Pages

Saturday, October 26, 2013

အတိတ်ကံ ၊ ပစ္စပ္ဗုန်ကံ ၊ ကံနှစ်မျိုး ပွင့်လင်းရန် ဆုတောင်း



အတိတ်ကံ ၊ ပစ္စပ္ဗုန်ကံ ၊ ကံနှစ်မျိုး ပွင့်လင်းရန် ဆုတောင်း
     အတီတေ ဝတ္တမာနေစ ၊
     ယံ ပုညံ ပကတံ မယံ ၊
     ဤ ဒေဝ တဿ ပစ္စက္ခေ ၊
     ဝိပါကော မေ ဝိပစ္စတု ။

အနက်
     တပည့်တော်တို့သည် ဘဝ သံသရာ အဆက်ဆက်က ဒါန ၊ သီလ ၊ ဘာဝနာဟု ဆိုအပ်သော ကုသိုလ် ကောင်းမှုတို့ကို ပြုလုပ် အားထုတ်ခဲ့ကြပါ၏ ။
     ယခု ဘဝ၌လည်း ဒါန ၊ သီလ ၊ ဘာဝနာ ကုသိုလ်ကောင်းမှု အစုစုတို့ကို ပြုလုပ် အားထုတ်ကြပါသည် အရှင်ဘုရား ။
     ထိုကုသိုလ် ကောင်းမှု နှစ်ခုတို့သည် ယခုအချိန်၌ အကျိုးပေးရာ အချိန်တန်၍ ရင့်ကျက်ဖွံ့ဖြိုး အကျိုးပေးပါစေသတည်း ။  ။

သစ္စာပြု ဆုတောင်း
       ဧတေန သစ္စ ဝဇ္ဇေန
       ဧကံ ဆန္ဒံ သမိဇ္ဈတု  ။
        ဧတေန သစ္စဝဇ္ဇေန - ဤသို့နှုတ်မှန် ဆိုထုတ်ပြန်၍ ဟုတ်မှန်စွာသော သစ္စာစကားကြောင့် ၊ ဧကံ ဆန္ဒံ - တစ်ခုတည်းသော ဆန္ဒကို ၊ သမိဇ္ဈတု - ပြီးစီး အောင်မြင်ပါစေသတည်း ။  ။

အလိုတော်ပြည့်ဘုရားရှိခိုး



အလိုတော်ပြည့်ဘုရားရှိခိုး

အလိုတော်ပြည့် မဟာဗုဒ္ဓေါ
ဒေဝမနုဿ ပူဇိတော ၊
သောရဟော ပစ္စယာဒီနံ ၊
မဟာလာဘံ ကရောတုမေ ။
မဟာဓနံ ကရောတုမေ ။
မဟာသုခံ ကရောတုမေ ။

အနက် ...

     အလိုတော်ပြည့် မဟာဗုဒ္ဓေါ - သတ္တဝါတိုင်း ဆန္ဒရှိသမျှ ပြည့်ဝကုံလုံ တန်ခိုးဂုဏ်ဖြင့် တောင့်တလင့်ဆို အလိုရှိသမျှ ပြည့်ဝရသော အလိုတော်ပြည့် နာမထင်ရှား မြတ်စွာဘုရားသည် ။ ဒေဝ မနုဿ ပူဇိတော - နတ်လူဗြဟ္မာ သတ္တဝါတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူထပါပေသော ။ ပစ္စယာဒီနံ - တကာ ၊ တကာမတို့ သဒ္ဓါ ရွှင်လန်း ထာဝရ လှူဒါန်း သစ်သီးဆွမ်းနှင့် ဆီမီး ၊ ရေချမ်း ၊ ပန်း အစရှိသည်တို့ကို အလှူတော်မှန် အပူဇော်ကို ခံယူတော် မူထိုက်သော ။ ရဟော - ဆိတ်ကွယ်ရာ အရပ်၌ အကုသိုလ် ဒုစရိုက် ဟူသမျှကို ပယ်သတ်တော်မူထသော ၊ သော ဗုဒ္ဓေါ - ငါးမာရ်အောင်ဘိ ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ၊ မေ - အလိုပြည့်ရာ ဆန္ဒမှန်ဖြင့် အလိုပြည့်ကြောင်း အောင်ဆုတောင်းကြကုန်သော တပည့်တော်တို့အား ၊ ဝရံ - မြတ်လှစွာသော ၊ သုခံ - ချမ်းသာခြင်းကို ၊ ဝရံ - မြတ်လှစွာသော ၊ ဓနံ - စည်းစိမ်ဥစ္စာတို့ကို ၊ ဝရံ - မြတ်လှစွာသော ၊ လာဘံ - လာဘ်သပကာကို ၊ ကရောတု - ကရုဏာရှေ့ထား မေတ္တာအားဖြင့် ပေးသနားတော်မူပါ အရှင်မြတ်ဘုရား ။  ။


