၀ ရောက်ဖို့ပါပဲ ။

A : " It's noble aim , of course ."
မြင့်မြတ်တဲ့ ရည်ရွယ်ချက်ပဲနော် ။

B : " He seized hold of his top-knot and threw it in the air , saying- " If I am to become a Buddha , let it stay in the sky ; but it not let it fall to the ground . "
အလောင်းတော်မင်းသားဟာ ဖြတ်ထားတဲ့ သျှောင်ထုံးကို ကိုင်ပြီး ကောင်းကင်ကို မြှောက်တင်လိုက်တယ် ။ " ငါသည် ဘုရားဖြစ်မည် ဧကန်မှန်က ငါ၏ ဆံပင်တို့သည် ကောင်းကင်၌ တည်စေသတည်း ။ ဘုရားမဖြစ်မူ မြေပြင်သို့ ကျစေသတည်း " လို့ အဓိဋ္ဌာန် ပြုတယ် ။

A : " Didn't it fall ? "
မြေပြင်ကို ပြန်မကျခဲ့ဘူးလား ။

B : " Sakka , the king of the gods , received it and established it in the heaven-the Cullamaniceti . ( a shrine ). "
သိကြားမင်းဟာ အဲ့လို မိုးပေါ်မြှောက်တင်လိုက်တဲ့ ဆံတော်ကို ယူပြီး နတ်ပြည်မှာ စေတီ တည်တယ် ။ စူဠာမဏိစေတီ ပါပဲ ။

A : " According to the history of Buddha ? "
ဗုဒ္ဓ၀င်အရ ဆိုလိုတာပါလား ။

B : " No doubt ."
သံသယ ရှိစရာ မလိုပါဘူး ။

A : " Yes . "
ဟုတ်ကဲ့ပါ ။

B : " Then Siddhatha put on the robes brought by the Maha Brama became monk. "
ဒီနောက် သိဒ္ဓတ္ထမင်းသားဟာ မဟာဗြဟ္မာကြီး ယူလာပေးတဲ့ သင်္ကန်းကို ၀တ်ဆင်ပြီး ရဟန်းဘ၀ ရောက်ရတာပါပဲ ။

A : " Renunciation is very difficult to do for the people . "
တောထွက်ခြင်း ပါရမီဟာ လူတွေ အဖို့ လုပ်နိုင်ဖို့ အတော်ခဲယဉ်းတာပဲနော် ။

B : " Desire ! To become a Buddha. Needless to say parimitas makes the future Buddha successful . "
ဘုရားဖြစ်ဖို့ ဆန္ဒပေါ့ ။ ပြောစရာ မလိုတာက ၊ ပါရမီတော်တွေက ဘုရားအလောင်းက အောင်မြင်စေတာပါပဲ ။

To be continue ......... The Future Buddha met King Bimbisara Chapter

Saturday, November 26, 2011

Chapter 8 The Future Buddha and Mara, the evil one ဘုရားလောင်းနှင့် မာရ်နတ်သား



Chapter 8 The Future Buddha and Mara, the evil one
ဘုရားလောင်းနှင့် မာရ်နတ်သား


A : " After coming back from Yasodhara's Chamber; Siddhattha rode on the mighty Kanthaka . "
ယသော်ဓရာ မိဖုရားရဲ့ အဆောင်တော်က ပြန်လာပြီးတဲ့အခါ သိဒ္ဓတ္ထမင်းသားဟာ ကဏ္ဍကမြင်းကို စီးပါတယ် ။

B : " Already saddle and bridled for the Journey ? "
ခရီးထွက်ဖို့ မြင်းကုန်းနှီး ၊ ချပ်တန်ဆာတွေ အသင့်တပ်ဆင် ပြီးပြီပေါ့နော် ။

A : " Right. And Channa was holding on by the tail . "
မှန်ပါတယ် ။ ပြီးတော့လည်း ငယ်ကျွန်တော် မောင်ဆန်ဟာ မြင်းမြီးကို ဆွဲပြီး လိုက်တယ် ။

B : " Then what's going on ? "
ပြီးတော့ ဘာဖြစ်ပါသလဲ ။

A : " Siddhattha went immediately on the Great Retirement and arrived at midnight at the gate of the city . "
သိဒ္ဓတ္ထမင်းသားဟာ ချက်ခြင်းပဲ တောထွက်ခဲ့တာပါပဲ ။ သန်းခေါင်ယံမှာ မြို့တံခါးကို ဆိုက်ရောက်ခဲ့ပါတယ် ။

B : " He left the Royal Palace ? "
နန်းတော်ကို စွန့်ခွာခဲ့တာပေါ့နော် ။

A : " Of course as I have said the future Buddha had noticed the four signs . "
မှန်ပါတယ် ။ ပြောခဲ့တဲ့ အတိုင်း ပါပဲ ။ ဘုရားအလောင်းတော်ဟာ နိမိတ်ကြီး ၄ ပါးကို မြင်ခဲ့ပြီးပြီလေ ။

A : " At this moment Mara came and persuaded Siddhattha to turn back. He told that on the seventh day from then the jewel - wheel of empire would appear to him . "
အဲဒီ တစ်ခဏမှာပဲ မာရ်နတ်သား ရောက်လာပါတယ် ။ သိဒ္ဓတ္ထမင်းသားကို နောက်ကြောင်းပြန်လှည့်ဖို့ သွေးဆောင် ပြောကြားတယ် ။ အဲဒီအချိန်က ရက်သတ္တပတ် လွန်မြောက်တဲ့အခါ စကြာရတနာ ဆိုက်ရောက်လိမ့်မယ်လို့ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ် ။

B : " Did he desire to go back to the Royal Palace ? "
နန်းတော်ကို ပြန်ရန် ဆန္ဒ ရှိပါသလား ။

A : " No, he didn't . He replied that he knew that the wheel of empire was on the point of appearing , but he didn't wish to be a king. His sole desire was to become a Buddha and save the world of Dewas and men. "
ဟင့်အင်း ၊ ပြန်ဖို့ ဆန္ဒ မရှိပါဘူး ။ ဘုရားလောင်းက ပြန်ပြောခဲ့တယ် ။ စကြာရတနာ ပေါ်ပေါက်လာမယ်ဆိုတာ သိတယ် ။ ဒါပေမယ့် ဘုရင် မဖြစ်ချင်ဘူး ။ သူ့ရဲ့ တစ်ခုတည်းဖြစ်တဲ့ သန္နိဋ္ဌာန် ရည်မှန်းချက်က ဘုရားဖြစ်ဖို့နဲ့ လူနတ် ဗြဟ္မာတွေကို ကယ်ချွတ်ဖို့ ဖြစ်ပေတယ်လို့ ပြောခဲ့တာပဲ ။

B : " Great ! Noble aim ! "
ကြီးကျယ်ပါပေတယ် ။ မြင့်မြတ်တဲ့ ရည်ရွယ်ချက် ပါပဲ ။

A : " Siddhattha , the prince departed from the city in great splendor surrounded by higher and lower deities on all sides . "
သိဒ္ဓတ္တမင်းသားဟာ မြို့တော်က နေပြီး နတ်ဗြဟ္မာခြံရံပြီး ထွက်တော်မူခဲ့တာပါပဲ ။

B : " And the divinity that guarded the city-gate had opened it for them . "
မြို့တံခါးကို စောင့်တဲ့ နတ်ကလည်း တံခါးဖွင့်ပေးခဲ့တယ် ။


To be continue ......... The Future Buddha Cut his hair to become a monk Chapter

Monday, October 10, 2011

Chapter 7 Siddhattha Renounced the World after seeing the four Signs နိမိတ်ကြီးလေးပါးကို မြင်ပြီးနောက် သိဒ္ဓတ္ထမင်းသား တောထွက်ခြင်



Chapter 7 Siddhattha Renounced the World after seeing the four Signs
နိမိတ်ကြီးလေးပါးကို မြင်ပြီးနောက် သိဒ္ဓတ္ထမင်းသား တောထွက်ခြင်း

A : " King Suddhodana wanted his son to succeed him the throne and become a Universal Monarch . "
သုဒ္ဓေါဒနမင်းကြီးဟာ သူ့သားတော်ကို ထီးမွေနန်းမွေ ဆက်ခံပြီး စကြ၀တေးမင်း ဖြစ်စေချင်တယ် ။

B : " Enjoyed-Luxury and attention at the court ! "
နန်းတော်မှာ စည်းစိမ်ချမ်းသာ ဖျော်ဖြေမှုတွေနဲ့ သာယာနေမှာပေါ့ ။

A : " No it's not . He knew that all the sensual pleasure in the world are superficial and impermanent . "
ဒီလို မဟုတ်ဘူးလေ ။ ဘုရားလောင်းမင်းသားဟာ လောကစည်းစိမ်ချမ်းသာတွေ ဆိုတာ အနိစ္စအမြဲမရှိ ။ အပေါ်ရံမျှသာ ဖြစ်တယ် ဆိုတာကို သိခဲ့တာပဲလေ ။

B : " Undesirable sensual pleasure ! "
လောကစည်းစိမ်ကို ခံစားဖို့ ဆန္ဒကင်းတယ်ပေါ့ ။

A : " Yes, indeed . The prince went to the Royal Park at the age of 29 and saw the Four Signs.
အလောင်းတော်မင်းသားဟာ အသက် ၂၉-နှစ်အရွယ်မှာ ဥယျာဉ်တော်ကို သွားခဲ့တယ် ။ အဲ့ဒီမှာ နိမိတ်ကြီးလေးပါးကို မြင်တော်မူတယ် ။

B : " Waht signs ? And what's the feeling after seeing them . "
ဘာနိမိတ်ကြီးတွေလဲ ၊ အဲ့ဒါတွေကို မြင်တော့ ဘယ်လို ခံစားရပါသလဲ ။

A : " They are ... an old man , a sick man , a dead man and a monk . The truth gradually dawned upon him and he realized that all worldly pleasures were only a prelude to pain . "
အဲ့ဒါတွေကတော့ သူအို ၊ သူနာ ၊ သူသေ ၊ ရဟန်းတို့ပဲ ဖြစ်ပါတယ် ။ အမှန်တရားကို သဘောပေါက်တာကတော့ လောက စည်းစိမ်ဆိုတာ ဒုက္ခဖြစ်ကြောင်း ဆိုတာပါပဲ ။

