Pages

Friday, December 26, 2014

ကြွေးပူ တွေးပူမနေနဲ့ ဂါထာတော် ( ရေလဲနှင့်ပေးသော ဗုဒ္ဓအစီအရင် )

ကြွေးပူ တွေးပူမနေနဲ့ ဂါထာတော်
( ရေလဲနှင့်ပေးသော ဗုဒ္ဓအစီအရင် )
ကြွေးပူကင်းဝေးစေမည့် ကျင့်စဉ်
မနက်တိုင်းနှင့် ညစဉ်ညတိုင်း ဘုရားရှိခိုးရမည် ။
( က ) ပထမ ဘုရားရှိခိုး ငါးပါးသီလ ခံ၍ ကံကြွေး အရင်ချေပါ ။
“ ယခင် ဘဝ အဆက်ဆက်မှ ယခုဘဝဆက်တိုင်အောင် မပြစ်မှားသင့် မပြစ်မှားအပ်သော ဘုရား ၊ တရား ၊ သံဃာ ၊ မိဘ ဆရာ အသက်အားဖြင့် ကြီးသောသူ ၊ ဂုဏ်အားဖြင့် ကြီးသောသူ ၊ ပညာရှိ သူတော်ကောင်းအပေါင်းတို့အား မရိုမသေ မလေးမစား စိတ်အားဖြင့်သော်လည်းကောင်း ၊ နှုတ်အားဖြင့်သော်လည်းကောင်း ၊ ကိုယ်အားဖြင့်သော်လည်းကောင်း ပြစ်မှား စော်ကားထားသည်များ ရှိလျှင် အပြစ်များ ပြေပျောက်စေရန် ပြစ်မှားမိသော ပုဂ္ဂိုလ်အပေါင်းတို့အား ရှိခိုး ဝန်ချ တောင်းပန်ပါ၏ ။ ရှိရှိသမျှ အပြစ်များ ကျေပျောက်ရပါလို၏ ။
( ခ ) ပုတီးစိပ်ပါ ။
စိပ်ရမည့် ဂုဏ်တော်မှာ “ အ-ကာလိကော ” ဟူသော သံဃာ့ဂုဏ်တော် ဖြစ်လေ၏ ။ ( လိုချင်သော လာဘ်လာဘများ လျင်မြန်စွာ ရနိုင်၏ )
( ဂ ) ပုတီးစိပ်ပြီးလျှင် မေတ္တာပို့ပါ ။
မွေးမိဘ ၊ ကျွေးမိဘ တည်းဟူသော ကျေးဇူးရှင် မိဘများ ဖြစ်ကြသည့် ဖေဖေ ဦး … / မေမေ ဒေါ် … တို့ ကျန်းမာ ချမ်းသာကြပါစေ ၊ ကောင်းသော ဆန္ဒဟူသမျှနှင့် ပြည့်ဝကြပါစေ ။
ကျွန်ုပ်၏ ကိုယ်၌ စောင့်ကြပ် တစ်ကျိပ်နှစ်ပါးသော နတ်တို့သည်လည်း ကျန်းမာပါစေ ချမ်းသာပါစေ ၊ ကောင်းသော ဆန္ဒဟူသမျှနှင့် ပြည့်ဝကြပါစေ ။
ကျွန်ုပ်အား ချစ်ခင်နှစ်သက်သောသူ ၊ မချစ်ခင် မနှစ်သက်သောသူ တို့သည်လည်း ကျန်းမာပါစေ ချမ်းသာပါစေ ၊ ကောင်းသော ဆန္ဒ ဟူသမျှနှင့် ပြည့်ဝကြပါစေ ။
အားလုံးသော ခုနစ်နေ့နံ ကြီးစိုးသည့် လူ ၊ နတ် ၊ ပုဂ္ဂိုလ် ၊ သတ္တဝါ အပေါင်း ကျန်းမာပါစေ ၊ ချမ်းသာပါစေ ၊ ကောင်းသော ဆန္ဒ ဟူသမျှနှင့် ပြည့်ဝကြပါစေ ။
( ဃ ) ဆုတောင်းပါ ။
“ ဤသို့ပြုရ ကုသလကြောင့် ဘုရားတပည့်တော်တွင် တင်ရှိနေသော အကြွေးများ အမြန်ဆုံး ပေးဆပ်ရနိုင်ပါလို၏ ။ ကြွေးရှင်များသည်လည်း ရှိတဲ့ အကြွေးကို တပည့်တော် ပေးဆပ်နိုင်သည်အထိ ကြည်ဖြူစွာ စောင့်ဆိုင်းနိုင်ကြပါစေသတည်း ။
( င ) သစ္စာပြုပါ ။
ဘုရားတပည့်တော်သည် တင်ရှိနေသော အကြွေးများကို အမှန်တကယ် ပေးဆပ်ရပါလို၏ ။ ပေးဆပ်ချင်ပါ၏ ။ ဤသို့ မှန်သော သစ္စာ ဆိုရခြင်းကြောင့် ဘုရားတပည့်တော်တွင် တင်ရှိနေသော ကြွေးမြီများ အမြန်ဆုံး ပေးဆပ်နိုင်ရပါလို၏ ။ ပေးဆပ်နိုင်သည်အထိလည်း ကြွေးရှင်များက ကြည်ဖြူစွာ စောင့်ဆိုင်းနိုင်ကြပါစေသတည်း ။
( ၂ ) သစ္စာပြုပြီးသည်နှင့် အောက်ပါ ဂါထာအား အခေါက်ရေ မနက် ၂၀ ၊ည ၂၀ ရွတ်ပါ ။
ဗုဒ္ဓဂုဏော အနန္တော ၊ ဓမ္မဂုဏော အနန္တော ၊ သံဃဂုဏော အနန္တော ၊ မာတာပိတုဂုဏော အနန္တော ၊ အာစရိယဂုဏော အနန္တော ။
ဗုဒ္ဓေါ မေ သရဏံ အညံ နတ္ထိ ၊ ဓမ္မော မေ သရဏံ အညံ နတ္ထိ ၊ သံဃော မေ သရဏံ အညံ နတ္ထိ ။
ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ ။
( ၃ )ပြီးလျှင် အမျှဝေ ၊ သာဓု ခေါ်ပါ ။ ကြေးစည်ရှိလျှင် ကြေးစည် တီးခတ်၍ အမျှဝေပါ ။
ဤ အစီအစဉ်အတိုင်း တသွေမတိမ်း လုပ်ပါက မိမိ အကြွေးများ ပြန်လည် ပေးဆပ်နိုင်မည့် နည်းလမ်းအား မကြာမီ မြင်တွေ့သွားပေလိမ့်မည် ။ ဤနည်း စနစ်မှာ ဆရာကြီး အဂ္ဂ ရာဇာမှ …
( ၁ ) အကြွေးများကြောင့် စိတ်သောက ရောက်နေသူများ
( ၂ ) စီးပွားရေး အကျပ်အတည်း ကြုံနေသူများ ၊
( ၃ ) အလုပ်အကိုင် အဆင်မပြေသူများ ၊
( ၄ ) ငွေလာဘ် ပိတ်နေသူများအား ရေလဲနှင့် ပေးသော ဗုဒ္ဓ အစီအရင် ဖြစ်ပါသည် ။ ယုံယုံကြည်ကြည်ဖြင့် နေ့စဉ် လုပ်ကြည့်ပါ ။ ထင်ထင်ရှားရှား အကျိုးများ မုချတွေ့ရလိမ့်မည် ။
ဤ နည်းကို ကျင့်ဆောင်သူသည် -
* ငါးပါးသီလ မြဲရမယ် ။ အထူးသဖြင့် ကာမေသုနှင့် သုရာမေရယ ကံနှစ်ပါး လုံရမယ် ။
* အခက်အခဲကြောင့် အမှန်တကယ် ပြန်မဆပ်နိုင်သေးသူ ဖြစ်ရမယ် ။ ( ပြန်ဆပ်နိုင်ရဲ့သားနဲ့ သက်သက်ညစ်ပြီး ပြန်မဆပ်သူ မဖြစ်ရပါ ။ )
* အမှန်တကယ်လည်း ပြန်ဆပ်လိုစိတ် ရှိရမယ် ။
* မကောင်းမှုများနှင့် သက်ဆိုင်သော အကြွေးမဖြစ်စေရ ။ ( ဥပမာ - အရက်ကြွေး ၊ ဖဲကြွေး ၊ လောင်းကစားကြွေး စသဖြင့် … )
* ကြွေးရှင်တွေကို ရှောင်မနေဘဲ ဘယ်ရက် ဘယ်လ ပေးနိုင်မယ် ဆိုတာ ချေချေငံငံပြော ၊ ချိုချိုသာသာ ဆက်ဆံပါ ။
* ကြွေးရှင်ကို ရန်သူအဖြစ် သဘောမထားရ ။ ခဏ ခဏ လာတောင်းတယ် ဆိုပြီးတော့ နှလုံးနာစရာ အဖြစ် မသတ်မှတ်နဲ့ ။ သူက ချိုးချိုး ဖဲ့ဖဲ့ ပြောရင် သည်းခံပါ ။
သတိုးစော ( သုံးဖက်လှ - ရွှေပြည်သာ )
နေလဂျာနယ်မှ ကူးယူဖော်ပြပါသည် ။

