Pages

Monday, September 26, 2011

Chapter 5 The Future Buddha Was Born . ဘုရားလောင်းဖွားမြင်တော်မူခြင်း



Chapter 5 The Future Buddha Was Born .
ဘုရားလောင်းဖွားမြင်တော်မူခြင်း

A : " After carrying the future Buddha in her womb for ten months, Queen Maha-Maya went to Devadaha . "
ဘုရားအလောင်းတော်ကို ၁၀ လ တိုင်တိုင် ကိုယ်ဝန်ဆောင်ပြီးတဲ့နောက် မယ်တော်မာယာ မိဖုရားကြီးဟာ ဒေ၀ဒဟပြည် သွားခဲ့တယ် ။

B : " Devadaha ! "
ဒေ၀ဒဟလား ။
( မှတ်ချက် ။ နိုင်ငံခြားသားများ တစ်ဖက်မှ ပြောစကားကို ထောက်၍ အံ့အားသင့်သလိုလို ၊ မေးမြန်းသလိုလို ပြောဆိုတတ်ရာ ၊ ဖြေရှင်းချက်ကို မနှောင့်မနှေး ပြောဆိုတတ်ရန် လိုအပ်ပါသည် ။ )

A : " Yes, it is the city of her family . "
ဟုတ်ပါတယ် ။ မိဖုရားကြီးရဲ့ ခမည်းတော် မယ်တော်တို့ တိုင်းပြည်ပါပဲ ။

B : " Well, Kapilavatthu's ruled by King Suddhodana ! "
အင်း - ကပ္ပိလ၀တ်ပြည်ကို ဘုရင် သုဒ္ဓေါဒန စိုးစံတော်မူတာကိုး ။

A : " Of course , the King made smooth and adorned the road between the two countries . "
မှန်ပါတယ် ။ ဘုရင်ကြီးဟာ တိုင်းပြည်နှစ်ပြည်ကြားမှာ ရှိနေတဲ့ လမ်းခရီးကို သာယာချောမွေ့အောင် တန်ဆာဆင် မွမ်းမံ ပေးတော်မူတယ် ။

B : " He seemed to be loved at the bottom of hin heart . "
ဘုရင်ကြီးဟာ မိဖုရားကြီးကို အတော်ကလေး မြတ်နိုးတော်မူဟန် ရှိပါတယ် ။

A : " Lumbini Grove ( Grove of sal trees ) was between the two countries . "
လုမ္ဗိနီ အင်ကြင်းတောဟာ အဲ့ဒီ တိုင်းပြည် နှစ်ပြည်ကြားမှာ တည်ရှိတယ် ။

B : " Now , it's rebuilt and decorated by the Goverment of India . "
ခု - အိန္ဒိယပြည် အစိုးရက ပြန်လည် ပြုပြင် မွမ်းမံတယ်နော် ။

A : " Of course , it's a good deed for all the Buddhist . "
မှန်ပါတယ် ။ ဗုဒ္ဓဘာသာဝင်အတွက် အင်မတန် မွန်မြတ်တဲ့ ကုသိုလ်ပြု အလုပ်ပါပဲ ။

" Let's start about Queen Maha- Maya . "
မယ်တော်မာယာ မိဖုရားကြီး အကြောင်း ပြန် စ , ကြရအောင် ။

B : " All right ."
ကောင်းပါပြီ ။

A : " The flowers of sal trees presenting a very pretty scent at that time . "
အဲ့ဒီအချိန်ကာလက အင်ကြင်ပန်းတွေဟာ အင်မတန် ဖူးပွင့် ဝေဆာနေတာပေါ့ ။

