Pages

Saturday, November 26, 2016

ရွှေပေါ်ကျွန်းဆရာတော်ဘုရား ချီးမြှင့်သော ဘေးကင်းရန်ကာ ဂါထာတော် ( အနန္တငါးပါး ဦးထိပ်ထား ဂါထာတော် )



  ရွှေပေါ်ကျွန်းဆရာတော်ဘုရား ချီးမြှင့်သော
  ဘေးကင်းရန်ကာ ဂါထာတော် ( အနန္တငါးပါး ဦးထိပ်ထား ဂါထာတော် )

  “ ဗုဒ္ဓဂုဏော အနန္တော ၊ တံ ဗုဒ္ဓဂုဏံ အဟံဝန္ဒာမိပါဘုရား ။
    ဓမ္မဂုဏော အနန္တော ၊ တံ ဓမ္မဂုဏံ အဟံဝန္ဒာမိပါဘုရား ။
    သံဃဂုဏော အနန္တော ၊ တံ သံဃဂုဏံ အဟံဝန္ဒာမိပါဘုရား ။
    မာတာပိတုဂုဏော အနန္တော ၊ တံ မာတာပိတုဂုဏံ အဟံဝန္ဒာမိပါဘုရား ။
    အာစရိယဂုဏော အနန္တော ၊ တံ အာစရိယဂုဏံ အဟံဝန္ဒာမိပါဘုရား ။
    အနန္တ ဂုဏ တေဇေန မမ ကာယေ သဗ္ဗ သောကာစ ၊ သဗ္ဗ ရောဂါ စ ၊
    သဗ္ဗအန္တရာယော စ ခိပ္ပံ ဝိနဿန္တု ။ သဗ္ဗဝေရီယော ဂစ္ဆ အမုမှိ
    ဩကာသေ တိဋ္ဌာဟိ တိဋ္ဌာဟိ တိဋ္ဌာဟိ ။ ”


      ဘုရားရှိခိုး ဂါထာတော်ကို နံနက် အိပ်ရာထချိန် ( ၉ ) ခေါက် ၊ ညအိပ်ရာဝင်ချိန် ( ၉ ) ခေါက် ။ ဘုရားစင်ရှေ့ အလင်းတိုင် အမွှေးတိုင် သောက်တော်ရေချမ်း ကပ်လှူပူဇော်ပြီး ရွတ်ပွားပါ ။ မကြာခင် ထူးခြားလာပါမည် ။

      အလုပ်အကိုင်ကိစ္စ ၊ စီးပွားရေးကိစ္စ ၊ လူမှုရေးကိစ္စ တို့တွင် အဘက်ဘက်က အတိုက်အခိုက် ၊ အခက်အခဲ ၊ အနှောက်အယှက် ၊ အကျပ်အတည်းများ တစ်ခုပြီးတစ်ခု ရင်ဆိုင် ကြုံတွေ့ရ၍ ၊ ကိုယ်မကျန်းမာ စိတ်မချမ်းသာ သောက ဗျာပါဒ အလွန်များနေရမှုများ အချိန်မှန် ရက်မပျက် အဓိဋ္ဌာန်ချက်ဖြင့် လျော့ပါး ပျောက်ကွယ်သွားကြပါသည် ။

 
  pg - 24
  July 1999
  နက္ခတ္တရောင်ခြည်မဂ္ဂဇင်း
  ( ၁၃ ) နှစ်ပြည့် အထူးထုတ်စာအုပ်

Tuesday, July 26, 2016

နတ်ချစ်ဂါထာတော်

                       နတ်ချစ်ဂါထာတော် 

    ၁ ။  သကိံဒေဝ မဟာရာဇ ၊ သဗ္ဘိဟောတိ သမာဂမော ။
          သာနံ ပါလေတိ သင်္ဂတိ ၊ နာ သဗ္ဘိ ဗဟုသင်္ဂမော ။

    ၂ ။  သဗ္ဘိရေဝ သမာသေထ ၊ သဗ္ဘိ ကုဗ္ဘေထ သန္တဝံ ။
          သတိံ သဒ္ဓမ္မ မညာယ ၊ သေယျော ဟောတိ န ပါပိယော ။

    ၃ ။ ဇီရန္တိဝေ ရာဇရထာ သုစိတ္တာ ။
         အထော သရီရမ္ပိ ဇရံ ဥပေတိ ။
        သတဉ္စ ဓမ္မော န ဇယံ ဥပေတိ 
        သန္တော ဟဝေ သဗ္ဘိ ပဝေ ဒ ယန္တိ ။
        
