Pages

Monday, April 2, 2012

လာဘ်လာဘအဖွင့် ၀တ်ရွတ်စဉ် ဂါထာများ

လာဘ်လာဘအဖွင့် ၀တ်ရွတ်စဉ် ဂါထာများ

၁။ နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓ ။

၂။ ဗုဒ္ဓေါမေ သရဏံ အညံ နတ္ထိ - ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဓမ္မောမေ သရဏံ အညံ နတ္ထိ - ဓမ္မံ သရဏံ ဂစ္ဆာမိ ။
သံဃောမေ သရဏံ အညံ နတ္ထိ - သံဃံ သရဏံ ဂစ္ဆာမိ ။
ဧတေန သစ္စ၀ဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ။

၃။ ဗုဒ္ဓတေဇေန - - - - - အရိန္ဒမော ။
ဓမ္မတေဇေန - - - - - မဟာလာဘော ။
သံဃတေဇေန - - - - - မဟာယသော ။
ဧတေန သစ္စ၀ဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ ။

၎။ ဗုဒ္ဓေါ မေ ရက္ခတု နိစ္စံ ။
ဓမ္မော မေ ရက္ခတု သဒါ ။
သံဃော မေ ရက္ခတု ဒိနေ ၊ ဒီဃာ ယုကော သတံ ဘဝေ ။

၅။ ဧ၀ံ အစိန္တိယာ ဗုဒ္ဓါ ၊ ဗုဒ္ဓဂုဏာ အစိန္တိယာ ။
အစိန္တိယေ ပဿန္နာနံ ၀ိပါကော ဟောတု အစိန္တိယာ ။
ဧ၀ံ အစိန္တိယာ ဓမ္မာ ၊ ဓမ္မဂုဏာ အစိန္တိယာ ။
အစိန္တိယေ ပဿန္နာနံ ၀ိပါကော ဟောတု အစိန္တိယာ ။
ဧ၀ံ အစိန္တိယာ သံဃာ ၊ သံဃဂုဏာ အစိန္တိယာ ။
အစိန္တိယေ ပဿန္နာနံ ၀ိပါကော ဟောတု အစိန္တိယာ ။

၆။ ဥုံ - တုဋ္ဌေဟိ တုဋ္ဌေဟိ မမ တုဋ္ဌေဟိ ပိယေဟိ ပိယေဟိ
မမ ပိယေဟိ သိန္နေဟံ သိန္နေဟံ မမ သိန္နေဟံ ရာဇစိတ္တံ
ပိယံမှိုင်းမှိုင်း ၊ ဒေ၀စိတ္တံ ပိယံမှိုင်းမှိုင်း ၊ ပုရိသစိတ္တံ ပိယံမှိုင်းမှိုင်း ၊
ဣတ္ထိစိတ္တံ ပိယံမှိုင်းမှိုင်း ၊ သဗ္ဗစိတ္တံ ပိယံမှိုင်းမှိုင်း ဩောင်း
ချဉ်းဆရာချဉ်း ကပ်ဆရာကပ် ။

၇။ ဥုံ - ဣမံ ကာယဗန္ဓနံ ပိယံမမကပ် ။

၈။ ဥုံ - ပဉ္စဗုဒ္ဓါနုဘာဝေန ပဉ္စဂုဏာနုဘာဝေန စည်ပင်သာယာ
ရပ် - ရှစ် - မျက်နှာက လာဆြာလာ ၀င်ဆြာဝင် ။

၉။ ဥုံ - သူရဿတီ ဒေ၀ါနံ ရုက္ခာ ဒေ၀ါနံ အာကာသ ဒေ၀ါနံ
အာလောက ဒေ၀ါနံ သမဏဗြဟ္မာနံ အမစ္စ ရာဇာနံ
သဗ္ဗဣတ္ထီနံ သဗ္ဗပုရိသာနံ သဗ္ဗဘောဂါနံ သဗ္ဗလာဘာနံ
သဗ္ဗဓနာနံ ဧဟိ ဧဟိ ဗလံကပ် ။

၁၀။ ဥုံ - သူရဿတီစ မေ မာတာ
မာတာစ မေ သူရဿတီ ဒေ၀ီ ၊
အနုကမ္ပံ ဥပါဒါယ လာဘံမေ ဒေဟိ ဒေဟိ ဧဟိ ဧဟိ ။

၁၁။ ဥုံ - သဗ္ဗဟိတ မင်္ဂလာနိ ပုညာဘိ သီရိသောဘဏီ ။
သူရဿတီစ မေမာတာ နိစ္စံရက္ခန္တုမံ သဒါ ။

