Pages

Tuesday, December 26, 2017

ပါဠိ စာလုံးဆင့် ဖတ်နည်း ရှင်းတမ်း


ပါဠိ စာလုံးဆင့် ဖတ်နည်း ရှင်းတမ်း

 

၁ ။ နှစ်လုံးဆင့်မှာ ၊ အထက်သာ ၊ သတ်ပါ မြဲဧကန် ၊

၂ ။ သဝေလည်းထိုး ၊ တ - သတ်မျိုး ၊ 

     ဖတ်ရိုး စ - သတ်သံ ။

၃ ။ သဝေလည်းထိုး ၊ န - သတ်မျိုး ၊ 

     ဖတ်ရိုး င - သတ်သံ ။

၎ ။ သဝေရေးချ ၊ သတ်မြင်က ၊

     မှတ်ကြ ဝ - ဆွဲသံ ။

၅ ။ ဟထိုး ဝဆွဲ ၊ ရရစ် ယပင်း ၊ တွေ့လျင်းက ၊

     နှစ်ဝတာဝန် ၊ ကျေပွန်စေရန် ၊

     အသံ အသတ် ယူမြဲမှတ် ။

 

၁ ။ အဓိပ္ပာယ်မှာ - အက္ခရာ ၂ - လုံးဆင့် တွေ့လျှင် အပေါ်တွင်ရှိသော အထက် အက္ခရာကို အသတ်တင်၍ ဖတ် ၊ အသံ သေပြီ ၊ ရှေ့အက္ခရာနှင့် တွဲ၍ ဖတ်ရမည် ။ 

 ဥပမာ - သမန္တာ = သမန်တာ

 

၂ ။ အဓိပ္ပာယ်မှာ - သဝေထိုးနှင့် တွဲသော တ - သတ်ကို စ သတ်အသံ ထွက်၍ ဖတ်ရမည် ။

ဥပမာ - မေတ္တာ = မေတ်တာ ( မစ်တာ ဟု ဖတ် ) 

 မှတ်ချက် ။ ။ သဝေထိုးကို ပါဠိ၌ ဧ - သရဟုခေါ်သည် ။

 

၃ ။ အဓိပ္ပာယ်မှာ - သဝေထိုးနှင့်တွဲသော န - သတ်ကို င သတ် အသံထွက်၍ ဖတ်ရမည် ။

ဥပမာ - ပူရေန္တံ = ပူရေန်တံ ( ပူရင်တံ ဟု ဖတ် )

 

၎ ။ အဓိပ္ပာယ်မှာ - သဝေထိုးရေးချကို ဝဆွဲသံထွက်၍ ဖတ်ရမည် ။

ဥပမာ - ဟောန္တု = ဟောန်တု ( ဟွန်တု ဟု ဖတ် ) 

  မှတ်ချက် ။  ။ သဝေထိုးရေးချကို ပါဠိ၌ ဩ - သရ ဟု ခေါ်သည် ။

 

၅ ။ အဓိပ္ပာယ်မှာ - ဟထိုး ဝဆွဲ ရရစ် ယပင့် အက္ခရာစာလုံးများနှင့် တွဲသော အက္ခရာသည် အသတ်တာဝန်ကိုလည်း ယူရသည် ။ မိမိ၏ မူလအသံလည်း ထွက်ရသည် ။

ဥပမာ - အမှ = အမ်မှ

 

ဤ ပြယုဂ်တို့၌ ဟထိုးနှင့် တွဲသော မ ၊ ဏ ၊ န - အက္ခရာတို့သည် အသတ်တာဝန်ကိုလည်း ယူရသည် ။ မိမိ၏ မူလဗျည်း အသံလည်း ထွက်ရမည် ၊ အသတ်နှင့် အသံ တာဝန် ၂ - မျိုးကို ယူထားသည် ။ 

 

သကျ  = သက်ကျ

ဤ ပြယုဂ်တို့၌ ယပင့်နှင့် တွဲသော  က နှင့် သ တို့သည် အသတ်နှင့် အသံ တာဝန် - ၂ မျိုးကို ယူထားသည် ။ 

 

စကြာ  =  စက်ကြာ 

ဤ ပြယုဂ်တို့၌ ရရစ်နှင့် တွဲသော က နှင့် တ အက္ခရာတို့သည် အသတ်နှင့် အသံ တာဝန် ၂ - မျိုးကို ယူထားသည် ။

 