    ၄ ။ နဘံ စ ဒူရေ ပထဝီ စ ဒူရေ 
         ပါရံ သမုဒ္ဒသ တဒါဟု ဒူရေ 
         တတော ဟဝေ ဒူရတရံ ဝဒန္တိ 
         သတဉ္စ ဓမ္မော အသတဉ္စ ရာဇ ။  ။



       ဤ ဂါထာတော်ကို နေ့စဉ် အခေါက်ရေ သက်စေ့ ရွတ်ပွား ကြည်ညိုလျှင် ကိုယ်စောင့်နတ် အစ သာသနာစောင့် နတ်အဆုံး နတ်ဒေဝါ အားလုံးမှ ချစ်ခင် နှစ်သက်၍ ကူညီ စောင့်ရှောက်ပေးတတ်ကြသည် ။ 

Monday, July 11, 2016

နှစ်ကျိပ်ရှစ်ဆူ အကျဉ်းပါဠိ

                       နှစ်ကျိပ်ရှစ်ဆူ အကျဉ်းပါဠိ

     အဋ္ဌဝီဿတိ မေ ဗုဒ္ဓါ ၊ ဘဂဝန္တော အရဟန္တော ၊
     အနန္တပုညာ အနန္တ ဂုဏာ ၊ အနန္တ ဉာဏာ အနန္တတေဇာ ။
     အနန္တ ဣဒ္ဓိမန္တော ၊ အနန္တ ဇုတိမန္တော ၊
     နမော တေသံ အဋ္ဌဝီသတိနံ ဗုဒ္ဓါနံ ၊
     ဘဂဝန္တာနံ အရဟန္တာနံ သမ္မာသမ္ဗုဒ္ဓါနံ ။  ။


     ဤ ဂါထာတော်ကို နေ့စဉ်မပြတ် ရွတ်ဖတ်သော် ဘေးရန်အန္တရာယ် ကင်းရှင်း၍ စိတ်ချမ်းသာ - ကိုယ်ကျန်းမာ ဖြစ်စေနိုင်ပါသည် ။ စီးပွားလာဘ်လာဘလည်း တိုးတက်စေပါသည် ။ နာမည် သတင်း ကျော်စောခြင်းလည်း ဖြစ်စေနိုင်ပါသည် ။ ယုံယုံကြည်ကြည် ရွတ်ဖတ်ပွားများ အားထုတ်ကြရန် တိုက်တွန်းအပ်ပါသည် ။

Thursday, May 26, 2016

ခုနစ်နေ့ ဘုရားရှိခိုး

                                           ခုနစ်နေ့ ဘုရားရှိခိုး

 ကြာသပတေး ။ ။ သုံးလူ့ရှင်ပင် ၊ ကျွန်းထိပ်တင် ၊ သောင်းခွင်စကြဝဠာ ၊ နတ်ဗြဟ္မာတို့ ၊ ညီညာရုံးစု ၊ တောင်းပန်မှုကြောင့် ၊ ရတုနဂို ၊ ရွှန်းရွှန်းစိုသည် ၊ ဝါဆိုလပြည့် ၊ ကြွက်မင်းနေ့ဝယ် ၊ ချမ်းမြေ့ကြည်ဖြူ ၊ သန္ဓေယူသည် ၊ နတ်လူငြိမ်းဘို့  ကိန်းပါကို ။

 သောကြာ ။ ။ သန္ဓေယူကာ ၊ ဆယ်လကြာသော် ၊ မဟာသက္ကရာဇ် ၊ ခြောက်ဆယ့်ရှစ်ကြုံ ၊ ကဆုန်လပြည့် ၊ သောကြာနေ့ဝယ် ၊ ချမ်းမြေ့စုံညီ ၊ လုမ္ဗိနီ၌ ၊ မဟီလှိုက်ဆူ ၊ ဖွားတော်မူသည် ၊ နတ်လူအောင်မြို့  လမ်းပါကို  ။