" And ... the Queen got there with her rentinue . Then she went to the foot of a great sal tree and reached out her hand to seize hold of one of its branches . "
ပြီးတော့ မိဖုရားကြီးဟာ ရံရွေတော်များနှင့် အင်ကြင်းတောကို ရောက်လာတယ် ။ အင်ကြင်းပင်ကြီး တစ်ပင်အောက်ကို ရောက်ခဲ့တယ် ။ အင်ကြင်းကိုင်း တစ်ကိုင်းကို လက်နှင့် လှမ်းဆွဲ ကိုင်လိုက်တယ် ။

B : " What's wrong ? "
ဘာဖြစ်လို့လဲဟင် ။

A : " Because she was shaken with the pains of birth . "
ဘာကြောင့်လဲဆိုတော့ မိဖုရားကြီးဟာ ကမ္မဇလေ လှုပ်ရှားလို့ပါပဲ ။

B : " And then ? "
ပြီးတော့ ဘာဖြစ်ပါသလဲ ။

A : " A curtain was hung about her and she gave birth to her son , the future Buddha . "
တင်းတိမ်ကို ကာရံတယ် ။ ပြီးတော့ ဘုရားလောင်း သတို့သားကို ဖွားမြင်တယ် ။

B : " On the way ? "
လမ်းမှာပဲ နော် ။

A : " Yes, while she was standing up , holding one of the branches . "
ဟုတ်ကဲ့ ၊ မတ်တပ်ရပ်စဉ် မွေးဖွားတာပါပဲ ။ အင်ကြင်းကိုင်း တစ်ခုကို ဆွဲကိုင်လျက် ဖြစ်ပါတယ် ။

B : " Remarkable ! "
ထူးခြားတာပေါ့နော် ။

A : " Of course , Higher gods ( Mahabramas ) came with a golden net and getting the future Buddha with it , and they placed him before his mother.
" A mightly son has been born " , they said with pleasure . "
နတ်မင်းများထက် တန်ခိုးကြီးတဲ့ မဟာဗြာဟ္မာကြီးတွေဟာ ရွှေကွန်ယက်နဲ့တကွ လာကြပြီး ဘုရားလောင်း မင်းသားကို ခံယူကြတယ် ။ ပြီးတော့ မယ်တော်ရဲ့ ရှေ့မှာ ချထားပေးတယ် ။
" မြတ်သော သားတော်ကို ဖွားမြင်တော် မူလေပြီ " လို့ ၀မ်းမြောက်ဝမ်းသာ ဥဒါန်းကျူးရင့်ကြတယ် ။ ( ပြောဆိုကြတယ် ။ )

To be continue ......... The Wedding Ceremony of the future Buddha with Princess Yasodhara Chapter

Monday, September 12, 2011

Chapter 4 The Dream of Maha-Maya မယ်တော်မာယာ အိပ်မက်မြင်ခြင်း



Chapter 4 The Dream of Maha-Maya
မယ်တော်မာယာ အိပ်မက်မြင်ခြင်း
A : " King Suddhodana ruled over Kapilavatthu,the chief city of Sakyanclan. "
သုဒ္ဒေါဒနမင်းကြီးဟာ သာကီဝင်မင်းမျိုးတို့ရဲ့ နေပြည်တော်ဖြစ်တဲ့ ကပ္ပိလ၀တ်ပြည်မှာ မင်းပြုတော်မူပါတယ် ။

B : " When ? "
" Where's Kapilavatthu ? "
ဘယ်တုန်းကလဲ ။ ကပ္ပိလ၀တ်ပြည်ဟာ ဘယ်မှာ ရှိပါသလဲ ။

A : " About 623 years before the Christian era. Now Kapilavatthu's in the district of Modern Nepal Known-Padaria . "
ခရစ်တော်သက္ကရာဇ် မတိုင်မီ နှစ်ပေါင်း ၆၂၃ -ခုနှစ်လောက်ကပဲ ၊ ကပ္ပိလ၀တ်ဟာ နီပေါနယ်ထဲမှာ ရှိတယ် ။ ခု ပဒါရီးယားလို့ အမည်တွင်နေတယ် ။