Monday, December 1, 2014

လိုအင်ဆန္ဒ ပြည့်ဝမှာ ကြီးသုံးကြီး ဂါထာ


လိုအင်ဆန္ဒ ပြည့်ဝမှာ ကြီးသုံးကြီး ဂါထာ 


( ၁ ) သဗ္ဗသိဒ္ဓိ ဂါထာတော်ကြီး

      ဗုဒ္ဓဂုဏော အနန္တော ၊
      ဓမ္မဂုဏော အနန္တော ၊
      သံဃဂုဏော အနန္တော ၊
      မာတာပိတုဂုဏော အနန္တော ၊
       အာစရိယဂုဏော အနန္တော ၊

        ဗုဒ္ဓော မေ သရဏံ အညံနတ္ထိ ၊
        ဓမ္မော မေ သရဏံ အညံနတ္ထိ ၊
        သံဃော မေ သရဏံ အညံနတ္ထိ ၊

        ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊
        ဓမ္မံ သရဏံ ဂစ္ဆာမိ ၊
        သံဃံ သရဏံ ဂစ္ဆာမိ ၊
        ဧသာ ဉတ္ထိ ၊ သဗ္ဗ သတ္ထန္တရာယော ၊
        သဗ္ဗ ရောဂန္တရာယော ၊
        သဗ္ဗ ဒုဗ္ဘိက္ခန္တရာယော ၊
        ဂစ္ဆအမုမှိ ဩကာသ တိဋ္ဌာဟိ ။


 ( ၂ ) သဗ္ဗဇယ ဂါထာတော်ကြီး 

         ဒိဝါတပတိ အာဒိစ္စော ၊
         ရတ္တိမာ ဘာတိ စန္ဒိမာ ၊
         သန္နဒ္ဓေါ ခတ္တိယော တပတိ ၊
         ဈာယီ တပတိ ဗြဟ္မဏော ။
         အထ သဗ္ဗ မဟောရတ္တိံ ၊
         ဧတေန သစ္စ ဝဇ္ဇေန ၊
         သောတ္ထိ မေ ဟောတု သဗ္ဗဒါ ။


 ( ၃ ) ဆုတောင်းတိုင်းရ အာသီသ ဂါထာတော်ကြီး 
         ( သဗ္ဗသုခ ဂါထာတော်ကြီး ) 


         စီရံပါလေတု မံ ဗုဒ္ဓေါ 
         ဓမ္မော ရမတု မာနသေ
         သံဃော ဒါတု သုခံ သဗ္ဗေ
         ဒေဝါ မာနေန္တု မံသဒါ ။  ။


          ရတနာ သုံးပါးကို ယုံကြည်သူများအတွက် အထူးပင် အကျိုးကျေးဇူး ကြီးမားသည့် ဂါထာတော်များလည်း ဖြစ်ပါသည် ။ ထုံနေအောင် ရွတ်ပွား သရဇ္ဈာယ်နိုင်သကဲ့သို့ တစ်ပုဒ်ချင်းကို ရွတ်ပွားလျက် အဓိဋ္ဌာန်ဝင် ပုတီးစိပ်ပါကလည်း ကံပွင့် ကံမြင့်လာမည့်အပြင် ကြီးပွားတိုးတက်နိုင်ပါမည် ။

                            မင်္ဂလာ ဦးရွှေအိုး
                            pg - 24 ရောင်ပြန်မဂ္ဂဇင်း
                            2014 Nov .       

Friday, September 26, 2014

အရဟံ ပဋ္ဌာန်းလာဘ်ပွင့် ဂါထာတော်


အရဟံ ပဋ္ဌာန်းလာဘ်ပွင့် ဂါထာတော် 


အရဟံဝတ လာဘံ ဟေတုပစ္စယော ။

အရဟံဝတ လာဘံ အာရမ္မဏပစ္စယော ။

အရဟံဝတ လာဘံ အဓိပတိပစ္စယော ။

အရဟံဝတ လာဘံ အနန္တရပစ္စယော ။

အရဟံဝတ လာဘံ သမနန္တရပစ္စယော ။

အရဟံဝတ လာဘံ သဟဇာတပစ္စယော ။

အရဟံဝတ လာဘံ အညမညပစ္စယော ။

အရဟံဝတ လာဘံ နိဿယပစ္စယော ။

အရဟံဝတ လာဘံ ဥပနိဿယပစ္စယော ။

အရဟံဝတ လာဘံ ပုရေဇာတပစ္စယော ။

အရဟံဝတ လာဘံ ပစ္ဆာဇာတပစ္စယော ။

အရဟံဝတ လာဘံ အာသေဝနပစ္စယော ။

အရဟံဝတ လာဘံ ကမ္မပစ္စယော ။

အရဟံဝတ လာဘံ ဝိပါကပစ္စယော ။

အရဟံဝတ လာဘံ အာဟာရပစ္စယော ။

အရဟံဝတ လာဘံ ဣန္ဒြိယပစ္စယော ။

အရဟံဝတ လာဘံ ဈာနပစ္စယော ။

အရဟံဝတ လာဘံ မဂ္ဂပစ္စယော ။

အရဟံဝတ လာဘံ သမ္ပယုတ္တပစ္စယော ။

အရဟံဝတ လာဘံ ဝိပ္ပယုတ္တပစ္စယော ။

အရဟံဝတ လာဘံ အတ္ထိပစ္စယော ။

အရဟံဝတ လာဘံ နတ္ထိပစ္စယော ။

အရဟံဝတ လာဘံ ဝိဂတပစ္စယော ။

အရဟံဝတ လာဘံ အဝိဂတပစ္စယော ။

        ဤ ဂါထာတော်ကို မိမိမွေးနေ့ မွေးချိန်တွင် ရွတ်ဆိုပါ ။ အနည်းဆုံး တစ်ခေါက် အများဆုံး ၂၄ ခေါက် ရွတ်ပါ ။

