Pages

Monday, January 30, 2012

Chapter 10 The Future Buddha met King Bimbisara ဘုရားလောင်းနှင့် ဗိမ္ဗိသာရမင်း တွေ့ဆုံခြင်း




Chapter 10 The Future Buddha met King Bimbisara
ဘုရားလောင်းနှင့် ဗိမ္ဗိသာရမင်း တွေ့ဆုံခြင်း

A : " After the future Buddha had become the monk , he entered the city of Rajagaha . "
ဘုရားလောင်းတော်ဟာ ရဟန်းမြတ်ဖြစ်ပြီးနောက် ရာဇဂြိုဟ်ပြည်ကို ၀င်ခဲ့ပါတယ် ။

B : " Why ? " " And ... where's Rajagaha . "
ဘာကြောင့်လဲ ပြီးတော့ ရာဇဂြိုဟ်ပြည်ဆိုတာ ။

A : " To beg for food from house to house Rajagaha's- a distance of thirty leagues. "
တစ်အိမ်ပြီး တစ်အိမ် ဆွမ်းခံကြွဖို့ ဖြစ်ပါတယ် ။ ရာဇဂြိုဟ်ဟာ မြတ်ဘုရားအလောင်းတော် တောထွက်တဲ့ နေရာနဲ့ဆိုရင် လီပေါင်း ၃၀ ဝေးပါတယ် ။ ( တစ်လီလျှင် ၃ မိုင် )

B : " You said . Buddha belongs to the sakya clan. Why did he beg for food ? "
ဗုဒ္ဓဟာ သာကီဝင် မင်းမျိုး ဖြစ်တယ်ဆို ၊ ဘာကြောင့် ဆွမ်းခံရပါသလဲ ။

A : " For two reasons: First, according to the way of Pre-Buddhas. Secondly , trained himself the rule of noble one. "
အချက်နှစ်ချက်ကြောင့် ဖြစ်ပါတယ် ။ ပထမအချက်က ရှေးရှေးက ဘုရားရှင်တို့ရဲ့ လမ်းစဉ်အတိုင်း လိုက်နာခြင်း ဖြစ်တယ် ။ ဒုတိယအချက်ကတော့ သူတော်ကောင်းတို့ရဲ့ ကျင့်စဉ်ကို ကျင့်ကြံခြင်း ဖြစ်တယ် ။

B : " Yes , I see. Thank you . "
ဟုတ်ကဲ့ ၊ သိပါပြီ ။ ကျေးဇူးတင်ပါတယ် ။

A : " People of Rajagaha admired the appearance of the future Buddha and reported King Bimbisara about it . "
ရာဇဂြိုဟ် ပြည်သူပြည်သားတွေဟာ ဘုရားအလောင်းရဲ့ ရုပ်အဆင်းလက္ခဏာကို သဘောကျကြတယ် ။ ဒီအကြောင်းကို ဗိမ္ဗိသာရမင်းကြီးကို လျှောက်ထားကြတယ် ။

B : " Then , what ? "
ဒီတော့ ဘာဖြစ်သလဲ ။

A : " The king was delighted . The future Buddha had all the signs of universal monarch. "
ဘုရင် ဗိမ္ဗိသာရမင်းကြီးဟာ ၀မ်းသာရွှင်လန်းသွားတယ် ။ ဘုရားလောင်းတော်မှာ စကြ၀တေးမင်းဖြစ်မည့် အသွင်လက္ခဏာ ရှိနေလို့ပါပဲ ။

B : " The Powerful man ! "
မြင့်မြတ်တဲ့ ဘုန်းတန်းခိုးရှင်ပဲလေ ။

A : " Being admired , the king offered the future Buddha of his kingly glory . "
နှစ်သက် သဘောကျတာကြောင့် မင်းကြီးဟာ ဘုရားလောင်းတော်ကို ထီးနန်း စည်းစိမ် လွှဲအပ်ပေးတယ် ။

