Pages

Tuesday, August 30, 2011

Chapter 2 Sumeda and Sumitta ( Receiving a Prophetic Declaration ) သုမေဓာနှင့် သုမိတ္တာတို့ ဗျာဒိတ် ခံယူခြင်း

Chapter 2 Sumeda and Sumitta
Receiving a Prophetic Declaration
သုမေဓာနှင့် သုမိတ္တာတို့ ဗျာဒိတ် ခံယူခြင်း

A : " After giving away his property in alms, Sumeda left for the Himalaya forest ."
သုမေဓာ သူဌေးသားလေးဟာ စည်းစိမ် ဥစ္စာတွေကို ပေးလှူ စွန့်ကြဲပြီးနောက် ဟိမ၀န္တာ တောသို့ ထွက်သွားခဲ့ပေတယ် ။

B : " You mean Himalaya in India ? "
အိန္ဒိယပြည် မှာ ရှိတဲ့ ဟိမ၀န္တာတောကို ပြောတာလား ။

A : " Of course, it is. Then Sumeda became a hermit , attaining the powers . "
ဟုတ်ပါတယ် ။ ဒီနောက်တော့ သုမေဓာဟာ အဘိညာဉ် ( တန်ခိုး ) ရတဲ့ ရသေ့ တစ်ပါး ဖြစ်ခဲ့ပါတယ် ။

B : " Nice to hear . "
ကောင်းမြတ်ပါပေရဲ့ ။

A : " One day , the hermit travelled and joined the people of Ramma city, clearing the parth way . "
တစ်နေ့တော့ သုမေဓာ ရှင်ရသေ့ဟာ ခရီးသွားခဲ့တယ် ။ ရမ္မာမြို့သူ မြို့သားတွေ လမ်းပြင်တဲ့ နေရာမှာ ပါဝင် ကူညီခဲ့တယ် ။

B : " Why ? "
ဘာကြောင့်ပါလဲ ။

A : " Because the Buddha Dipankara, was to travel along that way with a retinue of Arahants . "
ဘာဖြစ်လို့လဲ ဆိုတော့ ဒီပင်္ကရာမြတ်စွာဘုရားဟာ နောက်ပါ တပည့်သား သာဝက ရဟန္တာများနဲ့ အတူ အဲ့ဒိ လမ်းက ကြွလာမှာ
ဖြစ်လို့ပါပဲ ။

B : " Good wish to be admired . "
ချီးမွမ်းထိုက်တဲ့ ဆန္ဒမွန်ပါပဲ ။

A : " Dipankara , the Buddha got the enlightenment lasting over a period of four hundred crore and one hundred thousand worlds ( 400,100000 ) ."
မှန်ပါတယ် ။ ဒီပင်္ကရာမြတ်ဘုရား ဟာ လေးသင်္ချေနဲ့ ကမ္ဘာတစ်သိန်းထက်မှာ ပွင့်ပါတယ် ။

B : " Like that of Gotama , the Buddha ? "
ဂေါတမ မြတ်စွာဘုရား လိုပဲလား ။

A : " Certainly . But our Buddha , Gotama got His enlightenment in good universe . "
ဟုတ်ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ဂေါတမ မြတ်စွာဘုရားကတော့ ကောင်းမြတ်တဲ့ ကမ္ဘာမှာ ပွင့်တာပါ ။

B : " Good universe ! "
ကောင်းမြတ်တဲ့ စကြာဝဠာလား ။

A : " Yes, it can be called Badda Kaba ."
ဟုတ်ကဲ့ ၊ ဘဒ္ဒကမ္ဘာလို့ ခေါ်နိုင်ပါတယ် ။

B : " Please , go on . "
ဟုတ်ကဲ့ ဆက်ပြောပါဦး ။

A : " The Buddha came along that way and Sumeda spread himself out upon the mud with his face downwards. "
မြတ်စွာဘုရားဟာ အဲ့ဒိ ခင်းနေတဲ့ လမ်းအတိုင်း ကြွလာတယ် ။ သုမေဓာဟာ ရွှံ့ထဲမှာ မှောက်ချလိုက်ပြီး ကိုယ်ကို တံတား ခင်းပေးလိုက်တယ် ။

