Pages

Thursday, April 26, 2012

ကြာနီကန်ဆရာတော် ပဋ္ဌာန်း ၊ အောင်ခြင်းရှစ်ပါးဂါထာ ၊ ဓာရဏပရိတ်.mp3


ဘုရားပုံတော်ကို ၀ိုင်းလေးမှ ပေးပို့ ပူဇော်ပါသည်...

ပဌာန်းတရားတော်နှင့် ပူဇော်ပါက ဘေးအန္တရယ်များ ကင်းစေပါသည်... 

Tuesday, April 17, 2012

Chapter 13 The Future Buddha got his enlightenment ဘုရားဖြစ်တော်မူခြင်း

Chapter 13 The Future Buddha got his enlightenment
ဘုရားဖြစ်တော်မူခြင်း

A : " The future Buddha went towards the Bo tree at night fall . "
ညချမ်းအခါ အလောင်းတော်ဟာ ဗောဓိပင်ကို ကြွသွားတော် မူခဲ့တယ် ။

B : " You mean-after eating the milk-porridge offered by Sujata . "
သုဇာတာ သူဌေးသမီး ကပ်လှူတဲ့ ဃနာနို့ဆွမ်းကို ဘုဉ်းပေးပြီးတဲ့ နောက်ပိုင်းပေါ့နော် ။

A : " Yes , of course. On the way he received eight handfuls of grass from a grass-cutter named Sotthiya. "
မှန်ပါတယ် ။ လမ်းခရီးမှာ သောတ္ထိယ ( သုဒ္ဓိယ ) မြက်ရိတ်သမား ကပ်လှူလိုက်တဲ့ မြက်ရှစ်ဆုပ်ကို အလှူခံခဲ့ပါသေးတယ် ။

B : " Any aim ? "
ရည်ရွယ်ချက် ရှိပါသလား ။

A : " Yes , indeed , he sat down cross-legged on that grass and made the mighty resolution . "
ဟုတ်ကဲ့ ၊ ဘုရားအလောင်းတော်ဟာ မြက်ပေါ်မှာ ထက်ဝယ်ဖွဲ့ခွေ နေတော်မူပြီး သန္နိဋ္ဌာန် ချတော်မူပါတယ် ။

B : " What resolution ? "
ဘာသန္နိဋ္ဌာန်ပါလဲ ၊ ဆိုစမ်းပါဦး ။

A : " The resolution was that , I will not move from this seat until I have attained the supreme and absolute wisdom.

"
အဓိဋ္ဌာန်ကတော့ " ငါသည် သဗ္ဗညုတ ဉာဏ်တော် မရမချင်း ဤနေရာမှ မထပြီ " ဆိုတာပဲ ဖြစ်ပါတယ် ။

B : " So they say , " Gotama , the man . "
ဪ... ဒါကြောင့်လဲ မဟာလူသား ဗုဒ္ဓ လို့ ဆိုကြတာပါပဲလေ ။

A : " At that time many higher and lower gods with Sakka came near the Future Buddha. "
အဲ့ဒီအချိန်မှာ သိကြားမင်း အမှူးပြုတဲ့ နတ်ဗြဟ္မာတွေဟာ ဘုရားလောင်းအနီးကို ချဉ်းကပ်လာကြပါတယ်။

B : " I wonder if they knew he would become Buddha . "
ဘုရားစင်စစ် ဧကန်ဖြစ်တော့မယ် ဆိုတာ သိကြလို့လား ။

A : " Right . On the other hand the god, Mara , the evil-one saw the Future Buddha and knew that he was sure to

become a Buddha . "
မှန်ပါတယ် ၊ တစ်ဖက်က ကြည့်မယ်ဆိုရင်လဲ မာရ်နတ်သားဟာ ဘုရားအလောင်းကို တွေ့တယ် ၊ ဘုရားဖြစ်တော့မယ်