B : " He accepted it ? "
လက်ခံခဲ့ပါသလား ။

A : " No , he replied that he didn't seek his passion and retired from the world for the sake of enlightenment of Buddha . "
ဘုရားအလောင်းက သူဟာ ကာမဂုဏ် ချမ်းသာကို ရှာတာ မဟုတ်ဘူး ။ လောကကြီးရဲ့ ကာမဂုဏ် ချမ်းသာကို ငြီးငွေ့ပြီး သဗ္ဗညုတဉာဏ်တော်ရတဲ့ ဘုရားဖြစ်ဖို့ တောထွက် ရဟန်းပြုခဲ့တာလို့ ပြန်ကြားပြောဆိုခဲ့တယ် ။

B : " What's the reply to that ? "
အဲဒီတော့ ဘုရင်ကြီးက ဘာပြန်ပြောပါသလဲ ။

A : " He said-if the future Buddha was sure to become a Buddha , he wished that the first journey would be to his kingdom. "
ဘုရားအလောင်းတော်ဟာ ဘုရားဖြစ်ပြီဆိုရင် သူ့တိုင်းပြည်ကိုပဲ ပထမဦးစွာ ကြွရောက်လာစေချင်တယ်လို့ ဘုရင်ကြီးက ပြောဆိုခဲ့ပါတယ် ။

To be continue ......... The Future Buddha Made the Great Struggle Chapter

Thursday, January 26, 2012

ဇယမင်္ဂလာ အောင်ဂါထာ

ဇယမင်္ဂလာ အောင်ဂါထာ


ဇယစက္ကော ဇယန္တောယော ၊ ဇယိ တဗ္ဗေ ဇယာသနေ ။
ဇယာပေသိ ဇယေသိနံ ၊ ဇယံ ဒေတု ဇယုတ္တယော ။

ဂါထာ အနက်

ယော ဇယစက္ကော - ပါရမီတော် ဆယ်ချက် အောင်လက်နက်ပိုင်ရှင် အကြင်ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ၊ ဇယာသနေ - အောင်သိဒ္ဓိဆင်မြန်းသည့် ပလ္လင်နန်းမှန်ကင်း အောင်ဗောဓိပင်ရင်း၌ ၊ ဇယိတဗ္ဗေ - အောင်အပ်သည့် တရား မာရ်ငါးပါး အပေါင်းတို့ကို ၊ ဇယန္တော - အကြွင်းမဲ့ ချေမှုန်းလျက် ဖျက်ဖြုန်းကာ ပယ်ရှင်း၍ အောင်ခြင်းကြီး အောင်တော်မူခဲ့လေပြီ ၊ ဇယေသိနံ - မြတ်နိဗ္ဗာန် အောင်ခန်းနှင့် အောင်ဘိသိက်ပန်း မဂ်ဖိုလ်ကို များထိုထို ၀ဋ်အတွင်းမှ လွတ်ကင်းအောင် အာသာကြီးဖြင့် ရှာမှီးကာ နေကြကုန်သူတို့အား ၊ ဇယာပေသိ - ကိုယ်တော်မြတ်နှင့်အတူ အောင်ပန်းကို ဆွတ်ချူ၍ ထွတ်အငူ အမြိုက်ဓာတ်သို့ ဆိုက်ကပ်တော်မူစေ၍ အောင်စေတော်မူလေပြီ ။ ဇယုတ္တယော - အောင်သူတကာတို့၏ မှန်ကင်း အောင်ခြင်းတကာတို့၏ ဦးသျှောင် ထွတ်ခေါင် မြတ်သရဖူ သယမ္ဘူ မကိုဋ်ထီးကို အောင်ပွဲဝင် ပုဂ္ဂိုလ်ကြီး ဖြစ်ပေထသော ၊ သော ဇယ စက္ကော - အလုံးစုံ အောင်မင်းနှင့် ပြည့်စုံတော်မူသော ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ၊ မေ - မြတ်နိဗ္ဗူ အောင်ပန်းကို ဆွတ်ချူရန် တက်လှမ်း၍ ကြိုးပမ်းကာ အာသာကြီးဖြင့် ရှာမှီးသူ အကျွန်ုပ်အား ၊ ဇယံ - အောင်ခြင်းကို ( ၀ါ ) အောင်ပန်းဝေမြိုင် အောင်ဖူးတွေ ကြိုင်လှိုင်သည့် အောင်သိဒ္ဓိ ပန်းခိုင်ကြီးကို ၊ ဒေတု - ပေးသနားတော်မူပါ အရှင်ဘုရား ။

