Pages

Sunday, February 26, 2012

Chapter 12 Suzata , the rich lady offered the milk porridge သုဇာတာ သူဌေးသမီး ဃနာနို့ဆွမ်း ကပ်လှူခြင်း

Chapter 12 Suzata , the rich lady offered the milk porridge
သုဇာတာ သူဌေးသမီး ဃနာနို့ဆွမ်း ကပ်လှူခြင်း

A : " After the future Buddha had stopped the Great Struggle , the rich lady Sujata offered the future Buddha the

milk porridge , the most delicious food . "
မြတ်စွာဘုရားအလောင်း ဒုက္ကရစရိယ ကျင့်ပြီးချိန်မှာ သုဇာတာ သူဌေးသမီးဟာ အလွန်အရသာရှိတဲ့ ဃနာနို့ဆွမ်းကို

လာရောက်ပြီး ကပ်လှူပါတယ် ။

B : " Sujata ! Where did she live ? "
သုဇာတာ သူဋ္ဌေးသမီးလား ။ သူက ဘယ်မှာနေတာလဲ ။

A : " She lived near Uruvala forest . She used to make an offering every year at the Banyan tree . "
သုဇာတာဟာ ဥရုဝေဠတောကြီးအနီးမှာ နေတာပါပဲ ။ နှစ်စဉ် ပညောင်ပင်ကြီးကို လာပြီး ပူဇော်လေ့ရှိတယ် ။

B : " What's the reason ? "
အကြောင်းကို ရှင်းပြပါဦး ။

A : " She believed that- the tree-god helped her to have a good marriage for her, and so a son was born to her. she

felt thankful.
သုဇာတာ ယုံကြည်တာက သူ အိမ်ထောင်ကျပြီး သားကောင်းတစ်ယောက် မွေးတာ ညောင်စောင့်နတ် , မ လို့ ဖြစ်တာလို့

ယုံကြည်တာ ။ ကျေးဇူးတင်တာပေါ့လေ ။

B : " What's the connection with the future Buddha ? "
ဘုရားအလောင်းနဲ့ ဆက်သွယ်ပုံ ပြောပါဦး ။

A : " Now - the great Being had resumed taking usual food , because he found that the found that the Great

Struggle for six years practiced by him were not the way to enlightenment.
အဲဒီကာလမှာ ဘုရားအလောင်းဟာ အစာအာဟာရကို ပြန်လည်မှီဝဲလျက်ရှိပြီး ဖြစ်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ ၆ နှစ်တိုင်

ကျင့်ကြံခဲ့တဲ့ ဒုက္ကရစရိယအကျင့်ဟာ နိဗ္ဗာန်ရောက်ကြောင်း တရား အစစ်မဟုတ်တာကို သိမြင်လို့ပါပဲ ။

B : " You mean - it's middle way - better to meditate ? "
မဇ္ဈိမပဋိပဒါ ကျင့်စဉ်ဟာ ပိုကောင်းတယ်လို့ ဆိုလိုပါသလား ။

A : " The best way , of course. On the full moon day of the month Visakha ( April - May ) the Future Buddha was

sitting under the " Banyan tree . "
မဇ္ဈိမ ပဋိပဒါဟာ အကောင်းဆုံးပေါ့ ။ ၀ိသာခါ နက္ခတ်နဲ့ ယှဉ်တဲ့ လပြည့်နေ့မှာ မြတ်စွာဘုရား အလောင်းတော်ဟာ

ညောင်ပင်အောက်မှာ သီတင်းသုံးနေတော်မူတယ် ။

B : " Why did he sit only under the Banyan tree ? Any reason ? "
ဘုရားအလောင်းဟာ ဘာဖြစ်လို့ ညောင်ပင်အောက်မှာပဲ သီတင်းသုံးတာလဲ ။ အကြောင်းရှိသလား ။

A : " Banyan tree's also called Bo tree-reached perfect wisdom , and therefore you can call it tree of knowledge . "
ညောင်ပင်ကို ညောင်ဗုဒ္ဓဟေပင်လို့လဲ ခေါ်နိုင်ပါတယ် ။ မြတ်စွာဘုရားဟာ ဗောဓိပင်အောက်မှာ သဗ္ဗညုတရွှေဉာဏ်တော်

ရတော်မူခဲ့တာကိုး ။ အဲ့ဒါကြောင့် ဉာဏ်တော်သစ်ပင်လို့ ခေါ်နိုင်ပါတယ် ။

B : " Just-a certain believing or thought of the Buddhists. Ever heard it's guarded by Nat' . "
ဗုဒ္ဓဘာသာဝင်တွေရဲ့ ယုံကြည်မှုအတွေး တစ်မျိုးပေါ့လေ ။ အဲ့ဒိ ညောင်ပင်ကို နတ်စောင့်တယ်လို့တော့ ကြားဖူးပါတယ် ။