B : " Excellent . "
ကောင်းမြတ်ပါပေရဲ့ ။

A : " No doubt to fulfill the perfections in the existence . "
ယုံမှား သင်္ကာ ဖြစ်စရာ မလိုပါဘူး ။ ဘ၀သံသရာ ခရီး တစ်လျှောက် ပါရမီတော် ဖြည့်ကျင့်ဖို့ပါပဲ ။

B : " The perfections ! What do you mean ? "
ပါရမီတော်တွေ ၊ ဆိုလိုတာ ပြောစမ်းပါဦး ။

A : " According to the Buddhism , it's the most difficult task to do . "
ဗုဒ္ဓဘာသာအရ ဆိုရင်တော့ အင်မတန်ကို ခက်ခဲတဲ့ အလုပ်ပါ ။

B : " Quite right . Go on . "
သိပ်မှန်တာပေါ့ ။ ဆက်ပြောပါဦး ။

A : " A lady named Sumitta arrived with eight bunches of lotus flowers and hundred over to the hermit five flowers to offer the Buddha . And she herself offered the remaining three. "
သုမိတ္တာဆိုတဲ့ အမျိုးကောင်းသမီး ရောက်လာပြီး ကြာပန်း ငါးခိုင် သုမေဓာ ရသေ့ကို ပေးတယ် ။ ကျန် သုံးခိုင်ကိုတော့ သူကိုယ်တိုင် ဘုရားကို ပူဇော်တယ် ။

B : " Good idea ! To become his ( life partner ) in the existence . "
စိတ်ကူးကောင်းပဲ ။ သံသရာမှာ ဇနီးကောင်း တစ်ဦး ဖြစ်ဖို့ပေါ့ ။

A : " Of course . The Buddha , with mind's eye of future , saw what was in store of for these two persons in future."
ဟုတ်တာပေါ့ ။ မြတ်စွာဘုရားဟာ အနာဂတံသ ဉာဏ်တော်နဲ့ ရှုကြည့်လိုက်တော့ အဲ့ဒီ ပုဂ္ဂိုလ် နှစ်ဦးရဲ့ ဖြစ်မည့် အရေးကို မြင်တော်မူခဲ့တယ် ။

" And made this prophetic declaration : " This hermit will become Gotama Buddha , and this lady will become his help-mate to help him the Perfections. ( Paramitas ) "
ပြီးတော့ မြတ်စွာဘုရားသခင်ဟာ " ဤ ရသေ့သည် ဂေါတမ မြတ်စွာဘုရား ဖြစ်လာပြီး ဤ မိန်းမငယ်မှာ ပါရမီဖြည့်ဘက် ဖြစ်လာရပေလိမ့်မယ် " လို့ ဗျာဒိတ်စကား မြွက်ကြားခဲ့တယ် ။

To be continue ......... The Future Buddha - Leaving Tusita ( Heaven to be reborn as a man . ) Chapter

Friday, August 26, 2011

ဗုဒ္ဓ၀င် အင်္ဂလိပ် စကားပြော ( Dialogue On History Of Buddha )

မြန်မာလူမျိုးများ အနေနှင့် ဘာသာရေး၌ ကမ္ဘာနှင့် ရင်ဘောင်တန်းနိုင်စေရန် ၊ နိုင်ငံခြားသားများနှင့် စကားပြောဆို ဆက်ဆံရာ၌ မိမိ ဗုဒ္ဓဘာသာ ယဉ်ကျေးမှုကို မေးမြန်းလာခဲ့လျှင် တတ်နိုင်သမျှ ဖြေရှင်းပြနိုင်ရန် ရည်ရွယ်၍ ဆရာ ရွှေမင်းဝန် ဦးဘုန်းမြင့်က Dialogue အပြောပုံစံဖြင့် ဖြည့်စွက်ပြီး " ဗုဒ္ဓ၀င် အင်္ဂလိပ် စကားပြော ( Dialogue On History Of Buddha ) " စာအုပ်ကို ပြုစုရေးသားခဲ့ပါသည်။ ကျွန်ုပ် ကိုယ်တိုင်သည်လည်း ဗုဒ္ဓဘာသာ မြန်မာစာအုပ်သာ အဖတ်များ၍ အင်္ဂလိပ်လို မေးပြောလာသည့်အခါ မည်သို့ မည်ပုံ ဖြေရမည် မသိ အိုးနင်းခွက်နင်း ဖြစ်ရပါသည်။ ထို့ကြောင့် စာအုပ်များ ရှာဖွေရင်း ယခု စာအုပ်လေးကို တွေ့ရှိပြီး အားလုံးသော ဗုဒ္ဓဘာသာ ရဟန်း ရှင်လူ အပေါင်းအားလည်း မသိသေးသူများ သိရှိနိုင်ရန်အတွက် ဆရာ ရွှေမင်းဝန် ဦးဘုန်းမြင့် စာအုပ်လေးထဲမှ စာများကို ထုတ်နှုတ်၍ အခန်းလိုက် ရေးသားပေးသွားပါမည်။