မှတ်ချက် ။ ။ ဤ ဂါထာကို အောင်ရှစ်ချက် သစ္စာပန္နက်ဂါထာတော် ဟု ခေါ်ပါသည် ။ အောင်ပွဲအဆင့်ဆင့် ခံတော်မူခဲ့သော အောင်ပွဲများ ပိုင်ရှင် မြတ်စွာဘုရားက အောင်မြင် ချမ်းသာချင်သူတို့အား အလိုရှိသလို အောင်မြင်စေရန် နည်းပေး ညွှန်ပြတော်မူသည်။ ထိုအချက်ကို ဖော်ကျူးခြင်းသည် သစ္စာစကားပင် ဖြစ်၏ ။ ဤ ဂါထာကို ရွတ်ဆိုခြင်းသည်ပင်လျှင် သစ္စာဆိုခြင်း မည်တော့သည် ။

Monday, January 2, 2012

အောင်ခြင်း ရှစ်ပါး ဂါထာတော်




အောင်ခြင်း ရှစ်ပါး ဂါထာတော်
မာရာဠာဝက နာလာဂိံ ၊
အင်္ဂုလိံ စဉ္စ သစ္စကံ ။
နန္ဒော ပနန္ဒ ဗြဟ္မဉ္စ ၊
ဇေယျော ဟောတု တတောပရံ ။
ဗုဒ္ဓေါ မေ ရက္ခတု နိစ္စံ ၊
ဓမ္မော မေ ရက္ခတု သဒါ ။
သံဃော မေ ရက္ခတု ဒိနေ ၊
အာယုဒီဃံ သုခံ ဘဝေ ။