ကတွာ  =  ကတ်တဝါ

ဤ ပြယုဂ်တို့၌ ဝ - ဆွဲနှင့် တွဲသော တ - အက္ခရာတို့သည် အသတ်နှင့် အသံ ၂ - မျိုးကို ယူထားသည် ။

         မှတ်ချက် ။  ။ ဟထိုးသည် ဟ ၊ ယပင့်သည် ယ ၊ ရရစ်သည် ရကောက် ၊ ဝဆွဲသည် ဝ - အက္ခရာ၏ ကိုယ်စားလှယ်ဟု အသီးသီးမှတ် ။

 

ပါရမီ ဘုရားရှိခိုး အမျိုးမျိုးနှင့် ဝတ်ရွတ်စဉ် စာအုပ်မှ -

မြတ်စွာဘုရား ဥဒါန်းကျူးရင့်တော်မူခြင်း ဂါထာ


မြတ်စွာဘုရား ဥဒါန်းကျူးရင့်တော်မူခြင်းဂါထာ

 

         ၁ ။ အနေကဇာတိ သံသာရံ ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ ။

         ၂ ။ ဂဟကာရ ဂဝေသန္တော ၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ ။

၃ ။ ဂဟကာရက ဒိဋ္ဌောသိ ၊ ပုန ဂေဟံ နကာဟသိ ။

၎ ။ သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ ၊ ဂဟကုဋံ ဝိသင်္ခတံ ။

၅ ။ ဝိသင်္ခါရ ဂတံ စိတ္တံ ၊ တဏှာနံ ခယ မဇ္ဈဂါ ။

 

  ယသ္မာ - အကြင်အကြောင်းကြောင့် ၊ ပုနပ္ပုနံ - အဖန်တလဲလဲ ၊ ဇာတိ - ပဋိသန္ဓေနေရခြင်းသည် ၊ ဒုက္ခာ - ပင်ပန်းဆင်းရဲ ငြိုငြင်ခြင်း ဖြစ်ရပေ၏ ။ တသ္မာ - ထိုသို့ ဆင်းရဲခြင်း ဖြစ်ရသည့် အကြောင်းကြောင့် ၊ ဂဟကာရံ - ခန္ဓာအိမ်ကို ကြိမ်ဖန်များစွာ ဆောက်လုပ်၍ လာသော တဏှာ ယောက်ျား သင်လက်သမားကို ၊ ဂဝေသန္တော -  ဉာဏ်ဖြင့် မွှေ၍ ရှာဖွေအပ်သော ငါသည် ၊ အနိဗ္ဗိသံ အနိဗ္ဗိသန္တော - သင့်ကို မြင်နိုင်ဉာဏ်မဏ္ဍိုင်ကို မပိုင်ရသေးသောကြောင့်သာလျှင် ၊ အနေကဇာတိ သံသာရံ - ဘဝများစွာ သံသရာကာလပတ်လုံး ၊ သန္ဓာဝိဿံ - သံသရာ၌ ကျင်လည်၍ ပြေးခဲ့ရလေပြီ ။ ဂဟကာရက - ခန္ဓာအိမ်ကို အကြိမ်များစွာ ဆောက်လုပ်လာသော တဏှာယောက်ျား လက်သမား ၊ တွံ - သင် , တဏှာယောက်ျားကို ၊ ဒိဌော - ပညာစက္ခု သဗ္ဗညုဖြင့် ယခုငါသည် မြင်အပ်ပြီးသော သူသည် ၊ အသိ - ဖြစ်၏ ။ ပုန - တဖန် ၊ ဂေဟံ - အတ္တဘောတည်းဟူသော ခန္ဓာအိမ်ကို ၊ န ကာဟသိ - သင်မပြုလုပ်ရတော့ လတ္တံ့ ။ တေ - တဏှာယောက်ျား သင်လက်သမား၏ ၊ သဗ္ဗာ - ခပ်သိမ်းကုန်သော ၊ ဖာသုကာ - ကိလေသာတည်းဟူသော အိမ်၏ အခြင်တို့ကို ၊ ဘဂ္ဂါ - ငါသည် ချိုးဖျက် အပ်ကုန်ပြီ ။ ဂဟကုဋံ - အဝိဇ္ဇာတည်းဟူသော အိမ်၏ အထွတ်တို့ကို ၊ ဝိသင်္ခတံ - ဖျက်ဆီးအပ်ကုန်ပြီ ။ မေ - ငါ၏ ၊ စိတ္တံ - စိတ်သည် ၊ ဝိသင်္ခါရံ - ပြုခြင်းကင်းသော နိဗ္ဗာန်သို့ ၊ ဂတံ - အာရုံပြုသောအားဖြင့် ရောက်ပြီ ။ တဏှာနံ - တဏှာတို့၏ ၊ ခယံ  - ကုန်ရာကုန်ကြောင်းဖြစ်သော အရဟတ္တဖိုလ်သို့ ၊ အဇ္ဈဂါ - ရောက်လေပြီ ။