 တနင်္လာ ။ ။ ဖွားမြင်မြောက်သော် ၊ ဆယ့်ခြောက်နှစ်ရွယ် ၊ ပျိုနုနယ်၌ ၊ သုံးသွယ်ရွှေနန်း ၊ သိမ်းမြန်းပြီးလစ် ၊ ဆယ့်သုံးနှစ်လျှင် ၊ ဘုန်းသစ်လျှံလူ ၊ စံတော်မူ၍ ၊ ရွယ်မူနုဖြိုး ၊ နှစ်ဆယ့်ကိုးဝယ် ၊ လေးမျိုးနိမိတ် ၊ နတ်ပြဟိတ်ကြောင့် ၊ ရွှေစိတ်ငြင်ငြို ၊ သံဝေပိုက ၊ ဝါဆိုလပြည့် ၊ ကျားမင်းနေ့ဝယ် ၊ ချမ်းမြေ့ရဂုံ ၊ တောရပ်လှုံသည် ၊ စုံမြိုင်ပင်ရိပ် ခန်းမှာကို ။

 ဗုဒ္ဓဟူး ။ ။ တောရပ်မြိုင်ပေါ် ၊ ခြောက်နှစ်ပျော်၍ ၊ ခါတော်တဖုံ ၊ ပွင့်ချိန်ကြုံက ၊ ကဆုန်လပြည့် ၊ ဆင်မင်းနေ့ဝယ် ၊ မြေ့ပရမေ ၊ ပလ္လင်ဘွေထက် ၊ ရွှေညောင်တော်ကြီး ၊ ဗိတာန်ထီးနှင့် ၊ မငြီးကြည်ဖြူ ၊ နေတော်မူလျက် ၊ ရန်မြူခပင်း ၊ အမိုက်သင်းကို ၊ အရှင်းပယ်ဖျောက် ၊ အလင်းပေါက်က ၊ ထွန်းတောက်ဘုန်းတော် ၊ သောင်းလုံးကျော်သည် ၊ သုံးဖော်လူတို့ ငြိမ်းပါကို ။

 စနေ ။ ။ ဘုရားဖြစ်ခါ ၊ မိဂဒါသို့ ၊ စကြာရွှေဘွား ၊ ဖြန့်ချီသွား၍ ၊ ငါးပါးဝဂ္ဂီ ၊ စုံအညီနှင့် ၊ မဟီတစ်သောင်း ၊ တိုက်အပေါင်းမှ ၊ ခညောင်းကပ်လာ ၊ နတ်ဗြဟ္မာအား ၊ ဝါဆိုလပြည့် ၊ စနေနေ့တွင် ၊ ကြွေ့ကြွေ့လျှံတက် ၊ ဓမ္မစက်ကို ၊ မိန့်မြွက်ထွေပြား ၊ ဟောဖော်ကြားသည် ၊ တရားနတ်စည် ရွမ်းတယ်ကို ။

 အင်္ဂါ ။ ။ တရားနတ်စည် ၊ ဆော်ရွမ်းလည်က ၊ သုံးမည်ဘုံသိုက် ၊ တစ်သောင်းတိုက်ဝယ် ၊ ကျွတ်ထိုက်သသူ ၊ နတ်လူဗြဟ္မာ ၊ သတ္တဝါကို ၊ ခေမာသောင်သို့ ၊ ဖောင်ကတို့ဖြင့် ၊ ဆောင်ပို့ပြီးခါ ၊ ဝါလေးဆယ့်ငါး ၊ သက်ကားရှစ်ဆယ် ၊ စုံပြည့်ကြွယ်က ၊ နယ်မလ္လာတိုင်း ၊ စံနှိုင်းမယုတ် ၊ ကုဿိန္နာရုံ ၊ အင်းကြင်းစုံ၌ ၊ ကဆုန်လပြည့် ၊ အင်္ဂါနေ့ဝယ် ၊ ချမ်းမြေ့နိဗ္ဗူ ၊ စံတော်မူသည် ၊ ဝှန်းဆူသောင်းလုံး ကျော်တယ်ကို ။

 တနင်္ဂနွေ ။ ။ နိဗ္ဗူစံပြီး ၊ ရှုမအီသား ၊ သိင်္ဂီရွှေလှော် ၊ အလောင်းတော်ကို ၊ ထိုရော်ကဆုန် ၊ လဆုတ်ကြုံ၍ ၊ ဂဠုန်နေ့ဝယ် ၊ ခိုးငွေ့မနှော ၊ ဓာတ်တေဇောလျှင် ၊ ရှင်စောဉာဏ်စက် ၊ ဓိဋ္ဌာန်ချက်ဖြင့် ၊ လျှံတက်ကော်ရော် ၊ မီးပူဇော်သည် ၊ မွေတော်ရှစ်စိတ် ကြွင်းတယ်ကို ။