ဂါထာတော် အနက်

လောကဂ္ဂေါ - လောကထွဋ်ထား သဗ္ဗညုမြတ်စွာဘုရားသည် ။ မာရာဠာဝက နာလာဂိံ - လက်ရုံးတစ်ထောင် ကြံဆောင်ဖန်ဆင်း မာရ်နတ်မင်းနှင့် ကိုယ်တွင်းခက်ထန် မျက်ရည်ကြီးလှ အာဠာဝက နာလသွင်ဆန်း ဆင်ကြမ်းကြီးကို လည်းကောင်း ၊ အင်္ဂုလိံ - အင်္ဂုလိမာလ နာမ ထင်ရှား ဟိံသက ခိုးသားကိုလည်းကောင်း ၊ စိဉ္စသစ္စကံ - ပရိသတ်အလယ် စွပ်စွဲမည်ဟု ကြံရွယ်ပြီးလာ စိဉ္စမာနှင့် ၊ ၀ါဒါဝါဒ ပြိုင်လိုလှသော ကုဋန္တအမိုက် သစ္စက ပရိဗိုဇ်ကို လည်းကောင်း ၊ နန္ဒောပနန္ဒဗြဟ္မဉ္စ - တန်ခိုး အနန္တကြီးမားလှသော နန္ဒောပနန္ဒ နာမ ထင်ရှား မြွေနဂါးနှင့် ဖောက်ပြားမိစ္ဆာဣဒ္ဓိမာဖြင့် လွန်စွာပွင့်လင်း ဗကဗြဟ္မာမင်းကို လည်းကောင်း ၊ ဇေယျော - ဒေသနာ အမြိုက်ဆေး တိုက်ကျွေး၍ ယဉ်ကျေးသမူ အောင်ပွဲယူတော်မူပေ၏ ။
တထောတထာ - အောင်ပွဲယူငြား မြတ်ဘုရားနှင့် မခြားတမူ အလားတူစွာ ၊ ပရံ - မိမိကြဉ်ထား သူတစ်ပါးကို ၊ ( ၀ါ ) အပ ဖြစ်လာ များစွာသောင်းသောင်း ဘေးရန်အပေါင်းကို ၊ ဇေယျော - မိမိထံမှောက် မကပ်မရောက်အောင် ၊ ပြီးမြောက်အောင်မြင်ရခြင်းသည် ၊ ဟောတု - မြတ်စွာဘုရား၏ တန်ခိုးအားကြောင့် ထင်ရှားမသွေ ဖြစ်ပါစေသတည်း ။
ဗုဒ္ဓေါ - သစ္စာသိမြင် ဘုရားရှင်သည် ၊ နိစ္စံ - ရှည်ကြာမစဲ အမြဲသာလျှင် ၊ မေ - မြတ်စွာဘုရား၏ တပည့်သား ဖြစ်သော အကျွန်ုပ်အား ၊ ရက္ခတု - ဘေးရန်ခပ်သိမ်း ကင်းလွန်ငြိမ်းအောင် စောင့်ထိန်းတော်မူပါစေ သတည်း ။
ဓမ္မော - မြတ်စွာဘုရား ဟောကြား မြွက်ဖော် ဆယ်ပါးသော တရားတော်မြတ်သည် ၊ မေ - တရားဂုဏ်ကို ယုံကြည်ကိုးစား အကျွန်ုပ်အား ၊ သဒါ - အခါခပ်သိမ်း နေ့ညဥ့်မကွာ ၊ ရက္ခတု - အမြဲမသွေ စောင့်ရှောက်ပါစေသတည်း ။
သံဃော - သမုတိပရမတ် နှစ်ရပ်သော သံဃာတော်မြတ် အပေါင်းသည် ၊ မေ - သံဃာ့ဂုဏ်ကို ယုံကြည်ကိုးစား အကျွန်ုပ်အား ၊ ဒိနေ - နေ့တိုင်း နေ့တိုင်း ၊ ရက္ခတု - ကောင်းစွာ နိစ္စ ကောင်းကျိုးရအောင် စောင်မတော်မူပါစေ သတည်း ။
မေ - ရတနာသုံးစုံ တန်ခိုးဂုဏ်ကို ခိုလှုံကိုးစား အကျွန်ုပ်အား ၊ အာယုဒီဃံ - ဘေးတကာ ရန်ကင်း၍ အသက်တစ်ရာ့နှစ်ဆယ်သာအောင် ရှည်ကြာခြင်းသည် လည်းကောင်း ၊ သုခံ - ကိုယ်စိတ် နှစ်ဖြာ ချမ်းသာခြင်းသည် လည်းကောင်း ၊ ဘဝေ - ရတနာသုံးပါး တန်ခိုးအားကြောင့် ထင်ရှားမသွေ ဖြစ်ပါစေ သတည်း ။

ဂါထာတော် အညွှန်း
ဖော်ပြပါ အောင်ခြင်းရှစ်ပါး ဂါထာတော်သည် ဘေးရန်အန္တရာယ်အပေါင်း အထူးအောင်နိုင်သည့် တန်ခိုးထက်မြက်သော ဂါထာတော် ဖြစ်ပါသည် ။

Sunday, January 1, 2012

တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ၏ " သတသဟဿာရဟ " ဂါထာတော်



တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ၏
တစ်ဂါထာလျှင် အဖိုးတစ်သိန်း ထိုက်တန်သော
" သတသဟဿာရဟ " ဂါထာတော်

" အို - လောက စောင့်ကြပ် နတ်များအပေါင်းတို့ ၊ တရားနာ လာကြကုန်လော့ ။
တောစောင့်နတ် ၊ တောင်စောင့်နတ်အပေါင်း ၊မြို့စောင့်နတ် ၊ ရွာစောင့်နတ်အပေါင်း ၊ ရုက္ခစိုး ၊ ဘုမ္မစိုး ၊ အာကာသစိုး