  ၂၄ ပစ္စည်း X  ၂၄ ခေါက် = ၅၇၆ = ၁၈ = ၉  

         နဝင်းကိုက် ဖြစ်ပါသည် ။ ၂၄ ရက် အဓိဋ္ဌာန်ထား ရွတ်ပွားရပါမည် ။

        မိမိ ရွတ်ဆိုသည့် နေရာ မှန်ရမည် ။ အချိန်မှန်ရမည် ။ အဓိဋ္ဌာန် ၂၄ ရက်အတွင်း မိမိတတ်နိုင်သည့် ဒါန တစ်ခုခု ပြုပေးပါ ။

        အဓိဋ္ဌာန် ၂၄ ရက်အတွင်း လာဘ်ပွင့်ပြီး လာဘ်လာဘများ ရရှိပေလိမ့်မည် ။

Tuesday, August 26, 2014

အချိန်အခါ မရွေး လျင်မြန်စွာ အကျိုးပေးနိုင်ကြပါစေ ...






အကာလိကော သိဒ္ဓိ
သိဒ္ဓိ အကာလိကော 
( အချိန်ခါမရွေး လျင်မြန်စွာ အကျိုးပေးနိုင်ကြပါစေ ။  ။ ) 

အနန္တငါးပါး ဦးထိပ်ထား၍
နှစ်ပါးဂုဏ်အင် ကျေးဇူးရှင်ကို
ဆယ်ဖြာအုပ်မိုး ရှိခိုးနေ့စဉ် ။
ကာယဝစီ မနောညီလျက်
ဝီရိယ ဇွဲ လုံ့လတွဲလျှင်
မုချမသွေ အောင်မြင်ပေမည် ။