B : " Yes ... "
ဟုတ်ကဲ့ ၊ ပြောပါ ။

A : " And ... he decided immediately on the Great Retirement that very day . "
ပြီးတော့ ဘုရားလောင်းက နိမိတ်ကြီးလေးပါး မြင်တွေ့တဲ့ အဲ့ဒီနေ့မှာပဲ တောထွက်ဖို့ ဆုံးဖြတ်ခဲ့တယ် ။

B : " Tired of worldly life ! Luxury and comfort . "
လောကစည်းစိမ် သာယာမှုကို ငြီးငွေ့ စက်ဆုပ်တဲ့ သဘောပေါ့လေ ။

A : " Well , yes , of course . At that very moment he got a message that a son had been born to him . "
အင်း - ဟုတ်တာပေါ့ ။ အဲ့ဒီအတောအတွင်းမှာပဲ သားတော်လေး တစ်ပါး ဖွားမြင်ကြောင်း သတင်း ရောက်လာပြန်တယ် ။

B : " What , then ? "
ဒီတော့ ဘာဖြစ်သေးလဲ ။

A : " Siddhattha came back to the palace and lying on the couch and fell asleep . "
သိဒ္ဓတ္ထမင်းသားဟာ နန်းတော်ကို ပြန်လာခဲ့တယ် ။ သလွန်ပေါ်မှာ လှဲပြီး အိပ်ပျော်သွားခဲ့တယ် ။

A : " And ... after awaking he saw some of the ladies in- waiting sleeping around in shameless manner. It seemed like a cemetary . "
ပြီးတော့ နိုးလာတဲ့အခါကျတော့ သူ့ပတ်ဝန်းကျင်မှာ ရံရွေတော် ( နန်းတွင်းသူ ) တွေဟာ အရှက်ကင်းမဲ့စွာ အိပ်ပျော်နေကြတာကို တွေ့မြင်ခဲ့တယ် ။ အဲ့ဒါဟာ တစပြင် ( သင်္ချိုင်းကုန်း ) လို ဖြစ်နေတော့တယ် ။

B : " It made him to renounce the world , of course . "
တကယ်ဆိုတော့ အဲ့ဒါဟာ ဘုရားလောင်းမင်းသားကို တောထွက်စေဖို့ ဖန်တီးတာပေါ့နော် ။

A : " Right . He ordered his courtier Channa to saddle his horse Kanthaka . He then walked to the chamber of Yasodhara to look at his son ( rahula ) for the first time . "
မှန်ပါတယ် ။ အလောင်းတော် မင်းသားဟာ ဆန္နအမတ်ကို ကဏ္ဍကမြင်းမှာ ကုန်းနှီး တပ်ထားဖို့ စေလိုက်တယ် ။ ဒီနောက် သားတော်လေး ရာဟုလာကို ဦးဆုံးအကြိမ် ရှုစားဖို့ ယသော်ဓရာ မိဖုရားရဲ့ ခန်းမဆောင်ကို သွားတယ် ။


To be continue ......... The Future Buddha and Mara, the evil one Chapter

Monday, October 3, 2011

Chapter 6 The Wedding Ceremony of the future Buddha with Princess Yasodhara ဘုရားအလောင်း သိဒ္ဓတ္ထမင်းသား ယသော်ဓရာ မင်းသမီးနှင့် လက်ထပ်ခြင်း



Chapter 6 The Wedding Ceremony of the future Buddha with Princess Yasodhara
ဘုရားအလောင်း သိဒ္ဓတ္ထမင်းသား ယသော်ဓရာ မင်းသမီးနှင့် လက်ထပ်ခြင်း

A : " King Suddhodana sent the officials to his relatives when Prince Siddhattha was at the age of 16 . "
သုဒ္ဓေါဒနမင်းကြီးဟာ သားတော် သိဒ္ဓတ္ထမင်းသား ၁၆-နှစ် သား အရွယ်ရောက်တော့ ဆွေတော်မျိုးတော်တို့ထံ သံတမန်များကို စေလွှတ်ခဲ့တယ် ။

B : " What's the matter ? "
အကြောင်းကိစ္စ ပြောပါဦး ။

A : " Asking to send their daughters to be married to his son . "
သာကီဝင် မင်းများရဲ့ သမီးတော်တွေနဲ့ သူ့သားတော်ကို လက်ထပ်ဖို့ ဖြစ်ပါတယ် ။

B : " They agreed to do that ? "
သူတို့က သဘောတူကြပါသလား ။

A : " No, they didn't . They said ... That Siddhattha was not well-trained in any manly art although he's handsome . "
ဟင့်အင်း ၊ သူတို့ လက်မခံကြဘူး ။ ဆွေတော်မျိုးတော်တွေက ' သိဒ္ဓတ္ထမင်းသားဟာ ရုပ်ဆင်း ရူပကာ ချောမောပေမယ့် ယောက်ျားတို့ တတ်အပ်တဲ့ အဋ္ဌာရသ ပညာရပ်တွေကို မတတ်ဘူးလို့ ' ပြောဆိုကြတယ် ။

B : " The request of King Suddhodana was of nothing . "
သုဒ္ဓေါဒနမင်းကြီးရဲ့ တောင်းဆိုမှုဟာ အချည်းနှီး ဖြစ်သွားတာပေါ့နော် ။

A : " Yes, indeed . "
ဟုတ်တာပေါ့ ဗျာ ။

B : " After that ? "
ပြီးတော့ကော ၊ ပြောစမ်းပါဦး ။

A : " The Prince knew about it and he told his father the King that he would show his ability as the best bow man of the day . "
သူဟာ အဲ့ဒီ အကြောင်းကို သိတော့ ခမည်းတော်မင်းတရားကြီးကို သူဟာ အတော်ဆုံး လေးသမား အတတ်ပညာရှင် ဖြစ်တဲ့ အကြောင်း စွမ်းရည်ကို ပြမယ်လို့ လျှောက်ထားလိုက်တယ် ။

B : " Interesting facts . "
စိတ်ဝင်စားဖွယ် အချက်အလက်တွေပါပဲ ။

A : " So the King sent the ministers to assemble the most distinguished bow men of the city in the palace ground . "
ဒါကြောင့် ဘုရင်မင်းမြတ်ဟာ နေပြည်တော်မှာ အတော်ဆုံးဆိုတဲ့ လေးသမားတွေကို နန်းတော်ရင်ပြင်မှာ စုရုံးစေဖို့ ၀န်ကြီးများကို စေလွှတ်တော်မူတယ် ။

B : " Competition ! "
ပြိုင်ပွဲကြီးပေါ့နော် ။

A : " Of course ; The Prince placed them at four different points and directions around him . He, himself ,stood in the centre. "
မှန်တာပေါ့ ။ သိဒ္ဓတ္ထမင်းသားဟာ လေးသမားတွေကို သူ့ပတ်ဝန်းကျင် အရပ်လေးမျက်နှာမှာ စုရုံးထားလိုက်တယ် ။ သူကိုယ်တိုင်ကတော့ အလည် ဗဟိုတည့်တည့်မှာ ရပ်လိုက်တယ်ပေါ့ ။

B : " Yes, yes ."
ဟုတ်ကဲ့ ၊ ဆက်ပြောပါ ။

A : " The Prince told the bow men to shoot their arrows at him all at the same time . "
သိဒ္ဓတ္ထမင်းသားက လေးသမားများကို တစ်ပြိုင်နက် သူ့ဆီ တည့်တည့် လေးမြားတွေကို လွှတ်ဖို့ ပြောလိုက်တယ် ။

B : " Never heard of like that . "
ဒါမျိုး တစ်ခါမျှ မကြားဖူးဘူး ။

A : " The four archers shot their arrows at the Prince defended himself by shooting an arrow . It flew like lightning and hit all the four arrows coming in his direction . "
လေးသည်တော် လေးဦးက မင်းသားဆီကို တစ်ပြိုင်နက် လေးကို လွှတ်ကြတယ် ။ မင်းသားက လေး တစ်စင်းကို လွှတ်ပြီး ကာကွယ်လိုက်တယ် ။ အဲ့ဒီ မင်းသားရဲ့ မြားလေးဟာ လျှပ်စီးလက်သလို သူ့ဘက်ကို လာတဲ့ လေးတွေကို ဖြိုခွင်းလိုက်တယ် ။

B : " Most exquisite ! "
ရှာမှ ရှားပါပေတယ် ။

A : " The Prince exhibited his skill , and so no other bow men could equal . "
သိဒ္ဓတ္ထမင်းသားဟာ သူ့ရဲ့ လေးအတတ်စွမ်းရည်ကို ပြခဲ့တယ် ၊ မည်သည့် လေးသမားမှ မယှဉ်နိုင်တော့ဘူး ။

B : " Because... he was just a future Buddha . "
ဘာကြောင့်လဲ ဆိုတော့ ဘုရားအလောင်းတော် ဖြစ်တာကိုး ။

A : " The relatives sent their daughters , beautiful maidens to Kapilavatthu .
ဆွေတော် မျိုးတော်တွေဟာ သူတို့ရဲ့ ရုပ်ဆင်းရူပကာ ချောမောလှပတဲ့ သမီးတော်တွေကို ကပ္ပိလ၀တ်ပြည်တော်ကို ပို့လွှတ်လိုက်ကြတယ် ။

B : " To get married to Siddhattha . "
သိဒ္ဓတ္ထမင်းသားနဲ့ ထိမ်းမြားဖို့ပေါ့နော် ။

A : " Yes, indeed Siddhattha , however , chose Princess Yasodhara. He married her by celebrating a great wedding."
မှန်ပါတယ် ။ ဒါပေမယ့် သိဒ္ဓတ္ထမင်းသားဟာ ယသော်ဓရာမင်းသမီးကိုသာ ရွေးချယ်ခဲ့တယ် ။ လက်ထပ်မင်္ဂလာပွဲ သဘင်ကို ခမ်းနားစွာ ကျင်းပခဲ့တယ် ။

To be continue ......... Siddhattha Renounced the World after seeing the four Signs Chapter

Monday, September 26, 2011

Chapter 5 The Future Buddha Was Born . ဘုရားလောင်းဖွားမြင်တော်မူခြင်း



Chapter 5 The Future Buddha Was Born .
ဘုရားလောင်းဖွားမြင်တော်မူခြင်း

A : " After carrying the future Buddha in her womb for ten months, Queen Maha-Maya went to Devadaha . "
ဘုရားအလောင်းတော်ကို ၁၀ လ တိုင်တိုင် ကိုယ်ဝန်ဆောင်ပြီးတဲ့နောက် မယ်တော်မာယာ မိဖုရားကြီးဟာ ဒေ၀ဒဟပြည် သွားခဲ့တယ် ။

