Pages

Friday, December 26, 2014

ကြွေးပူ တွေးပူမနေနဲ့ ဂါထာတော် ( ရေလဲနှင့်ပေးသော ဗုဒ္ဓအစီအရင် )

ကြွေးပူ တွေးပူမနေနဲ့ ဂါထာတော်
( ရေလဲနှင့်ပေးသော ဗုဒ္ဓအစီအရင် )
ကြွေးပူကင်းဝေးစေမည့် ကျင့်စဉ်
မနက်တိုင်းနှင့် ညစဉ်ညတိုင်း ဘုရားရှိခိုးရမည် ။
( က ) ပထမ ဘုရားရှိခိုး ငါးပါးသီလ ခံ၍ ကံကြွေး အရင်ချေပါ ။
“ ယခင် ဘဝ အဆက်ဆက်မှ ယခုဘဝဆက်တိုင်အောင် မပြစ်မှားသင့် မပြစ်မှားအပ်သော ဘုရား ၊ တရား ၊ သံဃာ ၊ မိဘ ဆရာ အသက်အားဖြင့် ကြီးသောသူ ၊ ဂုဏ်အားဖြင့် ကြီးသောသူ ၊ ပညာရှိ သူတော်ကောင်းအပေါင်းတို့အား မရိုမသေ မလေးမစား စိတ်အားဖြင့်သော်လည်းကောင်း ၊ နှုတ်အားဖြင့်သော်လည်းကောင်း ၊ ကိုယ်အားဖြင့်သော်လည်းကောင်း ပြစ်မှား စော်ကားထားသည်များ ရှိလျှင် အပြစ်များ ပြေပျောက်စေရန် ပြစ်မှားမိသော ပုဂ္ဂိုလ်အပေါင်းတို့အား ရှိခိုး ဝန်ချ တောင်းပန်ပါ၏ ။ ရှိရှိသမျှ အပြစ်များ ကျေပျောက်ရပါလို၏ ။
( ခ ) ပုတီးစိပ်ပါ ။
စိပ်ရမည့် ဂုဏ်တော်မှာ “ အ-ကာလိကော ” ဟူသော သံဃာ့ဂုဏ်တော် ဖြစ်လေ၏ ။ ( လိုချင်သော လာဘ်လာဘများ လျင်မြန်စွာ ရနိုင်၏ )
( ဂ ) ပုတီးစိပ်ပြီးလျှင် မေတ္တာပို့ပါ ။
မွေးမိဘ ၊ ကျွေးမိဘ တည်းဟူသော ကျေးဇူးရှင် မိဘများ ဖြစ်ကြသည့် ဖေဖေ ဦး … / မေမေ ဒေါ် … တို့ ကျန်းမာ ချမ်းသာကြပါစေ ၊ ကောင်းသော ဆန္ဒဟူသမျှနှင့် ပြည့်ဝကြပါစေ ။
ကျွန်ုပ်၏ ကိုယ်၌ စောင့်ကြပ် တစ်ကျိပ်နှစ်ပါးသော နတ်တို့သည်လည်း ကျန်းမာပါစေ ချမ်းသာပါစေ ၊ ကောင်းသော ဆန္ဒဟူသမျှနှင့် ပြည့်ဝကြပါစေ ။
ကျွန်ုပ်အား ချစ်ခင်နှစ်သက်သောသူ ၊ မချစ်ခင် မနှစ်သက်သောသူ တို့သည်လည်း ကျန်းမာပါစေ ချမ်းသာပါစေ ၊ ကောင်းသော ဆန္ဒ ဟူသမျှနှင့် ပြည့်ဝကြပါစေ ။
အားလုံးသော ခုနစ်နေ့နံ ကြီးစိုးသည့် လူ ၊ နတ် ၊ ပုဂ္ဂိုလ် ၊ သတ္တဝါ အပေါင်း ကျန်းမာပါစေ ၊ ချမ်းသာပါစေ ၊ ကောင်းသော ဆန္ဒ ဟူသမျှနှင့် ပြည့်ဝကြပါစေ ။
( ဃ ) ဆုတောင်းပါ ။
“ ဤသို့ပြုရ ကုသလကြောင့် ဘုရားတပည့်တော်တွင် တင်ရှိနေသော အကြွေးများ အမြန်ဆုံး ပေးဆပ်ရနိုင်ပါလို၏ ။ ကြွေးရှင်များသည်လည်း ရှိတဲ့ အကြွေးကို တပည့်တော် ပေးဆပ်နိုင်သည်အထိ ကြည်ဖြူစွာ စောင့်ဆိုင်းနိုင်ကြပါစေသတည်း ။
( င ) သစ္စာပြုပါ ။