A : " We , the Buddhists took upon the Bo tree as most Christians look upon the Cross . "
ခရစ်ယာန် ဘာသာဝင်တွေ လက်ဝါးကပ်တိုင်ကို စောင့်ရှောက်သလို ၊ ဗုဒ္ဓဘာသာဝင်တွေဟာလဲ ဗောဓိပင်တော်မြတ်ကို

စောင့်ရှောက် ကိုးကွယ်တာပေါ့ ။

B : " Good example "
သင့်မြတ်ပါပေတယ် ။

A : " To continue - Sujata thought the future Buddha to be the tree-god , her benefactor - offered him milk -

porridge in a golden bowl , worth a hundred thousand piece of money . "
သုဇာတာ သူဋ္ဌေးသမီးဟာ ဘုရားအလောင်းကို သူ့ရဲ့ ကျေးဇူးရှင် ရုက္ခစိုးလို့ ထင်ပြီး ၊ ရွှေခွက်နဲ့ ထည့်ထားတဲ့ ဃနာနို့ဆွမ်းကို

ကပ်ခြင်းဖြစ်ပါတယ် ။

B : " Did the future Bhddha enjoy it ? "
ဘုရားအလောင်းဟာ ဘုဉ်းပေးပါသလား ။

A : " Certainly ; and he proceeded to the banks of the Neranjara and ate the food . He took the bowl to the river

bank and set it on the river saying. " If today I shall be able to become a Buddha , let this bowl go by stream . "
ဘုရားအလောင်းဟာ ဃနာနို့ဆွမ်း ရွှေခွက်ကို အကပ်ခံပြီး နေရဉ္စရာ မြစ်ကမ်းခြေကို ကြွရောက် ဘုဉ်းပေးတော်မူတယ် ။

ပြီးတဲ့အခါ မြစ်ကမ်းခြေကနေပြီး ရွှေခွက်ကို မျှောချရင်း " ငါသည် ယနေ့ပင် ဘုရားစင်စစ် ဧကန် ဖြစ်မည် မှန်က ဤရွှေခွက်သည်

မြစ်ညာသို့ ဆန်ပါစေသား " လို့ အဓိဋ္ဌာန် ပြုလိုက်ပါတယ် ။

B : " Was the wish fulfilled ? "
ဆန္ဒပြည့်မြောက်ပါသလား ။

A : " It floated beyond-stream according to the desire . "
ရွှေခွက်ဟာ မြစ်ညာကို ဆန်တက်သွားခဲ့ပါတယ် ။ ဆန္ဒတော်အတိုင်းပါဘဲ ။


To be continue ......... The Future Buddha got his enlightenment Chapter

Thursday, February 16, 2012

မင်္ဂလသုတ္တ ပရိတ်တော်




မွေးနေ့ အမှတ်တရ ဘိုးဘွားများအား ပူဇော် ကန်တော့ပါသည်။

Wednesday, February 8, 2012

Chapter 11 The Future Buddha Made the Great Struggle ဘုရားလောင်း ဒုက္ကရစရိယ ကျင့်ခြင်း




Chapter 11 The Future Buddha Made the Great Struggle
ဘုရားလောင်း ဒုက္ကရစရိယ ကျင့်ခြင်း


A : " The future Buddha seeked for the teachers and he found two renowned Brahmins. "
ဘုရားအလောင်းဟာ ဆရာကို ရှာဖွေတွေ့တဲ့အခါ ဗြဟ္မဏဆရာကြီး နှစ်ဦးကို တွေ့ခဲ့ပါတယ် ။

B : " Why did he search for the teachers ? "
ဘာဖြစ်လို့ ဆရာရှာတာလဲ ။

A : " To acquire the method of meditation . "
တရားအားထုတ်ဖို့ နည်းလမ်းရှာတာပါ ။

B : " Needed super human power ? "
တန်ခိုးအာနုဘော် ရချင်တဲ့ သဘောလား ။

A : " Yes , but it was wrong way. The future Buddha ceased to practise it later. "
မှန်ပါတယ် ၊ ဒါပေမယ့် အဲ့ဒါဟာ မှားယွင်းခဲ့တယ် ။ ဘုရားအလောင်းဟာ နောက်ပိုင်းမှာ တန်ခိုးရှာတာကို ရပ်ဆိုင်းခဲ့တယ် ။