B : " Devadaha ! "
ဒေ၀ဒဟလား ။
( မှတ်ချက် ။ နိုင်ငံခြားသားများ တစ်ဖက်မှ ပြောစကားကို ထောက်၍ အံ့အားသင့်သလိုလို ၊ မေးမြန်းသလိုလို ပြောဆိုတတ်ရာ ၊ ဖြေရှင်းချက်ကို မနှောင့်မနှေး ပြောဆိုတတ်ရန် လိုအပ်ပါသည် ။ )

A : " Yes, it is the city of her family . "
ဟုတ်ပါတယ် ။ မိဖုရားကြီးရဲ့ ခမည်းတော် မယ်တော်တို့ တိုင်းပြည်ပါပဲ ။

B : " Well, Kapilavatthu's ruled by King Suddhodana ! "
အင်း - ကပ္ပိလ၀တ်ပြည်ကို ဘုရင် သုဒ္ဓေါဒန စိုးစံတော်မူတာကိုး ။

A : " Of course , the King made smooth and adorned the road between the two countries . "
မှန်ပါတယ် ။ ဘုရင်ကြီးဟာ တိုင်းပြည်နှစ်ပြည်ကြားမှာ ရှိနေတဲ့ လမ်းခရီးကို သာယာချောမွေ့အောင် တန်ဆာဆင် မွမ်းမံ ပေးတော်မူတယ် ။

B : " He seemed to be loved at the bottom of hin heart . "
ဘုရင်ကြီးဟာ မိဖုရားကြီးကို အတော်ကလေး မြတ်နိုးတော်မူဟန် ရှိပါတယ် ။

A : " Lumbini Grove ( Grove of sal trees ) was between the two countries . "
လုမ္ဗိနီ အင်ကြင်းတောဟာ အဲ့ဒီ တိုင်းပြည် နှစ်ပြည်ကြားမှာ တည်ရှိတယ် ။

B : " Now , it's rebuilt and decorated by the Goverment of India . "
ခု - အိန္ဒိယပြည် အစိုးရက ပြန်လည် ပြုပြင် မွမ်းမံတယ်နော် ။

A : " Of course , it's a good deed for all the Buddhist . "
မှန်ပါတယ် ။ ဗုဒ္ဓဘာသာဝင်အတွက် အင်မတန် မွန်မြတ်တဲ့ ကုသိုလ်ပြု အလုပ်ပါပဲ ။

" Let's start about Queen Maha- Maya . "
မယ်တော်မာယာ မိဖုရားကြီး အကြောင်း ပြန် စ , ကြရအောင် ။

B : " All right ."
ကောင်းပါပြီ ။

A : " The flowers of sal trees presenting a very pretty scent at that time . "
အဲ့ဒီအချိန်ကာလက အင်ကြင်ပန်းတွေဟာ အင်မတန် ဖူးပွင့် ဝေဆာနေတာပေါ့ ။

" And ... the Queen got there with her rentinue . Then she went to the foot of a great sal tree and reached out her hand to seize hold of one of its branches . "
ပြီးတော့ မိဖုရားကြီးဟာ ရံရွေတော်များနှင့် အင်ကြင်းတောကို ရောက်လာတယ် ။ အင်ကြင်းပင်ကြီး တစ်ပင်အောက်ကို ရောက်ခဲ့တယ် ။ အင်ကြင်းကိုင်း တစ်ကိုင်းကို လက်နှင့် လှမ်းဆွဲ ကိုင်လိုက်တယ် ။

B : " What's wrong ? "
ဘာဖြစ်လို့လဲဟင် ။

A : " Because she was shaken with the pains of birth . "
ဘာကြောင့်လဲဆိုတော့ မိဖုရားကြီးဟာ ကမ္မဇလေ လှုပ်ရှားလို့ပါပဲ ။

B : " And then ? "
ပြီးတော့ ဘာဖြစ်ပါသလဲ ။

A : " A curtain was hung about her and she gave birth to her son , the future Buddha . "
တင်းတိမ်ကို ကာရံတယ် ။ ပြီးတော့ ဘုရားလောင်း သတို့သားကို ဖွားမြင်တယ် ။

B : " On the way ? "
လမ်းမှာပဲ နော် ။

A : " Yes, while she was standing up , holding one of the branches . "
ဟုတ်ကဲ့ ၊ မတ်တပ်ရပ်စဉ် မွေးဖွားတာပါပဲ ။ အင်ကြင်းကိုင်း တစ်ခုကို ဆွဲကိုင်လျက် ဖြစ်ပါတယ် ။

B : " Remarkable ! "
ထူးခြားတာပေါ့နော် ။

A : " Of course , Higher gods ( Mahabramas ) came with a golden net and getting the future Buddha with it , and they placed him before his mother.
" A mightly son has been born " , they said with pleasure . "
နတ်မင်းများထက် တန်ခိုးကြီးတဲ့ မဟာဗြာဟ္မာကြီးတွေဟာ ရွှေကွန်ယက်နဲ့တကွ လာကြပြီး ဘုရားလောင်း မင်းသားကို ခံယူကြတယ် ။ ပြီးတော့ မယ်တော်ရဲ့ ရှေ့မှာ ချထားပေးတယ် ။
" မြတ်သော သားတော်ကို ဖွားမြင်တော် မူလေပြီ " လို့ ၀မ်းမြောက်ဝမ်းသာ ဥဒါန်းကျူးရင့်ကြတယ် ။ ( ပြောဆိုကြတယ် ။ )

To be continue ......... The Wedding Ceremony of the future Buddha with Princess Yasodhara Chapter

Monday, September 12, 2011

Chapter 4 The Dream of Maha-Maya မယ်တော်မာယာ အိပ်မက်မြင်ခြင်း



Chapter 4 The Dream of Maha-Maya
မယ်တော်မာယာ အိပ်မက်မြင်ခြင်း
A : " King Suddhodana ruled over Kapilavatthu,the chief city of Sakyanclan. "
သုဒ္ဒေါဒနမင်းကြီးဟာ သာကီဝင်မင်းမျိုးတို့ရဲ့ နေပြည်တော်ဖြစ်တဲ့ ကပ္ပိလ၀တ်ပြည်မှာ မင်းပြုတော်မူပါတယ် ။

B : " When ? "
" Where's Kapilavatthu ? "
ဘယ်တုန်းကလဲ ။ ကပ္ပိလ၀တ်ပြည်ဟာ ဘယ်မှာ ရှိပါသလဲ ။

A : " About 623 years before the Christian era. Now Kapilavatthu's in the district of Modern Nepal Known-Padaria . "
ခရစ်တော်သက္ကရာဇ် မတိုင်မီ နှစ်ပေါင်း ၆၂၃ -ခုနှစ်လောက်ကပဲ ၊ ကပ္ပိလ၀တ်ဟာ နီပေါနယ်ထဲမှာ ရှိတယ် ။ ခု ပဒါရီးယားလို့ အမည်တွင်နေတယ် ။

B : " Yes, Yes ."
ဟုတ်ကဲ့ ။ နားထောင်နေပါတယ် ။ ဆက်ပြောပါ ။

A : " On the full moon day of Waso ( in July ) Queen Maha-Maya rose early and gave plenty of money in great charity . "
ဝါဆိုလပြည့်နေ့မှာ မယ်တော်မာယာ မိဖုရားကြီးဟာ နံနက်စောစော အိပ်ရာမှ ထပြီး ငွေကြေးပေးကမ်းစွန့်ကြဲတဲ့ အလှူဒါနကို ပြုတယ် ။

B : " Nice .' "
ကောင်းတာပေါ့ ။

A : " And ... she took the eight vows of sabbath. Laying down on the royal couch, she fell asleep and dreamed. "
ပြီးတော့ မိဖုရားကြီးဟာ ရှစ်ပါး သီလကို ခံယူဆောက်တည်ပြီး သလွန်တော်ပေါ် လဲလျောင်းရင်း အိပ်ပျော်သွားတယ် ။ အိပ်မက် မက်တော့တာပဲ ။

B : " What dream ? "
ဘာအိပ်မက်လဲ ၊ ပြောပါဦး ၊

A : " The four guradian angles came and lifted her up , together with her couch , and took away to the Himalaya Mountains . There they laid her upon a huge slab under a very big sal-tree. "
နတ်သားလေးပါး လာပြီး သလွန်တော်နဲ့တကွ မာယာမိဖုရားကြီးကို ဟိမ၀န္တာတောင်တန်းများဆီ သယ်ဆောင်သွားတယ် ။ အဲ့ဒီ ရောက်တော့ အင်ကြင်းပင်ကြီးရဲ့ အောက် ကျောက်ဖျာပေါ်မှာ အသာချလိုက်ကြတယ် ။

B : " What happened then ? "
ပြီးတော့ ၊ ဘာဖြစ်သလဲ ။

A : " Then the wives of the angles bathed her in Anotta Lake . "
မိဖုရားကြီးကို အနောဒတ္တရေအိုင်ကြီးမှာ ရေချိုးသန့်စင်ပေးတယ် ။

B : " Why ? "
ဘာကြောင့်လဲ ။

A : " To remove every human stain . "
လူသားတွေရဲ့ အညစ်အကြေး အားလုံးကင်းစင်သွားအောင် ဖြစ်ပါတယ် ။

A : " And after clothing her with garments, they took her into a Silver Hill . There they laid her down upon a divine couch . "
ပြီးတော့ မိဖုရားကြီးကို အ၀တ်တန်ဆာဆင်ယင်ပြီးတဲ့အခါ ငွေတောင်ထဲ ယူသွားကြတယ် ။ အဲ့ဒီမှာ သလွန်တော်ပေါ် အသာချလိုက်တယ် ။

B : " Wonderful ! "
အံ့စရာပဲနော် ။

A : " Well , the future Buddha had become a white elephant and was wandering about on golden Hill . And then came down on Silver Hill and went into the golden mansion where the queen was sleeping . "
အင်းပေါ့ ၊ ဘုရားလောင်းဟာ ဆင်ဖြူတော်အဖြစ် အသွင်ပြောင်းခဲ့ပြီး ရွှေတောင်ကြီးပေါ်မှာ ပျံဝဲသွားလာခဲ့တယ် ။ ဒီနောက် ငွေတောင်ကြီးပေါ် ဆင်းသက်ပြီး မယ်တော်မာယာ အိပ်စက်နေတဲ့ ရွှေစံအိမ်တော်ကြီးထဲကို ၀င်သွားခဲ့တယ် ။

B : " The most wonderful dream I've ever heard . "
ကြားဖူးသမျှမှာ အထူးအဆန်း အိပ်မက်ပါကလား ။

A : " And striking her on right side , he seemed to enter her womb . The conception took place . "
ပြီးတော့ မိဖုရားကြီးရဲ့ လက်ယာနံစောင်းကို လှုပ်လိုက်တယ် ။ ၀မ်းဗိုက်တွင်းကို ၀င်သွားပုံကို မက်လိုက်တယ် ။ ပဋိသန္ဓေ ယူခဲ့တာပါပဲ ။

To be continue ......... The Future Buddha Was Born Chapter.