Chapter 1 Dialogue on History of Buddha
ဗုဒ္ဓ၀င်အကြောင်း နိုင်ငံခြားသားများနှင့် ပြောဆို ဆွေးနွေးခြင်း


A : " What religion do you believe ? "
ဘယ်ဘာသာ ကိုးကွယ် ဆည်းကပ်ပါသလဲ ။

B : " I'm a Buddhist ." " I believe in Buddhism. "
ဗုဒ္ဓဘာသာဝင် တစ်ဦး ဖြစ်ပါတယ် ။ ဗုဒ္ဓဘာသာကို သက်ဝင် ယုံကြည်ပါတယ် ။

A : " A Buddhist ! " ' Yes... '
အော် ဗုဒ္ဓဘာသာဝင် တစ်ယောက်ကိုး ။

B : " Of course, I mean a Buddhist is one who professes to be a follower of our Lord Buddha and accept His doctrine ( dhamma )."
မှန်ပါတယ် ။ ဗုဒ္ဓဘာသာဝင် တစ်ယောက်ဆိုတာ ဗုဒ္ဓရှင်တော်ဘုရား ဟောကြားတဲ့ ဒေသနာတော်မြတ်ကို နာယူ ကျင့်ဆောင်တဲ့ ဥပါသကာကို ဆိုလိုပါတယ် ။

A : " His name's Buddha ? "
ဗုဒ္ဓဆိုတာ ရှင်တော်ဘုရားရဲ့ အမည်လား ။

B : " No, Buddha is the name of a state of mind ."
မဟုတ်ပါဘူး ။ ဂုဏ်တော်အားဖြင့် ရအပ်တဲ့ အမည်ပါ ။

A : " What's the essence of Buddhism ? "
ဗုဒ္ဓဘာသာရဲ့ အနှစ်သာရဟာ ဘာပါလဲ ။

B : " It's based on the Four Noble Truths . "
သစ္စာလေးပါးပေါ် အခြေခံပါတယ် ။

A : " * Yes ? "
ဘာကိုဆိုလိုပါလဲ ။ ရှင်းပြနိုင်ပါသလား ။

B : " They are Dukha ( misery ) , Samudaya ( aggregation ) , Nirodha ( cessation ) and Magga ( Means ). "
ဒုက္ခ ၊ သမုဒယ ၊ နိရောဓနဲ့ မဂ္ဂသစ္စာများ ဖြစ်ပါတယ် ။
[ Can you explain about it ? ဟူ၍ မေးနိုင်ပါသော်လည်း နိုင်ငံခြားသားများမှာ ဟန်အမူအရာဖြင့် Yes ? တစ်လုံးတည်း မေးမြန်း ပြောဆို တတ်ပါသည် ။ ]

A : " May I ask you what's the meaning of Buddha ? "
ဗုဒ္ဓရဲ့ အဓိပ္ပာယ်ဟာ ဘာဖြစ်ပါသလဲ ။

B: " Enlightened one He who has the perfect wisdom. "
မောဟ တည်းဟူသော အမိုက်မှောင် ကင်း၍ သဗ္ဗညုတဉာဏ်တော် အလင်းရောင်ကို ရောက်ရှိသော ပုဂ္ဂိုလ်မြတ်ပါ ။

A : " What's Buddha's real name ? "
ဗုဒ္ဓ၏ အမည်တော်ရင်းက ဘာလို့ ခေါ်ပါသလဲ ။

B : " Siddhattha was His royal name . ( Siddhattha means effected . ) Gotama , His family name. "
မင်းမျိုး မင်းနွယ် အမည် သိဒ္ဓတ္ထ ဖြစ်ပါတယ် ။ အကျိုး ပြီးမြောက်ခြင်းလို့ အဓိပ္ပာယ် ရပါတယ် ။ အနွယ်တော်က ဂေါတမ အနွယ်တော် ပါ ။