အားလုံး စုစုပေါင်း (၁၁)ပုဒ် အစဉ်အတိုင်း ရွတ်ပါမှ စွမ်းအား တစ်ခုဖြစ်၏ ။ ပါဝါ တစ်ခု တက်၏ ။ အစဉ်အတိုင်း မဟုတ်ဘဲ ကွက်ကျော် ရွတ်ပါက ဘာစွမ်းအားမှ ရမည် မဟုတ်ပါ။ ထို့ကြောင့် အစမှ အဆုံးတိုင် အစဉ်အတိုင်းသာ ရွတ်ဖတ် သရဇ္ဈာယ်ရပါမည်။
၁။ ပထမဦးစွာ - ဘုရား - တရား - သံဃာ - မိဘ - ဆရာ အနန္တောအနန္တငါးပါးအား ( မိမိတတ်နိုင်သရွေ့ ) ဆွမ်း - ရေချမ်း - ပန်း - အမွှေးတိုင် - ဖယောင်းတိုင် - တစ်မျိုးလျှင် ( ၅ ) ခုစီ ကပ်လှူပူဇော် လိုရာဆုတောင်းပါ ။
၂။ ဒုတိယ - ဘုရားထံမှာ ( ၅ )ပါး သီလ ခံယူပါ။
၃။ တတိယ - ( အမျိုးဘာသာ သာသနာအတွက် အရပ် (၄) မျက်နှာမှ လည်းကောင်း ၊ အရပ် (၈)မျက်နှာမှ လည်းကောင်း ၊ အရပ် (၁၀)မျက်နှာမှ လည်းကောင်း ၊ အလုံးစုံသော လာဘ်လာဘ ၀င်ငွေ စီးပွား ဥစ္စာ ရတနာ အဖြာဖြာတို့သည် ၀င်လာမစဲ တသဲသဲ ရောက်လာကြပါစေသတည်း ။ ) ဟု (၁၂) ခါ ဆိုပါ ။
၎။ စတုတ္ထ - ထို ဘုရားစင်ရှေ့မှာပင် တစ်ထိုင်တည်းနှင့် ဂါထာကို အစဉ်အတိုင်း (၉)ခေါက် ၊ အများဆုံး (၁၂)ခေါက် ရွတ်ဖတ် သရဇ္ဈာယ်ရပါမည်။ ထို့ထက် မပိုစေရ ။
၅။ ပဉ္စမ - ရွတ်ဖတ် သရဇ္ဈာယ်ပြီးတိုင်း သူရဿတီ မယ်တော် နတ်သမီး အမှူးရှိသော ဤကမ္ဘာအတွင်း ၊ ဤ စကြာဝဠာအတွင်း တည်ရှိကြကုန်သော အလုံးစုံသော သမ္မာဒေ၀နတ်များ ၊ သာသနာတော်စောင့်နတ်များ ၊ အလုံးစုံသော သတ္တ၀ါအားလုံးအား အမျှ (၃)ခါ ဝေပါ။ မေတ္တာ (၉)ခါ ပို့ပေးပါ ။

မှတ်ချက် ။ ။ ရွတ်ဖတ်သရဇ္ဈာယ်ရာမှာ အသံကျယ်ကျယ် မရွတ်ရပါ။ မိမိတစ်ကိုယ်ကြား အသံတိုးတိုးသာ ရွတ်ရပါမည် ။ ရွတ်လျှင် ( ခပ်မြန်မြန် မရွတ်ရ။ )

( ပုံမှန် သံမှန်အတိုင်း မမြန်လွန်း ၊ မနှေးလွန်း ) အနေတော် ရွတ်ရပါမည် ။ ဤကဲ့သို့ ညွှန်ကြား ပြသသည့်အတိုင်း တစ်သဝေမတိမ်း လိုက်နာဆောင်ရွက်ပါက တစ်နေ့တခြား ကျက်သရေ မင်္ဂလာ အဖြာဖြာများ တိုးတက် စည်ကားလာပါလိမ့်မည်။ ပြောတိုင်းအောင်မြင်လာလိမ့်မည်။ တောင်းတိုင်းလည်း ရလိမ့်မည်။ တမ်းတတိုင်းလည်း ရောက်လာလိမ့်မည် ။

တစ်နေ့တခြား ကြံစည်တိုင်းလည်း ပြီးစီးလာလိမ့်မည် ။ မိမိအား နတ်ကောင်းနတ်မြတ်များ ကူညီ မ စ စောင့်ရှောက်ကြလိမ့်မည် ။ လူချစ်လူခင် အလွန်များပြားလာလိမ့်မည်။ နတ်ကောင်းနတ်မြတ်များ ချစ်ခင်လာလိမ့်မည်။ ကောင်းသော အိပ်မက်များလည်း မက်လာလိမ့်မည်။ ၀င်ငွေ လာဘ်လာဘများ တစ်နေ့တခြား တိုးတက်ရရှိလိမ့်မည် ။ ရန်သူများပင် ချစ်ခင်လာလိမ့်မည်။
ဘယ်အရပ်ဒေသကို ခရီးထွက်သည် ဖြစ်စေ ၊ ရန်သူမျိုး ငါးပါး အန္တရာယ်များမှ ကင်းဝေးလိမ့်မည် ။ အမှုပြဿနာ မှန်သမျှ ကင်းရှင်းရပြီး ၊ ကိုယ်စိတ်ချမ်းသာမှု ရရှိပါလိမ့်မည် ။ အရောင်း အ၀ယ် လုပ်ငန်းများ ၊ စီးပွားရေး လုပ်ငန်းများ ၊ တခြား ကြီးကျယ်သော ကုမ္ပဏီလုပ်ငန်းကြီးများ ၊ အစုရှယ်ယာလုပ်ငန်းကြီးများ ၊ အောင်မြင်တိုးတက်ကြီးပွားမှု ရပါလိမ့်မည်။ ရှင်ဘုရင် ၊ မင်းစိုးရာဇာ ၊ အာဏာပိုင်များ အထူးချစ်ခင် လေးစားလာရလိမ့်မည် ဖြစ်ပါသည် ။ ထို့ကြောင့် ဒါယကာ ၊ ဒါယိကာမများသည် ဆရာတော် ညွှန်ကြားပြသသော နည်းနာနိဿယတို့ကို မသွေမတိမ်း ဆောင်ရွက် လုပ်ကိုင် လိုက်နာကြပါက အကျိုးအာနိသင် ထူးခြားစွာ ခံစားရမည်မှာ မလွဲဧကန် အမှန်ဖြစ်ပါလိမ့်မည် ။

No comments:

Related Posts Plugin for WordPress, Blogger...