Pages

Monday, February 21, 2011

LeDi DeePaNiPongChok 3Kyan English



အထူး အထိမ်းအမှတ် ဘိုးဘွားမိဘများကို ပူဇော်ကန်တော့ပါသည်။

Wednesday, February 16, 2011

123-Saddhammaramsi-Miba-Kyezoo ၁၂၃။ မိဘကျေးဇူး အထူးသိတတ်တရားတော်.mp3



မွေးနေ့ အမှတ်တရ ဘိုးဘွား မိဘများကို အထူး ပူဇော်ကန်တော့ပါသည်။

Monday, February 7, 2011

မဟာမြတ်မုနိ ဘုရားပုံတော်နှင့် ဘုရားရှိခိုး













မဟာမြတ်မုနိ ဘုရားရှိခိုး

မင်္ဂလာအောင်စည် ၊ ဆော်ရွမ်းလည်သား ၊ ရွှေပြည်မဏ္ဍိုင် ၊ ကြံ့ကြံ့ခိုင်၍ ၊ ထုံကြိုင်ဆန်းတင့် ၊ ဖြိုးဖြိုးမြင့်လျက် ၊ ထွန်းလင်းရောင်ရှိန် ၊ ၀င်းဝင်းထိန်သား ၊ အာလိန်မြရိပ် ၊ မြင်းမိုရ်ထိပ်ဝယ် ၊ ဒိဗ္ဗဿရ ၊ ၀ါသ၀ဟု ၊ သက္ကစံရာ ၊ ၀တိံသာသို့ ၊ သိင်္ဂါရစ်ခွေ ၊ လျှမ်းလျှမ်းဝေသည် ၊ ပြည်ရွှေအမတ ၊ နိဗ္ဗာနသို့ ၊ ပဋ္ဌမဘုန်းဟေ့ ၊ ဘူပတေ့၏ အိမ်ရှေ့ဥပရာဇ် ၊ စောရန်လှသည် ၊ သက္ကရာဇ်ထောင်ဝယ် ၊ တစ်ရာဆွယ်၍ ၊ လေးဆယ်နှင့်ခြောက် ၊ အခါမြောက်တွင် ၊ ထိန်တောက်ဝေဆာ ၊ ပြည်ဓညာမှ ၊ မဟာမုနိ ၊ မာရဇိကို ၊ ပင့်ချီကြွလာ ၊ ကိန်းအောင်းရှာ၏ ၊ မြတ်စွာဘုန်းကြွယ် ၊ အံ့ဩဘွယ်ကား ၊ ရှေ့ဝယ်ရေဖျန်း ၊ မဖြတ်သန်းတည်း ၊ မျက်ကန်းပမာ ၊ လူမိစ္ဆာတို့ ၊ ရှေ့မှာမှောက်ခို ၊ မျက်တော်ညို၏ ၊ ထိုလူအများ ၊ မရှိငြားမှ ၊ ဆင့်ပွားရောင်ဝါ ၊ ကွန့်မြူးလာခဲ့ ၊ သဒ္ဒါကြီးသူ ၊ ပူဇော်မူကား ၊ လျှံလူတန်ခိုး ၊ တက်၍တိုး၏ ၊ မိုဃ်းဝလာပြင် ၊ ထက်ကောင်းကင်သို့ ၊ လေတွင်ပျော်ပါး ၊ ငှက်အများတို့ ၊ ဘုရားထက်မွန့် ၊ မပျံဝံ့တည့် ၊ ပတ်လုံးတေဇော် ၊ ရှေ့မှောက်တော်၌ ၊ ပျက်ချော်မုသား ၊ ကျိန်တွယ်ငြားက ၊ ထင်ရှားအမှန် ၊ သွေးပွက်အန်ခဲ့ ၊ သဏ္ဌာန်တူအောင် ၊ သွန်းလုပ်ဆောင်အံ့ ၊ ရှည်ယောင်ပြုငြား ၊ ထိုဘုရားသည် ၊ ပျက်ပြားမုချ ၊ ဖြစ်လာရ၏ ၊ တေဇတက်ကြွား ၊ ဤဘုရားနှင့် ၊ မခြားလျှံလူ ၊ တန်ခိုးတူဟု ၊ ယှဉ်မှုမကြာ ၊ ကွဲအက်ရှာခဲ့ ၊ မြတ်စွာပရမေ့ ၊ ပူဇော်လေ့ဖြင့် ၊ နေ့ရှိသမျှ ၊ ရွှေမွမ်းချလည်း ၊ ဖူးရတင့်တယ် ၊ လွန်သပ္ပါယ်၏ ၊ အံ့ဘွယ်ကိုးအင် ၊ တန်ခိုးထင်၍ ၊ လူရှင်တတွေ ၊ ပန်းဝေေ၀နှင့် ၊ သပြေစိုက်ထိုး ၊ ညောင်ရေအိုးဝယ် ၊ မညှိုးယခင် ၊ လန်းလန်းဆင်လျက် ၊ ကြည်ရွှင်ဝမ်းသာ ၊ စေတနာဖြင့် ၊ သဒ္ဓါရဲရဲ ၊ ဆွမ်းတော်ပွဲကို ၊ အမြဲသန့်စင် ၊ ထိပ်ထက်တင်လျက် ၊ နေ၀င်တချက် ၊ အရုဏ်တက်တွင် ၊ ဆော်နှက်စီညံ ၊ ခေါင်းလောင်းသံလည်း ၊ မိုဃ်းယံငြိမ့်ငြိမ့် ၊ တိုင်းလုံးစိမ့်မျှ ၊ နှစ်သိမ့်လှစွာ ၊ ဘုန်းတေဇာနှင့် ၊ မဟာမုနိ ၊ တုမရှိကို ၊ ဦးထိပဒုံ ၊ ဆယ်ပန်းငုံဖြင့် ၊ ကြည်ယုံထိပ်ပန် ၊ အဓိဋ္ဌာန်သည် ၊ နိဗ္ဗာန်ရောက်ရပါလိုသော ၊ မြတ်ရှင်စော ၊ ဩကာသ ၊ ဩကာသ ၊ ဩကာသ ။