Monday, September 5, 2011

Chapter 3 The Future Buddha - Leaving Tusita ( Heaven to be reborn as a man . ) ဘုရားလောင်း စုတေခြင်း



Chapter 3 The Future Buddha - Leaving Tusita
( Heaven to be reborn as a man .)
ဘုရားလောင်း စုတေခြင်း

A : " The future Buddha was born as one of the chief gods known as ' Setaketu ' in existence. "
ဘုရားလောင်းဟာ သံသရာမှာ ' သေတကေတု ' အမည်ရှိတဲ့ နတ်သား အကြီးအမှူး ဖြစ်ခဲ့ပါတယ် ။

B : " Where ? "
ဘယ်မှာပါလဲ ။

A : " In the celestial city of the Tusita gods , of course . "
မှန်ပါတယ် ။ ' တုဿိတာ ' နတ်ပြည်မှာပါ ။

B : " Very interested ! "
သိပ်စိတ်ဝင်စားပါတယ် ။

A : " The higher and lower gods of all ten thousand worlds asked the future Buddha not to enjoy and sensual pleasure of a god ( Nat ) . "
စကြာဝဠာတိုက် တစ်သောင်းမှ နတ် ဗြဟ္မာ အပေါင်းတို့ဟာ ဘုရားလောင်း နတ်သားကို နတ်စည်းစိမ်ချမ်းသာ ၊ ကာမဂုဏ်နယ်၌ မပျော်ပိုက်ဘဲ စုတေပါရန် တောင်းပန်ကြပါတယ် ။

B : " Why ? " Is there any reason ? "
ဘာဖြစ်လို့လဲ ၊ အကြောင်းရှိပါသလား ။

A : " Yes, to become a full enlightened Buddha in order to save the world . "
ဟုတ်ကဲ့ ၊ ဝေနေယျ ( သတ္တ၀ါ ) တွေကို ကယ်ချွတ်ဖို့ သဗ္ဗညုတဉာဏ်တော်ရှင် ဘုရား အဖြစ် လူ့ပြည်မှာ ပွင့်တော်မူရန် ဖြစ်ပါတယ် ။

B : " Very nice ! Great ! "
ကောင်းမြတ်ပါပေတယ် ။ ကြီးကျယ်ပါပေတယ် ။

A : " No doubt . Fulfilled Ten perfections . "
ယုံမှားသံသယ ရှိစရာ မလိုပါဘူး ။ ရှင်တော်ဘုရားဟာ ပါရမီ ၁၀ - ပါး ဖြည့်ကျင့် ဆည်းပူးခဲ့တာပဲလေ ။

B : " Well, that's right . "
အင်း - မှန်တာပေါ့လေ ။

A : " The gods said to the future Buddha to take conception in the womb of human mother in the world of men. "
လူ့ပြည်က လူသား မိခင် ၀မ်းမှာ သန္ဓေယူဖို့ တောင်းပန် ပြောကြားကြပါတယ် ။

B : " According to the history of Buddha . ( life of Buddha ) . "
ဗုဒ္ဓ၀င်အရပေါ့ ။

A : " Yes, the Great Being agreed to their wish . "
ဟုတ်ပါတယ် ။ မြတ်စွာဘုရားက နတ်သားတွေရဲ့ ဆန္ဒကို သဘောတူလိုက်ပါတယ် ။

To be continue ......... The Dream of Maha-Maya Chapter

Tuesday, August 30, 2011

Chapter 2 Sumeda and Sumitta ( Receiving a Prophetic Declaration ) သုမေဓာနှင့် သုမိတ္တာတို့ ဗျာဒိတ် ခံယူခြင်း

Chapter 2 Sumeda and Sumitta
Receiving a Prophetic Declaration
သုမေဓာနှင့် သုမိတ္တာတို့ ဗျာဒိတ် ခံယူခြင်း

A : " After giving away his property in alms, Sumeda left for the Himalaya forest ."
သုမေဓာ သူဌေးသားလေးဟာ စည်းစိမ် ဥစ္စာတွေကို ပေးလှူ စွန့်ကြဲပြီးနောက် ဟိမ၀န္တာ တောသို့ ထွက်သွားခဲ့ပေတယ် ။

B : " You mean Himalaya in India ? "
အိန္ဒိယပြည် မှာ ရှိတဲ့ ဟိမ၀န္တာတောကို ပြောတာလား ။

A : " Of course, it is. Then Sumeda became a hermit , attaining the powers . "
ဟုတ်ပါတယ် ။ ဒီနောက်တော့ သုမေဓာဟာ အဘိညာဉ် ( တန်ခိုး ) ရတဲ့ ရသေ့ တစ်ပါး ဖြစ်ခဲ့ပါတယ် ။

B : " Nice to hear . "
ကောင်းမြတ်ပါပေရဲ့ ။

A : " One day , the hermit travelled and joined the people of Ramma city, clearing the parth way . "
တစ်နေ့တော့ သုမေဓာ ရှင်ရသေ့ဟာ ခရီးသွားခဲ့တယ် ။ ရမ္မာမြို့သူ မြို့သားတွေ လမ်းပြင်တဲ့ နေရာမှာ ပါဝင် ကူညီခဲ့တယ် ။

B : " Why ? "
ဘာကြောင့်ပါလဲ ။

A : " Because the Buddha Dipankara, was to travel along that way with a retinue of Arahants . "
ဘာဖြစ်လို့လဲ ဆိုတော့ ဒီပင်္ကရာမြတ်စွာဘုရားဟာ နောက်ပါ တပည့်သား သာဝက ရဟန္တာများနဲ့ အတူ အဲ့ဒိ လမ်းက ကြွလာမှာ
ဖြစ်လို့ပါပဲ ။

B : " Good wish to be admired . "
ချီးမွမ်းထိုက်တဲ့ ဆန္ဒမွန်ပါပဲ ။

A : " Dipankara , the Buddha got the enlightenment lasting over a period of four hundred crore and one hundred thousand worlds ( 400,100000 ) ."
မှန်ပါတယ် ။ ဒီပင်္ကရာမြတ်ဘုရား ဟာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းထက်မှာ ပွင့်ပါတယ် ။

B : " Like that of Gotama , the Buddha ? "
ဂေါတမ မြတ်စွာဘုရား လိုပဲလား ။

A : " Certainly . But our Buddha , Gotama got His enlightenment in good universe . "
ဟုတ်ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဂေါတမ မြတ်စွာဘုရားကတော့ ကောင်းမြတ်တဲ့ ကမ္ဘာမှာ ပွင့်တာပါ ။

B : " Good universe ! "
ကောင်းမြတ်တဲ့ စကြာဝဠာလား ။

A : " Yes, it can be called Badda Kaba ."
ဟုတ်ကဲ့ ၊ ဘဒ္ဒကမ္ဘာလို့ ခေါ်နိုင်ပါတယ် ။

B : " Please , go on . "
ဟုတ်ကဲ့ ဆက်ပြောပါဦး ။

A : " The Buddha came along that way and Sumeda spread himself out upon the mud with his face downwards. "
မြတ်စွာဘုရားဟာ အဲ့ဒိ ခင်းနေတဲ့ လမ်းအတိုင်း ကြွလာတယ် ။ သုမေဓာဟာ ရွှံ့ထဲမှာ မှောက်ချလိုက်ပြီး ကိုယ်ကို တံတား ခင်းပေးလိုက်တယ် ။

B : " Excellent . "
ကောင်းမြတ်ပါပေရဲ့ ။

A : " No doubt to fulfill the perfections in the existence . "
ယုံမှား သင်္ကာ ဖြစ်စရာ မလိုပါဘူး ။ ဘ၀သံသရာ ခရီး တစ်လျှောက် ပါရမီတော် ဖြည့်ကျင့်ဖို့ပါပဲ ။

B : " The perfections ! What do you mean ? "
ပါရမီတော်တွေ ၊ ဆိုလိုတာ ပြောစမ်းပါဦး ။

A : " According to the Buddhism , it's the most difficult task to do . "
ဗုဒ္ဓဘာသာအရ ဆိုရင်တော့ အင်မတန်ကို ခက်ခဲတဲ့ အလုပ်ပါ ။

B : " Quite right . Go on . "
သိပ်မှန်တာပေါ့ ။ ဆက်ပြောပါဦး ။

A : " A lady named Sumitta arrived with eight bunches of lotus flowers and hundred over to the hermit five flowers to offer the Buddha . And she herself offered the remaining three. "
သုမိတ္တာဆိုတဲ့ အမျိုးကောင်းသမီး ရောက်လာပြီး ကြာပန်း ငါးခိုင် သုမေဓာ ရသေ့ကို ပေးတယ် ။ ကျန် သုံးခိုင်ကိုတော့ သူကိုယ်တိုင် ဘုရားကို ပူဇော်တယ် ။

B : " Good idea ! To become his ( life partner ) in the existence . "
စိတ်ကူးကောင်းပဲ ။ သံသရာမှာ ဇနီးကောင်း တစ်ဦး ဖြစ်ဖို့ပေါ့ ။

A : " Of course . The Buddha , with mind's eye of future , saw what was in store of for these two persons in future."
ဟုတ်တာပေါ့ ။ မြတ်စွာဘုရားဟာ အနာဂတံသ ဉာဏ်တော်နဲ့ ရှုကြည့်လိုက်တော့ အဲ့ဒီ ပုဂ္ဂိုလ် နှစ်ဦးရဲ့ ဖြစ်မည့် အရေးကို မြင်တော်မူခဲ့တယ် ။

" And made this prophetic declaration : " This hermit will become Gotama Buddha , and this lady will become his help-mate to help him the Perfections. ( Paramitas ) "
ပြီးတော့ မြတ်စွာဘုရားသခင်ဟာ " ဤ ရသေ့သည် ဂေါတမ မြတ်စွာဘုရား ဖြစ်လာပြီး ဤ မိန်းမငယ်မှာ ပါရမီဖြည့်ဘက် ဖြစ်လာရပေလိမ့်မယ် " လို့ ဗျာဒိတ်စကား မြွက်ကြားခဲ့တယ် ။

