Pages

Monday, November 5, 2018

ဆန်းကြယ်သော ကောင်းကျိုးချမ်းသာ ဟူသမျှကို ပေးစွမ်းနိုင်သည့် မဟာပဋ္ဌာန်း ပူဇော်နည်း

ဆန်းကြယ်သော ကောင်းကျိုးချမ်းသာ ဟူသမျှကို ပေးစွမ်းနိုင်သည့်

  မဟာပဋ္ဌာန်း ပူဇော်နည်း

 

         ပဋ္ဌာန်းတရားတော်ကို မြတ်စွာဘုရားက မယ်တော်ဖြစ်ခဲ့ဖူးတဲ့ နတ်သားကို အကြောင်းပြုပြီး ဟောသောတရားဖြစ်သည် ။ မိခင်ရဲ့ ကျေးဇူးတရားကို အသိအမှတ်ပြု တုံ့ပြန်သော တရားဖြစ်သည် ။

         မိမိ လတ်တလော ရင်ဆိုင်နေရသော အခက်အခဲ မှန်သမျှ ပြေလည်စေတယ် ။ အနှောင့်အယှက် ပယောဂ ၊ ကျန်းမာရေးနဲ့ ညီညွတ်စေနိုင်သည် ။

         " ပုရေဇာတ ပစ္စယော " ဆိုတာ ရှေ့၌ ဖြစ်နှင့်၍ ကျေးဇူးပြုပါစေသတည်း ။

         " ပစ္ဆာဇာတ ပစ္စယော " ဆိုတာ နောက်မှ ကပ်၍ ကျေးဇူးပြုပါစေသတည်း ။

 

         ပထမဦးစွာ ဘုရားရှင်ကို ဆီမီး ၊ ရေချမ်း ၊ ပန်း ၊ အမွှေးနံ့သာတိုင်များကို ကပ်လှူပြီး ပဋ္ဌာန်းတရားတော်ကို ရွတ်ဖတ် ပူဇော်မည့်အကြောင်းကို အနှိုင်းမဲ့ ဘုရားရှင်အား ရိုရိုသေသေ လျှောက်ထားပါ ။

 

         ပြီးရင် ဘုရားရှင်ကို ဆွမ်းကပ်ပါ ။ ( ထောပတ်ထမင်းဆွမ်း ) ( ပိန္နဲသီးဆွမ်း ) ပြီးလျှင် ပုရေဇာတပစ္စယော ကို ရွတ်ဖတ်ပူဇော် ပုတီးစိပ်ပါ ။ ပုရေဇာတပစ္စယော ကို တန်ဆောင်မုန်းလမှာ ရွတ်ဖတ်ပူဇော် ပုတီးစိပ်ရပါမည် ။ ပိတောက်သား ပုတီးနဲ့ စိပ်ပါ ။ 

 

         ရွတ်ဖတ်ပူဇော်ပုံက - ပုတီးမစိပ်မီ ပုတီးခေါင်းကို ကိုင်ပြီး 

" ပုရေဇာတ ပစ္စယောတိ … ကိဉ္စိကာလေန ပုရေဇာတပစ္စယော "

 

         ပုရေဇာတပစ္စယော နိဒ္ဒေသ ( အကျယ် ) ကို တစ်ခေါက် ရွတ်ဆိုရပါမယ် ။ ပုရေဇာတပစ္စယောလို့ ဆိုပြီး ပုတီးတစ်လုံးချ ပုတီးတစ်ပတ် စိပ်ပါ ။ ရွတ်ဆိုမှု ( ၉ )ခေါက် ပုတီး ( ၉ ) ပတ် ဖြစ်မည် ။

 

         ထိုနည်းအတိုင်းပင် ပစ္ဆာဇာတပစ္စယော ကို တပေါင်းလ တစ်လလုံး ရွတ်ဆိုမှု ( ၉ ) ခေါက် ပုတီး ( ၉ ) ပတ် ရွတ်ဆို ပူဇော်ပုတီးစိပ်ပါ ။

 

         အဲဒီလို အဓိဋ္ဌာန် တစ်ခု အောင်မြင်ပြီဆိုရင် မိမိမှာ တစ်စုံတရာ အခက်အခဲ ကြုံပါက ပုရေဇာတ ပစ္စယော ကို မနက် ပုတီး ( ၉ ) ပတ် ၊ ပစ္ဆာဇာတ ပစ္စယောကို ညနေ ပုတီး ( ၉ ) ပတ် ( ၉ ) ရက်စိပ်ပြီး မေတ္တာပို့ အမျှဝေပါ ။ လိုရာဆုတောင်းပါ ။

 

ပဋ္ဌာန်း                  = ကြာသပတေး ၊ စနေ

ပုရေဇာတပစ္စယော   = ကြာသပတေး ၊ စနေ

ပစ္ဆာဇာတပစ္စယော    = ကြာသပတေး ၊ စနေ

ထောပတ် ထမင်း      = ကြာသပတေး ၊ စနေ


Related Posts Plugin for WordPress, Blogger...