Pages

Monday, December 6, 2010

Great Buddha landmark

Buddha on Mandalay Hill


























via burmaborn.com မှ ကူးယူ ပူဇော်ပါသည်။

ရွှေတိဂုံစေတီတော် နှင့် ဘုရားရှိခိုး




via burmaborn.com မှ ကူးယူ ပူဇော်ထားပါသည်။






















ရွှေတိဂုံစေတီတော် ဘုရားရှိခိုး

အောင်ကြောင်းမင်္ဂလာ ၊ အောင်ဇေယျာတည့် ၊ မဟာမုနိ ၊ တုမရှိလျှင် ၊ ဗောဓိညောင်ရွှေ ၊ ပလ္လင်မြေမှ ၊ လှည့်ချွေစိုးစံ ၊ သတ်ဌာနံတွင် ၊ ခက်လျှံညွန့်ဝေ ၊ လင်းလွန်းမြေ၀ယ် ၊ နေစဉ်အခါ ၊ ဥက္ကလာမှ ၊ သမ္ဘာတူးလှ ၊ တဖုဿနှင့် ၊ ဘလ္လိကမောင် ၊ ညီနှင့်နောင်တို့ ၊ ဘုန်းခေါင်ထံပါး ၊ ရောက်လာငြား၍ ၊ နှစ်ပါးမွှေးထုံ ၊ သရဏဂုံနှင့် ၊ ရှစ်စုံဆံမြတ် ၊ သရီရဓာတ်ကို ၊ ရလတ်သောအခါ ၊ မင်းမြတ်စွာနှင့် ၊ ဒေ၀ါအများ ၊ မိုဃ်းသိကြားတို့၊ ကြိုးစားမယုတ် ၊ လွန်အားထုတ်၍ ၊ သိင်္ဂုတ်တောင်တွင် ၊ တိဂုံရှင်ကို ၊ ဖူးမြင်စေငှာ ၊ ဌာပနာ၏ ၊ ရှေးခါရိတ်မြုံ ၊ စံကြတုံသည် ၊ သံ.ဂုံ.ပ.ရှင် ၊ ထွတ်သခင်တို့ ၊ နောင်လျှင်မျှော်ဆ၊ ကောင်းကျိုးရဖို့ ၊ ဓမ္မကရိုက် ၊ ခြောက်ရောင်ဆိုင်နှင့် ၊ လင်းပိုင်ရေသနုပ် ၊ ဆန်းစွာလုပ်သည့် ၊ လက်ဆုပ်တောင်ဝှေး ၊ ဂုဏ်ရောင်ပြေးလျက် ၊ ကြိုင်မွှေးပျံ့သင်း ၊ ဤတောင်မင်း၌ ၊ သီတင်းသုံးရာ ၊ မှန်ခဲ့ပါ၏ ၊ လေးခြာစုပုံ ၊ တေးဓာတ်စုံသား ၊ တိဂုံဆံရှင် ၊ မြတ်သခင်ကို အိပ်လျှင်ရှိခိုး ၊ နီးလျှင် ဓိဋ္ဌာန်ပြည်နိဗ္ဗာန်ကို ၊ အမှန်ရောက်ရပါလိုသော မြတ်ရှင်စော ၊ ဩကာသ ၊ ဩကာသ ၊ ဩကာသ ။

ဘုရားရှိခိုး အမျိုးမျိုး-မူဟောင်းနှင့် ၀တ်ရွတ်စဉ် စာအုပ်မှ...
Related Posts Plugin for WordPress, Blogger...