ဘုရားရှိခိုးအမျိုးမျိုး မူဟောင်းနှင့် ၀တ်ရွတ်စဉ် မှ

Buddha image slide show



via burmaborn.com

Saturday, February 5, 2011

Min kun sayardawgyi ၁၁။ ပုဗ္ဗဏှသုတ် .mp3




ပုဗ္ဗဏှသုတ် ရွတ်ဖတ်ရခြင်း အကျိုး

ဂြိုဟ်ဆိုး ၊ နိမိတ်ဆိုး ၊ အိပ်မက်ဆိုးတို့ကို ကင်းစေနိုင်သည်။ ကံဇာတာ နိမ့်နေခိုက် အထူးရွတ်ရန်သင့်သည်။ လုပ်သမျှ လုပ်ငန်း အထစ်ထစ် အငေါ့ငေါ့ ဖြစ်နေလျှင် ဤသုတ်ကို အထူး ရွတ်သင့်သည်။ အရေးကြီးသော ကိစ္စတစ်ခုခုကို အောင်မြင်အောင် ဆောင်ရွက်လိုသောအခါ မလုပ်မီ ဤသုတ်ကို သရဇ္ဈာယ်ပါ ၊ မုချအောင်ပါလိမ့်မည်။

Min kun sayardawgyi ၁၀။ ဗောဇ္ဈင်္ဂသုတ် .mp3




ဗောဇ္ဈင်သုတ် ရွတ်ဖတ်ရခြင်း အကျိုး

လူမမာများကို ရောဂါ သက်သာလာစေသည်။ ပျောက်ကင်းစေနိုင်သည်။ ဆေးရုံများတွင် အထူး ရွတ်သင့်သည်။ ပင်ရင်း ဗောဇ္ဈင်သုတ် သုံးသုတ်ကို တွဲ၍ ရွတ်လျှင် ပိုကောင်းသည်။

Min kun sayardawgyi ၉။ အဂုင်္လိမာလသုတ် .mp3



အင်္ဂုလိမာလသုတ် ရွတ်ဖတ်ရခြင်း အကျိုး

မီးအဖွားရ ခက်နေသော ကိုယ်ဝန်ဆောင် မိခင်လောင်းတို့အား သားဖွားရလွယ်ကူစေသည်။ ဤ ပရိတ်ရေကို တိုက်ပေးနိုင်သည်။ ဖွားခါနီးမှ ရွတ်ဖတ်သည်ထက် နေ့စေ့ လစေ့ ဖွားခါနီးလာလျှင် မပြတ်ရွတ်ဖတ်ပေးသင့်သည်။ တိရစ္ဆာန်မများ မွေးဖွားရလွယ်အောင်လည်း ဤ ပရိတ်ရေဖြင့်ပင် ကူညီနိုင်ပေသည်။

Friday, February 4, 2011

အရပ်(၁၀)မျက်နှာမေတ္တာပို့နှင့် မေတ္တာသုတ်တရားတော်

Min kun sayardawgyi ၈။ အာဋ္ဋနာဋိယသုတ် .mp3



အာဋာနာဋိယသုတ် ရွတ်ဖတ်ရခြင်း အကျိုး

ဤသုတ်ကို မပြတ် ရွတ်ပေးလျှင် နတ်တို့က လိုလားသည်။ နတ်လိုက လူလို၊ လူလိုက ဂြိုဟ်မ ၊ ကံဇာတာ ထ လာစေနိုင်သည်။ စုန်း ပယောဂ ၊ တစ္ဆေ ၊ မြေဖုတ် ဘီလူး ပူးကပ်လျှင် ဤသုတ်ဖြင့် ထုတ်ပစ်နိုင်သည်။ ပယောဂ ခွာဆေး တစ်မျိုး ဖြစ်ပေသည်။ ဤသုတ်ကို ရွတ်ပေးလျှင် လူနာကို အပ မမီနိုင်ပေ။