B : " Yes, Yes ."
ဟုတ်ကဲ့ ။ နားထောင်နေပါတယ် ။ ဆက်ပြောပါ ။

A : " On the full moon day of Waso ( in July ) Queen Maha-Maya rose early and gave plenty of money in great charity . "
ဝါဆိုလပြည့်နေ့မှာ မယ်တော်မာယာ မိဖုရားကြီးဟာ နံနက်စောစော အိပ်ရာမှ ထပြီး ငွေကြေးပေးကမ်းစွန့်ကြဲတဲ့ အလှူဒါနကို ပြုတယ် ။

B : " Nice .' "
ကောင်းတာပေါ့ ။

A : " And ... she took the eight vows of sabbath. Laying down on the royal couch, she fell asleep and dreamed. "
ပြီးတော့ မိဖုရားကြီးဟာ ရှစ်ပါး သီလကို ခံယူဆောက်တည်ပြီး သလွန်တော်ပေါ် လဲလျောင်းရင်း အိပ်ပျော်သွားတယ် ။ အိပ်မက် မက်တော့တာပဲ ။

B : " What dream ? "
ဘာအိပ်မက်လဲ ၊ ပြောပါဦး ၊

A : " The four guradian angles came and lifted her up , together with her couch , and took away to the Himalaya Mountains . There they laid her upon a huge slab under a very big sal-tree. "
နတ်သားလေးပါး လာပြီး သလွန်တော်နဲ့တကွ မာယာမိဖုရားကြီးကို ဟိမ၀န္တာတောင်တန်းများဆီ သယ်ဆောင်သွားတယ် ။ အဲ့ဒီ ရောက်တော့ အင်ကြင်းပင်ကြီးရဲ့ အောက် ကျောက်ဖျာပေါ်မှာ အသာချလိုက်ကြတယ် ။

B : " What happened then ? "
ပြီးတော့ ၊ ဘာဖြစ်သလဲ ။

A : " Then the wives of the angles bathed her in Anotta Lake . "
မိဖုရားကြီးကို အနောဒတ္တရေအိုင်ကြီးမှာ ရေချိုးသန့်စင်ပေးတယ် ။

B : " Why ? "
ဘာကြောင့်လဲ ။

A : " To remove every human stain . "
လူသားတွေရဲ့ အညစ်အကြေး အားလုံးကင်းစင်သွားအောင် ဖြစ်ပါတယ် ။

A : " And after clothing her with garments, they took her into a Silver Hill . There they laid her down upon a divine couch . "
ပြီးတော့ မိဖုရားကြီးကို အ၀တ်တန်ဆာဆင်ယင်ပြီးတဲ့အခါ ငွေတောင်ထဲ ယူသွားကြတယ် ။ အဲ့ဒီမှာ သလွန်တော်ပေါ် အသာချလိုက်တယ် ။

B : " Wonderful ! "
အံ့စရာပဲနော် ။

A : " Well , the future Buddha had become a white elephant and was wandering about on golden Hill . And then came down on Silver Hill and went into the golden mansion where the queen was sleeping . "
အင်းပေါ့ ၊ ဘုရားလောင်းဟာ ဆင်ဖြူတော်အဖြစ် အသွင်ပြောင်းခဲ့ပြီး ရွှေတောင်ကြီးပေါ်မှာ ပျံဝဲသွားလာခဲ့တယ် ။ ဒီနောက် ငွေတောင်ကြီးပေါ် ဆင်းသက်ပြီး မယ်တော်မာယာ အိပ်စက်နေတဲ့ ရွှေစံအိမ်တော်ကြီးထဲကို ၀င်သွားခဲ့တယ် ။

B : " The most wonderful dream I've ever heard . "
ကြားဖူးသမျှမှာ အထူးအဆန်း အိပ်မက်ပါကလား ။

A : " And striking her on right side , he seemed to enter her womb . The conception took place . "
ပြီးတော့ မိဖုရားကြီးရဲ့ လက်ယာနံစောင်းကို လှုပ်လိုက်တယ် ။ ၀မ်းဗိုက်တွင်းကို ၀င်သွားပုံကို မက်လိုက်တယ် ။ ပဋိသန္ဓေ ယူခဲ့တာပါပဲ ။

To be continue ......... The Future Buddha Was Born Chapter.