B : " Then, what happened to the future Buddha ? "
ဒီနောက် ဘုရားအလောင်း ဘာဖြစ်ခဲ့ပါသလဲ ။

A : " He left the teachers and went to Uruvela grove in search of the enlightenment . "
ဘုရားအလောင်းဟာ ဗြဟ္မဏဆရာတွေဆီက ထွက်ခွာခဲ့ပြီး ဥရုဝေလတောကို သွားခဲ့တယ် ။ သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရဖို့ ဖြစ်ပါတယ် ။

B : " Is it the way to Nibbanna ? "
နိဗ္ဗာန်ရောက်ကြောင်း တရား ဖြစ်ပါသလား ။

A : " Yes, indeed . It is very important to get the essence of Four Noble Truths. "
မှန်ပါတယ် ၊ သစ္စာလေးပါး အမြိုက်တရားကို ရရှိဖို့ဟာ အင်မတန် အရေးကြီးပါတယ် ။

B : " Four Noble Truths ! "
သစ္စာလေးပါး - ဟုတ်လား ။

A : " They are Dukkha ( suffering ) , Samudaya ( origination ) , Niroda ( cessation ) and Magga ( concerning of path ). It's really the fundamental Buddhism . "
အဲ့ဒီ သစ္စာလေးပါး တရားကတော့ ဒုက္ခ ၊ သမုဒယ ၊ နိရောဓ နဲ့ မဂ္ဂသစ္စာတို့ပဲ ဖြစ်ပါတယ် ။ ဒါဟာ ဗုဒ္ဓဘာသာရဲ့ အခြေခံ တရားပါပဲ ။

B : " I'd like to know the effect of the four Noble Truths. "
သစ္စာလေးပါးရဲ့ အကျိုးတရားကို သိချင်ပါတယ် ။

A : " It is indeed , getting out of 31 existences and the attainment of Nibbanna . "
သုံးဆယ့်တစ်ဘုံက လွတ်မြောက်ပြီး နိဗ္ဗာန်မဂ်ဖိုလ် ဆိုက်ခြင်းပါပဲ ။

B : " Out of suffering ! "
ဒုက္ခသစ္စာတရားက ကင်းဝေးကြောင်းပေါ့ ။

A : " Yes , of course , the future Buddha began to practise the Great Struggle for six years. "
မှန်ပါတယ် ။ ဘုရားအလောင်း ဒုက္ကရစရိယတရားကို ၆ နှစ်တိုင်တိုင် ကျင့်ကြံ အားထုတ်ခဲ့ပါတယ် ။

B : " How could he try ? "
ဘယ်လို ကျင့်ကြံခဲ့ပါသလဲ ။

A : " Practised- beyond human endurance he didn't eat rice meal and living on fruits which dropped from trees. Just one fruit a day . "
လူသားတစ်ယောက်အဖို့ ခံနိုင်စွမ်းမရှိသည်အထိ ကျင့်ကြံအားထုတ်ခဲ့တယ် ။ ဆွမ်းမစားတော့ဘဲ သစ်ပင်ပေါ်က အလိုအလျောက် ကြွေကျတဲ့ သစ်သီးကိုပဲ စားခဲ့တယ် ။ တစ်နေ့ တစ်လုံးမျှသာပဲ ဖြစ်တယ် ။

B : " Lack of nourishment ! "
အာဟာရ ချို့ယွင်းလာတာပေါ့ ။

A : " Yes , his body was reduced to skin and bones lost its golden colour and became dry and black. "
ဟုတ်ပါတယ် ။ ကိုယ်တော်ဟာ ကြုံလှီပြီး ၊ ပြီးတော့ ရွှေရောင်ကသို့ ၀င်းဝါသော အသားအရည် ( လက္ခဏာတော်ကြီး ၊ လက္ခဏာတော်ငယ် )တွေဟာလဲ မွဲခြောက်သွားခဲ့တယ် ။

B : " The most wonderful diligence ! "
အင်မတန် အံ့ဩစရာကောင်းတဲ့ လုံ့လပါပဲ ။

To be continue ......... Suzata , the rich lady offered the milk porridge Chapter

Saturday, February 4, 2012

သုဂတောငါးချက် ဂါထာ ( ဣစ္ဆာသယဂါထာတော် )

သုဂတောငါးချက် ဂါထာ ( ဣစ္ဆာသယဂါထာတော် )

သုဂတော သုဂတဓာနံ ၊
သုဂတော သုန္ဒရမ္ပိစ ၊
နိဗ္ဗာနံ သုဂတော ယာတိ ၊
သုဂတော တေ နမော နမာ ။

