Pages

Tuesday, March 15, 2011

ရတနသုတ်

ငလျင်ဒဏ်ကာကွယ်သည့် ဂါထာ

ငလျင်ဒဏ် ကာကွယ်သည့် ဂါထာ
ငလျင်တွေ တအားပြင်းတော့ မိဘများက စိုးရိမ်စွာနဲ့ လှမ်းပို့ပေးတာပါ... ကိုယ်တွေ့ မကြုံဖူးတော့ ကြုံလိုက်ရချိန်မှာ အပြေးအလွှားပါပဲ... ခုလည်း မပြင်းလှပေမယ့် မငြိမ်သေးတဲ့ ငလျင်တွေကြောင့် ကိုယ့်မိသားစုလေးသာမက လူတိုင်းအတွက် ငလျင်သောကလည်း သက်သာ ငလျင်ဘေးလည်း ကင်းစေချင်လို့ ပြန်လည် မျှဝေပေးလိုက်တာပါနော်... အမေကလည်း အမြန်ပို့ပေးတာမို့ အနက်တော့ မပါပါဘူး... ဂါထာလေး ရေးထားပြီး သွားလေရာပါအောင် ဆောင်သွားခိုင်းပါတယ်... အိမ်မှာလည်း ရေးပြီး ကပ်ထားဖို့ တဖွဖွ မှာပါတယ်... အဲ့ဒါ အပြင် စဓဗ၀ ဂါထာလေးလည်း အလွတ်ရရင် ရွတ်ပါလို့ ပြောပါတယ်... ခုတော့ မိသားစုတွင်း တစ်ယောက်ချင်းစီမှာ စာရွက်လေးနဲ့ ရေးပြီး အိတ်ထဲလည်း ထည့်ဆောင်ထားပါပြီ... အိမ်က ဘုရားစင်မှာ ကပ်ထားပါပြီ... " သတ္တ၀ါ တစ်ခု ကံတစ်ခု " လို့ ပြောလို့ရပေမယ့် " အသက် ကံ စောင့် ခန္ဓာ ဉာဏ်စောင့် " ဆိုတဲ့ စကားလို ကုသိုလ် ပိုမို ပွားများနိုင်ဖို့ အတွက် အသက်ရှည်ရာ အနာမဲ့စေဖို့ ဂါထာလေးကို ဒါနပြုပေးလိုက်ပါတယ်နော်...

ငလျင်ဒဏ် ကာကွယ်သည့် ဂါထာ

ယော ဒေတိ ဒေ၀ ဒေဝေါဂ္ဂံ
ဓမ္မ မဂ္ဂ ဖလံ ဒဒေါ
နမာမိ တံ အရဟံ မဂ္ဂံ
နော သော ပါလေတု ပါတုရဟော။

စဓဗ၀ ဂါထာ

စ စက္ခုမာစရ မာစိဏ္ဏော၊
ဓ ဓမ္မညူ ဓမ္မသာမိကော၊
ဗ ဗလူပေတော ဗလဓရော၊
ဝ ၀ရဒေါ ဒေတု မေ ၀ရံ။

စဓဗ၀ ဂါထာလေးလည်း မရတဲ့သူတွေ ရှိမှာ စိုးလို့ တစ်ခါတည်း တင်ပေးလိုက်ပါတယ်နော်... ဂါထာများရဲ့ အနက်ကို ရသူများ ရှိပါလျင်လည်း ဒါနပြုပေးကြစေချင်ပါတယ်...
ထပ်ပြီး ဒါနပြုပေးချင်တာကတော့ ရတန သုတ်ပါပဲ... တရားတော်စာကိုတော့ မကြာခင် တင်ပေးပါ့မယ်... ရတနသုတ် ရွတ်ဖတ်ရခြင်း၏ အကျိုးသွားကတော့ -
" ကပ်ကြီး သုံးပါးကို ကျော်နင်းစေနိုင်သည်၊ စုန်း တစ္ဆေ ကဝေ ပယောဂ ဟူသမျှကို နိုင်သည်။ အကြောင်း အမျိုးမျိုးကြောင့် ဆင်းရဲ ဒုက္ခ ရောက်သော အခါ အချုပ် ထောင် နှောင်အိမ် စသည်တို့၌ ကျရောက်နေသောအခါ အမြန်လွတ်မြောက်စေနိုင်သည်။ နတ်ကောင်း နတ်မြတ်တို့၏ စောင်မ ကြည့်ရှုခြင်းကို ခံရမည် ဖြစ်ပေသည်။ "
တရားတော်ကို နာကြားချင်ပါလျှင်လည်း အောက်က Link မှာ သွားရောက် နာကြားလို့ ရပါတယ်ရှင်...

http://www.mittartayar.co.cc/2011/01/min-kun-sayardawgyi-mp3_26.html

ဂျပန်နိုင်ငံတွင်းသာမက နိုင်ငံတကာ ရောက်ရှိနေကြသူများ အားလုံး ငလျင်ဘေးဒဏ်မှလည်း ကင်းရှင်းကြပါစေ။ ရောဂါ ဘယ ကင်းဝေး၍ ဒုက္ခ သောက ကြောင့်ကြ ပူပန်ရခြင်းများလည်း ကင်းရှင်းကြပါစေလို့ ဆုတောင်း မေတ္တာပို့သလိုက်ရပါတယ်ရှင်။ ။
Related Posts Plugin for WordPress, Blogger...