Monday, September 5, 2011

Chapter 3 The Future Buddha - Leaving Tusita ( Heaven to be reborn as a man . ) ဘုရားလောင်း စုတေခြင်း



Chapter 3 The Future Buddha - Leaving Tusita
( Heaven to be reborn as a man .)
ဘုရားလောင်း စုတေခြင်း

A : " The future Buddha was born as one of the chief gods known as ' Setaketu ' in existence. "
ဘုရားလောင်းဟာ သံသရာမှာ ' သေတကေတု ' အမည်ရှိတဲ့ နတ်သား အကြီးအမှူး ဖြစ်ခဲ့ပါတယ် ။

B : " Where ? "
ဘယ်မှာပါလဲ ။

A : " In the celestial city of the Tusita gods , of course . "
မှန်ပါတယ် ။ ' တုဿိတာ ' နတ်ပြည်မှာပါ ။

B : " Very interested ! "
သိပ်စိတ်ဝင်စားပါတယ် ။

A : " The higher and lower gods of all ten thousand worlds asked the future Buddha not to enjoy and sensual pleasure of a god ( Nat ) . "
စကြာဝဠာတိုက် တစ်သောင်းမှ နတ် ဗြဟ္မာ အပေါင်းတို့ဟာ ဘုရားလောင်း နတ်သားကို နတ်စည်းစိမ်ချမ်းသာ ၊ ကာမဂုဏ်နယ်၌ မပျော်ပိုက်ဘဲ စုတေပါရန် တောင်းပန်ကြပါတယ် ။

B : " Why ? " Is there any reason ? "
ဘာဖြစ်လို့လဲ ၊ အကြောင်းရှိပါသလား ။

A : " Yes, to become a full enlightened Buddha in order to save the world . "
ဟုတ်ကဲ့ ၊ ဝေနေယျ ( သတ္တ၀ါ ) တွေကို ကယ်ချွတ်ဖို့ သဗ္ဗညုတဉာဏ်တော်ရှင် ဘုရား အဖြစ် လူ့ပြည်မှာ ပွင့်တော်မူရန် ဖြစ်ပါတယ် ။

B : " Very nice ! Great ! "
ကောင်းမြတ်ပါပေတယ် ။ ကြီးကျယ်ပါပေတယ် ။

A : " No doubt . Fulfilled Ten perfections . "
ယုံမှားသံသယ ရှိစရာ မလိုပါဘူး ။ ရှင်တော်ဘုရားဟာ ပါရမီ ၁၀ - ပါး ဖြည့်ကျင့် ဆည်းပူးခဲ့တာပဲလေ ။

B : " Well, that's right . "
အင်း - မှန်တာပေါ့လေ ။

A : " The gods said to the future Buddha to take conception in the womb of human mother in the world of men. "
လူ့ပြည်က လူသား မိခင် ၀မ်းမှာ သန္ဓေယူဖို့ တောင်းပန် ပြောကြားကြပါတယ် ။

B : " According to the history of Buddha . ( life of Buddha ) . "
ဗုဒ္ဓ၀င်အရပေါ့ ။

A : " Yes, the Great Being agreed to their wish . "
ဟုတ်ပါတယ် ။ မြတ်စွာဘုရားက နတ်သားတွေရဲ့ ဆန္ဒကို သဘောတူလိုက်ပါတယ် ။

To be continue ......... The Dream of Maha-Maya Chapter

Related Posts Plugin for WordPress, Blogger...