To be continue ......... The Future Buddha - Leaving Tusita ( Heaven to be reborn as a man . ) Chapter

Friday, August 26, 2011

ဗုဒ္ဓ၀င် အင်္ဂလိပ် စကားပြော ( Dialogue On History Of Buddha )

မြန်မာလူမျိုးများ အနေနှင့် ဘာသာရေး၌ ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်စေရန် ၊ နိုင်ငံခြားသားများနှင့် စကားပြောဆို ဆက်ဆံရာ၌ မိမိ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုကို မေးမြန်းလာခဲ့လျှင် တတ်နိုင်သမျှ ဖြေရှင်းပြနိုင်ရန် ရည်ရွယ်၍ ဆရာ ရွှေမင်းဝန် ဦးဘုန်းမြင့်က Dialogue အပြောပုံစံဖြင့် ဖြည့်စွက်ပြီး " ဗုဒ္ဓ၀င် အင်္ဂလိပ် စကားပြော ( Dialogue On History Of Buddha ) " စာအုပ်ကို ပြုစုရေးသားခဲ့ပါသည်။ ကျွန်ုပ် ကိုယ်တိုင်သည်လည်း ဗုဒ္ဓဘာသာ မြန်မာစာအုပ်သာ အဖတ်များ၍ အင်္ဂလိပ်လို မေးပြောလာသည့်အခါ မည်သို့ မည်ပုံ ဖြေရမည် မသိ အိုးနင်းခွက်နင်း ဖြစ်ရပါသည်။ ထို့ကြောင့် စာအုပ်များ ရှာဖွေရင်း ယခု စာအုပ်လေးကို တွေ့ရှိပြီး အားလုံးသော ဗုဒ္ဓဘာသာ ရဟန်း ရှင်လူ အပေါင်းအားလည်း မသိသေးသူများ သိရှိနိုင်ရန်အတွက် ဆရာ ရွှေမင်းဝန် ဦးဘုန်းမြင့် စာအုပ်လေးထဲမှ စာများကို ထုတ်နှုတ်၍ အခန်းလိုက် ရေးသားပေးသွားပါမည်။

Chapter 1 Dialogue on History of Buddha
ဗုဒ္ဓ၀င်အကြောင်း နိုင်ငံခြားသားများနှင့် ပြောဆို ဆွေးနွေးခြင်း


A : " What religion do you believe ? "
ဘယ်ဘာသာ ကိုးကွယ် ဆည်းကပ်ပါသလဲ ။

B : " I'm a Buddhist ." " I believe in Buddhism. "
ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်ပါတယ် ။ ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်ပါတယ် ။

A : " A Buddhist ! " ' Yes... '
အော် ဗုဒ္ဓဘာသာဝင် တစ်ယောက်ကိုး ။

B : " Of course, I mean a Buddhist is one who professes to be a follower of our Lord Buddha and accept His doctrine ( dhamma )."
မှန်ပါတယ် ။ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဆိုတာ ဗုဒ္ဓရှင်တော်ဘုရား ဟောကြားတဲ့ ဒေသနာတော်မြတ်ကို နာယူ ကျင့်ဆောင်တဲ့ ဥပါသကာကို ဆိုလိုပါတယ် ။

A : " His name's Buddha ? "
ဗုဒ္ဓဆိုတာ ရှင်တော်ဘုရားရဲ့ အမည်လား ။

B : " No, Buddha is the name of a state of mind ."
မဟုတ်ပါဘူး ။ ဂုဏ်တော်အားဖြင့် ရအပ်တဲ့ အမည်ပါ ။

A : " What's the essence of Buddhism ? "
ဗုဒ္ဓဘာသာရဲ့ အနှစ်သာရဟာ ဘာပါလဲ ။

B : " It's based on the Four Noble Truths . "
သစ္စာလေးပါးပေါ် အခြေခံပါတယ် ။

A : " * Yes ? "
ဘာကိုဆိုလိုပါလဲ ။ ရှင်းပြနိုင်ပါသလား ။

B : " They are Dukha ( misery ) , Samudaya ( aggregation ) , Nirodha ( cessation ) and Magga ( Means ). "
ဒုက္ခ ၊ သမုဒယ ၊ နိရောဓနဲ့ မဂ္ဂသစ္စာများ ဖြစ်ပါတယ် ။
[ Can you explain about it ? ဟူ၍ မေးနိုင်ပါသော်လည်း နိုင်ငံခြားသားများမှာ ဟန်အမူအရာဖြင့် Yes ? တစ်လုံးတည်း မေးမြန်း ပြောဆို တတ်ပါသည် ။ ]

A : " May I ask you what's the meaning of Buddha ? "
ဗုဒ္ဓရဲ့ အဓိပ္ပာယ်ဟာ ဘာဖြစ်ပါသလဲ ။

B: " Enlightened one He who has the perfect wisdom. "
မောဟ တည်းဟူသော အမိုက်မှောင် ကင်း၍ သဗ္ဗညုတဉာဏ်တော် အလင်းရောင်ကို ရောက်ရှိသော ပုဂ္ဂိုလ်မြတ်ပါ ။

A : " What's Buddha's real name ? "
ဗုဒ္ဓ၏ အမည်တော်ရင်းက ဘာလို့ ခေါ်ပါသလဲ ။

B : " Siddhattha was His royal name . ( Siddhattha means effected . ) Gotama , His family name. "
မင်းမျိုး မင်းနွယ် အမည် သိဒ္ဓတ္ထ ဖြစ်ပါတယ် ။ အကျိုး ပြီးမြောက်ခြင်းလို့ အဓိပ္ပာယ် ရပါတယ် ။ အနွယ်တော်က ဂေါတမ အနွယ်တော် ပါ ။

A : " Do you know the life of Buddha ? "
ဗုဒ္ဓ၀င် ဖြစ်စဉ်ကို သိပါသလား ။

B : " Yes, Of course. "
ဟုတ်ကဲ့ ၊ သိပါတယ် ။

A : " How old is Buddhism ? "
ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ဘယ်လောက်ကြာသွားပြီလဲ ။

B : " More than 2,500 years ago. "
နှစ်ပေါင်း ( ၂၅၀၀ ) ကျော်သွားပါပြီ ။

A : " Where was it founded ? By whom ? "
ဘယ်အရပ်မှာ ပေါ်ထွန်းပါသလဲ ။ ဘယ်သူ ဟောကြားပါသလဲ ။

B : " Founded in India - by the Buddha Himself in the sixth century B.C. "
အိန္ဒိယပြည်မှာပါ ။ မြတ်စွာဘုရား ကိုယ်တော်တိုင် ခရစ်တော် မပေါ်မီ ၆ -ရာစုအတွင်း ဟောကြားခဲ့တဲ့ တရားတော်တွေ ဖြစ်ပါတယ်။

A : " Pitakats ! "
ပိဋကတ်တော်တွေလား ။

B : " Yes, it's also known Basket of Dhamma . "
( Sutta , Vinaya and Abidhamma )
ဟုတ်ကဲ့ ၊ တရား ဘဏ္ဍာတိုက် လို့လည်း ထင်ရှားပါတယ် ။ ( သုတ် ၊ ၀ိနည်း ၊ အဘိဓမ္မာ တရားတွေပါပဲ ။ )

A : " Great ! "
ကြီးကျယ်ပါပေတယ် ။

B : " To get the greatest wisdom, the Buddha Himself tried to accomplish ' Paramis ' ( Virtue ) in the existence . "
သဗ္ဗညုတ ရွှေဉာဏ်တော် ရဖို့အတွက် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ဟာ သံသရာမှာ ပါရမီတော်တွေ ဖြည့်ကျင့် ဆည်းပူးခဲ့ ရတယ် ။

A : " Doctrine ? "
တရားတော်တွေလား ။

B : " Of course it is . Tri Pitakats " ( Buddhistic Scriptures ). "
မှန်ပါတယ် ။ ပိဋကတ်သုံးပုံ ပါပဲ ။ ဗုဒ္ဓစာပေ ကျမ်းဂန်တွေပေါ့ ။

A : " Yes ... yes . "
ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ - ဆက်ပြောပါဦး ။

B : " Bodhisatta ( The future Buddha ) became the son of a very rich man named * Sumedha * ."
ဘုရားအလောင်းတော်ဟာ လူချမ်းသာ တစ်ယောက်ရဲ့ သား ဖြစ်ခဲ့တယ် ။ သုမေဓာလို့ အမည်တွင်ခဲ့တယ် ။

" His parents died of sixteen, and the young millionaire's left with a great deal of gold and silver. "
သုမေဓာ သူဌေးသားလေးရဲ့ မိဘတွေဟာ သူ အသက် ၁၆ နှစ် သားအရွယ်မှာ ကွယ်လွန် အနိစ္စ ရောက်သွားကြတယ် ။ သူ့မှာ ရွှေ ငွေ အမြောက်အမြား ကျန်ခဲ့တယ် ။

A : " Then ? "
ဒီတော့ ဘာဖြစ်သလဲ ။ ဆိုစမ်းပါဦး ဗျာ ။

B : " Sumeda thought to himself , " My parents and grand-parents knew only how to get property but did not know to take it away beyond death . "
သုမေဓာ သူဌေးသားဟာ တစ်ယောက်တည်း စဉ်းစားတယ် ။ ' ငါ့ရဲ့ မိဘတွေ ၊ အဖိုး အဖွားတွေဟာ ပစ္စည်း ဥစ္စာ ဘယ်လိုရှာဖွေ ရမယ်ဆိုတာ သိကြတယ် ။ သူတို့ သေတော့ အဲ့ဒိ ပစ္စည်းတွေ ယူသွားနည်း မသိကြတော့ဘူး ။
* ( အင်္ဂလိပ် ဘာသာတွင် ' Sa ' သ မြန်မာ အက္ခရာ အသံထွက်မှာ ခက်ခဲမှု ရှိပါသည် ။ ' ဆ ' အသံဖြင့် ထွက်ကြောင်း သတိပြုသင့်ပါ၏ ။ မြန်မာ အခေါ် ' သုမေဓာ ' ကို ' ဆုမေဓာ - Sumeda ' ဟု အင်္ဂလိပ်လို အသံထွက်ပြီး ပြောမှသာ နိုင်ငံခြားသားနှင့် စကားပြောလျှင် အဆင်ပြေပါမည် ။ )