နတ်အပေါင်းတို့ တရားနာ လာကြကုန်လော့ ။
မြေစောင့်နတ် ၊ ရေစောင့်နတ် ၊ သာသနာတော်စောင့်နတ် ၊ သမုဒ္ဒရာစောင့်နတ် ၊ ၀ဠာဟကနတ် ၊ ပဇ္ဇုန်နတ် ၊

စတုလောကပါလနတ် ၊ သိကြား ၊ ဗြဟ္မာ ၊ အသုရာ ၊ ယမာ အစရှိသော နတ်ဗြဟ္မာအပေါင်းတို့ - တရားနာလာကြကုန်လော့ ။
နဂါး ၊ ဂဠုန် ၊ ကုမ္ဘန် ၊ ယက္ခိုက် အစရှိသော ဥပါသကာ အပေါင်းတို့ - တရားနာ လာကြကုန်လော့ ။
ဝိဇ္ဇာ ၊ ဇော်ဂျီ ၊ တပဿီ အစရှိသော သူတော်ကောင်း အပေါင်းတို့ - တရားနာ လာကြကုန်လော့ ။
အို-လူအပေါင်း ၊ နတ်အပေါင်း အပါယ်လေးပါး သတ္တ၀ါ အပေါင်းတို့ တရားနာလာရန် ဖိတ်ခေါ်ပါကုန်၏ ။
အကျွန်ုပ်သည် ဝေနေများစွာ သတ္တ၀ါတို့၏ ချမ်းသာမှုကို ရှေးရှု၍ ကောင်းမြတ်သော စိတ်စေတနာဖြင့် ကဿပ

မြတ်စွာဘုရားရှင်သည် ဟောကြားတော်မူခဲ့သည့် တစ်ဂါထာလျှင် အဖိုး တစ်သိန်းထိုက်တန်သည့် အလွန်တရာ ကြားရ နာရ

ခဲလှစွာသော " သတသဟဿာ ရဟ " ဂါထာတော်ကို ရွတ်ဖတ် သရဇ္ဈာယ်ပါကုန်အံ့ ။ ကောင်းမွန် ရိုသေစွာ နားကြား ကြကုန်လော့။ "

၁ ။ သကိံဒေ၀ မဟာရာဇ ၊ သဗ္ဘိဟောတိ သမာဂမော ။
သာ နံ ပါလေတိ သင်္ဂတိ ၊ နာ သဗ္ဘိဗဟုသင်္ဂမော ။

၂ ။ သမ္ဘိရေ၀ သမာသေထ ၊ သမ္ဘိ ကုဗ္ဗေထ သန္တ၀ံ ။
သတံ သဒ္ဓမ္မ မညာယ ၊ သေယျော ဟောတိ န ပါပိယော ။

၃ ။ ဇိရန္တိ ဝေ ရာဇရထာ သုစိတ္တာ ၊ အထော သရီရမ္ပိ ဇရံ ဥပေတိ ။
သတဉ္စ ဓမ္မော န ဇရံ ဥပေတိ ၊ သန္တော ဟဝေ သဗ္ဘိ ပဝေဒယန္တိ ။

၎ ။ နဘိံ စ ဒူရေ ပထ၀ီ စ ဒူရေ ၊ ပါရံ သမုဒ္ဒဿ တဒါဟု ဒူရေ ။
တတော ဟဝေ ဒူရတရံ ၀ဒန္တိ ၊ သတဉ္စ ဓမ္မော အသတဉ္စ ရာဇ ။

အနက် - မြန်မာပြန်

၁။ မဟာရာဇ - အဆွေတော်မင်းမြတ် ၊ သဗ္ဘိ - သူတော်ကောင်းတို့နှင့် ၊ သကိံဒေ၀ - တစ်ကြိမ်တစ်ခါမျှ သာလျှင် ၊