ဆိုတာကိုလည်း သိတယ် ။

B : " What did he try , then ? "
ဒီတော့ မာရ်နတ်က ဘာလုပ်သလဲ ။

A : " He brought his army and prepared for battle . "
သူ့ရဲ့ စစ်သည်တွေကို ခေါ်တယ် ။ ပြီးတော့ စစ်ခင်းဖို့ ပြင်တော့တယ် ။

B : " What evil-one ! "
တယ်ဆိုးတဲ့ မာရ်နတ်သားပါလား ။

A : " He grasped a variety of weapons to frighten the Great Being. "
မာရ်နတ်ဟာ ဘုရားအလောင်းတော်မြတ်ကို ခြိမ်းခြောက်ဖို့အတွက် လက်နက် အမျိုးမျိုးကို စွဲကိုင်တယ် ။

B : " What's the result ? " ( Did he win the battle ? )
အကျိုးတရားက ဘယ်လိုလဲ ။ စစ်ပွဲကို အောင်မြင်သလား ။

A : " But the Future Buddha won a peaceful victory over Mara with the power of Loving Kindness. "
ဘုရားအလောင်းဟာ မာရ်နတ်အပေါ် မဟာကရုဏာတော် ထားပြီး အောင်မြင်တော်မူခဲ့တယ် ။

B : " Power of Loving Kindness! Can you explain to me about it ? "
မဟာကဂရုဏာတော် ။ အဲဒါ ရှင်းပြပါဦးလား ။

A : " He had exercised in his past many lives just as a mother would tame a cruel and wicked son with her maternal

love . "
ဘ၀ပေါင်းများစွာ ဖြည့်ကျင့် ဆည်းပူးခဲ့တဲ့ ပါရမီတော် အရ ဖြစ်တဲ့ မဟာကရုဏာပါပဲ ။ ဥပမာ - သားဆိုး ၊ သားမိုက် တစ်ဦးကို

လိမ္မာအောင် သွန်သင်တဲ့ မိခင်ရဲ့ မေတ္တာမျိုးပေါ့ ။

B : " What's the next step of the Future Buddha ? "
ဘုရားအလောင်းရဲ့ နောက်ထပ် တစ်ဆင့်တက်ပုံ ပြောပါဦး ။

A : " After the victory , the future Buddha sat cross-legged at the foot of the Bo tree-and made firm resolution to

attain the supreme wisdom and went into deep meditation . "
မာရ်စစ်သည်ရဲ့ ရန်ကို အောင်မြင်ပြီးတဲ့နောက် ဘုရားအလောင်းတော်မြတ် ဗောဓိညောင်ပင်အောက်မှာ ထက်ဝယ်ဖွဲ့ခွေ

ထိုင်တော်မူပြီး သဗ္ဗညုတဉာဏ်တော် ရဖို့ ပြတ်သားတဲ့ အဓိဋ္ဌာန် ချတော်မူတယ် ။ ပြီးတော့ ဖလသမာပတ်ကို

ဝင်စားတော်မူတယ် ။

B : " In detail please . "
အသေးစိတ် ရှင်းပြပါဦး ။

A : " He acquired the knowledge of previous existences in the first of night . "
ညဥ့်ဦးယံမှာ ပုဗ္ဗေနိဝါသဉာဏ်တော်ကို ရတော်မူတယ် ။
" In the middle-the devine eye with which he could see the beings of all ( thirty-one planes of existence . ) "
သန်းခေါင်ယံမှာ ဒိဗ္ဗစက္ခုနဲ့ ( ၃၁ ) ဘုံမှာ ရှိတဲ့ သတ္တ၀ါတွေကို ခြုံပြီး မြင်တော်မူတယ် ။
" At the last of the night- he gained the Enlightenment to Nibbanna . "
နောက်ဆုံး အာရုံတက်ခါနီးမှာ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူတယ် ။

B : " Excellent ! Nice to hear . "
ရှာမှ ရှားပါပေတယ် ။ ပီတိဖြစ်မိပါတယ် ။

A : " On Wednesday the full moon day of Visakha , 103 B.E. at dawn the Great Being attained the Supreme Enlightenment of a Buddha . "
မဟာသက္ကရာဇ် ( ၁၀၃ ) ခုနှစ် ၊ ၀ိသာခါ နက္ခတ်နဲ့ ယှဉ်တဲ့ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ၊ အရုဏ်တက်ချိန်မှာ သဗ္ဗညုတ ရွှေဉာဏ်တော်ရှင် ဘုရားအဖြစ် ရောက်တော်မူခဲ့ပါတယ် ။