B : " So Sumeda gave away his property in alms . "
အဲ့ဒါကြောင့် သုမေဓာ သူဌေးသားလေးဟာ သူ့ရဲ့ ပစ္စည်းဥစ္စာကို စွန့်ကြဲ ပေးလှူခဲ့တယ် ။

A : " Good deeds ! "
ကောင်းမြတ်ပါပေတယ် ။

B : " That's right. He knew very well , the merit of the deed would follow him after death . "
မှန်တာပေါ့ ။ ပြုတဲ့ ကုသိုလ်ဟာ ကွယ်လွန်တဲ့ အခါ အကျိုးဆက် အဖြစ် လိုက်မယ်ဆိုတာ သူသိတာပေါ့ ။


To be continue ... Sumeda and Sumitta ( Receiving a Prophetic Declaration ) Chapter


ဆရာ ရွှေမင်းဝန် ဦးဘုန်းမြင့် ၏ ဗုဒ္ဓ၀င် အင်္ဂလိပ် စကားပြော ( Dialogue On History Of Buddha ) စာအုပ်မှ ထုတ်နှုတ် ဖော်ပြထားပါသည်။

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓမ္မသံဝေဂနှင့် ဩ၀ါဒ ကထာများ

Wednesday, August 3, 2011

အရိမေတ္တယျ ဗုဒ္ဓ၀င် - ၂ ဘဒ္ဒန္တ တေဇောသာရ ( ပဲခူး )

အရိမေတ္တယျ ဗုဒ္ဓ၀င် - ၁ ဘဒ္ဒန္တ တေဇောသာရ ( ပဲခူး )




ဧဒင်ဥယျာဉ်မှ ကူးယူ ဒါနပြုပါသည်။

နမောတဿ ဘုရားရှိခိုး( နေ့နံ အလိုက် )

နမောတဿ ဘုရားရှိခိုး( နေ့နံ အလိုက် )

၁ ။ နမောတဿ သိခိဿ ဘဂ၀တော
အရဟတော သမ္မာသမ္ဗုဒ္ဓဿ ။

၂။ နမောတဿ ဝေဿဘုဿ ဘဂ၀တော
အရဟတော သမ္မာသမ္ဗုဒ္ဓဿ ။

၃။ နမောတဿ ကကုသန္ဓဿ ဘဂ၀တော
အရဟတော သမ္မာသမ္ဗုဒ္ဓဿ ။

၎။ နမောတဿ ကောဏဂမနဿ ဘဂ၀တော
အရဟတော သမ္မာသမ္ဗုဒ္ဓဿ ။

၅။ နမောတဿ ကဿပဿ ဘဂ၀တော
အရဟတော သမ္မာသမ္ဗုဒ္ဓဿ ။

၆။ နမောတဿ ဂေါတမဿ ဘဂ၀တော
အရဟတော သမ္မာသမ္ဗုဒ္ဓဿ ။

၇။ နမောတဿ ၀ိပဿိဿ ဘဂ၀တော
အရဟတော သမ္မာသမ္ဗုဒ္ဓဿ ။


သက်ဆိုင်ရာ ဘုရားကို ရည်စူး၍ ဆီမီး ၁ တိုင် ထွန်းပါ ။ သက်ဆိုင်သည့် ဘုရားရှိခိုးဖြင့် ပူဇော်ကန်တော့ပါ ။

နမောတဿဘုရားရှိခိုး.png

Tuesday, July 26, 2011

Vipasana (10) Par




ပေးပို့သူ --- ဦးဇင်း ဦးဝါသဝ

Wipasa Nar Methods




ပေးပို့သူ --- ဦးဇင်း ဦးဝါသဝ

wipasana




ပေးပို့သူ --- ဦးဇင်း ဦးဝါသဝ

Wednesday, May 4, 2011

ဆရာတော်ဦးဃောသိတ- ၀ိပဿနာအလုပ်ပေးတရားတော်-အပိုင်း(၇)(၈)(၉)

ဆရာတော်ဦးဃောသိတ- ၀ိပဿနာအလုပ်ပေးတရားတော်-အပိုင်း(၇) -( ဒေါင်းလုယူရန်)

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး

ဆရာတော်ဦးဃောသိတ- ၀ိပဿနာအလုပ်ပေးတရားတော်-အပိုင်း(၈) -( ဒေါင်းလုယူရန်)

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဆရာတော်ဦးဃောသိတ- ၀ိပဿနာအလုပ်ပေးတရားတော်-အပိုင်း(၉) -( ဒေါင်းလုယူရန်)

Friday, April 15, 2011

ဆရာတော်ဦးဃောသိတ- ၀ိပဿနာအလုပ်ပေးတရားတော်-အပိုင်း(၄)(၅)(၆)

ဆရာတော်ဦးဃောသိတ- ၀ိပဿနာအလုပ်ပေးတရားတော်-အပိုင်း(၄) -( ဒေါင်းလုယူရန်)

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဆရာတော်ဦးဃောသိတ- ၀ိပဿနာအလုပ်ပေးတရားတော်-အပိုင်း(၅) -( ဒေါင်းလုယူရန်)

းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
ဆရာတော်ဦးဃောသိတ- ၀ိပဿနာအလုပ်ပေးတရားတော်-အပိုင်း(၆) -( ဒေါင်းလုယူရန်)

Tuesday, April 12, 2011

ဆရာတော်ဦးဃောသိတ- ၀ိပဿနာအလုပ်ပေးတရားတော်-အပိုင်း(၁)(၂)(၃)

(၁)ဆရာတော်ဦးဃောသိတ- ၀ိပဿနာအလုပ်ပေးတရားတော်-အပိုင်း(၁) (ဒေါင်းလုယူရန်)

*****************************************
 (၂)ဆရာတော်ဦးဃောသိတ- ၀ိပဿနာအလုပ်ပေးတရားတော်-အပိုင်း(၂) (ဒေါင်းလုယူရန်
***************************************
(၃)ဆရာတော်ဦးဃောသိတ- ၀ိပဿနာအလုပ်ပေးတရားတော်-အပိုင်း(၃)-(ဒေါင်းလုယူရန်)

Tuesday, March 15, 2011

ရတနသုတ်

ငလျင်ဒဏ်ကာကွယ်သည့် ဂါထာ

ငလျင်ဒဏ် ကာကွယ်သည့် ဂါထာ
ငလျင်တွေ တအားပြင်းတော့ မိဘများက စိုးရိမ်စွာနဲ့ လှမ်းပို့ပေးတာပါ... ကိုယ်တွေ့ မကြုံဖူးတော့ ကြုံလိုက်ရချိန်မှာ အပြေးအလွှားပါပဲ... ခုလည်း မပြင်းလှပေမယ့် မငြိမ်သေးတဲ့ ငလျင်တွေကြောင့် ကိုယ့်မိသားစုလေးသာမက လူတိုင်းအတွက် ငလျင်သောကလည်း သက်သာ ငလျင်ဘေးလည်း ကင်းစေချင်လို့ ပြန်လည် မျှဝေပေးလိုက်တာပါနော်... အမေကလည်း အမြန်ပို့ပေးတာမို့ အနက်တော့ မပါပါဘူး... ဂါထာလေး ရေးထားပြီး သွားလေရာပါအောင် ဆောင်သွားခိုင်းပါတယ်... အိမ်မှာလည်း ရေးပြီး ကပ်ထားဖို့ တဖွဖွ မှာပါတယ်... အဲ့ဒါ အပြင် စဓဗ၀ ဂါထာလေးလည်း အလွတ်ရရင် ရွတ်ပါလို့ ပြောပါတယ်... ခုတော့ မိသားစုတွင်း တစ်ယောက်ချင်းစီမှာ စာရွက်လေးနဲ့ ရေးပြီး အိတ်ထဲလည်း ထည့်ဆောင်ထားပါပြီ... အိမ်က ဘုရားစင်မှာ ကပ်ထားပါပြီ... " သတ္တ၀ါ တစ်ခု ကံတစ်ခု " လို့ ပြောလို့ရပေမယ့် " အသက် ကံ စောင့် ခန္ဓာ ဉာဏ်စောင့် " ဆိုတဲ့ စကားလို ကုသိုလ် ပိုမို ပွားများနိုင်ဖို့ အတွက် အသက်ရှည်ရာ အနာမဲ့စေဖို့ ဂါထာလေးကို ဒါနပြုပေးလိုက်ပါတယ်နော်...

ငလျင်ဒဏ် ကာကွယ်သည့် ဂါထာ

ယော ဒေတိ ဒေ၀ ဒေဝေါဂ္ဂံ
ဓမ္မ မဂ္ဂ ဖလံ ဒဒေါ
နမာမိ တံ အရဟံ မဂ္ဂံ
နော သော ပါလေတု ပါတုရဟော။

စဓဗ၀ ဂါထာ

စ စက္ခုမာစရ မာစိဏ္ဏော၊
ဓ ဓမ္မညူ ဓမ္မသာမိကော၊
ဗ ဗလူပေတော ဗလဓရော၊
ဝ ၀ရဒေါ ဒေတု မေ ၀ရံ။

စဓဗ၀ ဂါထာလေးလည်း မရတဲ့သူတွေ ရှိမှာ စိုးလို့ တစ်ခါတည်း တင်ပေးလိုက်ပါတယ်နော်... ဂါထာများရဲ့ အနက်ကို ရသူများ ရှိပါလျင်လည်း ဒါနပြုပေးကြစေချင်ပါတယ်...
ထပ်ပြီး ဒါနပြုပေးချင်တာကတော့ ရတန သုတ်ပါပဲ... တရားတော်စာကိုတော့ မကြာခင် တင်ပေးပါ့မယ်... ရတနသုတ် ရွတ်ဖတ်ရခြင်း၏ အကျိုးသွားကတော့ -
" ကပ်ကြီး သုံးပါးကို ကျော်နင်းစေနိုင်သည်၊ စုန်း တစ္ဆေ ကဝေ ပယောဂ ဟူသမျှကို နိုင်သည်။ အကြောင်း အမျိုးမျိုးကြောင့် ဆင်းရဲ ဒုက္ခ ရောက်သော အခါ အချုပ် ထောင် နှောင်အိမ် စသည်တို့၌ ကျရောက်နေသောအခါ အမြန်လွတ်မြောက်စေနိုင်သည်။ နတ်ကောင်း နတ်မြတ်တို့၏ စောင်မ ကြည့်ရှုခြင်းကို ခံရမည် ဖြစ်ပေသည်။ "
တရားတော်ကို နာကြားချင်ပါလျှင်လည်း အောက်က Link မှာ သွားရောက် နာကြားလို့ ရပါတယ်ရှင်...

