Wednesday, July 3, 2019
မဟာသမယသုတ် အစွမ်း အကျိုးရမူရလဒ် လက်တွေ့ ကြုံခဲ့မူ
Tuesday, July 2, 2019
မဟာသမယသုတ်တော် စာအုပ် ပူဇော်လိုသူများ လှူဒါန်းလိုသူများအတွက်
Monday, December 10, 2018
ဘေးရန်အန္တရာယ် ပျောက်ကင်းချမ်းသာစေနိုင်သော အရှင်သာရိပုတ္တရာ ဂါထာပါဌ်အနက်
ဘေးရန်အန္တရာယ် ပျောက်ကင်းချမ်းသာစေနိုင်သော
အရှင်သာရိပုတ္တရာ ဂါထာပါဌ်အနက်
ဝေဒါသာကု ၊ ကုသာဒါဝေ ။
ဒါယသာဒ ၊ ဒသာယဒါ ။
သာသာဒိကု ၊ ကုဒိသာသာ ။
ကုဒကုဘု ၊ ဘုကုဒကု ။
ဝေဒါကာနိ ၊ နိကာဒါဝေ ။
ဝါဟိကာသု ၊ သုကာဟိဝါ ။
ကာကာရေဘ ၊ ဘရေကာကာ ။
နိသုဘယံ ၊ ယံဘသုနိ ။
ဂါထာအကျိုးသွား
- တစ်နေ့ ၃ ခါရွတ် ပညာကြီး၏ ။
- တစ်နေ့ ၂ ခါရွတ် သူတစ်ပါး၏ စိတ်ကို သိနိုင်၏ ။
- တစ်နေ့ ၈ ခါရွတ် အာနုဘော်ကြီး၏ ။
- ခရီးသွားသော် ၇ ခါရွတ် ၊ ဘေးလွတ်၏ ။
- တောမှာ အိပ်သော် ကျောက်ခဲလေးလုံးကို ၇ ခါ မန်း ၊ အရပ်လေးမျက်နှာ၌ ထိုကျောက်ခဲတို့ကို ပစ်ထားပြီး အိပ် ၊ သားရဲတိရိစ္ဆာန်များ မဝင် မလာနိုင် ၊ ဘေးလွတ်၏ ။
- ရေကို ၃၇ အုပ် မန်း၍ ချိုးသော် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံ၏ ။
- သူနာ အသည်းအသန်ရှိမှု ရေကို ၃၇ အုပ်မန်း၍ တိုက် ၊ ချမ်းသာ၏ ။
- အဆိပ်သင့်သော် အဆိပ်မွှန်သော် ရေကို ၇ အုပ်မန်း၍ တိုက် ၊ သပ်၍ချ ၊ ချမ်းသာ၏ ။
- သက်ကယ်ပင် လေးပင်ကို ၃၇ အုပ်မန်း၍ အိမ်လေးထောင့်မှာ ထား ၊ မကောင်းသော နတ် ၊ စုန်း ၊ တစ္ဆေတို့ မကပ်ဝံ့ပြီ ။
- နံ့သာရေကို ၁၀၈ အုပ်မန်း၍ လိမ်း ၊ လူနတ်တို့ ချစ်ခင်မြတ်နိုး၏ ။
- သဲကို ၃၇ အုပ်မန်း၍ အိမ် ကျောင်း ဝန်းကျင်တို့ ပက် ၊ ရန်သူတို့ မဝင်မရောက်နိုင် ။
- ရေကို ၃၇ အုပ်မန်း၍ တိုက် အနာဟူသမျှ ပျောက်၏ ။
- ထုံးဖြူကို ၃၇ အုပ်မန်း၍ စား ၊ ထုံးမပေါက်ပြီ ။
- ကွမ်းသီးကို ၃၇ အုပ်မန်း၍ စား ၊ သဗ္ဗသျှို အခြွေအရံ စည်ကားတိုးတက်၏ ။
- စပါးမျိုးတို့ကို မကြဲမီ ၊ မပျိုးမီ ၃၇ အုပ်မန်းပြီး ပျိုးကြဲရသော် ရောဂါပိုးမွှားကင်း၍ အပင်သန်လျက် ရန်သူတို့ မဖျက်ဆီးနိုင် ။
- နေ့ည မပြတ် ရွတ်ဖတ်သရဇ္ဈာယ်ခြင်း ပြုပါက ရန်သူတို့သည် မအောင်နိုင်ဘဲ မိမိ အလိုရှိတိုင်း ပြီးစီး အောင်မြင်နိုင်သည် ။
