Pages

Monday, October 10, 2011

Chapter 7 Siddhattha Renounced the World after seeing the four Signs နိမိတ်ကြီးလေးပါးကို မြင်ပြီးနောက် သိဒ္ဓတ္ထမင်းသား တောထွက်ခြင်



Chapter 7 Siddhattha Renounced the World after seeing the four Signs
နိမိတ်ကြီးလေးပါးကို မြင်ပြီးနောက် သိဒ္ဓတ္ထမင်းသား တောထွက်ခြင်း

A : " King Suddhodana wanted his son to succeed him the throne and become a Universal Monarch . "
သုဒ္ဓေါဒနမင်းကြီးဟာ သူ့သားတော်ကို ထီးမွေနန်းမွေ ဆက်ခံပြီး စကြ၀တေးမင်း ဖြစ်စေချင်တယ် ။

B : " Enjoyed-Luxury and attention at the court ! "
နန်းတော်မှာ စည်းစိမ်ချမ်းသာ ဖျော်ဖြေမှုတွေနဲ့ သာယာနေမှာပေါ့ ။

A : " No it's not . He knew that all the sensual pleasure in the world are superficial and impermanent . "
ဒီလို မဟုတ်ဘူးလေ ။ ဘုရားလောင်းမင်းသားဟာ လောကစည်းစိမ်ချမ်းသာတွေ ဆိုတာ အနိစ္စအမြဲမရှိ ။ အပေါ်ရံမျှသာ ဖြစ်တယ် ဆိုတာကို သိခဲ့တာပဲလေ ။

B : " Undesirable sensual pleasure ! "
လောကစည်းစိမ်ကို ခံစားဖို့ ဆန္ဒကင်းတယ်ပေါ့ ။

A : " Yes, indeed . The prince went to the Royal Park at the age of 29 and saw the Four Signs.
အလောင်းတော်မင်းသားဟာ အသက် ၂၉-နှစ်အရွယ်မှာ ဥယျာဉ်တော်ကို သွားခဲ့တယ် ။ အဲ့ဒီမှာ နိမိတ်ကြီးလေးပါးကို မြင်တော်မူတယ် ။

B : " Waht signs ? And what's the feeling after seeing them . "
ဘာနိမိတ်ကြီးတွေလဲ ၊ အဲ့ဒါတွေကို မြင်တော့ ဘယ်လို ခံစားရပါသလဲ ။

A : " They are ... an old man , a sick man , a dead man and a monk . The truth gradually dawned upon him and he realized that all worldly pleasures were only a prelude to pain . "
အဲ့ဒါတွေကတော့ သူအို ၊ သူနာ ၊ သူသေ ၊ ရဟန်းတို့ပဲ ဖြစ်ပါတယ် ။ အမှန်တရားကို သဘောပေါက်တာကတော့ လောက စည်းစိမ်ဆိုတာ ဒုက္ခဖြစ်ကြောင်း ဆိုတာပါပဲ ။

B : " Yes ... "
ဟုတ်ကဲ့ ၊ ပြောပါ ။

A : " And ... he decided immediately on the Great Retirement that very day . "
ပြီးတော့ ဘုရားလောင်းက နိမိတ်ကြီးလေးပါး မြင်တွေ့တဲ့ အဲ့ဒီနေ့မှာပဲ တောထွက်ဖို့ ဆုံးဖြတ်ခဲ့တယ် ။

B : " Tired of worldly life ! Luxury and comfort . "
လောကစည်းစိမ် သာယာမှုကို ငြီးငွေ့ စက်ဆုပ်တဲ့ သဘောပေါ့လေ ။

A : " Well , yes , of course . At that very moment he got a message that a son had been born to him . "
အင်း - ဟုတ်တာပေါ့ ။ အဲ့ဒီအတောအတွင်းမှာပဲ သားတော်လေး တစ်ပါး ဖွားမြင်ကြောင်း သတင်း ရောက်လာပြန်တယ် ။

B : " What , then ? "
ဒီတော့ ဘာဖြစ်သေးလဲ ။

A : " Siddhattha came back to the palace and lying on the couch and fell asleep . "
သိဒ္ဓတ္ထမင်းသားဟာ နန်းတော်ကို ပြန်လာခဲ့တယ် ။ သလွန်ပေါ်မှာ လှဲပြီး အိပ်ပျော်သွားခဲ့တယ် ။