     ထိုခုနစ်နေ့ ၊ သာချမ်းမြေ့ကို ၊ ဆွေ့ဆွေ့ကြည်ဖြူ ၊ အာရုံယူလျက် ၊ သုံးလူနတ်တို့ ၊ မြတ်ထက်မြတ်သား ၊ ကိုယ်တော်ဖျားကို ၊ သုံးပါးမွန်စွာ ၊ ဝန္ဒနာနှင့် ၊ သဒ္ဓါဖြိုးဖြိုး ၊ ကျွန်ရှိခိုးသည် ၊ ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော် … ။ ။


ဘုရားရှိခိုးအမျိုးမျိုး စာအုပ် pg - 47

Friday, February 26, 2016

ဘုန်းဘုရားကြီး ဦးပေါက်ဆိန် ( ခေါ် ) ဦးဝိဇ္ဇာဓရ အရှင်သူမြတ်ကြီး၏ ပုတီးစိပ်နည်း ၄ မျိုး



ဘုန်းဘုရားကြီး ဦးပေါက်ဆိန် ( ခေါ် ) ဦးဝိဇ္ဇာဓရ အရှင်သူမြတ်ကြီး၏ ပုတီးစိပ်နည်း ၄ မျိုး

၁ ။ အရဟံ ဗုဒ္ဓေါ ဓမ္မော သံဃော  ( တစ်ပိုဒ်ဆုံးမှ ပုတီး တစ်လုံး ချပါ ။ )

၂ ။ အရဟံ ဘဂဝါ မေ သိဒ္ဓိ        ( တစ်ပိုဒ်ဆုံးမှ ပုတီး တစ်လုံး ချပါ ။ )

၃ ။ ဩောင်း နမော ဗုဒ္ဓဿ အရဟံ ဣစ္ဆာသယံ
     အကာလိကော မေ သိဒ္ဓိ       ( တစ်ပိုဒ်ဆုံးမှ ပုတီး တစ်လုံး ချပါ ။ )

၎ ။ အနုပ္ပါဒိသေသ ၊ အသမ္ဘိန္န နိဗ္ဗာနံ ဓနံ သိဒ္ဓိမံ ။ ( တစ်ပိုဒ်ဆုံးမှ ပုတီး တစ်လုံး ချပါ ။ )

  မိမိတို့ လိုအင်ဆန္ဒများ စည်းစိမ်ချမ်းသာ ရာထူးဂုဏ်ထူး ငွေကြေး အစရှိသည်များကို အမြန်ဆုံး ပွင့်လာ၍ အလိုရှိသည့်အတိုင်း ပြည့်စုံလိုလျှင် ( ၁ ) သီလပါရမီ   ( ၂ ) အဓိဋ္ဌာန်ပါရမီ  ( ၃ ) သစ္စာပါရမီများကို ဖြည့်ကျင့်ခြင်းဖြင့် ပြည့်စုံလာပေမည် ။


အဓိဋ္ဌာန် မဝင်မီ ပြုဖွယ်ရာ ကိစ္စများ

၁ ။ ဗုဒ္ဓဘုရားရှင်အား ရှိခိုးပူဇော်ကန်တော့၍ ဗုဒ္ဓဘုရားရှင်၏ မေတ္တာဓာတ်ခံယူခြင်း ။

       ဗုဒ္ဓဆင်းတုတော် တစ်ဆူဆူရှေ့တွင် ထိုင်ပြီးနောက် အောက်ပါအတိုင်း ရွတ်ဆို ပူဇော်ကာ ရတနာသုံးပါးတို့ထံမှ မေတ္တာခံယူပါ ။
      
       တရားပိုင်ရှင် ဖြစ်တော်မူသော အနန္တကျေးဇူးရှင် ဖြစ်တော်မူသော အရဟံအစ ဘဂဝါ အဆုံး ( ၉ ) ပါးသော ဂုဏ်တော်တို့နှင့် ပြည့်စုံတော်မူသော အာသာဓာရဏ ဉာဏ်တော် ( ၆ ) ပါး ၊ အာဝေဏိက ဂုဏ်တော် ( ၁၈ ) ပါးတို့နှင့် ပြည့်စုံတော်မူသော ဘုန်းတော်အနန္တ ၊ ကံတော်အနန္တ ၊ ဉာဏ်တော်အနန္တ ၊ တန်ခိုးတော်အနန္တတို့နှင့် ပြည့်စုံတော်မူသော ( ဂေါတမ ) ဘုရားရှင်အား သက်ရှိထင်ရှားအဖြစ် ရည်မှတ်၍ ဘုရားတပည့်တော် -