Monday, August 4, 2014

ရတနသုတ္တ

ရတန သုတ်သမိုင်း ဂေါတမမြတ်စွာဘုရား လက်ထက်တော်အခါက ဝေသာလီပြည်တွင် ငတ်မွတ်ခေါင်းပါးခြင်း ၊ အနာရောဂါ နှိပ်စက်ခြင်း ၊ ဘီလူးဖမ်းစားခြင်း ၊ ဘေးကြီးသုံးပါး ( ကပ်ကြီးသုံးပါး ) ဆိုက်ရောက်၍ လူပေါင်းများစွာ သေကျေ ပျက်စီးကြရသည် ။ ထိုဘေးကြီး သုံးပါးမှ လွတ်ကင်းရန် ရာဇဂြိုလ်ပြည် ဝေဠုဝန်ကျောင်း၌ သီတင်းသုံးနေတော်မူသော မြတ်စွာဘုရားကို ပင့်၍ ဤ ရတနသုတ် ပရိတ်ကို မြတ်စွာဘုရားက အရှင်အာနန္ဒာအား သင်ကြား ရွတ်ဖတ်စေသောအခါ ထိုဘေးဆိုးကြီး သုံးပါးမှ လွတ်ကင်း ငြိမ်းအေးသွားလေသည် ။ ( ခုဒ္ဒက ပါဋ္ဌနှင့် သုတ္တနိပါတ်တွင် လာသည် ။ ) ရတနသုတ္တ ၂၅ ။ ပဏိဓာနတော ပဋ္ဌာယ တထာဂတဿ ဒသ ပါရမိယော ၊ ဒသ ဥပါပါရမိယော ဒသ ပရမတ္ထပါရမိယောတိ သမတ္တိံသ ပါရမိယော ၊ ပဉ္စ မဟာပရိစ္စာဂေ ၊ လောကတ္ထစရိယံ ဉာတတ္ထစရိယံ ဗုဒ္ဓတ္ထစရိယန္တိ ၊ တိေဿာ စရိယာယော ၊ ပစ္ဆိမဘဝေ ဂဗ္ဘဝေါကန္တိံ ဇာတိံ အဘိနိက္ခမနံ ပဓာန စရိယံ ဗောဓိပလ္လင်္ကေ မာရဝိဇယံ သဗ္ဗညုတညာဏပ္ပဋိဝေဓံ ဓမ္မစက္ကံပဝတ္တနံ နဝ လောကုတ္တရဓမ္မေတိ သဗ္ဗေပိမေ ဗုဒ္ဓဂုဏေ အာဝဇ္ဖေတွာ ဝေသာလိယာ တီသု ပါကာရန္တရေသု တိယာမရတ္တိံ ပရိတ္တံ ကရောန္တော အာယသ္မာ အာနန္ဒတ္ထေရော ဝိယ ကာရုညစိတ္တံ ဥပဋ္ဌပေတွာ - ၂၆ ။ ကောဋီသတသဟေဿသု ၊ စက္ကဝါဠေသု ဒေဝတာ ။ ယဿာဏံ ပဋိဂ္ဂဏှန္တိ ယဉ္စ ဝေသာလိယာ ပုရေ ။ ၂၇ ။ ရောဂါမနုဿ ဒု ဗ္ဘိက္ခ သမ္ဘူတံ တိဝိဓံ ဘယံ ။ ခိပ္ပ မန္တရဓာပေသိ ၊ ပရိတ္တံ ဘဏာမဟေ ။ ၂၈ ။ ယာနီဓ ဘူတာနိ သမာဂတာနိ ။ ဘုမ္မာနိဝါ ယာနိ ဝ အန္တလိက္ခေ ။ ၂၉ ။ တသ္မာ ဟိ ဘူတာ နိသာမေထ သဗ္ဗေ ။ မေတ္တံ ကရောထ မာနုသိယာ ပဇာယ ။ ဒိဝါ စ ရတ္တော စ ဟရန္တိ ယေ ဗလိံ ။ တသ္မာ ဟိ နေ ရက္ခထ အပ္ပမတ္တာ ။ ၃၀ ။ ယံကိဉ္စိ ဝိတ္တံ ဣဓ ဝါ ဟုရံ ဝါ ၊ သဂ္ဂေသု ဝါ ယံ ရတနံ ပဏီတံ ။ န နော သမံ အတ္ထိ တထာဂတေန ။ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု ။ ၃၁ ။ ခယံ ဝိရာဂံ အမတံ ပဏီတံ ၊ ယဒဇ္ဈဂါ သကျမုနီ သမာဟိတော ၊ န တေန ဓမ္မေန သမတ္ထိ ကိဉ္စိ ၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု ။ ၃၂ ။ ယံ ဗုဒ္ဓသေဋ္ဌော ပရိဝဏ္ဏယီ သုစိံ ၊ သမာဓိ မာနန္တရိကည မာဟု ။ သမာဓိနာ တေန သမော န ဝိဇ္ဇတိ ၊ ဣဒမ္ပိ ဓမ္မေ ရတနံ ပဏီတံ ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု ။ ၃၃ ။ ယေ ပုဂ္ဂလာ အဋ္ဌ သတံ ပသတ္ထာ ၊ စတ္တာရိ ဧတာနိ ယုဂါနိ ဟောန္တိ ။ တေ ဒက္ခိဏေယျော သုဂတဿ သာဝကာ ၊ ဧတေသု ဒိန္နာနိ မဟပ္ဖလာနိ ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု ။ ၃၄ ။ ယေ သုပ္ပယုတ္တာ မနသာ ဒဠှေန ၊ နိက္ကာမိနော ဂေါတမသာသနမှိ တေ ပတ္တိ ပတ္တာ အမတံ ဝိဂယှ ၊ လဒ္ဓါ မုဓာ နိဗ္ဗုတိံ ဘုဉ္စမာနာ ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု ။ ၃၅ ။ ယထိန္ဒ ခီလော ပထဝိဿိတော သိယာ ၊ စတုဗ္ဘိ ဝါတေဟိ အသမ္ပကမ္ပိယော ။ တထူပမံ သပ္ပုရိသံ ဝဒါမိ ၊ ယော အရိယသစ္စာနိ အဝေစ္စ ပဿတိ ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု ။ ၃၆ ။ ယေ အရိယသစ္စာနိ ဝိဘာဝယန္တိ ၊ ဂမ္ဘီရပညေန သုဒေသိတာနိ ၊ ကိဉ္စာပိတေ ဟောန္တိ ဘုသံ ပမတ္တာ ၊ နတေ ဘဝံ အဋ္ဌမ မာဒိယန္တိ ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု ။ ၃၇ ။ သဟာဝဿ ဒဿန သမ္ပဒါယ ၊ သယဿု ဓမ္မာ ဇဟိတာ ဘဝန္တိ ။ သက္ကာယဒိဋ္ဌိ ဝိစိကိစ္ဆိတဉ္စ ၊ သီလဗ္ဗတံ ဝါပိ ယဒတ္ထိ ကိဉ္စိ ။ ၃၈ ။ စတူဟပါယေဟိ စ ဝိပ္ပမုတ္တော ၊ ဆစ္စာဘိဌာနာနိ အဘဗ္ဗ ကာတုံ ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု ။ ၃၉ ။ ကိဉ္စာပိ သော ကမ္မ ကရောတိ ပါပကံ ၊ ကာယေန ဝါစာ ဥဒ စေတသာ ဝါ ။ အဘဗ္ဗ သော တဿ ပဋိစ္ဆဒါယ ၊ အဘဗ္ဗတာ ဒိဋ္ဌပဒဿ ဝုတ္တာ ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု ။ ၄၀ ။ ဝနပ္ပဂုမ္ဗေ ယထ ဖုဿိတဂ္ဂေ ၊ ဂိမှာန မာသေ ပဌမသမိံ ဂိမှေ ။ တထူပမံ ဓမ္မဝရံ အဒေသယိ ၊ နိဗ္ဗာနဂါမိံ ပရမံ ဟိတာယ ။ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု ။ ၄၁ ။ ဝရော ဝရညူ ဝရဒေါ ဝရာဟရော ၊ အနုတ္တရော ဓမ္မဝရံ အဒေသယိ ။ ဣဒမ္ပိ ဗုဒ္ဓေ ရတနံ ပဏီတံ ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု ။ ၄၂ ။ ခီဏံ ပုရာဏံ နဝ နတ္ထိ သမ္ဘဝံ ၊ ဝိရတ္တစိတ္တာယတိကေ ဘဝသ္မိံ ။ တေ ခီဏဗီဇာ အဝိရူဠှိဆန္ဒာ ၊ နိဗ္ဗန္တိ ဓီရာ ယထာယံ ပဒီပေါ ။ ဣဒမ္ပိ သံဃေ ရတနံ ပဏီတံ ၊ ဧတေန သစ္စေန သုဝတ္ထိ ဟောတု ။ ၄၃ ။ ယာနီဓ ဘူတာနိ သမာဂတာနိ ၊ ဘုမ္မာနိ ဝါယာနိ ဝ အန္တလိက္ခေ ။ တထာဂတံ ဒေဝမနုဿပူဇိတံ ၊ ဗုဒ္ဓံ နမဿာမ သုဝတ္ထိ ဟောတု ။ ၄၄ ။ ယာနီဓ ဘူတာနိ သမာဂတာနိ ၊ ဘုမ္မာနိ ဝါယာနိ ဝ အန္တလိက္ခေ ။ တထာဂတံ ဒေဝမနုဿပူဇိတံ ၊ ဓမ္မံ နမဿာမ သုဝတ္ထိ ဟောတု ။ ၄၅ ။ ယာနီဓ ဘူတာနိ သမာဂတာနိ ၊ ဘုမ္မာနိ ဝါယာနိ ဝ အန္တလိက္ခေ ။ တထာဂတံ ဒေဝမနုဿပူဇိတံ ၊ သံဃံ နမဿာမ သုဝတ္ထိ ဟောတု ။ ရတနသုတ္တံ နိဋ္ဌိတံ ။ ရတနသုတ် ရွတ်ဖတ်ရခြင်း အကျိုး ရတနသုတ် ပရိတ်တော်ကို ပွားများ သရဇ္ဈာယ်ခြင်းကြောင့် ရောဂါဘေး ၊ ဘီလူးဘေး ၊ ငတ်မွတ် ခေါင်းပါးဘေးတို့မှ လွတ်ကင်းနိုင်သည် ။