A : " Do you know the life of Buddha ? "
ဗုဒ္ဓ၀င် ဖြစ်စဉ်ကို သိပါသလား ။

B : " Yes, Of course. "
ဟုတ်ကဲ့ ၊ သိပါတယ် ။

A : " How old is Buddhism ? "
ဗုဒ္ဓဘာသာဟာ နှစ်ပေါင်း ဘယ်လောက်ကြာသွားပြီလဲ ။

B : " More than 2,500 years ago. "
နှစ်ပေါင်း ( ၂၅၀၀ ) ကျော်သွားပါပြီ ။

A : " Where was it founded ? By whom ? "
ဘယ်အရပ်မှာ ပေါ်ထွန်းပါသလဲ ။ ဘယ်သူ ဟောကြားပါသလဲ ။

B : " Founded in India - by the Buddha Himself in the sixth century B.C. "
အိန္ဒိယပြည်မှာပါ ။ မြတ်စွာဘုရား ကိုယ်တော်တိုင် ခရစ်တော် မပေါ်မီ ၆ -ရာစုအတွင်း ဟောကြားခဲ့တဲ့ တရားတော်တွေ ဖြစ်ပါတယ်။

A : " Pitakats ! "
ပိဋကတ်တော်တွေလား ။

B : " Yes, it's also known Basket of Dhamma . "
( Sutta , Vinaya and Abidhamma )
ဟုတ်ကဲ့ ၊ တရား ဘဏ္ဍာတိုက် လို့လည်း ထင်ရှားပါတယ် ။ ( သုတ် ၊ ၀ိနည်း ၊ အဘိဓမ္မာ တရားတွေပါပဲ ။ )

A : " Great ! "
ကြီးကျယ်ပါပေတယ် ။

B : " To get the greatest wisdom, the Buddha Himself tried to accomplish ' Paramis ' ( Virtue ) in the existence . "
သဗ္ဗညုတ ရွှေဉာဏ်တော် ရဖို့အတွက် မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ဟာ သံသရာမှာ ပါရမီတော်တွေ ဖြည့်ကျင့် ဆည်းပူးခဲ့ ရတယ် ။

A : " Doctrine ? "
တရားတော်တွေလား ။

B : " Of course it is . Tri Pitakats " ( Buddhistic Scriptures ). "
မှန်ပါတယ် ။ ပိဋကတ်သုံးပုံ ပါပဲ ။ ဗုဒ္ဓစာပေ ကျမ်းဂန်တွေပေါ့ ။

A : " Yes ... yes . "
ဟုတ်ကဲ့ ၊ ဟုတ်ကဲ့ - ဆက်ပြောပါဦး ။

B : " Bodhisatta ( The future Buddha ) became the son of a very rich man named * Sumedha * ."
ဘုရားအလောင်းတော်ဟာ လူချမ်းသာ တစ်ယောက်ရဲ့ သား ဖြစ်ခဲ့တယ် ။ သုမေဓာလို့ အမည်တွင်ခဲ့တယ် ။

" His parents died of sixteen, and the young millionaire's left with a great deal of gold and silver. "
သုမေဓာ သူဌေးသားလေးရဲ့ မိဘတွေဟာ သူ အသက် ၁၆ နှစ် သားအရွယ်မှာ ကွယ်လွန် အနိစ္စ ရောက်သွားကြတယ် ။ သူ့မှာ ရွှေ ငွေ အမြောက်အမြား ကျန်ခဲ့တယ် ။