  ( ၁ )  ကိုးကွယ်ပါ၏ ဆည်းကပ်ပါ၏
  ( ၂ )  ရိုသေပါ၏ လေးစားပါ၏
  ( ၃ )  ကြည်ညိုပါ၏ မြတ်နိုးပါ၏
  ( ၄ )  ယုံကြည်ပါ၏ အားထားပါ၏
  ( ၅ )  ရှိခိုးပါ၏ ဦးညွှတ်ပါ၏
  ( ၆ )  ခြေတော်အစုံကို ဦးခိုက်၍ ကန်တော့ပါ၏ အရှင်ဘုရား ။  ။

       ဗုဒ္ဓဘုရားရှင်၏ အလွန်တရာ အေးမြလှစွာသော မေတ္တာတော်မြတ်ကို ဘုရားတပည့်တော် ရိုသေစွာ ခံယူပါ၏ အရှင်ဘုရား ။

       ဗုဒ္ဓဘုရားရှင် ဟောကြားတော်မူခဲ့ပြီးသော ဓမ္မက္ခန္ဓာပေါင်း ( ၈၄၀၀၀ ) ပိဋကတ် ( ၃ ) ပုံ ၊ နိကာယ် ( ၅ ) ရပ် ၊ မဂ် ( ၄ ) တန် ၊ ဖိုလ် ( ၄ ) တန် ၊ နိဗ္ဗာန်ပရိယတ်ဟု ဆိုအပ်သော ဓမ္မံ တရားတော်မြတ်ကို ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပူဇော်ပါ၏ အရှင်ဘုရား ။

        ( ဂေါတမ ) ဘုရားရှင်၏ သာသနာတော်အတွင်း၌ ရဟန်းပြုခဲ့ကြပြီးသော သမ္မုတိ သံဃာတော် အရှင်မြတ်ကြီးများနှင့်တကွ မဂ္ဂဋ္ဌာန် ( ၄ ) ပါး ၊ ဖလဋ္ဌာန် ( ၄ ) ပါး ( ၈ ) ပါးသော အရိယာသံဃာတော်မြတ်ကြီးများကို ဘုရားတပည့်တော် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား ။

၂ ။ ဗုဒ္ဓဘုရားရှင်ထံ ငါးပါးသီလ ခံယူဆောက်တည်ခြင်း ။

        ဩကာသမှ စ၍ ရှိခိုးပါ ။ ပြီးလျှင် ငါးပါးသီလတော်မြတ်ကို ခံယူပါ ။

၃ ။ ဗုဒ္ဓဘုရားရှင် ရှေ့မှောက်၌ သစ္စာအဓိဋ္ဌာန်ပြုခြင်း ။
       ဗုဒ္ဓမြတ်စွာဘုရား -
       ဘုရားတပည့်တော်သည် ( အရဟံ ဗုဒ္ဓေါ ၊ ဓမ္မော ၊ သံဃော ) ဂါထာကို တစ်ရက်လျှင် ပုတီး ( ၉ ) ပတ်တိတိ ယနေ့မှ စ၍ ကိုးရက်တိုင်တိုင် မပျက်မကွက် စိပ်ပါမည်ဟူ၍ သစ္စာ အဓိဋ္ဌာန် ပြုပါသည်ဘုရား ။

 (မှတ်ချက် - “ အရဟံ ဗုဒ္ဓေါ ဓမ္မော သံဃော ” ဂါထာနေရာတွင် အခြား ဂါထာသုံးခုကို ထည့်သွင်းနိုင်သည် ။ ပုတီးပတ်ရေနှင့် ပုတီးစိပ်မည့် ရက် ကာလ အပိုင်းအခြားကိုလည်း ၉  ၊ ၁၈ ၊ ၂၇ စသဖြင့် ထည့်သွင်းနိုင်ပါသည် ။ )



