Pages

Friday, June 26, 2015

ရွှေပေါ်ကျွန်း ဆရာတော် ချီးမြှင့်သည့် “ ဝ ” ဂါထာတော် …



ရွှေပေါ်ကျွန်း ဆရာတော် ချီးမြှင့်သည့် “ ဝ ” ဂါထာတော် …

     “ ဝရောပုဏ္ဏဿ သီဝဝေါဝ ၊
       ဝရညုသူရိယာ ဝဝေါဝ ၊
       ဝရဒေါ စက္ကဝါ ဠောဝ ဝေါဝ ၊
       ဝရဟရောကာသော ဝဝေါဝ ”

ဂါထာ အဓိပ္ပာယ်
      မြတ်သော တရားဖြင့် ပြည့်တော်မူသည် ဖြစ်၍ အေးချမ်းသည့် လပြည့်ဝန်းအလား ဝန်းဝိုင်းသော ဝ လုံးကဲ့သို့ မြတ်သောတရားကို သိတော်မူသည် ဖြစ်၍ ၊ နေမင်းအလား ဝန်းဝိုင်းသော ဝ ကဲ့သို့ မြတ်သောဆုကို ပေးသနားတော်မူသည်ဖြစ်၍ ၊ စကြဝဠာအလား ဝန်းဝိုင်းသော ဝ ကဲ့သို့ ၊ ဩကာသလောကအလား ဝန်းဝိုင်းသော ဝ ကဲ့သို့ အပြည့်အဝ မြတ်သောဆုကို ဆောင်တော်မူသော မြတ်စွာဘုရားသည် ပြည့်ပြည့်ဝဝ မြတ်သောဆုကို ပေးသနားတော် မူပါစေသတည်း ။  ။

    အထက်ပါ ဝ ဂါထာတော် ကျင့်စဉ်သည် အလွန်ရှေးကျပြီး ရွှေပေါ်ကျွန်း ဆရာတော်ကြီး ညစဉ် အမြဲ ရွတ်ဖတ်သော ဂါထာဖြစ်ပါသည် ။


                     ဦးသိန်းထွန်းကြည် ( အင်းဝ )
                     pg - 176
                    နက္ခတ္တရောင်ခြည် မဂ္ဂဇင်း
                     2014 Dec

Monday, June 1, 2015

ဂဏန်း ဆယ်ခု သဗ္ဗညု ( ထီကံကောင်းကြစေရန် )


    ဂဏန်း ဆယ်ခု သဗ္ဗညု

( ၁ ) ဂဏန်းဖြစ်တော်မူသော

       မြတ်စွာဘုရား အဆူဆူတို့သည် တစ်ဆူချင်း ၊ တစ်ပါးချင်းသော အတုမရှိ အတူမရှိ ပွင့်ထွန်း ဖူးပွင့်တော်မူကြပါသည် ။ ဤကဲ့သို့ အတုမရှိ ၊ အတူမရှိ တစ်ဆူချင်း ၊ တစ်ပါးချင်း ပွင့်ထွန်းဖူးပွင့်တော်မူကြကုန်သော ဂေါတမ မြတ်စွာဘုရားနှင့်တကွ ကဿပ မြတ်စွာဘုရား ၊ ကောဏာဂုံမြတ်စွာဘုရား ၊ ကကုသန်မြတ်စွာဘုရား ၊ ဝေဿဘူမြတ်စွာဘုရား ၊ သိခီမြတ်စွာဘုရား ၊ ဝိပဿီမြတ်စွာဘုရား တည်းဟူသော ခုနစ်ဆူကုန်သော မြတ်စွာဘုရားများ ၊ နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရားများ ၊ တစ်သောင်းနှစ်ထောင်ကုန်သော မြတ်စွာဘုရားများ ၊ ငါးသိန်းကုန်သော ဘုရားများ ၊ ဂင်္ဂါဝါဠု သဲစုမက ပွင့်ထွန်းတော်မူကြသော မြတ်ဘုရား အဆူဆူတို့ကို ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနောကံတို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား ။ ( ဦးချရှိခိုးပါ ။ )

