Pages

Saturday, November 26, 2011

Chapter 8 The Future Buddha and Mara, the evil one ဘုရားလောင်းနှင့် မာရ်နတ်သား



Chapter 8 The Future Buddha and Mara, the evil one
ဘုရားလောင်းနှင့် မာရ်နတ်သား


A : " After coming back from Yasodhara's Chamber; Siddhattha rode on the mighty Kanthaka . "
ယသော်ဓရာ မိဖုရားရဲ့ အဆောင်တော်က ပြန်လာပြီးတဲ့အခါ သိဒ္ဓတ္ထမင်းသားဟာ ကဏ္ဍကမြင်းကို စီးပါတယ် ။

B : " Already saddle and bridled for the Journey ? "
ခရီးထွက်ဖို့ မြင်းကုန်းနှီး ၊ ချပ်တန်ဆာတွေ အသင့်တပ်ဆင် ပြီးပြီပေါ့နော် ။

A : " Right. And Channa was holding on by the tail . "
မှန်ပါတယ် ။ ပြီးတော့လည်း ငယ်ကျွန်တော် မောင်ဆန်ဟာ မြင်းမြီးကို ဆွဲပြီး လိုက်တယ် ။

B : " Then what's going on ? "
ပြီးတော့ ဘာဖြစ်ပါသလဲ ။

A : " Siddhattha went immediately on the Great Retirement and arrived at midnight at the gate of the city . "
သိဒ္ဓတ္ထမင်းသားဟာ ချက်ခြင်းပဲ တောထွက်ခဲ့တာပါပဲ ။ သန်းခေါင်ယံမှာ မြို့တံခါးကို ဆိုက်ရောက်ခဲ့ပါတယ် ။

B : " He left the Royal Palace ? "
နန်းတော်ကို စွန့်ခွာခဲ့တာပေါ့နော် ။

A : " Of course as I have said the future Buddha had noticed the four signs . "
မှန်ပါတယ် ။ ပြောခဲ့တဲ့ အတိုင်း ပါပဲ ။ ဘုရားအလောင်းတော်ဟာ နိမိတ်ကြီး ၄ ပါးကို မြင်ခဲ့ပြီးပြီလေ ။

A : " At this moment Mara came and persuaded Siddhattha to turn back. He told that on the seventh day from then the jewel - wheel of empire would appear to him . "
အဲဒီ တစ်ခဏမှာပဲ မာရ်နတ်သား ရောက်လာပါတယ် ။ သိဒ္ဓတ္ထမင်းသားကို နောက်ကြောင်းပြန်လှည့်ဖို့ သွေးဆောင် ပြောကြားတယ် ။ အဲဒီအချိန်က ရက်သတ္တပတ် လွန်မြောက်တဲ့အခါ စကြာရတနာ ဆိုက်ရောက်လိမ့်မယ်လို့ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ် ။

B : " Did he desire to go back to the Royal Palace ? "
နန်းတော်ကို ပြန်ရန် ဆန္ဒ ရှိပါသလား ။

A : " No, he didn't . He replied that he knew that the wheel of empire was on the point of appearing , but he didn't wish to be a king. His sole desire was to become a Buddha and save the world of Dewas and men. "
ဟင့်အင်း ၊ ပြန်ဖို့ ဆန္ဒ မရှိပါဘူး ။ ဘုရားလောင်းက ပြန်ပြောခဲ့တယ် ။ စကြာရတနာ ပေါ်ပေါက်လာမယ်ဆိုတာ သိတယ် ။ ဒါပေမယ့် ဘုရင် မဖြစ်ချင်ဘူး ။ သူ့ရဲ့ တစ်ခုတည်းဖြစ်တဲ့ သန္နိဋ္ဌာန် ရည်မှန်းချက်က ဘုရားဖြစ်ဖို့နဲ့ လူနတ် ဗြဟ္မာတွေကို ကယ်ချွတ်ဖို့ ဖြစ်ပေတယ်လို့ ပြောခဲ့တာပဲ ။

B : " Great ! Noble aim ! "
ကြီးကျယ်ပါပေတယ် ။ မြင့်မြတ်တဲ့ ရည်ရွယ်ချက် ပါပဲ ။

A : " Siddhattha , the prince departed from the city in great splendor surrounded by higher and lower deities on all sides . "
သိဒ္ဓတ္တမင်းသားဟာ မြို့တော်က နေပြီး နတ်ဗြဟ္မာခြံရံပြီး ထွက်တော်မူခဲ့တာပါပဲ ။

B : " And the divinity that guarded the city-gate had opened it for them . "
မြို့တံခါးကို စောင့်တဲ့ နတ်ကလည်း တံခါးဖွင့်ပေးခဲ့တယ် ။


To be continue ......... The Future Buddha Cut his hair to become a monk Chapter
Related Posts Plugin for WordPress, Blogger...