ဘုရားတပည့်တော်သည် တင်ရှိနေသော အကြွေးများကို အမှန်တကယ် ပေးဆပ်ရပါလို၏ ။ ပေးဆပ်ချင်ပါ၏ ။ ဤသို့ မှန်သော သစ္စာ ဆိုရခြင်းကြောင့် ဘုရားတပည့်တော်တွင် တင်ရှိနေသော ကြွေးမြီများ အမြန်ဆုံး ပေးဆပ်နိုင်ရပါလို၏ ။ ပေးဆပ်နိုင်သည်အထိလည်း ကြွေးရှင်များက ကြည်ဖြူစွာ စောင့်ဆိုင်းနိုင်ကြပါစေသတည်း ။
( ၂ ) သစ္စာပြုပြီးသည်နှင့် အောက်ပါ ဂါထာအား အခေါက်ရေ မနက် ၂၀ ၊ည ၂၀ ရွတ်ပါ ။
ဗုဒ္ဓဂုဏော အနန္တော ၊ ဓမ္မဂုဏော အနန္တော ၊ သံဃဂုဏော အနန္တော ၊ မာတာပိတုဂုဏော အနန္တော ၊ အာစရိယဂုဏော အနန္တော ။
ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ ၊ ဓမ္မော မေ သရဏံ အညံ နတ္ထိ ၊ သံဃော မေ သရဏံ အညံ နတ္ထိ ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ ။
( ၃ )ပြီးလျှင် အမျှဝေ ၊ သာဓု ခေါ်ပါ ။ ကြေးစည်ရှိလျှင် ကြေးစည် တီးခတ်၍ အမျှဝေပါ ။
ဤ အစီအစဉ်အတိုင်း တသွေမတိမ်း လုပ်ပါက မိမိ အကြွေးများ ပြန်လည် ပေးဆပ်နိုင်မည့် နည်းလမ်းအား မကြာမီ မြင်တွေ့သွားပေလိမ့်မည် ။ ဤနည်း စနစ်မှာ ဆရာကြီး အဂ္ဂ ရာဇာမှ …
( ၁ ) အကြွေးများကြောင့် စိတ်သောက ရောက်နေသူများ
( ၂ ) စီးပွားရေး အကျပ်အတည်း ကြုံနေသူများ ၊
( ၃ ) အလုပ်အကိုင် အဆင်မပြေသူများ ၊
( ၄ ) ငွေလာဘ် ပိတ်နေသူများအား ရေလဲနှင့် ပေးသော ဗုဒ္ဓ အစီအရင် ဖြစ်ပါသည် ။ ယုံယုံကြည်ကြည်ဖြင့် နေ့စဉ် လုပ်ကြည့်ပါ ။ ထင်ထင်ရှားရှား အကျိုးများ မုချတွေ့ရလိမ့်မည် ။
ဤ နည်းကို ကျင့်ဆောင်သူသည် -
* ငါးပါးသီလ မြဲရမယ် ။ အထူးသဖြင့် ကာမေသုနှင့် သုရာမေရယ ကံနှစ်ပါး လုံရမယ် ။
* အခက်အခဲကြောင့် အမှန်တကယ် ပြန်မဆပ်နိုင်သေးသူ ဖြစ်ရမယ် ။ ( ပြန်ဆပ်နိုင်ရဲ့သားနဲ့ သက်သက်ညစ်ပြီး ပြန်မဆပ်သူ မဖြစ်ရပါ ။ )
* အမှန်တကယ်လည်း ပြန်ဆပ်လိုစိတ် ရှိရမယ် ။
* မကောင်းမှုများနှင့် သက်ဆိုင်သော အကြွေးမဖြစ်စေရ ။ ( ဥပမာ - အရက်ကြွေး ၊ ဖဲကြွေး ၊ လောင်းကစားကြွေး စသဖြင့် … )
* ကြွေးရှင်တွေကို ရှောင်မနေဘဲ ဘယ်ရက် ဘယ်လ ပေးနိုင်မယ် ဆိုတာ ချေချေငံငံပြော ၊ ချိုချိုသာသာ ဆက်ဆံပါ ။
* ကြွေးရှင်ကို ရန်သူအဖြစ် သဘောမထားရ ။ ခဏ ခဏ လာတောင်းတယ် ဆိုပြီးတော့ နှလုံးနာစရာ အဖြစ် မသတ်မှတ်နဲ့ ။ သူက ချိုးချိုး ဖဲ့ဖဲ့ ပြောရင် သည်းခံပါ ။
သတိုးစော ( သုံးဖက်လှ - ရွှေပြည်သာ )
နေလဂျာနယ်မှ ကူးယူဖော်ပြပါသည် ။

