Pages

Monday, March 26, 2018

ရှင်အရဟံ ပုတီးစိပ်နည်းသည်


ရှင်အရဟံ ပုတီးစိပ်နည်းသည် အလုံးရေ ၂၀၂ ရှိပါတယ် ... ဆရာကြီး ဦးဆန်းထွန်း ( မန်းတက္ကသိုလ် ) ၏ ဂါထာတော်များ သိဒ္ဓိမြောက်စေရန် နည်းအရ ရှင်အရဟံပုတီးစိပ်နည်းကို ၄၉ ၅၁ ကြိမ် ရွတ်ရပါမည် ။ 

ဘုရားစာများ ပြန်လည် ဖတ်ကြည့်ရင်း တွက်ချက်ကြည့်မိခြင်း ဖြစ်ပါတယ် ... ဂါထာတစ်ခုကို ထုံနေအောင် များများရွတ်ဖတ်ပေးပါက အကျိုးထူးစေပါတယ် ... 

ဂါထာတော်များ သိဒ္ဓိမြောက်စေရန်

" အကြိမ် တစ်သန်း ရွတ်သောကြောင့် အက္ခရာ တစ်လုံး ရှိသော မန္တရား အကျိုးပြီးမြောက် သိဒ္ဓိပေါက်၏ ။ အက္ခရာတိုးသည်နှင့်အမျှ ရွတ်ကြိမ်လျှော့သွားသည် ။ ထိုနည်းဖြင့် အခြားအခြားသော မန္တရားတို့၏ ရွတ်ကြိမ်ကို အဘယ်မျှဟု သုံးချက်တွက်နည်းဖြင့် တွက်၍ အတက်အဆုတ်ကို ကြံစည် သိမှတ်ရာ၏ ။ "

ဗုဒ္ဓ = အကြိမ် ငါးသိန်း

လောကဝိဒူ = အကြိမ် နှစ်သိန်း ငါးသောင်း

*** သတိပြုရန်မှာ ... ရွတ်ဖတ်ရမည့် အက္ခရာသည် " မ " ဖြစ်နေလျှင် ရှေ့တစ်ခု တိုး၍ " စုံ " ဟု မှတ်ရမည် ။

" နမော ဗုဒ္ဓါယ သိဒ္ဓံ " = ၇ လုံး ( မ ) = ၈ လုံး ( တစ်လုံးတိုး စုံ )

၁၀၀၀၀၀၀ / ၈ = ၁၂၅၀၀ ကြိမ် ရွတ်လျှင် သိဒ္ဓိမြောက်၏ ။

ဆရာကြီး ဦးဆန်းထွန်း ( မန်းတက္ကသိုလ် ) 
စာ - ၁၀၄ ၊ နက္ခတ္တရောင်ခြည် မဂ္ဂဇင်း
ဩဂုတ် ၊ ၁၉ ၉ ၆


ရှင်အရဟံ ပုတီးစိပ်နည်း ( အနန္တ မန္တာန်တော်ကြီး )


၁ ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ နာမ ရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ ။
ဗုဒ္ဓံ - မြတ်စွာဘုရားကို ၊ သရဏံ - ကိုးကွယ်ရာ ဟူ၍ ၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏ ။ နာမရူပံ - နာမ် ရုပ်သည် ၊ အနိစ္စံ - အမြဲ မရှိ ။ ဒုက္ခံ - ဆင်းရဲ၏ ။ အနတ္တာ - အနှစ်ကင်းပ အစိုးမရ ။
၂ ။ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ နာမ ရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ ။

ဓမ္မံ - တရားတော်မြတ်ကို ၊ သရဏံ - ကိုးကွယ်ရာ ဟူ၍ ၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏ ။ နာမရူပံ - နာမ် ရုပ်သည် ၊ အနိစ္စံ - အမြဲ မရှိ ။ ဒုက္ခံ - ဆင်းရဲ၏ ။ အနတ္တာ - အနှစ်ကင်းပ အစိုးမရ ။

၃ ။ သံဃံ သရဏံ ဂစ္ဆာမိ ၊ နာမ ရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ ။

သံဃံ - သံဃာတော်မြတ်ကို ၊ သရဏံ - ကိုးကွယ်ရာ ဟူ၍ ၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏ ။ နာမရူပံ - နာမ် ရုပ်သည် ၊ အနိစ္စံ - အမြဲ မရှိ ။ ဒုက္ခံ - ဆင်းရဲ၏ ။ အနတ္တာ - အနှစ်ကင်းပ အစိုးမရ ။
၎ ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ ၊ နာမ ရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ ။