  

     တဏှာ၏ ကုန်ရာဖြစ်သော ဝိပဿနာတရားတို့ကို ပွားများအားထုတ်ကြနိုင်ပါစေသောဝ် …. ။


 မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဉာတပရိညာ စာအုပ်မှ ကူးယူဖော်ပြပါသည် ။


Wednesday, December 20, 2017

စွန်းလွန်းဆရာတော်ဘုရားကြီး၏
ထေရုပ္ပတ္တိအကျယ်
တရားတော်များစာအုပ်မှ 

သားလေး ၂ ယောက်မွေးနေ့များအတွက် 
အမှတ်တရ ဒါန

စာအုပ်ကူးယူရန် link ပါ















Monday, November 20, 2017

ပါဠိဖတ်ရန် အခြေခံနည်း

ဘုရားစာများ ရွတ်ဖတ် ပူဇော်ရာ၌ အသံထွက် အခက်အခဲ ရှိသူများ အဆင်ပြေစေရန်အလို့ငှာ ရှာဖွေ ဖော်ပြပေးလိုက်ပါတယ် ...

Monday, November 6, 2017

ဘာလုပ်လုပ် အဆင်မချောသူများအတွက်

ဘာလုပ်လုပ် အဆင်မချောသူများအတွက်

ဝစသာ မနသာ စေဝ ၊
ဝန္ဒာမေ တေ တထာဂတေ ၊
သယနေ အာသနေ ဌာနေ ၊
ဂမနေ စာပိ သဗ္ဗဒါ ။

အနက် ။ ။ ကျွန်ုပ်သည် အိပ်နေသောအခါ၌ ဖြစ်စေ ၊ ထိုင်နေသောအခါ၌ ဖြစ်စေ ၊ ရပ်နေသောအခါ၌ ဖြစ်စေ ၊ လမ်းသွားသောအခါ၌ ဖြစ်စေ မည်သည့်အခါ၌မဆို ထို ဘုရားရှင်အား နှုတ်ဖြင့် လည်းကောင်း ၊ စိတ်ဖြင့် လည်းကောင်း အမြဲမပြတ် ရှိခိုးပါ၏ ။

နေ့စဉ် မနက်တိုင်း ပုတီး ( ၁ ) ပတ် စိပ်ပေးပါ ။
သတိရတိုင်းလည်း ခေါက်ရေ သတ်မှတ်ချက် မထားဘဲ ရွတ်ပေးပါ ။

လိုက်နာရမှာက -
( ၁ ) အမဲသားကို တစ်နှစ်လုံး မစားရ ။
( ၂ ) မနက်တိုင်း ၁၀၈ လုံး ပုတီးနဲ့ ဂါထာ တစ်ပုဒ်ဆုံး တစ်လုံးချပြီး ပုတီးတစ်ပတ် စိပ်ရပါမည် ။
( ၃ ) မွေးနေ့ မနက်စောစော နွားနို့တစ်ခွက် ၊ လက်ဖက်ရည် တစ်ခွက် ၊ ကော်ဖီတစ်ခွက် စုစုပေါင်း ၃ ခွက် တင်လှူပြီး ဆုတောင်းပါ ။ တစ်ပတ်တစ်ခါ လုပ်ပါ ။
ကပ်လှူပူဇော်ရမှာက ၉ ပတ်တိတိ ၊ ပုတီးစိပ်တာက အခက်အခဲတွေ ပြဿနာတွေ အားလုံးရှင်းသွားတဲ့အထိပါ ။

ဒီအစီအရင်ကို လုပ်ပေးနိုင်တဲ့သူဟာ အတိုက်အခံ ကင်းခြင်း ၊ လူချစ်လူခင်များခြင်း ၊ ဘေးဆိုးအမျိုးမျိုးမှ လွတ်ခြင်း ၊ စိတ်ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်း သူတော်ကောင်းနှင့် တွေ့ရခြင်း ၊ သူယုတ်မာနှင့် လွဲရခြင်း ၊ အခွင့်အရေး / အခွင့်အလမ်းတွေ ပွင့်ခြင်း ၊ ငွေကြေးလာဘ်လာဘ ရွှင်ခြင်း စတဲ့ အကျိုးတရားများ မုချ လက်ငင်း ရရှိခံစားရမည် ။