သမာဂမောဟောတိ - အကြောင်းခွင့်ကြုံ၍ ပေါင်းဆုံ မှီဝဲရပေ၏ ။ သာသင်္ဂတိ - ထို တစ်ကြိမ်မျှ ပေါင်းဆုံမှီဝဲရခြင်းသည် ၊ နံ - ထိုထို

အခွင့်ကြုံ၍ ပေါင်းဆုံ မှီဝဲရသောသူကို ၊ ပါလေတိ - ဘေးရန်မနှောက် ချမ်းသာရောက်အောင် ကယ်မ နိုင်ပါပေ၏ ။

၂။ အသဗ္ဘိ - တရားကင်းကွာသော သူယုတ်မာတို့နှင့် ၊ ဗဟုသင်္ဂမော - ကြိမ်ဖန်များစွာ ပေါင်းဆုံ မှီဝဲသော်လည်း ၊ န ပါလေတိ -

ဘေးရန်မနှောက် ချမ်းသာရောက်အောင် မစောင့်ရှောက် မကယ်မ နိုင်ပေ။ မဟာရာဇ - အဆွေတော်မင်းမြတ် ၊ တသ္မာ - ထို့ကြောင့် ၊

သမ္ဘိရေ၀ - သူတော်ကောင်းတို့နှင့်သာလျှင် ၊ သမာသေထ - ပေါင်းဆုံ အမြဲ မှီဝဲဆည်းကပ်ရာ၏ ။ သဗ္ဘိ - သူတော်ကောင်းတို့နှင့် ၊

သန္တ၀ံ - မိတ်ဆွေဖွဲ့ခြင်း ၊ ကျွမ်းဝင်ချဉ်းကပ်မှုကို ၊ ကုဗ္ဘေထ - ပြုရာ၏ ၊ ပြုပါလေ ၊ သတံ - ဘုရား အစရှိသော သူတော်ကောင်းတို့၏ ၊

သဒ္ဓမ္မံ - ပစ္စုပ် ၊ သံသာ နှစ်ဖြာ ကြီးပွား ချမ်းသာကြောင်း ပုညကိရိယ ဗောဓိပက္ခိယ တရားကောင်းကို ၊ အညာယ - တစ်လုံး တစ်ပါဒမှ

စ၍ ကောင်းစွာ သိမြင်လာရသည်ရှိသော် ၊ သေယျော ဟောတိ - တစ်နေ့တစ်ခြား ကြီးပွားချမ်းသာ မြင့်မြတ်လာနိုင်ပါပေ၏ ။ န

ပါပိယော - ဆုတ်ယုတ်နိုင်ကြခြင်း အလျဉ်းပင် မရှိနိုင်ပေ ။

၃။ မဟာရာဇ - အဆွေတော်မင်းမြတ် ၊ သုစိတ္တာ - မွမ်းမံ ခြယ်လှယ်၍ အဆန်းတကြယ် လှပ ခိုင်ခန့် ကုန်သော ၊ ရာဇရထာ -

မင်းစီးရထားတို့သည် ၊ ဝေ - စင်စစ် ဧကန် အမှန်ပင် ၊ ဇိရန္တိ - ဟောင်းနွမ်းဆွေးမြေ့ တစ်နေ့နေ့တွင် ပျက်စီး၍ သွားကြရကုန်၏ ။

အထော - ထို့အပြင် ၊ သရီရမ္ပိ - ကျွေးမွေး သုတ်သင် နေ့စဉ်နှင့်အမျှ မွမ်းမံခြယ်သကာ တယုတယ စောင့်ရှောက်၍ နေကြသော

သူသူငါငါ ဤခန္ဓာကိုယ်ကြီးသည်လည်း ၊ ဇရံ ဥပေတိ - ပြုပြင်ရင်းက အိုမင်းဆွေးမြေ့ တရွေ့ရွေ့နှင့် ပျက်စီး၍ သွားရမြဲသာတည်း ။