Saturday, April 26, 2014

ရွှေတက် ငွေတက် စီးပွားတက်ကြပါစေ ...





ရွှေတက် ငွေတက် စီးပွားတက်ကြပါစေ ...

 “ နမော တဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ”

အရဟတော - ပူဇော်အထူးကို ခံယူတော်မူထိုက်သော ၊ သမ္မာသမ္ဗုဒ္ဓဿ - သိစရာရှိသမျှ တစ်စမကျန် သယမ္ဘူ ဉာဏ်ဖြင့် အမှန်အတိုင်း သိတော်မူသော ၊ တဿဘဂဝတော - ထိုမြတ်စွာဘုရားအား ၊ နမော - ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ အရှင်ဘုရား ။  ။


“ နတ် လူ ဗြဟ္မာ သတ္တဝါ အပေါင်း ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာ ကြပါစေ ။ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ ။ သူတော်ကောင်းတရား ပွားများ အားထုတ်နိုင်ကြပါစေ ။ ရွှေတက် ငွေတက် စီးပွား လာဘ်လာဘများ တိုးတက်ပွားများကြပါစေ ။  ။ ”

ဩဝါဒ ပါတိမောက် ဓမ္မစေတီ ကျောက်စာတော်



ဩဝါဒ ပါတိမောက် ဓမ္မစေတီ ကျောက်စာတော် 

၁ ။ ခန္တီ ပရမံ တပေါတိ တိက္ခာ ၊ နိဗ္ဗာနံ ပရမံ ဝဒန္တိ ဗုဒ္ဓါ ။ နဟိ ပဗ္ဗဇိတော ၊ ပရူပယာတီ ၊ နသမဏော ၊ ဟောတိ ပရံ ဝိဟေဌ ယန္တော ။

       လွန်စွာချုပ်တည်းမှု ဟူသော သည်းခံခြင်းသည် အလွန်မြတ်သော အကျင့်ပေတည်း ။ နိဗ္ဗာန်တရားကို အမြတ်ဆုံး ဟူ၍ ဘုရားရှင်တို့ ဟောတော်မူကုန်၏ ။ သူတစ်ပါးကို သတ်သောသူသည် စိတ်အညစ်အကြေးကို နှင်ထုတ်သူ မဟုတ် ။ သူတစ်ပါးကို ညှဉ်းဆဲသောသူသည် မကောင်းမှုတို့ကို ငြိမ်းစေသူ မဟုတ် ။