Pg - 3
သတိုးစော ( သုံးဖက်လှ )
5 Sep 2008
No , 279 နေလဂျာနယ်

Sunday, October 15, 2017

အဘဘိုးမင်းခေါင် ပုတီးစိပ်

အဘဘိုးမင်းခေါင် ပုတီးစိပ်

သုတေသီမြင့်ထွန်း

အစွမ်းထက်သောပုတီးစိပ် စာအုပ်မှ ထုတ်နုတ်ဖော်ပြထားပါသည် ။

Saturday, April 1, 2017

နမောငါးချက် စီးပွားတက်

နမောငါးချက် စီးပွားတက်

နေ့အလိုက် ရွတ်ပွားရမည့် နမောငါးချက် ဂါထာတော်များကို မရွတ်ပွားမီ
ဘုရားတပည့်တော်သည် ယခုအချိန်မှ စ၍ ၇ရက်တိတိ နေ့စဉ် နံနက်တိုင်း
ဘုရားရှင်အား ပန်း ၊ ရေချမ်း ၊ အမွှေးတိုင် ၊ အလင်းတိုင်တို့ကို မှန်မှန်
ဝတ်မပျက် လှူဒါန်းပါမည် ။
သတ္တဝါများအားလည်း အစာရေစာများ ကြဲပက် ကျွေးမွေးပါမည် ။ ပျက်ကွက်မှု
မရှိအောင် ဆောင်ရွက်ပါမည် ။ ပြီးလျှင် နမောငါးချက် စီးပွားတက်
ဂါထာတော်ကိုလည်း သက်စေ့ခေါက်ရေ ရွတ်ပူဇော်ပါမည် ။ ဤ အကျိုးကြောင့်
ဝင်ငွေကောင်း ရပါလို၏ဘုရား ။ စီးပွားတက်ရပါလို၏ ဘုရား ဟု ဆုတောင်းပါ ။


တနင်္ဂနွေ သား/သမီး

နမောတဿ ၊ နမော ဘဂဝတော ၊ နမော အရဟတော ၊
နမော သမ္မာသမ္ဗုဒ္ဓဿ ၊ နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၊
အရဟံ သိဒ္ဓိ ။


တနင်္လာ သား/သမီး

နမောတဿ ၊ နမော ဘဂဝတော ၊ နမော အရဟတော ၊
နမော သမ္မာသမ္ဗုဒ္ဓဿ ၊ နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၊
သမ္မာသမ္ဗုဒ္ဓေါ ဘဂဝါ သိဒ္ဓိ ။


အင်္ဂါ သား/သမီး

နမောတဿ ၊ နမော ဘဂဝတော ၊ နမော အရဟတော ၊
နမော သမ္မာသမ္ဗုဒ္ဓဿ ၊ နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၊
ဝိဇ္ဇာစရဏ သမ္ပန္နော သိဒ္ဓိ ။


ဗုဒ္ဓဟူး သား/သမီး

နမောတဿ ၊ နမော ဘဂဝတော ၊ နမော အရဟတော ၊
နမော သမ္မာသမ္ဗုဒ္ဓဿ ၊ နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၊
သုဂတော ဗုဒ္ဓေါ သိဒ္ဓိ ။


ကြာသပတေး သား/သမီး

နမောတဿ ၊ နမော ဘဂဝတော ၊ နမော အရဟတော ၊
နမော သမ္မာသမ္ဗုဒ္ဓဿ ၊ နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၊
လောကဝိဒူ သိဒ္ဓိ ။


သောကြာ သား/သမီး

နမောတဿ ၊ နမော ဘဂဝတော ၊ နမော အရဟတော ၊
နမော သမ္မာသမ္ဗုဒ္ဓဿ ၊ နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၊
အနုတ္တရော ပုရိသ ဒမ္မသာရထိ သိဒ္ဓိ ။


စနေ သား/သမီး

နမောတဿ ၊ နမော ဘဂဝတော ၊ နမော အရဟတော ၊
နမော သမ္မာသမ္ဗုဒ္ဓဿ ၊ နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၊
သတ္ထာဒေဝမနုဿာနံ သိဒ္ဓိ ။
Related Posts Plugin for WordPress, Blogger...