Pages

Monday, December 10, 2018

ဘေးရန်အန္တရာယ် ပျောက်ကင်းချမ်းသာစေနိုင်သော အရှင်သာရိပုတ္တရာ ဂါထာပါဌ်အနက်


                  ဘေးရန်အန္တရာယ် ပျောက်ကင်းချမ်းသာစေနိုင်သော

                  အရှင်သာရိပုတ္တရာ ဂါထာပါဌ်အနက် 

 

 

         ဝေဒါသာကု ၊ ကုသာဒါဝေ ။

         ဒါယသာဒ   ၊ ဒသာယဒါ ။

         သာသာဒိကု ၊ ကုဒိသာသာ ။       

         ကုဒကုဘု ၊  ဘုကုဒကု ။

 

         ဝေဒါကာနိ ၊ နိကာဒါဝေ ။

         ဝါဟိကာသု ၊ သုကာဟိဝါ ။

         ကာကာရေဘ ၊ ဘရေကာကာ ။

         နိသုဘယံ ၊ ယံဘသုနိ ။

 

 

 

  ဂါထာအကျိုးသွား

 

-       တစ်နေ့ ၃ ခါရွတ်  ပညာကြီး၏ ။

-       တစ်နေ့ ၂ ခါရွတ် သူတစ်ပါး၏ စိတ်ကို သိနိုင်၏ ။

-       တစ်နေ့ ၈ ခါရွတ် အာနုဘော်ကြီး၏ ။

-       ခရီးသွားသော် ၇ ခါရွတ် ၊ ဘေးလွတ်၏ ။

-       တောမှာ အိပ်သော် ကျောက်ခဲလေးလုံးကို ၇ ခါ မန်း ၊ အရပ်လေးမျက်နှာ၌ ထိုကျောက်ခဲတို့ကို ပစ်ထားပြီး အိပ် ၊ သားရဲတိရိစ္ဆာန်များ မဝင် မလာနိုင် ၊ ဘေးလွတ်၏ ။

-       ရေကို ၃၇ အုပ် မန်း၍ ချိုးသော် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံ၏ ။

-       သူနာ အသည်းအသန်ရှိမှု ရေကို ၃၇ အုပ်မန်း၍ တိုက် ၊ ချမ်းသာ၏ ။

-       အဆိပ်သင့်သော် အဆိပ်မွှန်သော် ရေကို ၇ အုပ်မန်း၍ တိုက် ၊ သပ်၍ချ ၊ ချမ်းသာ၏ ။

-       သက်ကယ်ပင် လေးပင်ကို ၃၇ အုပ်မန်း၍ အိမ်လေးထောင့်မှာ ထား ၊ မကောင်းသော နတ် ၊ စုန်း ၊ တစ္ဆေတို့ မကပ်ဝံ့ပြီ ။

-       နံ့သာရေကို ၁၀၈ အုပ်မန်း၍ လိမ်း ၊ လူနတ်တို့ ချစ်ခင်မြတ်နိုး၏ ။

-       သဲကို ၃၇ အုပ်မန်း၍ အိမ် ကျောင်း ဝန်းကျင်တို့ ပက် ၊ ရန်သူတို့ မဝင်မရောက်နိုင် ။

-       ရေကို ၃၇ အုပ်မန်း၍ တိုက် အနာဟူသမျှ ပျောက်၏ ။

-       ထုံးဖြူကို ၃၇ အုပ်မန်း၍ စား ၊ ထုံးမပေါက်ပြီ ။

-       ကွမ်းသီးကို ၃၇ အုပ်မန်း၍ စား ၊ သဗ္ဗသျှို အခြွေအရံ စည်ကားတိုးတက်၏ ။

-       စပါးမျိုးတို့ကို မကြဲမီ ၊ မပျိုးမီ ၃၇ အုပ်မန်းပြီး ပျိုးကြဲရသော် ရောဂါပိုးမွှားကင်း၍ အပင်သန်လျက် ရန်သူတို့ မဖျက်ဆီးနိုင် ။

-       နေ့ည မပြတ် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း ပြုပါက ရန်သူတို့သည် မအောင်နိုင်ဘဲ မိမိ အလိုရှိတိုင်း ပြီးစီး အောင်မြင်နိုင်သည် ။ 

Related Posts Plugin for WordPress, Blogger...