http://www.mittartayar.co.cc/2011/01/min-kun-sayardawgyi-mp3_26.html

ဂျပန်နိုင်ငံတွင်းသာမက နိုင်ငံတကာ ရောက်ရှိနေကြသူများ အားလုံး ငလျင်ဘေးဒဏ်မှလည်း ကင်းရှင်းကြပါစေ။ ရောဂါ ဘယ ကင်းဝေး၍ ဒုက္ခ သောက ကြောင့်ကြ ပူပန်ရခြင်းများလည်း ကင်းရှင်းကြပါစေလို့ ဆုတောင်း မေတ္တာပို့သလိုက်ရပါတယ်ရှင်။ ။

Monday, February 21, 2011

LeDi DeePaNiPongChok 3Kyan English



အထူး အထိမ်းအမှတ် ဘိုးဘွားမိဘများကို ပူဇော်ကန်တော့ပါသည်။

Wednesday, February 16, 2011

123-Saddhammaramsi-Miba-Kyezoo ၁၂၃။ မိဘကျေးဇူး အထူးသိတတ်တရားတော်.mp3



မွေးနေ့ အမှတ်တရ ဘိုးဘွား မိဘများကို အထူး ပူဇော်ကန်တော့ပါသည်။

Monday, February 7, 2011

မဟာမြတ်မုနိ ဘုရားပုံတော်နှင့် ဘုရားရှိခိုး













မဟာမြတ်မုနိ ဘုရားရှိခိုး

မင်္ဂလာအောင်စည် ၊ ဆော်ရွမ်းလည်သား ၊ ရွှေပြည်မဏ္ဍိုင် ၊ ကြံ့ကြံ့ခိုင်၍ ၊ ထုံကြိုင်ဆန်းတင့် ၊ ဖြိုးဖြိုးမြင့်လျက် ၊ ထွန်းလင်းရောင်ရှိန် ၊ ၀င်းဝင်းထိန်သား ၊ အာလိန်မြရိပ် ၊ မြင်းမိုရ်ထိပ်ဝယ် ၊ ဒိဗ္ဗဿရ ၊ ၀ါသ၀ဟု ၊ သက္ကစံရာ ၊ ၀တိံသာသို့ ၊ သိင်္ဂါရစ်ခွေ ၊ လျှမ်းလျှမ်းဝေသည် ၊ ပြည်ရွှေအမတ ၊ နိဗ္ဗာနသို့ ၊ ပဋ္ဌမဘုန်းဟေ့ ၊ ဘူပတေ့၏ အိမ်ရှေ့ဥပရာဇ် ၊ စောရန်လှသည် ၊ သက္ကရာဇ်ထောင်ဝယ် ၊ တစ်ရာဆွယ်၍ ၊ လေးဆယ်နှင့်ခြောက် ၊ အခါမြောက်တွင် ၊ ထိန်တောက်ဝေဆာ ၊ ပြည်ဓညာမှ ၊ မဟာမုနိ ၊ မာရဇိကို ၊ ပင့်ချီကြွလာ ၊ ကိန်းအောင်းရှာ၏ ၊ မြတ်စွာဘုန်းကြွယ် ၊ အံ့ဩဘွယ်ကား ၊ ရှေ့ဝယ်ရေဖျန်း ၊ မဖြတ်သန်းတည်း ၊ မျက်ကန်းပမာ ၊ လူမိစ္ဆာတို့ ၊ ရှေ့မှာမှောက်ခို ၊ မျက်တော်ညို၏ ၊ ထိုလူအများ ၊ မရှိငြားမှ ၊ ဆင့်ပွားရောင်ဝါ ၊ ကွန့်မြူးလာခဲ့ ၊ သဒ္ဒါကြီးသူ ၊ ပူဇော်မူကား ၊ လျှံလူတန်ခိုး ၊ တက်၍တိုး၏ ၊ မိုဃ်းဝလာပြင် ၊ ထက်ကောင်းကင်သို့ ၊ လေတွင်ပျော်ပါး ၊ ငှက်အများတို့ ၊ ဘုရားထက်မွန့် ၊ မပျံဝံ့တည့် ၊ ပတ်လုံးတေဇော် ၊ ရှေ့မှောက်တော်၌ ၊ ပျက်ချော်မုသား ၊ ကျိန်တွယ်ငြားက ၊ ထင်ရှားအမှန် ၊ သွေးပွက်အန်ခဲ့ ၊ သဏ္ဌာန်တူအောင် ၊ သွန်းလုပ်ဆောင်အံ့ ၊ ရှည်ယောင်ပြုငြား ၊ ထိုဘုရားသည် ၊ ပျက်ပြားမုချ ၊ ဖြစ်လာရ၏ ၊ တေဇတက်ကြွား ၊ ဤဘုရားနှင့် ၊ မခြားလျှံလူ ၊ တန်ခိုးတူဟု ၊ ယှဉ်မှုမကြာ ၊ ကွဲအက်ရှာခဲ့ ၊ မြတ်စွာပရမေ့ ၊ ပူဇော်လေ့ဖြင့် ၊ နေ့ရှိသမျှ ၊ ရွှေမွမ်းချလည်း ၊ ဖူးရတင့်တယ် ၊ လွန်သပ္ပါယ်၏ ၊ အံ့ဘွယ်ကိုးအင် ၊ တန်ခိုးထင်၍ ၊ လူရှင်တတွေ ၊ ပန်းဝေေ၀နှင့် ၊ သပြေစိုက်ထိုး ၊ ညောင်ရေအိုးဝယ် ၊ မညှိုးယခင် ၊ လန်းလန်းဆင်လျက် ၊ ကြည်ရွှင်ဝမ်းသာ ၊ စေတနာဖြင့် ၊ သဒ္ဓါရဲရဲ ၊ ဆွမ်းတော်ပွဲကို ၊ အမြဲသန့်စင် ၊ ထိပ်ထက်တင်လျက် ၊ နေ၀င်တချက် ၊ အရုဏ်တက်တွင် ၊ ဆော်နှက်စီညံ ၊ ခေါင်းလောင်းသံလည်း ၊ မိုဃ်းယံငြိမ့်ငြိမ့် ၊ တိုင်းလုံးစိမ့်မျှ ၊ နှစ်သိမ့်လှစွာ ၊ ဘုန်းတေဇာနှင့် ၊ မဟာမုနိ ၊ တုမရှိကို ၊ ဦးထိပဒုံ ၊ ဆယ်ပန်းငုံဖြင့် ၊ ကြည်ယုံထိပ်ပန် ၊ အဓိဋ္ဌာန်သည် ၊ နိဗ္ဗာန်ရောက်ရပါလိုသော ၊ မြတ်ရှင်စော ၊ ဩကာသ ၊ ဩကာသ ၊ ဩကာသ ။

ဘုရားရှိခိုးအမျိုးမျိုး မူဟောင်းနှင့် ၀တ်ရွတ်စဉ် မှ

Buddha image slide show



via burmaborn.com

Saturday, February 5, 2011

Min kun sayardawgyi ၁၁။ ပုဗ္ဗဏှသုတ် .mp3




ပုဗ္ဗဏှသုတ် ရွတ်ဖတ်ရခြင်း အကျိုး

ဂြိုဟ်ဆိုး ၊ နိမိတ်ဆိုး ၊ အိပ်မက်ဆိုးတို့ကို ကင်းစေနိုင်သည်။ ကံဇာတာ နိမ့်နေခိုက် အထူးရွတ်ရန်သင့်သည်။ လုပ်သမျှ လုပ်ငန်း အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေလျှင် ဤသုတ်ကို အထူး ရွတ်သင့်သည်။ အရေးကြီးသော ကိစ္စတစ်ခုခုကို အောင်မြင်အောင် ဆောင်ရွက်လိုသောအခါ မလုပ်မီ ဤသုတ်ကို သရဇ္ဈာယ်ပါ ၊ မုချအောင်ပါလိမ့်မည်။

Min kun sayardawgyi ၁၀။ ဗောဇ္ဈင်္ဂသုတ် .mp3




ဗောဇ္ဈင်သုတ် ရွတ်ဖတ်ရခြင်း အကျိုး

လူမမာများကို ရောဂါ သက်သာလာစေသည်။ ပျောက်ကင်းစေနိုင်သည်။ ဆေးရုံများတွင် အထူး ရွတ်သင့်သည်။ ပင်ရင်း ဗောဇ္ဈင်သုတ် သုံးသုတ်ကို တွဲ၍ ရွတ်လျှင် ပိုကောင်းသည်။

Min kun sayardawgyi ၉။ အဂုင်္လိမာလသုတ် .mp3



အင်္ဂုလိမာလသုတ် ရွတ်ဖတ်ရခြင်း အကျိုး

မီးအဖွားရ ခက်နေသော ကိုယ်ဝန်ဆောင် မိခင်လောင်းတို့အား သားဖွားရလွယ်ကူစေသည်။ ဤ ပရိတ်ရေကို တိုက်ပေးနိုင်သည်။ ဖွားခါနီးမှ ရွတ်ဖတ်သည်ထက် နေ့စေ့ လစေ့ ဖွားခါနီးလာလျှင် မပြတ်ရွတ်ဖတ်ပေးသင့်သည်။ တိရစ္ဆာန်မများ မွေးဖွားရလွယ်အောင်လည်း ဤ ပရိတ်ရေဖြင့်ပင် ကူညီနိုင်ပေသည်။

Friday, February 4, 2011

အရပ်(၁၀)မျက်နှာမေတ္တာပို့နှင့် မေတ္တာသုတ်တရားတော်

Min kun sayardawgyi ၈။ အာဋ္ဋနာဋိယသုတ် .mp3



အာဋာနာဋိယသုတ် ရွတ်ဖတ်ရခြင်း အကျိုး

ဤသုတ်ကို မပြတ် ရွတ်ပေးလျှင် နတ်တို့က လိုလားသည်။ နတ်လိုက လူလို၊ လူလိုက ဂြိုဟ်မ ၊ ကံဇာတာ ထ လာစေနိုင်သည်။ စုန်း ပယောဂ ၊ တစ္ဆေ ၊ မြေဖုတ် ဘီလူး ပူးကပ်လျှင် ဤသုတ်ဖြင့် ထုတ်ပစ်နိုင်သည်။ ပယောဂ ခွာဆေး တစ်မျိုး ဖြစ်ပေသည်။ ဤသုတ်ကို ရွတ်ပေးလျှင် လူနာကို အပ မမီနိုင်ပေ။