( ၂ ) ဂဏန်းဖြစ်တော်မူသော

       ရုပ်တရား ၊ နာမ်တရား ဤတရားနှစ်ပါးကို ပိုင်းခြားထင်ထင် သိမြင်တော်မူကြကုန်သော မြတ်စွာဘုရား အဆူဆူနှင့်တကွ ပစ္စေကဗုဒ္ဓါများ ၊ ရဟန္တာများ ၊ အဂ္ဂသာဝက မဟာသာဝက အရိယာသာဝကများတို့အား ၊ ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနောကံတို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ။ ( ဦးချကန်တော့ပါ ။ )

( ၃ ) ဂဏန်းဖြစ်တော်မူသော

      ဘုရားအမြတ်ဆုံး ရတနာ ၊ တရားအမြတ်ဆုံး ရတနာ ၊ သံဃာအမြတ်ဆုံး ရတနာ တည်းဟူသော ရတနာ မြတ်သုံးပါး ၊ မြတ်စွာဘုရား အဆူဆူ ချမှတ်ခဲ့သော ပရိယတ္တိသာသနာ ၊ ပဋိဝေဓသာသနာ တည်းဟူသော သဒ္ဓမ္မသုံးဖြာ ၊ သာသနာ သုံးရပ် ၊ သီလ သမာဓိ ပညာ တည်းဟူသော သိက္ခာသုံးရပ်နှင့် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် သုတ် ၊ ဝိနည်း ၊ အဘိဓမ္မာ ၊ ပဋ္ဌာန်း နိကာယ်ငါးပုံတို့အား ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနောကံတို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ ဘုရား ။ ( ဦးချကန်တော့ပါ ။ )

( ၄ ) ဂဏန်းဖြစ်တော်မူသော

      သစ္စာလေးပါး တရား ၊ သတိပဋ္ဌာန်တရား လေးပါး ၊သမ္ဗပဋ္ဌာန်တရား လေးပါး ၊ ဣဒ္ဓိပါဒ်တရား လေးပါး ၊ ဖိုလ်လေးပါး တည်းဟူသော မြတ်တရားတော်များနှင့် မဂ္ဂဋ္ဌာန် လေးယောက် ၊ ဖလဋ္ဌာန် လေးယောက် သော အရိယာ သံဃာတော်များအား ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနောကံ တို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ ဘုရား ။ ( ဦးချကန်တော့ပါ ။ )

( ၅ ) ဂဏန်းဖြစ်တော်မူသော

        ငါးပါးသီလ တရားတော်မြတ် ၊ ဗိုလ်ငါးပါး တရားတော်မြတ်နှင့် ဘုရား ၊ တရား ၊ သံဃာ ၊ မိဘ ၊ ဆရာ တည်းဟူသော အနန္တော အနန္တ ငါးပါးတို့အား ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနောကံ တို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား ။ ( ဦးချကန်တော့ပါ ။ )

( ၆ ) ဂဏန်းဖြစ်တော်မူသော

     ဘုန်းတော်ခြောက်ပါး ၊ ဉာဏ်တော်ခြောက်ပါး ၊ ရောင်ခြည်တော် ခြောက်ပါး ပိုင်ရှင် သဗ္ဗညု မြတ်စွာဘုရားရှင်တော်မြတ်အား ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနောကံ တို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား ။ ( ဦးချကန်တော့ပါ ။ )
      နာယကဂုဏ်တော် ခြောက်ပါးနှင့် ပြည့်စုံတော်မူသော ပုဂ္ဂိုလ်အပေါင်းအား ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနောကံ တို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ဘုရား ။ ( ဦးချကန်တော့ပါ ။ )