B : " What's the enlightenment ? "
သဗ္ဗညုတရွှေဉာဏ်တော် ဆိုတာ ဘာလဲ ။

A : " The Great wisdom the Buddha knew about the universe very well. "
ကြီးမားမြင့်မြတ်တဲ့ ဉာဏ်ပညာပါဘဲ ။ ဘုရားသခင်က လောကအကြောင်းကို အလုံးစုံ သိတော်မူပါတယ် ။


To be continue ......... The Buddha preached the first sermon ' The Wheel Of Dhamma . ' Chapter

Monday, April 2, 2012

လာဘ်လာဘအဖွင့် ၀တ်ရွတ်စဉ် ဂါထာများ

လာဘ်လာဘအဖွင့် ၀တ်ရွတ်စဉ် ဂါထာများ

၁။ နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓ ။

၂။ ဗုဒ္ဓေါမေ သရဏံ အညံ နတ္ထိ - ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဓမ္မောမေ သရဏံ အညံ နတ္ထိ - ဓမ္မံ သရဏံ ဂစ္ဆာမိ ။
သံဃောမေ သရဏံ အညံ နတ္ထိ - သံဃံ သရဏံ ဂစ္ဆာမိ ။
ဧတေန သစ္စ၀ဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ။

၃။ ဗုဒ္ဓတေဇေန - - - - - အရိန္ဒမော ။
ဓမ္မတေဇေန - - - - - မဟာလာဘော ။
သံဃတေဇေန - - - - - မဟာယသော ။
ဧတေန သစ္စ၀ဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ ။

၎။ ဗုဒ္ဓေါ မေ ရက္ခတု နိစ္စံ ။
ဓမ္မော မေ ရက္ခတု သဒါ ။
သံဃော မေ ရက္ခတု ဒိနေ ၊ ဒီဃာ ယုကော သတံ ဘဝေ ။

၅။ ဧ၀ံ အစိန္တိယာ ဗုဒ္ဓါ ၊ ဗုဒ္ဓဂုဏာ အစိန္တိယာ ။
အစိန္တိယေ ပဿန္နာနံ ၀ိပါကော ဟောတု အစိန္တိယာ ။
ဧ၀ံ အစိန္တိယာ ဓမ္မာ ၊ ဓမ္မဂုဏာ အစိန္တိယာ ။
အစိန္တိယေ ပဿန္နာနံ ၀ိပါကော ဟောတု အစိန္တိယာ ။
ဧ၀ံ အစိန္တိယာ သံဃာ ၊ သံဃဂုဏာ အစိန္တိယာ ။
အစိန္တိယေ ပဿန္နာနံ ၀ိပါကော ဟောတု အစိန္တိယာ ။

၆။ ဥုံ - တုဋ္ဌေဟိ တုဋ္ဌေဟိ မမ တုဋ္ဌေဟိ ပိယေဟိ ပိယေဟိ
မမ ပိယေဟိ သိန္နေဟံ သိန္နေဟံ မမ သိန္နေဟံ ရာဇစိတ္တံ
ပိယံမှိုင်းမှိုင်း ၊ ဒေ၀စိတ္တံ ပိယံမှိုင်းမှိုင်း ၊ ပုရိသစိတ္တံ ပိယံမှိုင်းမှိုင်း ၊
ဣတ္ထိစိတ္တံ ပိယံမှိုင်းမှိုင်း ၊ သဗ္ဗစိတ္တံ ပိယံမှိုင်းမှိုင်း ဩောင်း
ချဉ်းဆရာချဉ်း ကပ်ဆရာကပ် ။