A : " And ... after awaking he saw some of the ladies in- waiting sleeping around in shameless manner. It seemed like a cemetary . "
ပြီးတော့ နိုးလာတဲ့အခါကျတော့ သူ့ပတ်ဝန်းကျင်မှာ ရံရွေတော် ( နန်းတွင်းသူ ) တွေဟာ အရှက်ကင်းမဲ့စွာ အိပ်ပျော်နေကြတာကို တွေ့မြင်ခဲ့တယ် ။ အဲ့ဒါဟာ တစပြင် ( သင်္ချိုင်းကုန်း ) လို ဖြစ်နေတော့တယ် ။

B : " It made him to renounce the world , of course . "
တကယ်ဆိုတော့ အဲ့ဒါဟာ ဘုရားလောင်းမင်းသားကို တောထွက်စေဖို့ ဖန်တီးတာပေါ့နော် ။

A : " Right . He ordered his courtier Channa to saddle his horse Kanthaka . He then walked to the chamber of Yasodhara to look at his son ( rahula ) for the first time . "
မှန်ပါတယ် ။ အလောင်းတော် မင်းသားဟာ ဆန္နအမတ်ကို ကဏ္ဍကမြင်းမှာ ကုန်းနှီး တပ်ထားဖို့ စေလိုက်တယ် ။ ဒီနောက် သားတော်လေး ရာဟုလာကို ဦးဆုံးအကြိမ် ရှုစားဖို့ ယသော်ဓရာ မိဖုရားရဲ့ ခန်းမဆောင်ကို သွားတယ် ။


To be continue ......... The Future Buddha and Mara, the evil one Chapter

Monday, October 3, 2011

Chapter 6 The Wedding Ceremony of the future Buddha with Princess Yasodhara ဘုရားအလောင်း သိဒ္ဓတ္ထမင်းသား ယသော်ဓရာ မင်းသမီးနှင့် လက်ထပ်ခြင်း



Chapter 6 The Wedding Ceremony of the future Buddha with Princess Yasodhara
ဘုရားအလောင်း သိဒ္ဓတ္ထမင်းသား ယသော်ဓရာ မင်းသမီးနှင့် လက်ထပ်ခြင်း

A : " King Suddhodana sent the officials to his relatives when Prince Siddhattha was at the age of 16 . "
သုဒ္ဓေါဒနမင်းကြီးဟာ သားတော် သိဒ္ဓတ္ထမင်းသား ၁၆-နှစ် သား အရွယ်ရောက်တော့ ဆွေတော်မျိုးတော်တို့ထံ သံတမန်များကို စေလွှတ်ခဲ့တယ် ။

B : " What's the matter ? "
အကြောင်းကိစ္စ ပြောပါဦး ။

A : " Asking to send their daughters to be married to his son . "
သာကီဝင် မင်းများရဲ့ သမီးတော်တွေနဲ့ သူ့သားတော်ကို လက်ထပ်ဖို့ ဖြစ်ပါတယ် ။

B : " They agreed to do that ? "
သူတို့က သဘောတူကြပါသလား ။

A : " No, they didn't . They said ... That Siddhattha was not well-trained in any manly art although he's handsome . "
ဟင့်အင်း ၊ သူတို့ လက်မခံကြဘူး ။ ဆွေတော်မျိုးတော်တွေက ' သိဒ္ဓတ္ထမင်းသားဟာ ရုပ်ဆင်း ရူပကာ ချောမောပေမယ့် ယောက်ျားတို့ တတ်အပ်တဲ့ အဋ္ဌာရသ ပညာရပ်တွေကို မတတ်ဘူးလို့ ' ပြောဆိုကြတယ် ။

B : " The request of King Suddhodana was of nothing . "
သုဒ္ဓေါဒနမင်းကြီးရဲ့ တောင်းဆိုမှုဟာ အချည်းနှီး ဖြစ်သွားတာပေါ့နော် ။

A : " Yes, indeed . "
ဟုတ်တာပေါ့ ဗျာ ။

B : " After that ? "
ပြီးတော့ကော ၊ ပြောစမ်းပါဦး ။

A : " The Prince knew about it and he told his father the King that he would show his ability as the best bow man of the day . "
သူဟာ အဲ့ဒီ အကြောင်းကို သိတော့ ခမည်းတော်မင်းတရားကြီးကို သူဟာ အတော်ဆုံး လေးသမား အတတ်ပညာရှင် ဖြစ်တဲ့ အကြောင်း စွမ်းရည်ကို ပြမယ်လို့ လျှောက်ထားလိုက်တယ် ။

