Pages

Monday, January 2, 2012

အောင်ခြင်း ရှစ်ပါး ဂါထာတော်




အောင်ခြင်း ရှစ်ပါး ဂါထာတော်
မာရာဠာဝက နာလာဂိံ ၊
အင်္ဂုလိံ စဉ္စ သစ္စကံ ။
နန္ဒော ပနန္ဒ ဗြဟ္မဉ္စ ၊
ဇေယျော ဟောတု တတောပရံ ။
ဗုဒ္ဓေါ မေ ရက္ခတု နိစ္စံ ၊
ဓမ္မော မေ ရက္ခတု သဒါ ။
သံဃော မေ ရက္ခတု ဒိနေ ၊
အာယုဒီဃံ သုခံ ဘဝေ ။

ဂါထာတော် အနက်

လောကဂ္ဂေါ - လောကထွဋ်ထား သဗ္ဗညုမြတ်စွာဘုရားသည် ။ မာရာဠာဝက နာလာဂိံ - လက်ရုံးတစ်ထောင် ကြံဆောင်ဖန်ဆင်း မာရ်နတ်မင်းနှင့် ကိုယ်တွင်းခက်ထန် မျက်ရည်ကြီးလှ အာဠာဝက နာလသွင်ဆန်း ဆင်ကြမ်းကြီးကို လည်းကောင်း ၊ အင်္ဂုလိံ - အင်္ဂုလိမာလ နာမ ထင်ရှား ဟိံသက ခိုးသားကိုလည်းကောင်း ၊ စိဉ္စသစ္စကံ - ပရိသတ်အလယ် စွပ်စွဲမည်ဟု ကြံရွယ်ပြီးလာ စိဉ္စမာနှင့် ၊ ၀ါဒါဝါဒ ပြိုင်လိုလှသော ကုဋန္တအမိုက် သစ္စက ပရိဗိုဇ်ကို လည်းကောင်း ၊ နန္ဒောပနန္ဒဗြဟ္မဉ္စ - တန်ခိုး အနန္တကြီးမားလှသော နန္ဒောပနန္ဒ နာမ ထင်ရှား မြွေနဂါးနှင့် ဖောက်ပြားမိစ္ဆာဣဒ္ဓိမာဖြင့် လွန်စွာပွင့်လင်း ဗကဗြဟ္မာမင်းကို လည်းကောင်း ၊ ဇေယျော - ဒေသနာ အမြိုက်ဆေး တိုက်ကျွေး၍ ယဉ်ကျေးသမူ အောင်ပွဲယူတော်မူပေ၏ ။
တထောတထာ - အောင်ပွဲယူငြား မြတ်ဘုရားနှင့် မခြားတမူ အလားတူစွာ ၊ ပရံ - မိမိကြဉ်ထား သူတစ်ပါးကို ၊ ( ၀ါ ) အပ ဖြစ်လာ များစွာသောင်းသောင်း ဘေးရန်အပေါင်းကို ၊ ဇေယျော - မိမိထံမှောက် မကပ်မရောက်အောင် ၊ ပြီးမြောက်အောင်မြင်ရခြင်းသည် ၊ ဟောတု - မြတ်စွာဘုရား၏ တန်ခိုးအားကြောင့် ထင်ရှားမသွေ ဖြစ်ပါစေသတည်း ။
ဗုဒ္ဓေါ - သစ္စာသိမြင် ဘုရားရှင်သည် ၊ နိစ္စံ - ရှည်ကြာမစဲ အမြဲသာလျှင် ၊ မေ - မြတ်စွာဘုရား၏ တပည့်သား ဖြစ်သော အကျွန်ုပ်အား ၊ ရက္ခတု - ဘေးရန်ခပ်သိမ်း ကင်းလွန်ငြိမ်းအောင် စောင့်ထိန်းတော်မူပါစေ သတည်း ။
ဓမ္မော - မြတ်စွာဘုရား ဟောကြား မြွက်ဖော် ဆယ်ပါးသော တရားတော်မြတ်သည် ၊ မေ - တရားဂုဏ်ကို ယုံကြည်ကိုးစား အကျွန်ုပ်အား ၊ သဒါ - အခါခပ်သိမ်း နေ့ညဥ့်မကွာ ၊ ရက္ခတု - အမြဲမသွေ စောင့်ရှောက်ပါစေသတည်း ။
သံဃော - သမုတိပရမတ် နှစ်ရပ်သော သံဃာတော်မြတ် အပေါင်းသည် ၊ မေ - သံဃာ့ဂုဏ်ကို ယုံကြည်ကိုးစား အကျွန်ုပ်အား ၊ ဒိနေ - နေ့တိုင်း နေ့တိုင်း ၊ ရက္ခတု - ကောင်းစွာ နိစ္စ ကောင်းကျိုးရအောင် စောင်မတော်မူပါစေ သတည်း ။
မေ - ရတနာသုံးစုံ တန်ခိုးဂုဏ်ကို ခိုလှုံကိုးစား အကျွန်ုပ်အား ၊ အာယုဒီဃံ - ဘေးတကာ ရန်ကင်း၍ အသက်တစ်ရာ့နှစ်ဆယ်သာအောင် ရှည်ကြာခြင်းသည် လည်းကောင်း ၊ သုခံ - ကိုယ်စိတ် နှစ်ဖြာ ချမ်းသာခြင်းသည် လည်းကောင်း ၊ ဘဝေ - ရတနာသုံးပါး တန်ခိုးအားကြောင့် ထင်ရှားမသွေ ဖြစ်ပါစေ သတည်း ။

ဂါထာတော် အညွှန်း
ဖော်ပြပါ အောင်ခြင်းရှစ်ပါး ဂါထာတော်သည် ဘေးရန်အန္တရာယ်အပေါင်း အထူးအောင်နိုင်သည့် တန်ခိုးထက်မြက်သော ဂါထာတော် ဖြစ်ပါသည် ။

No comments:

Related Posts Plugin for WordPress, Blogger...