ဘုန်းဘုရားကြီး ဦးပေါက်ဆိန်အား ပူဇော်ကန်တော့၍ မေတ္တာဓာတ် ခံယူခြင်း ။

၁ ။ ဘုန်းဘုရားကြီး ဓာတ်နန်း ( သို့မဟုတ် ) ဘုန်းဘုရားကြီး ရုပ်တု ( သို့မဟုတ် ) ပုံတော်ရှေ့တွင် နေရာယူပြီးနောက် အောက်ပါ ဘုန်းဘုရားကြီး ကန်တော့ချိုးဖြင့် ရှိခိုးပူဇော်ပါ ။

       သီလဂုဏ် ၊ သမာဓိဂုဏ် ၊ ပညာဂုဏ် ၊ ပရိယတ္တိဂုဏ် ၊ သိဒ္ဓိ ( ၁၀ ) ပါး ၊ ဝိဇ္ဇာဉာဏ် ( ၆ ) ပါး ၊ သံဃာ့ဂုဏ်တော် ( ၉ ) ပါးနှင့် ပြည့်စုံတော်မူသော မြန်မာပြည် အနှံ့အပြား၌ ဘုရားစေတီပေါင်း များစွာ တည်ထား ပြုပြင် ကုသိုလ် ပြုတော်မူခဲ့သော ပေါက်စေတီကျောင်းတိုက် ၊ အောင်မင်္ဂလာသိဒ္ဓိကျောင်းတိုက်ကြီးများ၏ အဓိပတိ ဖြစ်တော်မူသော တပည့်သာဝက ၊ သား ၊ သမီး ၊ မြေး ၊ မြစ် ခုနစ်ရက် သားသမီးများကို စောင့်ရှောက်တော်မူသော ဦးပေါက်ဆိန် ( ခေါ် ) ဦးဝိဇ္ဇာဓရ အမည်ရသော ဆရာတော် အရှင်သူမြတ်အား ဘုရားတပည့်တော် ကာယကံ ၊ ဝစီကံ ၊ မနောကံဖြင့် ရိုသေလေးမြတ် လက်စုံမိုး၍ ရှိခိုးပါ၏ အရှင်ဘုရား ။
        ဘုရားတပည့်တော်အား ဆရာတော်ဘုရားကြီး၏ ဘုန်းရိပ် ၊ ကံရိပ် ၊ မေတ္တာရိပ်များမှာ ခိုလှုံခွင့် ပြုပါ အရှင်ဘုရား ။
        ဆရာတော်ဘုရားကြီး၏ အလွန်တရာ အေးမြလှသော မေတ္တာတော်မြတ်ကို ဘုရားတပည့်တော် ခံယူပါ၏ အရှင်ဘုရား ။ ဘုရားတပည့်တော်အား သားရင်း ၊ မြေးရင်း ၊ တပည့်ရင်းကဲ့သို့ မှတ်ယူတော်မူပါ စောင့်ရှောက်တော်မူပါ ဘုရား ။

၂ ။ ဘုန်းဘုရားကြီးထံ ငါးပါးသီလ ခံယူဆောက်တည်ပါ ။

၃ ။ ဘုန်းဘုရားကြီး ဦးပေါက်ဆိန် ထံမှောက်၌ သစ္စာအဓိဋ္ဌာန်ပြုခြင်း ။

       ဘုန်းဘုရားကြီး ဦးပေါက်ဆိန်ဘုရား -
       ဘုရားတပည့်တော်သည် ( အရဟံ ဗုဒ္ဓေါ ၊ ဓမ္မော ၊ သံဃော ) ဂါထာကို တစ်ရက်လျှင် ပုတီး ( ၉ ) ပတ်တိတိ ယနေ့မှ စ၍ ( ၉ )ရက်တိုင်တိုင် မပျက်မကွက် စိပ်ပါမည်ဟူ၍ သစ္စာ အဓိဋ္ဌာန် ပြုပါသည် ။