( ၇ ) ဂဏန်းဖြစ်တော်မူသော

      သူတော်ကောင်း တရား ခုနစ်ပါး ၊ ဗောဇ္ဈင်တရား ခုနစ်ပါး ၊ တရားတော်များနှင့် ဘုရားတပည့်တော်ထက် သီလဂုဏ် ၊ သမာဓိဂုဏ် ၊ ပညာဂုဏ် မြင့်မြတ်ကြသော တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး ၊ သောကြာ ၊ စနေ တည်းဟူသော ခုနစ်နေ့သား ၊ ခုနစ်နေ့ သမီး အပေါင်းအား ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနောကံတို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား ။ ( ဦးချကန်တော့ပါ ။ )

( ၈ ) ဂဏန်းဖြစ်တော်မူသော

       မဂ္ဂင်ရှစ်ပါး တရားတော်မြတ် ၊ ရှစ်ပါးသီလ တရားတော်မြတ်နှင့် မဂ္ဂဋ္ဌာန် လေးယောက် ၊ ဖလဋ္ဌာန် လေးယောက် ရှစ်ယောက်သော အရိယာ သံဃာတော်မြတ်တို့အား ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနောကံတို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား ။ ( ဦးချကန်တော့ပါ ။ )

( ၉  ) ဂဏန်းဖြစ်တော်မူသော

       ဂုဏ်တော်ကိုးပါး ပိုင်ရှင် မြတ်စွာဘုရားနှင့်တကွ ကိုးပါးသီလ တရားတော်မြတ်ကို ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနေကံတို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား ။ ( ဦးချကန်တော့ပါ ။ )

( ၁၀ ) ဂဏန်းဖြစ်တော်မူသော

       ပါရမီဆယ်ပါး ပိုင်ရှင် မြတ်စွာဘုရားရှင်နှင့် မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန် ပရိယတ် ဆယ်ပါးသော တရားတော်မြတ် ၊ ဆယ်ပါးသော သီလတရားတော်မြတ် ၊ သုမင်္ဂလာတရား ဆယ်ပါး ၊ သုစရိုက်တရား ဆယ်ပါး ၊ တရားတော်မြတ်များနှင့် ခင်ပွန်းကြီးဆယ်ပါးတို့ကို ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနောကံတို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား ။ ( ဦးချကန်တော့ပါ ။ )


 ဧတေန သစ္စဝဇ္ဇေန ဟောတုမေ ဇယဂဏနံ ။  
    ( သုံးကြိမ် ရွတ်ဆိုပါ ။ )

      ဧတေန သစ္စဝဇ္ဇေန - ဤကဲ့သို့ မှန်ကန်သော သစ္စာစကားများကို ရွတ်ဆို၍ ( ၁ ) ဂဏန်းမှ ( ၁၀ ) ဂဏန်းအထိ ပိုင်ရှင်များအားလုံးကို ရှိခိုးရသော ကောင်းမှုကံ စေတနာတို့ကြောင့် ၊ မေ - ဘုရား တပည့်တော်အား ၊ ဇယ ဂဏနံ - ဂဏန်းနံပါတ်များနှင့် ပတ်သက်သော အောင်မြင်ခြင်း မင်္ဂလာအဖြာဖြာတို့သည် ၊ ဟောတု - စင်စစ်မသွေ ဖြစ်ရပါလို၏ အရှင်ဘုရား ။ ( ဝါ )အောင်ဘာလေ ထီဆုကြီးများ ပေါက်ရပါလို၏ အရှင်ဘုရား ။ ( ကိန်းဂဏန်းနှင့် ပတ်သက်၍ လိုရာ ဆုတောင်းပါ ။ လိုသလို ဆုတောင်းပါ ။ )

 မှတ်ချက်  ။   ။   နံနက်တစ်ကြိမ် ည တစ်ကြိမ် ပုံမှန် ရွတ်ဆို ရှိခိုးကြည့်ပါ ။ ထူးခြားတာ ကြုံတွေ့ရမည် ။


     အောင်ကောင်းမြ ( သာကေတ )

    2014 Dce ရောင်ပြန်မဂ္ဂဇင်း
Related Posts Plugin for WordPress, Blogger...