၂ ။ သဗ္ဗ ပါပဿ အကရဏံ ၊ ကုသလဿ ဥပသမ္ဗဒါ ။ သစိတ္တ ပရိယောဒပနံ ၊ ဧတံ ဗုဒ္ဓါနသာသနံ ။ 

         မကောင်းမှု ဟူသမျှကို မပြုလုပ်ရာ ။ 
         ကောင်းမှု ဟူသမျှကို ပြည့်စုံစေရာ၏ ။
         မိမိ စိတ်ကို သန့်ရှင်း ဖြူစင်စေရာ၏ ။
         ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း ။


၃ ။ အနုပ ဝါဒေါ အနုပ ဃာတော ၊ ပါတိမောက္ခေ စ သံဝရော ။
     မတ္ထညုတာ စ ဘတ္တသ္မိံ ၊ ပန္ထဉ္စ သယနာသနံ ။ 
     အဓိစိတ္တေ စ အာယောဂေါ ၊ ဧတံ ဗုဒ္ဓါနသာသနံ ။ 

           သူတစ်ပါးကို မစွပ်စွဲ မပြစ်မှားရာ ။
           သူတစ်ပါးကို မနှိပ်စက် မညှဉ်းဆဲရာ ။ 
            မြတ်သော သီလ၌ စောင့်စည်း လုံခြုံရာ၏ ။
            စားသုံးဖွယ်၌ ပမာဏကို သိရာ၏ ။
            အစွန်းအဖျား ကျောင်းအိပ်ရာ၌ နေရာ၏ ။
            ထူးမြတ်သော စိတ်၌ လွန်စွာ အားထုတ်ရာ၏ ။
            ဤသည်ကား ဘုရားရှင်တို့၏ အဆုံးအမတော်ပေတည်း ။ 



                       ရွှေတိဂုံဘုရားမှ ကူးယူ ဖော်ပြပါသည် ။

 

Thursday, April 17, 2014

ကံ ကံ၏ အကျိုးတရား



ကံ ကံ၏ အကျိုးတရား 

ပြောသမျှ အောင် 
လုပ်သမျှ ဖြစ် 
  ဆန္ဒက နံပါတ် တစ်

ဆန္ဒအလို မလိုက်ဆိုက
ထိုထိုသူအား အညှိုးထား၍
ကြုံသည့်နေရာ ပေးပညာ ။

ကံရှိန် အကျိုးပေး မကုန်သေးက 
လက်ညှိုးညွှန်ရာ ရေဖြစ်နိုင်၏ ။
ကုန်လွန် ကံရှိန် ကံညှိုးမှိန်က
ကိုယ်ပြုသမျှ ခံပေစွ ။  ။

 လူတိုင်း လူတိုင်း ဗြဟ္မစိုရ်တရား  လေးပါးအသိ သတိလေးနဲ့ ညှိလို့
 လူမှု ဆက်ဆံရေးများ ပြေလည်နိုင်ကြပါစေ ...



Foreverstrong 

Monday, April 14, 2014

ကြိုတင်သတိ အကျိုးရှိ



နှစ်သစ်မှာ မင်္ဂလာအပေါင်း ခညောင်းလို့ ကျက်သရေ အဖြာဖြာ ဝေဆာနိုင်ကြပါစေ ...              

                       ကြိုတင်သတိ အကျိုးရှိ

၁ ။ တနေဝင်လျက် တနေထွက် နေ့ရက် နာရီ ကုန်ခဲ့ပြီ ။

၂ ။ နာရီတွေ ပြောင်း ရက်တွေ နှောင်း လပေါင်း ဆင့်ဆင့် တက်ခဲ့ပြီ ။

၃ ။ လပေါင်းစုတွေ ကုန်လွန်စေ သစ်ဝေ တနှစ်ဆန်းတော့မည် ။

၎ ။ တနှစ်ဆန်းလျှင် ငါ့အသွင် တွင်တွင် ဆန်းစစ်ကြည့်သင့်ပြီ ။

၅ ။ တနှစ်တာတွင် မဆင်ခြင် ပျော်ချင်သမျှ ပျော်ခဲ့သည် ။

၆ ။ တနှစ်တာတွင် မဆင်ခြင် မော်ချင်သမျှ မော်ခဲ့သည် ။

၇ ။ အရွယ် ချင့်သော် တော်သင့်နော် ပျော်မော်အကြွား နားသင့်ပြီ ။

၈ ။ ပျော်မော်မကင်း မေ့လျော့လျှင်း သေမင်း ငါ့ကို ညှင်းတော့မည် ။

၉ ။ သေမင်းလက်တွင် မရောက်ခင်က ကြိုတင်စဉ်းစား မြတ်တရား ကြိုးစားသင့်လှပြီ ။


                                                                          အောင်ရွှေထီး

    ရွှေတိဂုံဘုရား မှ ကူးယူဖော်ပြပါသည် ။

Sunday, January 26, 2014

သူတော်ကောင်း လက္ခဏာနှင့် သူယုတ်တို့၏ လက္ခဏာများ


-  Jack fruits have thorns on the outside, but inside is sweet , juicy meat   ,   so also the good men are of good heart .