Monday, December 1, 2014

လိုအင်ဆန္ဒ ပြည့်ဝမှာ ကြီးသုံးကြီး ဂါထာ


လိုအင်ဆန္ဒ ပြည့်ဝမှာ ကြီးသုံးကြီး ဂါထာ 


( ၁ ) သဗ္ဗသိဒ္ဓိ ဂါထာတော်ကြီး

      ဗုဒ္ဓဂုဏော အနန္တော ၊
      ဓမ္မဂုဏော အနန္တော ၊
      သံဃဂုဏော အနန္တော ၊
      မာတာပိတုဂုဏော အနန္တော ၊
       အာစရိယဂုဏော အနန္တော ၊

        ဗုဒ္ဓော မေ သရဏံ အညံနတ္ထိ ၊
        ဓမ္မော မေ သရဏံ အညံနတ္ထိ ၊
        သံဃော မေ သရဏံ အညံနတ္ထိ ၊

        ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊
        ဓမ္မံ သရဏံ ဂစ္ဆာမိ ၊
        သံဃံ သရဏံ ဂစ္ဆာမိ ၊
        ဧသာ ဉတ္ထိ ၊ သဗ္ဗ သတ္ထန္တရာယော ၊
        သဗ္ဗ ရောဂန္တရာယော ၊
        သဗ္ဗ ဒုဗ္ဘိက္ခန္တရာယော ၊
        ဂစ္ဆအမုမှိ ဩကာသ တိဋ္ဌာဟိ ။


 ( ၂ ) သဗ္ဗဇယ ဂါထာတော်ကြီး 

         ဒိဝါတပတိ အာဒိစ္စော ၊
         ရတ္တိမာ ဘာတိ စန္ဒိမာ ၊
         သန္နဒ္ဓေါ ခတ္တိယော တပတိ ၊
         ဈာယီ တပတိ ဗြဟ္မဏော ။
         အထ သဗ္ဗ မဟောရတ္တိံ ၊
         ဧတေန သစ္စ ဝဇ္ဇေန ၊
         သောတ္ထိ မေ ဟောတု သဗ္ဗဒါ ။


 ( ၃ ) ဆုတောင်းတိုင်းရ အာသီသ ဂါထာတော်ကြီး 
         ( သဗ္ဗသုခ ဂါထာတော်ကြီး ) 


         စီရံပါလေတု မံ ဗုဒ္ဓေါ 
         ဓမ္မော ရမတု မာနသေ
         သံဃော ဒါတု သုခံ သဗ္ဗေ
         ဒေဝါ မာနေန္တု မံသဒါ ။  ။


          ရတနာ သုံးပါးကို ယုံကြည်သူများအတွက် အထူးပင် အကျိုးကျေးဇူး ကြီးမားသည့် ဂါထာတော်များလည်း ဖြစ်ပါသည် ။ ထုံနေအောင် ရွတ်ပွား သရဇ္ဈာယ်နိုင်သကဲ့သို့ တစ်ပုဒ်ချင်းကို ရွတ်ပွားလျက် အဓိဋ္ဌာန်ဝင် ပုတီးစိပ်ပါကလည်း ကံပွင့် ကံမြင့်လာမည့်အပြင် ကြီးပွားတိုးတက်နိုင်ပါမည် ။

                            မင်္ဂလာ ဦးရွှေအိုး
                            pg - 24 ရောင်ပြန်မဂ္ဂဇင်း
                            2014 Nov .       
Related Posts Plugin for WordPress, Blogger...