၎ ။ အဓိဋ္ဌာန်ပြုထားသည့်အတိုင်း အောင်မြင်ပြီးမြောက်အောင် စိပ်ပါ ။

   ပုတီးမစိပ်မီ ခင်ပွန်းကြီး ( ၁၀ )ပါးအား ဝန်ချ ကန်တော့ တောင်းပန်ခြင်း ။

       ဘုရားတပည့်တော်သည် အနမတဂ္ဂ ဘဝသံသရာအဆက်ဆက်မှ စ၍ ယခုဘဝ ယနေ့တိုင်အောင် မပြစ်မှားထိုက် ၊ မပြစ်မှားအပ်သော ရတနာသုံးပါး ၊ အနန္တောအနန္တ ငါးပါး ၊ ခင်ပွန်းကြီး ဆယ်ပါးတို့ အပေါ်၌ ကာယကံ ၊ ဝစီကံ ၊ မနောကံတို့ဖြင့် ပြစ်မှား ကျူးလွန်ခဲ့မိသော အပြစ်များကို -
       ရှိခိုးပါ၏ ။ ကန်တော့ပါ၏ ဝန်ချတောင်းပန်ပါ၏ ။
       ဘုရားတပည့်တော်အား ခွင့်လွှတ်တော်မူကြပါ ၊ သည်းခံတော်မူကြပါ ။ ကျေအေးတော်မူကြပါ ။
       ( မှတ်ချက် - ပုတီးစိပ်တိုင်း မမေ့မလျော့ဘဲ အမြဲဝန်ချတောင်းပန်ခြင်း ပြုလုပ်ပါ ။ )

ပုတီးမစိပ်မီ ဘုရားပင့်ခြင်း
      ဘုရားတပည့်တော်သည် ဗုဒ္ဓဘုရားရှင်အား သက်ရှိထင်ရှားအဖြစ် ရည်မှတ်၍ ယခုအချိန်မှ စ၍ ဗုဒ္ဓဘုရားရှင်၏ ဂုဏ်တော် ၊ ဂါတော်များကို ရိုသေစွာပွားများ ပူဇော်မည်ဖြစ်ပါ၍ တရားပိုင်ရှင် ဖြစ်တော်မူသော ဂေါတမမြတ်စွာဘုရားသခင်သည် ဘုရားတပည့်တော်၏ ဦးခေါင်းထက်၌ လည်းကောင်း ၊ လက်ဝဲလက်ယာ ပခုံးထက်၌လည်းကောင်း ၊ ( ဟဒယ ဝတ္ထု ) နှလုံးသား၌ လည်းကောင်း ၊ ကြွရောက်တည်နေ သီတင်းသုံးတော်မူပါ ။

ပွားများ ပူဇော်ခဲ့သော ဂုဏ်တော် ဂါထာတော်များကို စုဆောင်းသိမ်းဆည်းခြင်း ။
      လောကတွင် ရှာဖွေ ရရှိသော ပစ္စည်းဥစ္စာ ရတနာများကို ရန်သူမျိုးငါးပါး ဘေးမှ ကင်းဝေးစေ၍ အလိုရှိသောအခါတွင် ထုတ်ယူသုံးစွဲနိုင်ရန် လုံခြုံသော နေရာ ၊ ဘဏ်တိုက်ကြီးများ၌ သိမ်းဆည်းထားသကဲ့သို့ မိမိပူဇော်ခဲ့သော ဂုဏ်တော် ၊ ဂါထာတော်များကိုလည်း အစဉ်ထာဝရ မပျောက်မပျက်ရလေအောင် အောက်ပါအတိုင်း သိမ်းဆည်း စုဆောင်းနိုင်ပါသည် ။

         “ ဘုရားတပည့်တော်သည် ဤပုတီးဖြင့် ယခုအခါ ပွားများ ပူဇော်ပြီးစီးခဲ့သော ဗုဒ္ဓဘုရားရှင်၏ ဂုဏ်တော် ၊ ဂါထာတော်များသည် ဘုရားတပည့်တော်၏ -

  ( ၁ ) ဦးခေါင်းထက်၌ လည်းကောင်း ၊
  ( ၂ ) လက်ဝဲလက်ယာ ပခုံးထက်၌ လည်းကောင်း ၊
  ( ၃ ) အသိစိတ် အသိဉာဏ် မနောဓာတ်၌ လည်းကောင်း ၊
  ( ၄ ) စက္ခု သောတ ဃာန ဇိဝှာ ကာယ မနော ( ၆ ) ဒွါရတို့၌ ဓမ္မ စေတီကြီးကဲ့သို့ လည်းကောင်း ၊ ဓမ္မ ဘဏ်တိုက်ကြီးများကဲ့သို့ လည်းကောင်း အစဉ်ထာဝရ မပျောက်မပျက် ကိန်းအောင်း ပျံ့နှံ့ တည်နေပါစေသတည်း ။  ။


အဓိဋ္ဌာန် ရက်စေ့၍ ပြီးမြောက်သောအခါ သစ္စာသုံးချက်ဖြင့် ချုပ်၍ လိုရာဆု တစ်ခု တောင်းခြင်း ။