Monday, November 5, 2018
ဆန်းကြယ်သော ကောင်းကျိုးချမ်းသာ ဟူသမျှကို ပေးစွမ်းနိုင်သည့် မဟာပဋ္ဌာန်း ပူဇော်နည်း
ဆန်းကြယ်သော ကောင်းကျိုးချမ်းသာ ဟူသမျှကို ပေးစွမ်းနိုင်သည့်
မဟာပဋ္ဌာန်း ပူဇော်နည်း
ပဋ္ဌာန်းတရားတော်ကို မြတ်စွာဘုရားက မယ်တော်ဖြစ်ခဲ့ဖူးတဲ့ နတ်သားကို အကြောင်းပြုပြီး ဟောသောတရားဖြစ်သည် ။ မိခင်ရဲ့ ကျေးဇူးတရားကို အသိအမှတ်ပြု တုံ့ပြန်သော တရားဖြစ်သည် ။
မိမိ လတ်တလော ရင်ဆိုင်နေရသော အခက်အခဲ မှန်သမျှ ပြေလည်စေတယ် ။ အနှောင့်အယှက် ပယောဂ ၊ ကျန်းမာရေးနဲ့ ညီညွတ်စေနိုင်သည် ။
" ပုရေဇာတ ပစ္စယော " ဆိုတာ ရှေ့၌ ဖြစ်နှင့်၍ ကျေးဇူးပြုပါစေသတည်း ။
" ပစ္ဆာဇာတ ပစ္စယော " ဆိုတာ နောက်မှ ကပ်၍ ကျေးဇူးပြုပါစေသတည်း ။
ပထမဦးစွာ ဘုရားရှင်ကို ဆီမီး ၊ ရေချမ်း ၊ ပန်း ၊ အမွှေးနံ့သာတိုင်များကို ကပ်လှူပြီး ပဋ္ဌာန်းတရားတော်ကို ရွတ်ဖတ် ပူဇော်မည့်အကြောင်းကို အနှိုင်းမဲ့ ဘုရားရှင်အား ရိုရိုသေသေ လျှောက်ထားပါ ။
ပြီးရင် ဘုရားရှင်ကို ဆွမ်းကပ်ပါ ။ ( ထောပတ်ထမင်းဆွမ်း ) ( ပိန္နဲသီးဆွမ်း ) ပြီးလျှင် ပုရေဇာတပစ္စယော ကို ရွတ်ဖတ်ပူဇော် ပုတီးစိပ်ပါ ။ ပုရေဇာတပစ္စယော ကို တန်ဆောင်မုန်းလမှာ ရွတ်ဖတ်ပူဇော် ပုတီးစိပ်ရပါမည် ။ ပိတောက်သား ပုတီးနဲ့ စိပ်ပါ ။
ရွတ်ဖတ်ပူဇော်ပုံက - ပုတီးမစိပ်မီ ပုတီးခေါင်းကို ကိုင်ပြီး
" ပုရေဇာတ ပစ္စယောတိ … ကိဉ္စိကာလေန ပုရေဇာတပစ္စယော "
ပုရေဇာတပစ္စယော နိဒ္ဒေသ ( အကျယ် ) ကို တစ်ခေါက် ရွတ်ဆိုရပါမယ် ။ ပုရေဇာတပစ္စယောလို့ ဆိုပြီး ပုတီးတစ်လုံးချ ပုတီးတစ်ပတ် စိပ်ပါ ။ ရွတ်ဆိုမှု ( ၉ )ခေါက် ပုတီး ( ၉ ) ပတ် ဖြစ်မည် ။
ထိုနည်းအတိုင်းပင် ပစ္ဆာဇာတပစ္စယော ကို တပေါင်းလ တစ်လလုံး ရွတ်ဆိုမှု ( ၉ ) ခေါက် ပုတီး ( ၉ ) ပတ် ရွတ်ဆို ပူဇော်ပုတီးစိပ်ပါ ။
အဲဒီလို အဓိဋ္ဌာန် တစ်ခု အောင်မြင်ပြီဆိုရင် မိမိမှာ တစ်စုံတရာ အခက်အခဲ ကြုံပါက ပုရေဇာတ ပစ္စယော ကို မနက် ပုတီး ( ၉ ) ပတ် ၊ ပစ္ဆာဇာတ ပစ္စယောကို ညနေ ပုတီး ( ၉ ) ပတ် ( ၉ ) ရက်စိပ်ပြီး မေတ္တာပို့ အမျှဝေပါ ။ လိုရာဆုတောင်းပါ ။