ဗုဒ္ဓံ - မြတ်စွာဘုရားကို ၊ သရဏံ - ကိုးကွယ်ရာ ဟူ၍ ၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏ ။ ဓမ္မံ - တရားတော်မြတ်ကို ၊ သရဏံ - ကိုးကွယ်ရာ ဟူ၍ ၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏ ။ သံဃံ - သံဃာတော်မြတ်ကို ၊ သရဏံ - ကိုးကွယ်ရာ ဟူ၍ ၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏ ။ နာမရူပံ - နာမ် ရုပ်သည် ၊ အနိစ္စံ - အမြဲ မရှိ ။ ဒုက္ခံ - ဆင်းရဲ၏ ။ အနတ္တာ - အနှစ်ကင်းပ အစိုးမရ ။
၅ ။ စက္ကဝါဠေသု ၊ အနန္တေသု ။
အာကသေ ၊ အနန္တေ တထာ ။
သတ္တနိကာ ၊ အနန္တာစ ။
သမ္ဗုဒ္ဓေ ဉာဏ အနန္တာ ။
အနန္တေသု - အဆုံး အပိုင်းအခြား မရှိကုန်သော ၊ စက္ကဝါဠေသု - စကြာဝဠာတိုက်တို့၌ လည်းကောင်း ၊ တထာ - ထိုမှတစ်ပါး ၊ အနန္တေ - အနန္တေသု - အဆုံး အပိုင်းအခြား မရှိကုန်သော ၊ အာကာသေ - အာကာသေသုစ - ကောင်းကင်တို့၌ လည်းကောင်း ၊ သတ္တနိကာ - သတ္တဝါအပေါင်းတို့သည်လည်း ၊ အနန္တာ - အဆုံး အပိုင်းအခြား မရှိကုန် ။ သမ္ဗုဒ္ဓေစ - သစ္စာသိမြင် ဘုရားရှင်တို့သည်လည်း ၊ ဉာဏ - ဉာဏာ - ဉာဏ်တော်တို့သည် ၊ အနန္တော - အဆုံးအပိုင်းအခြား မရှိကုန် ။

၆ ။ အနန္တံ ဗလဝံ ဗုဒ္ဓံ ၊ အနန္တံ ဂေါစရံ ဓမ္မံ ။
အနန္တံ အရိယံ သံဃံ ၊ အနန္တံ ဗောဓိ မုတ္တမံ ။
ဗလဝံ - အားတော် ဆယ်တန် ၊ ဉာဏ်တော် ဆယ်ပါး နှင့် ပြည့်စုံတော် မူသော ၊ ဗုဒ္ဓံ - မြတ်စွာဘုရားသည် ၊ အနန္တံ - အတိုင်းမသိ တန်ခိုးတော် ကြီးမြတ်လှပါပေ၏ ။
ဂေါစရံ - မဂ်ဉာဏ် ဖိုလ်ဉာဏ် တို့၏ ကျက်စားရာဖြစ်သော ၊ ဓမ္မံ - တရားတော်မြတ်သည် ၊ အနန္တံ - အတိုင်းမသိ တန်ခိုးကြီးမြတ်လှပါပေ၏ ။
အရိယံ - မဂ္ဂဋ္ဌာန် ၊ ဖလဋ္ဌာန် ရှစ်တန်ထင်ပေါ် အရိယာ ဖြစ်တော်မူသော ၊ သံဃံ - သံဃာတော်မြတ်သည် ၊ အနန္တံ - အတိုင်းမသိ တန်ခိုးတော် ကြီးမြတ်လှပါပေ၏ ။

၇ ။ အာဂေစၧယ် သေဗၺေဒဝါ ၊
အာယုုဝေဏၰာ သုုခံဗလံ ၊
သဗၺသိဒၶိ မဟိဒၶိကာ ၊
ဇယေတဇ ၊ ဒသဒိသာ ။
ဘဝတြ မမ သဗၺဒါ ။ ။
သဗ္ဗေ - အလုံးစုံကုန်သော ၊ ဒေဝါ - နတ်တို့သည် ၊ အာဂစ္ဆေယျ - လာရာ၏ ။ အာယုဝဏ္ဏော သုခံ ဗလံ - အသက်ရှည်ခြင်း ၊ အဆင်းလှခြင်း ၊ ခွန်အားကြီးခြင်း ၊ ချမ်းသာကြီးခြင်း ၊ ဉာဏ်ပညာ ကြီးခြင်းသည် ၊ သဗ္ဗသိဒ္ဓိ - အလုံးစုံသော သိဒ္ဓိပြီးမြောက်သည် ဖြစ်၍ ၊ မဟိဒ္ဓိကာ - ကြီးမားသော တန်ခိုး ရှိ၏ ။ မမ - ကျွနု်ပ်အား ၊ ဒသဒိသာ - အရပ်ဆယ်မျက်နှာမှ ၊ ဘယံ - ဘေး ဟူသမျှသည် ၊ တေဇသာ - တေဇေန - တန်ခိုးအားဖြင့် ၊ ဇယ ဇယတု - အောင်ပါစေသတည်း ။ မမ - ကျွနု်ပ်အား ၊ သဗ္ဗဒါ - နေ့ရော ညဥ့်ပါ ဘယ်ခါ မပြတ် အခါခပ်သိမ်း ၊ ဘဝတု - တောင်းတတိုင်း ပြည့်စုံပါစေသတည်း ။ ။


အထက်ပါ ပုတီးစိပ်နည်းကို နေ့စဉ် စွဲမြဲပြီး အမြဲစိပ်ပါက အသက်ရှည်ခြင်း ၊ ဘုန်းကြီးခြင်း ၊ ကျက်သရေ တိုးတက်ခြင်း ၊ ကြံတိုင်းအောင်၍ ဆောင်တိုင်းပြီးမြောက်ခြင်း စသည့် လောကီ အကျိုးတရားတို့နှင့် တကွ လောကုတ္တရာ အကျိုးတရားတို့ကို ရရှိစေပါသည် ။

Related Posts Plugin for WordPress, Blogger...