၇။ ဥုံ - ဣမံ ကာယဗန္ဓနံ ပိယံမမကပ် ။

၈။ ဥုံ - ပဉ္စဗုဒ္ဓါနုဘာဝေန ပဉ္စဂုဏာနုဘာဝေန စည်ပင်သာယာ
ရပ် - ရှစ် - မျက်နှာက လာဆြာလာ ၀င်ဆြာဝင် ။

၉။ ဥုံ - သူရဿတီ ဒေ၀ါနံ ရုက္ခာ ဒေ၀ါနံ အာကာသ ဒေ၀ါနံ
အာလောက ဒေ၀ါနံ သမဏဗြဟ္မာနံ အမစ္စ ရာဇာနံ
သဗ္ဗဣတ္ထီနံ သဗ္ဗပုရိသာနံ သဗ္ဗဘောဂါနံ သဗ္ဗလာဘာနံ
သဗ္ဗဓနာနံ ဧဟိ ဧဟိ ဗလံကပ် ။

၁၀။ ဥုံ - သူရဿတီစ မေ မာတာ
မာတာစ မေ သူရဿတီ ဒေ၀ီ ၊
အနုကမ္ပံ ဥပါဒါယ လာဘံမေ ဒေဟိ ဒေဟိ ဧဟိ ဧဟိ ။

၁၁။ ဥုံ - သဗ္ဗဟိတ မင်္ဂလာနိ ပုညာဘိ သီရိသောဘဏီ ။
သူရဿတီစ မေမာတာ နိစ္စံရက္ခန္တုမံ သဒါ ။

အားလုံး စုစုပေါင်း (၁၁)ပုဒ် အစဉ်အတိုင်း ရွတ်ပါမှ စွမ်းအား တစ်ခုဖြစ်၏ ။ ပါဝါ တစ်ခု တက်၏ ။ အစဉ်အတိုင်း မဟုတ်ဘဲ ကွက်ကျော် ရွတ်ပါက ဘာစွမ်းအားမှ ရမည် မဟုတ်ပါ။ ထို့ကြောင့် အစမှ အဆုံးတိုင် အစဉ်အတိုင်းသာ ရွတ်ဖတ် သရဇ္ဈာယ်ရပါမည်။
၁။ ပထမဦးစွာ - ဘုရား - တရား - သံဃာ - မိဘ - ဆရာ အနန္တောအနန္တငါးပါးအား ( မိမိတတ်နိုင်သရွေ့ ) ဆွမ်း - ရေချမ်း - ပန်း - အမွှေးတိုင် - ဖယောင်းတိုင် - တစ်မျိုးလျှင် ( ၅ ) ခုစီ ကပ်လှူပူဇော် လိုရာဆုတောင်းပါ ။
၂။ ဒုတိယ - ဘုရားထံမှာ ( ၅ )ပါး သီလ ခံယူပါ။
၃။ တတိယ - ( အမျိုးဘာသာ သာသနာအတွက် အရပ် (၄) မျက်နှာမှ လည်းကောင်း ၊ အရပ် (၈)မျက်နှာမှ လည်းကောင်း ၊ အရပ် (၁၀)မျက်နှာမှ လည်းကောင်း ၊ အလုံးစုံသော လာဘ်လာဘ ၀င်ငွေ စီးပွား ဥစ္စာ ရတနာ အဖြာဖြာတို့သည် ၀င်လာမစဲ တသဲသဲ ရောက်လာကြပါစေသတည်း ။ ) ဟု (၁၂) ခါ ဆိုပါ ။
၎။ စတုတ္ထ - ထို ဘုရားစင်ရှေ့မှာပင် တစ်ထိုင်တည်းနှင့် ဂါထာကို အစဉ်အတိုင်း (၉)ခေါက် ၊ အများဆုံး (၁၂)ခေါက် ရွတ်ဖတ် သရဇ္ဈာယ်ရပါမည်။ ထို့ထက် မပိုစေရ ။
၅။ ပဉ္စမ - ရွတ်ဖတ် သရဇ္ဈာယ်ပြီးတိုင်း သူရဿတီ မယ်တော် နတ်သမီး အမှူးရှိသော ဤကမ္ဘာအတွင်း ၊ ဤ စကြာဝဠာအတွင်း တည်ရှိကြကုန်သော အလုံးစုံသော သမ္မာဒေ၀နတ်များ ၊ သာသနာတော်စောင့်နတ်များ ၊ အလုံးစုံသော သတ္တ၀ါအားလုံးအား အမျှ (၃)ခါ ဝေပါ။ မေတ္တာ (၉)ခါ ပို့ပေးပါ ။