      ဘုရားတပည့်တော်သည် ဗုဒ္ဓဘုရားရှင်၏ ထံတော်မှောက်၌ သစ္စာအဓိဋ္ဌာန် ပြုထားသည့်အတိုင်း ကြိုးစား၍ အဓိဋ္ဌာန် ဝင်ခဲ့သည်မှာ ( - ) ကြိမ် ပြီးမြောက်ခဲ့ပါသည် အရှင်ဘုရား ။ အောင်မြင်ပြီးစီးခဲ့ပါသည် ဘုရား ။

   ( ၁ ) ဤသို့ ဟုတ်တိုင်းမှန်စွာ ပြောဆိုရသော သစ္စာစကားကြောင့် လည်းကောင်း ၊
   ( ၂ ) ဤသစ္စာ မှန်ခဲ့လျှင်သော် လည်းကောင်း ၊
   ( ၃ ) ဤသစ္စာတရား၏ တန်ခိုးတေဇော် အာနုဘော်တို့ကြောင့် လည်းကောင်း ။

      ဘုရားတပည့်တော် လိုလားတောင့်တသော ( - ) ကိစ္စသည် အခက်အခဲမရှိ အောင်မြင်ပါစေသတည်း ။

  ( မှတ်ချက် - အဓိဋ္ဌာန် တစ်ခု ပြီးတိုင်း လိုရာဆု တောင်းနိုင်သည် ။ အဓိဋ္ဌာန် ဝင်ခဲ့သော နေ့ ၊ ရက် စုစုပေါင်း မည်သည့် အဓိဋ္ဌာန်ကို ဝင်ခဲ့သည် ။ ဘယ်နှကြိမ် ပြီးစီးခဲ့သည်ကို မေ့ပျောက်မသွားရအောင် စာရင်းပြုစု မှတ်တမ်းတင်ထားပါ ။ ပြီးစီးခဲ့သော အကြိမ်ပေါင်းသည် သစ္စာဆိုရာ၌ အလွန် အရေးကြီးပါသည် ။
        အဓိဋ္ဌာန် ဝင်ရာတွင် ( ၉ ) ရက်မှ စတင်သင့်သည် ။ ထိုမှ တစ်ဆင့် ( ၁၈ ) ရက် ၊ ( ၂၇ ) ရက် စသဖြင့် ( ၁၀၈ ) ရက်ထိအောင် တစ်ဆင့်ပြီးတစ်ဆင့် တိုးနိုင်သည် ။


ပုတီးစိပ်ပြီးသောအခါ ၂၇ လုံး ပုတီးဖြင့် အကျဉ်းချုပ်မေတ္တာပို့ခြင်း ။
       အရပ်လေးမျက်နှာ ၊ အရပ်ရှစ်မျက်နှာ ၊ အရပ်ဆယ်မျက်နှာ ၊ အနန္တစကြဝဠာ၌ ရှိကြကုန်သော အရိယာအပေါင်း ၊ နတ်ဗြဟ္မာအပေါင်း ၊ ဝိဇ္ဇာအပေါင်း ၊ ရုပ်နာမ်ခန္ဓာ ရှိကြကုန်သော သတ္တဝါအပေါင်းတို့သည် -

   ( ၁ ) ဘေးရန် ကင်း၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ ။
   ( ၂ ) စိုးရိမ်သောက ကင်း၍ ကောင်းကျိုးလိုရာဆန္ဒ ပြည့်ဝကြပါစေ ။
   ( ၃ ) အနာရောဂါ ကင်း၍ စားဝတ်နေရေး ပြည့်စုံပါစေ ။
   ( ၄ ) ဒုက္ခဆင်းရဲ ကင်း၍ နှလုံးစိတ်ဝမ်း အေးချမ်းကြပါစေ ။

       အထက်ပါ လေးမျိုးကို တစ်မျိုးလျှင် ( ၂၇ ) ကြိမ် မေတ္တာပို့ရမည် ဖြစ်ပါသည် ။


 Pg - 80
 ဘုန်းဘုရားကြီး ဦးပေါက်ဆိန်၏ သာသနာပြု ခရီးလမ်းနှင့် အံ့ဖွယ်ဖြစ်ရပ်များ စာအုပ်မှ
  အောင်ဩဘာ B.Sc ( Geology )

Related Posts Plugin for WordPress, Blogger...