Min kun sayardawgyi ၇။ ဓဇဂ္ဂသုတ် .mp3



ဓဇဂ္ဂသုတ် ရွတ်ဖတ်ရခြင်း အကျိုး

ဤသုတ်ကို ရွတ်ဖတ်ပွားများလျှင် ပိုမို၍ ဉာဏ်ကောင်းလာစေနိုင်သည်။ မည်သည့်နေရာသို့ ဖြစ်စေ နေ့နေ့ညည တစ်ယောက်တည်း သွားရဲ ၊ လာရဲ၊ နေရဲ စေသည်။ စိတ်တန်ခိုးလည်း ကြီးလာလိမ့်မည်။ ပရိသတ် အလယ်မှာ ပြောရဲ ဆိုရဲရှိလာနိုင်သည်။ မိမိ၏ ဘ၀ အခြေအနေ ခိုင်မြဲစေသည်။ ရာထူး တည်မြဲရေး စည်းစိမ် တည်မြဲရေး အတွက် အကျိုးပြုလိမ့်မည် ဖြစ်သည်။

Min kun sayardawgyi ၆။ ၀ဋ္ဋသုတ် .mp3



ဝဋ္ဋသုတ် ရွတ်ဖတ်ရခြင်း အကျိုး

မီးဘေး လွတ်ကင်းစေနိုင်ပါသည်။ မိမိကိုယ်တိုင် မီးဘေး မသင့်ရအောင် မိမိ ရပ်ကွက် မီးဘေးကင်းအောင် သစ္စာပြုနိုင်သည်။

Min kun sayardawgyi ၅။ မောရသုတ် .mp3



မောရသုတ် ရွတ်ဖတ်ရခြင်း အကျိုး

ပီယဆေးခတ်ခြင်း ၊ ပုဏ္ဏကတိုက်ခြင်း စသည်ဖြင့် သူတစ်ပါးတို့က မကောင်းမကြံနိုင်အောင် ကာကွယ်နိုင်သည်။ အထူးသဖြင့် အပျိုရည် အပျို့ သိက္ခာကို မြတ်နိုးသော မိန်းကလေးများအတွက် အကာအကွယ်ကောင်းဖြစ်သည်။ အန္တရာယ်ပြုရန် တစ်စုံတစ်ယောက်က မိမိနောက်သို့ လိုက်နေသောအခါများတွင် ရွတ်နိုင်သည်။ သူတစ်ပါးက မိမိ၏ ရာထူး အခြေအနေ လျှောကျအောင် ကြံစည်နေလျှင်လည်း အကာအကွယ်ကောင်း တစ်ခု ဖြစ်ပေသည်။ လုပ်ကြံ သတ်ဖြတ်မှု မခံရအောင်လည်း စွမ်းပေသေးသည်။

Min kun sayardawgyi ၄။ ခန္ဓသုတ် .mp3



ခန္ဓသုတ် ရွတ်ဖတ်ရခြင်း အကျိုး

မြွေဘေး ကင်းနိုင်သည်။ အခြား အဆိပ်ရှိသော သတ္တ၀ါတို့ ဘေးမှလည်း လွတ်နိုင်သည်။ မြွေကိုက် ကင်းကိုက် ခံရသောအခါမျိုး၌လည်း အကြိမ်ကြိမ် ရွတ်နိုင်သည်။ ဘေးရန်ကို ကျော်လွန်နိုင်သည်။

Min kun sayardawgyi ၃။ မေတ္တသုတ်.mp3



မေတ္တသုတ် ရွတ်ဖတ်ရခြင်း အကျိုး

မေတ္တသုတ်ကို အမြဲမပြတ် ရွတ်ဖတ်လေ့ ရှိသူတို့မှာ အခြောက်အလှန့် မခံရခြင်း၊ အနာရောဂါ ကင်းခြင်း၊ အိပ်မက်ဆိုး နိမိတ်ဆိုး အတိတ်ဆိုးများ မတွေ့မကြုံရခြင်း၊ လူနတ်အများချစ်ခင်ခြင်း၊ အဆိပ် လက်နက် မစူးရှခြင်း၊ ရူးသွပ်သော ဝေဒနာ ကင်းခြင်းမှ စ၍ ဗြဟ္မာ့ဘုံ ရောက်သည်အထိ အကျိုးပေးနိုင်စွမ်း ရှိလေသည်။
Related Posts Plugin for WordPress, Blogger...