ဣစ္ဆာသယဂါထာတော် ရွတ်ဖတ်ခြင်းအကျိုး

၎င်းဂါထာတော်ကို နေ့စဉ် သက်စေ့ရွတ်ပါက လိုရာဆန္ဒ ပြီးစီးစေပါသည် ။ ပြောဆိုသမျှ ဩဇာတည်စေပါသည် ။ ဆရာကောင်း ၊ ဆေးဝါးကောင်းများကို အထူးရရှိစေပါသည် ။ နေမိန္ဒရတောင်ပေါ်မှ ဆရာတော်ကြီး ဦးတေဇနိယသည် နေ့စဉ်ရွတ်ရာ နှစ်ကြာလာသည်နှင့်အမျှ အကျိုးပွားလာခဲ့ပြီး တစ်နေ့တွင် ၀ိဇ္ဇာဓိုရ်များက တပည့်တစ်ဦး စေလွှတ်၍ စတုမဓူ ကပ်သဖြင့် ဘုဉ်းပေးရာ အားကုန်ညှိုးနွမ်းသော မြစ်ခြောက်နာမှာ ရုတ်တရက် ယူပစ်သလို ပျောက်ကင်းခဲ့ဖူးပါသည် ။
ဤ ဣစ္ဆာသယ မန္တန်တော်ကို ရှေးဆရာတော်ကြီးများက သုဂတော ငါးချက် ဂါထာဟု ခေါ်ဆိုခဲ့ကြသည်။
မြတ်ဗုဒ္ဓ၏ မုက္ခပါဌ်တော်များကို နတ်ပင့်မှ ဣစ္ဆာသယ သုဂတော ဂါထာထိ အမျိုးပေါင်း ခြောက်ဆယ်ကျော်ဖြင့် ထုတ်ဖော် တင်ပြခဲ့ပြီး ဖြစ်လေပြီ ။
ထိုသို့သော ဘုရား နှုတ်ခပါဌ် ဂါထာ မန္တန်တော်မြတ် တည်းဟူသော ဗုဒ္ဓ ပရိတ်တော်မြတ်များတွင် မိမိတို့ အလိုရှိရာ အဆင်ပြေရာ ဂါထာတော်မြတ်များကို ရွတ်ဖတ် သရဇ္ဈာယ်ပြီး သကာလ ထို ပရိတ် မန္တန်တော်မြတ်များ၏ အကျိုးကျေးဇူးများကို ပိုမို ခံစားစေနိုင်ရန် မေတ္တာပို့သခြင်းနှင့် တွဲဖက်၍ အသုံးပြုသင့်ပေသည် ။ ဥပမာ - သဗ္ဗဇယမင်္ဂလာ ဂါထာတော်ကို နေ့စဉ်အမြဲ ရွတ်ဖတ်မည် ဆိုပါက ထို သဗ္ဗဇယမင်္ဂလာ ဂါထာတော်ရွတ်ပြီးသည်နှင့် တစ်ပြိုင်နက် မေတ္တာပို့ ဂါထာတော်ကို ဆက်လက် ရွတ်ဆိုရန် ဖြစ်ပါသည် ။
ထိုကဲ့သို့ မေတ္တာပို့သပြီးသည်နှင့် တစ်ပြိုင်နက် မိမိပြုခဲ့သမျှ ကုသိုလ်ပုည အားလုံးကို ၃၁ ဘုံသို့ အမျှပေးဝေရမည် ဖြစ်ပါသည်။ လူ ၊ နတ် ၊ ဗြဟ္မာ သတ္တ၀ါများက မိမိ၏ ကောင်းမှုကို သာဓုအနုမောဒနာ ခေါ်ယူ၍ မှတ်တမ်းတင်ကြပါလိမ့်မည် ။
မေတ္တာပို့ အမျှအတန်းပေးဝေပြီးသည့်နောက် သမ္မာဒေ၀ နတ် ဗြဟ္မာအပေါင်းတို့အား ၎င်းတို့ ရပ်ဌာန ဘုံဗိမာန်သို့ ပြန်နိုင်စေရန် ရည်သန်ခွင့်ပြု နတ်ပို့ခြင်း အမှုကို ပြုရပါသည်။
နောက်ဆုံးတွင် အရပ်ဆယ်မျက်နှာကို စည်းချ၍ ဗုဒ္ဓပရိတ်တော် မန္တန်ရွတ်ဖတ်ခြင်း ကိစ္စကို ပြီးစီး စေရမည် ဖြစ်ပါသည်။
Related Posts Plugin for WordPress, Blogger...