B : " Interesting facts . "
စိတ်ဝင်စားဖွယ် အချက်အလက်တွေပါပဲ ။

A : " So the King sent the ministers to assemble the most distinguished bow men of the city in the palace ground . "
ဒါကြောင့် ဘုရင်မင်းမြတ်ဟာ နေပြည်တော်မှာ အတော်ဆုံးဆိုတဲ့ လေးသမားတွေကို နန်းတော်ရင်ပြင်မှာ စုရုံးစေဖို့ ၀န်ကြီးများကို စေလွှတ်တော်မူတယ် ။

B : " Competition ! "
ပြိုင်ပွဲကြီးပေါ့နော် ။

A : " Of course ; The Prince placed them at four different points and directions around him . He, himself ,stood in the centre. "
မှန်တာပေါ့ ။ သိဒ္ဓတ္ထမင်းသားဟာ လေးသမားတွေကို သူ့ပတ်ဝန်းကျင် အရပ်လေးမျက်နှာမှာ စုရုံးထားလိုက်တယ် ။ သူကိုယ်တိုင်ကတော့ အလည် ဗဟိုတည့်တည့်မှာ ရပ်လိုက်တယ်ပေါ့ ။

B : " Yes, yes ."
ဟုတ်ကဲ့ ၊ ဆက်ပြောပါ ။

A : " The Prince told the bow men to shoot their arrows at him all at the same time . "
သိဒ္ဓတ္ထမင်းသားက လေးသမားများကို တစ်ပြိုင်နက် သူ့ဆီ တည့်တည့် လေးမြားတွေကို လွှတ်ဖို့ ပြောလိုက်တယ် ။

B : " Never heard of like that . "
ဒါမျိုး တစ်ခါမျှ မကြားဖူးဘူး ။

A : " The four archers shot their arrows at the Prince defended himself by shooting an arrow . It flew like lightning and hit all the four arrows coming in his direction . "
လေးသည်တော် လေးဦးက မင်းသားဆီကို တစ်ပြိုင်နက် လေးကို လွှတ်ကြတယ် ။ မင်းသားက လေး တစ်စင်းကို လွှတ်ပြီး ကာကွယ်လိုက်တယ် ။ အဲ့ဒီ မင်းသားရဲ့ မြားလေးဟာ လျှပ်စီးလက်သလို သူ့ဘက်ကို လာတဲ့ လေးတွေကို ဖြိုခွင်းလိုက်တယ် ။

B : " Most exquisite ! "
ရှာမှ ရှားပါပေတယ် ။

A : " The Prince exhibited his skill , and so no other bow men could equal . "
သိဒ္ဓတ္ထမင်းသားဟာ သူ့ရဲ့ လေးအတတ်စွမ်းရည်ကို ပြခဲ့တယ် ၊ မည်သည့် လေးသမားမှ မယှဉ်နိုင်တော့ဘူး ။

B : " Because... he was just a future Buddha . "
ဘာကြောင့်လဲ ဆိုတော့ ဘုရားအလောင်းတော် ဖြစ်တာကိုး ။

A : " The relatives sent their daughters , beautiful maidens to Kapilavatthu .
ဆွေတော် မျိုးတော်တွေဟာ သူတို့ရဲ့ ရုပ်ဆင်းရူပကာ ချောမောလှပတဲ့ သမီးတော်တွေကို ကပ္ပိလ၀တ်ပြည်တော်ကို ပို့လွှတ်လိုက်ကြတယ် ။

B : " To get married to Siddhattha . "
သိဒ္ဓတ္ထမင်းသားနဲ့ ထိမ်းမြားဖို့ပေါ့နော် ။

A : " Yes, indeed Siddhattha , however , chose Princess Yasodhara. He married her by celebrating a great wedding."
မှန်ပါတယ် ။ ဒါပေမယ့် သိဒ္ဓတ္ထမင်းသားဟာ ယသော်ဓရာမင်းသမီးကိုသာ ရွေးချယ်ခဲ့တယ် ။ လက်ထပ်မင်္ဂလာပွဲ သဘင်ကို ခမ်းနားစွာ ကျင်းပခဲ့တယ် ။

To be continue ......... Siddhattha Renounced the World after seeing the four Signs Chapter

Related Posts Plugin for WordPress, Blogger...