A : " Then ? "
ဒီတော့ ဘာဖြစ်သလဲ ။ ဆိုစမ်းပါဦး ဗျာ ။

B : " Sumeda thought to himself , " My parents and grand-parents knew only how to get property but did not know to take it away beyond death . "
သုမေဓာ သူဌေးသားဟာ တစ်ယောက်တည်း စဉ်းစားတယ် ။ ' ငါ့ရဲ့ မိဘတွေ ၊ အဖိုး အဖွားတွေဟာ ပစ္စည်း ဥစ္စာ ဘယ်လိုရှာဖွေ ရမယ်ဆိုတာ သိကြတယ် ။ သူတို့ သေတော့ အဲ့ဒိ ပစ္စည်းတွေ ယူသွားနည်း မသိကြတော့ဘူး ။
* ( အင်္ဂလိပ် ဘာသာတွင် ' Sa ' သ မြန်မာ အက္ခရာ အသံထွက်မှာ ခက်ခဲမှု ရှိပါသည် ။ ' ဆ ' အသံဖြင့် ထွက်ကြောင်း သတိပြုသင့်ပါ၏ ။ မြန်မာ အခေါ် ' သုမေဓာ ' ကို ' ဆုမေဓာ - Sumeda ' ဟု အင်္ဂလိပ်လို အသံထွက်ပြီး ပြောမှသာ နိုင်ငံခြားသားနှင့် စကားပြောလျှင် အဆင်ပြေပါမည် ။ )

B : " So Sumeda gave away his property in alms . "
အဲ့ဒါကြောင့် သုမေဓာ သူဌေးသားလေးဟာ သူ့ရဲ့ ပစ္စည်းဥစ္စာကို စွန့်ကြဲ ပေးလှူခဲ့တယ် ။

A : " Good deeds ! "
ကောင်းမြတ်ပါပေတယ် ။

B : " That's right. He knew very well , the merit of the deed would follow him after death . "
မှန်တာပေါ့ ။ ပြုတဲ့ ကုသိုလ်ဟာ ကွယ်လွန်တဲ့ အခါ အကျိုးဆက် အဖြစ် လိုက်မယ်ဆိုတာ သူသိတာပေါ့ ။


To be continue ... Sumeda and Sumitta ( Receiving a Prophetic Declaration ) Chapter


ဆရာ ရွှေမင်းဝန် ဦးဘုန်းမြင့် ၏ ဗုဒ္ဓ၀င် အင်္ဂလိပ် စကားပြော ( Dialogue On History Of Buddha ) စာအုပ်မှ ထုတ်နှုတ် ဖော်ပြထားပါသည်။

ကျေးဇူးတော်ရှင် မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဓမ္မသံဝေဂနှင့် ဩ၀ါဒ ကထာများ

Wednesday, August 3, 2011

အရိမေတ္တယျ ဗုဒ္ဓ၀င် - ၂ ဘဒ္ဒန္တ တေဇောသာရ ( ပဲခူး )

အရိမေတ္တယျ ဗုဒ္ဓ၀င် - ၁ ဘဒ္ဒန္တ တေဇောသာရ ( ပဲခူး )




ဧဒင်ဥယျာဉ်မှ ကူးယူ ဒါနပြုပါသည်။

နမောတဿ ဘုရားရှိခိုး( နေ့နံ အလိုက် )

နမောတဿ ဘုရားရှိခိုး( နေ့နံ အလိုက် )

၁ ။ နမောတဿ သိခိဿ ဘဂ၀တော
အရဟတော သမ္မာသမ္ဗုဒ္ဓဿ ။

၂။ နမောတဿ ဝေဿဘုဿ ဘဂ၀တော
အရဟတော သမ္မာသမ္ဗုဒ္ဓဿ ။

၃။ နမောတဿ ကကုသန္ဓဿ ဘဂ၀တော
အရဟတော သမ္မာသမ္ဗုဒ္ဓဿ ။

၎။ နမောတဿ ကောဏဂမနဿ ဘဂ၀တော
အရဟတော သမ္မာသမ္ဗုဒ္ဓဿ ။

၅။ နမောတဿ ကဿပဿ ဘဂ၀တော
အရဟတော သမ္မာသမ္ဗုဒ္ဓဿ ။

၆။ နမောတဿ ဂေါတမဿ ဘဂ၀တော
အရဟတော သမ္မာသမ္ဗုဒ္ဓဿ ။

၇။ နမောတဿ ၀ိပဿိဿ ဘဂ၀တော
အရဟတော သမ္မာသမ္ဗုဒ္ဓဿ ။


သက်ဆိုင်ရာ ဘုရားကို ရည်စူး၍ ဆီမီး ၁ တိုင် ထွန်းပါ ။ သက်ဆိုင်သည့် ဘုရားရှိခိုးဖြင့် ပူဇော်ကန်တော့ပါ ။

နမောတဿဘုရားရှိခိုး.png
Related Posts Plugin for WordPress, Blogger...