သတဉ္စ ဓမ္မော - ပြုလည်း မပြု ၊ ပြင်လည်း မပြင် ပင်ကိုမြဲတည် သူတော်ကောင်းတို့၏ တရား ဖြစ်သော နိဗ္ဗာန်သည်ကား ၊ ဇရံ -

ပျက်စီး ယိုယွင်း ဆိတ်သုဉ်းခြင်းသို့ ၊ န ဥပေတိ - ကမ္ဘာလှဲဖောက် ကပ်တွေ ပျောက်လည်း ဘယ်သောခါမျှ မရောက်နိုင်ပါချေ ။ သန္တော

- ဘုရား အစရှိသော သူတော်ကောင်းတို့သည် ၊ သဗ္ဘိ - သူတော်ဥစ္စာ ဘယ်ခါမပြတ် ထိုနိဗ္ဗာန် ချမ်းသာမြတ်ကိုသာလျှင် ၊ ဟဝေ -

စင်စစ်ဧကန် အမှန်ပင် ၊ ပဝေဒယန္တိ - ထုတ်ဖော်မြွက်ဟ ပြောဆို ချီးကျူးကြလေကုန်၏ ။

၎။ မဟာရာဇ - အဆွေတော်မင်းမြတ် ၊ နဘိံ စ - ထက်လဟာပြင် မိုးကောင်းကင်သည်လည်း ၊ ပထ၀ီတော - မြေပြင်မှ ၊ ဒူရေ -

တစ်စပ်တည်းပင် ထင်ရစေကာ အလွန်ပင် ဝေးကွာလှချေ၏ ၊ ပထ၀ီစ - မြေပြင်သည်လည်း ၊ နဘိံတော - ထက်လဟာပြင်

မိုးကောင်းကင်မှ ၊ ဒူရေ - တစ်စပ်တည်းပင် ထင်ရစေကာမူ အလွန်ပင် ဝေးကွာလှချေ၏ ။ သမုဒ္ဒဿ - တင်းကြမ်းရေပြင်

ကမ်းမမြင်သော ပင်လယ် သမုဒ္ဒရာ၏ ၊ ပါရံ - ပရတီရံ - ဟိုမှာဘက်ကမ်းသည် ဩရိမှတိရတော - ဤမှာဘက်ကမ်းမှ ၊ ဒူရံ - မမှန်းဆ

နိုင်အောင် ဝေးကွာလှချေ၏ ။ ဩရိမှတီရံ - ဤမှာဘက်ကမ်းသည်လည်း ၊ ပါရာပတီရာ - ဟိုမှာဘက်ကမ်းမှ ၊ ဒူရံ - မှန်းဆ မထင်

အလွန်ပင် ဝေးကွာလှချေ၏ ။ တံ - ထိုစကားကို ၊ ၀ါ - ထိုသို့ပင် ၊ သန္တော - ဘုရား အစရှိသော သူတော်ကောင်းတို့သည် ၊ အာဟု -

ပြောဆိုတော်မူကြကုန်၏ ။ သတဉ္စ ဓမ္မော သဒ္ဓမ္မော - သူတော်ကောင်းတို့၏ တရားသည်လည်း ၊ အသတံတမ္မာ အသဒ္ဓမ္မာ -

မသူတော်တို့ တရားမှ ၊ တတော - ထို မိုးမြေနှစ်သွယ် ပင်လယ်ကမ်း နှစ်ခုတို့ထက် ၊ ဟဝေ - စင်စစ်ဧကန် အမှန်ပင် ၊ ဒူရတရံ - အရှေ့

အနောက် တောင် နှင့် မြောက်သို့ ထောက်ဆ နှိုင်းညှိ၍ မရအောင် အလွန့်အလွန်ပင် ဝေးကွာလှချေ၏ ဟူ၍ ၊ သန္တော - ဘုရား

အစရှိသော သူတော်ကောင်းတို့သည် ၊ ၀ဒန္တိ - မိန့်ဆိုတော်မူကြကုန်၏ ။

နတ်ချစ်ဂါထာတော်များ ပြီး၏ ။

Related Posts Plugin for WordPress, Blogger...