Min kun sayardawgyi ၇။ ဓဇဂ္ဂသုတ် .mp3



ဓဇဂ္ဂသုတ် ရွတ်ဖတ်ရခြင်း အကျိုး

ဤသုတ်ကို ရွတ်ဖတ်ပွားများလျှင် ပိုမို၍ ဉာဏ်ကောင်းလာစေနိုင်သည်။ မည်သည့်နေရာသို့ ဖြစ်စေ နေ့နေ့ညည တစ်ယောက်တည်း သွားရဲ ၊ လာရဲ၊ နေရဲ စေသည်။ စိတ်တန်ခိုးလည်း ကြီးလာလိမ့်မည်။ ပရိသတ် အလယ်မှာ ပြောရဲ ဆိုရဲရှိလာနိုင်သည်။ မိမိ၏ ဘ၀ အခြေအနေ ခိုင်မြဲစေသည်။ ရာထူး တည်မြဲရေး စည်းစိမ် တည်မြဲရေး အတွက် အကျိုးပြုလိမ့်မည် ဖြစ်သည်။

Min kun sayardawgyi ၆။ ၀ဋ္ဋသုတ် .mp3



ဝဋ္ဋသုတ် ရွတ်ဖတ်ရခြင်း အကျိုး

မီးဘေး လွတ်ကင်းစေနိုင်ပါသည်။ မိမိကိုယ်တိုင် မီးဘေး မသင့်ရအောင် မိမိ ရပ်ကွက် မီးဘေးကင်းအောင် သစ္စာပြုနိုင်သည်။

Min kun sayardawgyi ၅။ မောရသုတ် .mp3



မောရသုတ် ရွတ်ဖတ်ရခြင်း အကျိုး

ပီယဆေးခတ်ခြင်း ၊ ပုဏ္ဏကတိုက်ခြင်း စသည်ဖြင့် သူတစ်ပါးတို့က မကောင်းမကြံနိုင်အောင် ကာကွယ်နိုင်သည်။ အထူးသဖြင့် အပျိုရည် အပျို့ သိက္ခာကို မြတ်နိုးသော မိန်းကလေးများအတွက် အကာအကွယ်ကောင်းဖြစ်သည်။ အန္တရာယ်ပြုရန် တစ်စုံတစ်ယောက်က မိမိနောက်သို့ လိုက်နေသောအခါများတွင် ရွတ်နိုင်သည်။ သူတစ်ပါးက မိမိ၏ ရာထူး အခြေအနေ လျှောကျအောင် ကြံစည်နေလျှင်လည်း အကာအကွယ်ကောင်း တစ်ခု ဖြစ်ပေသည်။ လုပ်ကြံ သတ်ဖြတ်မှု မခံရအောင်လည်း စွမ်းပေသေးသည်။

Min kun sayardawgyi ၄။ ခန္ဓသုတ် .mp3



ခန္ဓသုတ် ရွတ်ဖတ်ရခြင်း အကျိုး

မြွေဘေး ကင်းနိုင်သည်။ အခြား အဆိပ်ရှိသော သတ္တ၀ါတို့ ဘေးမှလည်း လွတ်နိုင်သည်။ မြွေကိုက် ကင်းကိုက် ခံရသောအခါမျိုး၌လည်း အကြိမ်ကြိမ် ရွတ်နိုင်သည်။ ဘေးရန်ကို ကျော်လွန်နိုင်သည်။

Min kun sayardawgyi ၃။ မေတ္တသုတ်.mp3



မေတ္တသုတ် ရွတ်ဖတ်ရခြင်း အကျိုး

မေတ္တသုတ်ကို အမြဲမပြတ် ရွတ်ဖတ်လေ့ ရှိသူတို့မှာ အခြောက်အလှန့် မခံရခြင်း၊ အနာရောဂါ ကင်းခြင်း၊ အိပ်မက်ဆိုး နိမိတ်ဆိုး အတိတ်ဆိုးများ မတွေ့မကြုံရခြင်း၊ လူနတ်အများချစ်ခင်ခြင်း၊ အဆိပ် လက်နက် မစူးရှခြင်း၊ ရူးသွပ်သော ဝေဒနာ ကင်းခြင်းမှ စ၍ ဗြဟ္မာ့ဘုံ ရောက်သည်အထိ အကျိုးပေးနိုင်စွမ်း ရှိလေသည်။

Saturday, January 29, 2011

ယောဆရာတော် မေတ္တာနှလုံး အလှဆုံး.mp3



ယောဆရာတော်ဘုရား၏ မေတ္တာပို့နည်း
- ဘာသာအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းစုံရာ မေတ္တာအလှဆုံး ။
- လူမျိုးအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းစုံရာ မေတ္တာအလှဆုံး ။
- သတ္တ၀ါအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းစုံရာ မေတ္တာအလှဆုံး ။

ယောဆရာတော်ဘုရား၏ မေတ္တာပို့နည်း ( ၅ ) နည်း
၁။ အတူနေငြား လူအများ နှစ်ပါး ကိုယ်စိတ် ချမ်းသာစေ။
ဆင်းရဲရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
မေတ္တာနှလုံး အလှဆုံးဖြင့် ရွှင်ပြုံးကြည်သာ အေးမြကာ ချမ်းသာကြပါစေ။

၂။ အတူနေငြား နတ်အများ နှစ်ပါးကိုယ်စိတ် ချမ်းသာစေ။
ဆင်းရဲရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
မေတ္တာနှလုံး အလှဆုံးဖြင့် ရွှင်ပြုံးကြည်သာ အေးမြကာ ချမ်းသာကြပါစေ။

၃။ အုပ်ချုပ်နေငြား လူအများ နှစ်ပါးကိုယ်စိတ် ချမ်းသာစေ။
ဆင်းရဲရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
မေတ္တာနှလုံး အလှဆုံးဖြင့် ရွှင်ပြုံးကြည်သာ အေးမြကာ ချမ်းသာကြပါစေ။

၎။ မြို့ရွာအတွင်း ရပ်ကွက်တွင်းမှာ လူများစွာ ချမ်းသာကြပါစေ။
ဆင်းရဲရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
မေတ္တာနှလုံး အလှဆုံးဖြင့် ရွှင်ပြုံးကြည်သာ အေးမြကာ ချမ်းသာကြပါစေ။

၅။ လုံးစုံများစွာ သတ္တ၀ါ နှစ်ဖြာကိုယ်စိတ် ချမ်းသာစေ။
ဆင်းရဲရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
မေတ္တာနှလုံး အလှဆုံးဖြင့် ရွှင်ပြုံးကြည်သာ အေးမြကာ ချမ်းသာကြပါစေ။

Wednesday, January 26, 2011

တောင်တန်းသာသနာပြု ဆရာတော် ဘုရားကြီး၏ ရေမေတ္တာနှင့်ပရိတ်တရားတော်




နတ်လူ သတ္တ၀ါအားလုံး ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။
ကောင်းကျိုး လိုရာ ဆန္ဒ ပြည့်ဝကြပါစေ။

ရေမေတ္တာပို့နည်း

ဘုရားစင်ပေါ် ရေသန့်သန့်လေး ထည့်ထား အဲ့ဒိ လူကို ရည်စူးပြီး လူမနင်းတဲ့ နေရာက ကျောက်ခဲလေး သန့်သန့်ဆေး ရေခွက်ထဲထည့်...
ကျောက်ခဲမရရင် တုတ် သန့်သန့်လေး ဆေးပြီးထည့်... ထိုသူ၏ စိတ်နှလုံး ( ရေကဲ့သို့ အေးပါစေ ) ဒါကိုပဲ အကြိမ်ကြိမ် ရွတ်ပေး... အဲ့လိုသာ လုပ် အကုန်လုံး ရတယ်...

လောကမှာ မေတ္တာလောက် ကောင်းသော အရာမရှိ... ကာယကံ မေတ္တာ ၊ ၀စီကံ မေတ္တာ ၊ မနောကံ မေတ္တာ ကံ ၃ ပါး ရှိတယ်... ကိုယ်ပြုတဲ့ ကံတရား ကိုယ်သာလျှင် ခံစားရမှာ ဖြစ်တယ်...

Min kun sayardawgyi ၂။ ရတနသုတ် .mp3



ရတနသုတ် ရွတ်ဖတ်ရခြင်း အကျိုး

ကပ်ကြီး သုံးပါးကို ကျော်နင်းစေနိုင်သည်၊ စုန်း တစ္ဆေ ကဝေ ပယောဂ ဟူသမျှကို နိုင်သည်။ အကြောင်း အမျိုးမျိုးကြောင့် ဆင်းရဲ ဒုက္ခ ရောက်သော အခါ အချုပ် ထောင် နှောင်အိမ် စသည်တို့၌ ကျရောက်နေသောအခါ အမြန်လွတ်မြောက်စေနိုင်သည်။ နတ်ကောင်း နတ်မြတ်တို့၏ စောင်မ ကြည့်ရှုခြင်းကို ခံရမည် ဖြစ်ပေသည်။

ဓမ္မသုခဆရာတော်ကြီး၏ဓုတင်အကျင့်မြတ်လမ်းမှဖြစ်ရပ်ဆန်းများ

Min kun sayardawgyi ၁။ ပရိတ်နိဒါန်း+မင်္ဂလသုတ်.mp3



မင်္ဂလသုတ် ရွတ်ဖတ်ရခြင်း အကျိုး

မင်္ဂလသုတ်ကို မပြတ်ရွတ်ဖတ် သရဇ္ဈာယ်၍ လိုက်နာကျင့်ကြံလျှင် မည်သည့် နေရာမှာ နေသည်ဖြစ်စေ ဘေးအန္တရာယ် ကင်းသည်။ ရန်သူတို့က မိမိအား မအောင်မြင်နိုင် ။ မိမိ၏ ဘ၀ အဆင့်အတန်းသည်လည်း တစ်နေ့ထက် တစ်နေ့ တိုးတက်ချမ်းသာလာမည် ဖြစ်ပေသည်။ အချုပ်အားဖြင့် ရန်ကင်းသည်၊ သူတစ်ပါး မကောင်းမကြံနိုင် ၊ ဘ၀အခြေအနေ ကြီးပွားတိုးတက်စေသည်။ မဂ်ဉာဏ် ဖိုလ်ဉာဏ်သည်ပင် မင်္ဂလာရှိသော မိမိ၏ စိတ်သန္တာန်မှာ ပေါ်လာနိုင်ပေသည်။
Related Posts Plugin for WordPress, Blogger...