- ပိန္နဲသီးတို့သည်ကား အပ၌ ဆူးသာ ထင်ကုန်၏ ။ အတွင်း၌ကား အမြိန်အရသာတို့နှင့် ပြည့်စုံကုန်သည် ဖြစ်ကုန်သကဲ့သို့ ထို့အတူ သူတော်ကောင်းတို့သည်လည်း ဖြစ်ကုန်၏ ။

( သူတော်ကောင်းတို့သည် ရိုးသားကြ၏ ။ သူတို့သည် သူယုတ်တို့ကဲ့သို့ အပေါ်ယံ ကောင်းဟန် ပြခြင်း မပြုပေ ။ စိတ်ရင်းကောင်းကြပေသည် ။ )



- Do not serve a master who is rude . More than that , do not serve a master who is uncharitable . More so , do not serve a master who is reluctant to honour where honour is due. All the more , do not serve a master who is cruel .


- ကြမ်းကြုတ်သော အရှင်ကို မမှီဝဲရာ ။ ထို့ထက် ဝန်တိုသော အရှင်ကို မမှီဝဲရာ ။ ထို့ထက် မချီးမြှင့်တတ်သော အရှင်ကို မမှီဝဲရာ ။ ထို့ထက် နှိပ်စက်တတ်သော အရှင်ကို မမှီဝဲရာ သာလျှင်တည်း ။


( မိမိ အထက်ရှိ ပုဂ္ဂိုလ်များ၏ စိတ်နေစိတ်ထားကို လေ့လာ ဆောင်ရွက်သင့်သည်ဟု ဆိုလိုသည် ။ အထက်လူကြီးမှ ဆိုးဝါးယုတ်မာလျှင် အောက်လူများမှာ စိတ်မချမ်းမသာ ဖြစ်ရသည် ။ ကြမ်းကြုတ်သည့်သူ ထိုမှတစ်ဆင့် စေးနှဲသူ ၊ထိုမှ တစ်ဆင့် ချီးမြှင့်သင့်ပါလျက် ချီးမြှင့်ရမှာ ဝန်လေးသူ ၊ နောက်ဆုံးအဆင့်မှာ ရက်စက်ခြင်းနှင့် သက်ဆိုင်သည် ။ )



သူတော်ကောင်း လက္ခဏာနှင့် သူယုတ်တို့၏ လက္ခဏာများကို လောကနီတိမှ ထုတ်နှုတ် ဖော်ပြပေးခြင်း ဖြစ်ပါသည် ။

Wednesday, January 1, 2014

ယောဆရာတော်၏ မေတ္တာပို့နည်း



ယောဆရာတော်၏ မေတ္တာပို့နည်း

- ဘာသာအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းစုံရာ  
   မေတ္တာအလှဆုံး ။
- လူမျိုးအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းစုံရာ 
   မေတ္တာအလှဆုံး ။
- သတ္တဝါအားလုံး ရွှင်ပြုံးကြည်သာ ပေါင်းစုံရာ
   မေတ္တာအလှဆုံး ။

၁ ။ အတူနေငြား လူအများ နှစ်ပါးကိုယ်စိတ် ချမ်းသာစေ ။
   - ဆင်းရဲ ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ။
   - မေတ္တာနှလုံး အလှဆုံးဖြင့် ရွှင်ပြုံးကြည်သာ အေးမြကာ ချမ်းသာကြပါစေ ။

၂ ။ အတူနေငြား နတ်အများ နှစ်ပါးကိုယ်စိတ် ချမ်းသာစေ ။
   - ဆင်းရဲ ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ။
   - မေတ္တာနှလုံး အလှဆုံးဖြင့် ရွှင်ပြုံးကြည်သာ အေးမြကာ ချမ်းသာကြပါစေ ။

၃ ။ အုပ်ချုပ်နေငြား လူအများ နှစ်ပါးကိုယ်စိတ် ချမ်းသာစေ ။
   - ဆင်းရဲ ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ။
   - မေတ္တာနှလုံး အလှဆုံးဖြင့် ရွှင်ပြုံးကြည်သာ အေးမြကာ ချမ်းသာကြပါစေ ။

၎ ။ မြို့ရွာအတွင်း ရပ်ကွက်တွင်းမှာ လူများစွာ ချမ်းသာကြပါစေ ။
   - ဆင်းရဲ ရန်ဘေး ကင်းစင်ဝေး ငြိမ်းအေးကြပါစေ ။
   - မေတ္တာနှလုံး အလှဆုံးဖြင့် ရွှင်ပြုံးကြည်သာ အေးမြကာ ချမ်းသာကြပါစေ ။

၅ ။ လုံးစုံများစွာ သတ္တဝါ နှစ်ဖြာကိုယ်စိတ် ချမ်းသာစေ ။
   - ဆင်းရဲ ရန်ဘေးကင်းစင်ဝေး ငြိမ်းအေးကြပါစေ ။
   - မေတ္တာနှလုံး အလှဆုံးဖြင့် ရွှင်ပြုံးကြည်သာ အေးမြကာ ချမ်းသာကြပါစေ ။


Related Posts Plugin for WordPress, Blogger...