မှတ်ချက် ။ ။ ရွတ်ဖတ်သရဇ္ဈာယ်ရာမှာ အသံကျယ်ကျယ် မရွတ်ရပါ။ မိမိတစ်ကိုယ်ကြား အသံတိုးတိုးသာ ရွတ်ရပါမည် ။ ရွတ်လျှင် ( ခပ်မြန်မြန် မရွတ်ရ။ )

( ပုံမှန် သံမှန်အတိုင်း မမြန်လွန်း ၊ မနှေးလွန်း ) အနေတော် ရွတ်ရပါမည် ။ ဤကဲ့သို့ ညွှန်ကြား ပြသသည့်အတိုင်း တစ်သဝေမတိမ်း လိုက်နာဆောင်ရွက်ပါက တစ်နေ့တခြား ကျက်သရေ မင်္ဂလာ အဖြာဖြာများ တိုးတက် စည်ကားလာပါလိမ့်မည်။ ပြောတိုင်းအောင်မြင်လာလိမ့်မည်။ တောင်းတိုင်းလည်း ရလိမ့်မည်။ တမ်းတတိုင်းလည်း ရောက်လာလိမ့်မည် ။

တစ်နေ့တခြား ကြံစည်တိုင်းလည်း ပြီးစီးလာလိမ့်မည် ။ မိမိအား နတ်ကောင်းနတ်မြတ်များ ကူညီ မ စ စောင့်ရှောက်ကြလိမ့်မည် ။ လူချစ်လူခင် အလွန်များပြားလာလိမ့်မည်။ နတ်ကောင်းနတ်မြတ်များ ချစ်ခင်လာလိမ့်မည်။ ကောင်းသော အိပ်မက်များလည်း မက်လာလိမ့်မည်။ ၀င်ငွေ လာဘ်လာဘများ တစ်နေ့တခြား တိုးတက်ရရှိလိမ့်မည် ။ ရန်သူများပင် ချစ်ခင်လာလိမ့်မည်။
ဘယ်အရပ်ဒေသကို ခရီးထွက်သည် ဖြစ်စေ ၊ ရန်သူမျိုး ငါးပါး အန္တရာယ်များမှ ကင်းဝေးလိမ့်မည် ။ အမှုပြဿနာ မှန်သမျှ ကင်းရှင်းရပြီး ၊ ကိုယ်စိတ်ချမ်းသာမှု ရရှိပါလိမ့်မည် ။ အရောင်း အ၀ယ် လုပ်ငန်းများ ၊ စီးပွားရေး လုပ်ငန်းများ ၊ တခြား ကြီးကျယ်သော ကုမ္ပဏီလုပ်ငန်းကြီးများ ၊ အစုရှယ်ယာလုပ်ငန်းကြီးများ ၊ အောင်မြင်တိုးတက်ကြီးပွားမှု ရပါလိမ့်မည်။ ရှင်ဘုရင် ၊ မင်းစိုးရာဇာ ၊ အာဏာပိုင်များ အထူးချစ်ခင် လေးစားလာရလိမ့်မည် ဖြစ်ပါသည် ။ ထို့ကြောင့် ဒါယကာ ၊ ဒါယိကာမများသည် ဆရာတော် ညွှန်ကြားပြသသော နည်းနာနိဿယတို့ကို မသွေမတိမ်း ဆောင်ရွက် လုပ်ကိုင် လိုက်နာကြပါက အကျိုးအာနိသင် ထူးခြားစွာ ခံစားရမည်မှာ မလွဲဧကန် အမှန်ဖြစ်ပါလိမ့်မည် ။
Related Posts Plugin for WordPress, Blogger...