ပထမဗုဒ္ဓဝစန ဥဒါန်း ဂါထာတော်ကြီး





ပထမဗုဒ္ဓဝစန ဥဒါန်း ဂါထာတော်ကြီး
      အနေက ဇာတိ သံသာရံ ၊
      သန္ဓာ ဝိဿံ အနိဗ္ဗိသံ ၊
      ဂဟကာရံ ဂဝေသန္တော ၊
      ဒုက္ခာ ဇာတိ ပုနပ္ဗုနံ ။
      ဂဟကာရက ဒိဌောသိ ၊
      ပုနဂေဟံ န ကာဟသိ ။
      သမ္မာ တေ ဖာသုကာ ဘဂ္ဂါ ၊
      ဂဟကူဋံ ဝိသင်္ခတံ ။
      ဝိသင်္ခါရဂတံ စိတ္တံ ၊
       တဏှာနံ ခယမဇ္ဈဂါ ။

  အနက် ...
        ဂဟကာရံ - ခန္ဓာအိမ်ဆောက်ထား တဏှာလက်သမားကို ၊ ဂဝေသန္တော - ရှာမှီးသော ငါဘုရားသည် ၊ အနိဗ္ဗိသံ - မရလတ်သော် ၊ အနေက ဇာတိ သံသာရံ - တစ်ပါးမက များစွာသော ဘဝသံသရာပတ်လုံး ၊ သန္ဓာဝိဿံ - ကျင်လည်ရလှလေပြီ ။ ပုနပ္ဗုနံ - ထပ်ခါ ထပ်ခါ ၊ ဇာတိ - ပဋိသန္ဓေနေရခြင်းသည် ၊ ဒုက္ခာ - ဆင်းရဲလှ၏ ။
         ဂဟကာရက - ခန္ဓာအိမ်ဆောက်သမား ၊ တဏှာ ယောက်ျား ၊ တွံ - သင့်ကို ၊ ဒိဌော - မြင်အပ်သည် ၊ အသိ - ဖြစ်ပြီ ။ ပုန - တစ်ဖန် ၊ ဂေဟံ - ခန္ဓာအိမ်ကို ၊ န ကာဟသိ - မဆောက်လုပ်ရတော့ ၊ တေ - သင်၏ ၊ သဗ္ဗာ - အားလုံးကုန်သော ၊ ဖာသုကာ - ကိလေသာအချဉ်နယ်တို့ကို ၊ ဘဂ္ဂါ - ဖျက်ချိုးအပ်ကုန်ပြီ ။ ဂဟကူဋံ - ခန္ဓာအိမ်၏ အဝိဇ္ဇာ အထွတ်ကို ၊ ဝံသင်္ခတံ - ဖျက်ဆီးအပ်ပြီ ။ စိတ္တံ - စိတ်သည် ၊ ဝိသင်္ခါရဂတံ - သင်္ခါရ ကင်းရာ နိဗ္ဗာန်သို့ ရောက်ပြီ ။ တဏှာနံ - တဏှာတို့၏ ၊ ခယံ - ကုန်ရာ နိဗ္ဗာန်ကို ၊ အဇ္ဈဂါ - ရပြီ ။
        ဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီး၍ ဆင်ခြင်လတ်သော် တဏှာ လက်သမားကို သဗ္ဗညုတ ဉာဏ်တော်ဖြင့် မြင်တော်မူ၍ အရဟတ္တမဂ်ဉာဏ်ဖြင့် ပယ်တော်မူပြီး ခန္ဓာအိမ်ကို အဆောက်မခံရတော့သဖြင့် လွန်စွာ ဝမ်းမြောက်ကာ ဤ ဂါထာကို ပထမဆုံး ဥဒါန်း ကျူးတော်မူလေသည် ။ ဘုရားရှင်ကို အာရုံပြု၍ ရွတ်ဖတ် သရဇ္ဈာယ်သူတိုင်း ကောင်းကျိုးတရားကို ရကြလေသည် ။ နေ့ - ည မပြတ်ရွတ်ဖတ်ကြပါကုန် ။  ။
Related Posts Plugin for WordPress, Blogger...