ပဋ္ဌာန်း = ကြာသပတေး ၊ စနေ
ပုရေဇာတပစ္စယော = ကြာသပတေး ၊ စနေ
ပစ္ဆာဇာတပစ္စယော = ကြာသပတေး ၊ စနေ
ထောပတ် ထမင်း = ကြာသပတေး ၊ စနေ
Sunday, September 2, 2018
စိရံတိဋ္ဌတုမေ ဂါထာ ( မေမေပို့ပေးသော ဂါထာတော် )
မေမေ ပို့ပေးသော ဂါထာတော်
" စိရံတိဋ္ဌတုမေ အာယု လာဘံ လာဘတု
သဗ္ဗဒါ ၊ ဇယော ဘဝတု မေသဒါ ၊
သောကရောဂံ ၊ ဝိနာသနံ "
မေ - ကျွန်ုပ်၏ အာယု အသက်သည် ၊ စိရံ - ကြာမြင့်စွာ ၊ တိဋ္ဌတု - တည်ပါစေသတည်း ။ လာဘံ - လာဘ်ကို ၊ သဗ္ဗဒါ - အခါခပ်သိမ်း ၊ လာဘတု - ရပါစေသတည်း ။ မေ - ကျွန်ုပ်အား ၊ ဇယော - အောင်မြင်ခြင်းသည် ၊ သဒါ - အခါခပ်သိမ်း ၊ ဘဝတု - ဖြစ်ပါစေသတည်း ။ သောကရောဂံ - သောကဟူသမျှ ရောဂါဟူသမျှသည် ၊ ဝိနာသနံ - ပျောက်ပျက်ခြင်းသည် ၊ ဘဝတု - ဖြစ်ပါစေသတည်း ။
ရှေ့မှ ဥုမ် ခံကာ တစ်နေ့လျှင် မနက် (၉)ခေါက် ၊ ည (၉)ခေါက် ရွတ်ဖတ်ပါက စီးပွားလာဘ်လာဘအရာတွင် (၄၅) ရက်အတွင်း သိသာစွာတိုးပွားမည်ဖြစ်ပြီး ရက်ပေါင်း (၉ ၉ ၉ )ရက် ရွတ်ဖတ်မည် ဆိုပါက အာယုအရာတွင် သိသိသာသာ ခံစားစံစားကြရမည် ဖြစ်သည်ဟု သိရှိရပါသည် ။
Credit - မူရင်းပိုင်ရှင်
( မေမေပို့ပေးသော ဂါထာအပိုဒ်လေး ဖြစ်ပါတယ် ။ မေမေက ဂါထာအပိုင်းလေး သိမ်းထားပြီး စာအုပ်အမည် မမှတ်မိပါ … )
Monday, March 26, 2018
ရှင်အရဟံ ပုတီးစိပ်နည်းသည်
ဂါထာတော်များ သိဒ္ဓိမြောက်စေရန်
" အကြိမ် တစ်သန်း ရွတ်သောကြောင့် အက္ခရာ တစ်လုံး ရှိသော မန္တရား အကျိုးပြီးမြောက် သိဒ္ဓိပေါက်၏ ။ အက္ခရာတိုးသည်နှင့်အမျှ ရွတ်ကြိမ်လျှော့သွားသည် ။ ထိုနည်းဖြင့် အခြားအခြားသော မန္တရားတို့၏ ရွတ်ကြိမ်ကို အဘယ်မျှဟု သုံးချက်တွက်နည်းဖြင့် တွက်၍ အတက်အဆုတ်ကို ကြံစည် သိမှတ်ရာ၏ ။ "
ဗုဒ္ဓ = အကြိမ် ငါးသိန်း
လောကဝိဒူ = အကြိမ် နှစ်သိန်း ငါးသောင်း
*** သတိပြုရန်မှာ ... ရွတ်ဖတ်ရမည့် အက္ခရာသည် " မ " ဖြစ်နေလျှင် ရှေ့တစ်ခု တိုး၍ " စုံ " ဟု မှတ်ရမည် ။
" နမော ဗုဒ္ဓါယ သိဒ္ဓံ " = ၇ လုံး ( မ ) = ၈ လုံး ( တစ်လုံးတိုး စုံ )
၁၀၀၀၀၀၀ / ၈ = ၁၂၅၀၀ ကြိမ် ရွတ်လျှင် သိဒ္ဓိမြောက်၏ ။
ဆရာကြီး ဦးဆန်းထွန်း ( မန်းတက္ကသိုလ် )
စာ - ၁၀၄ ၊ နက္ခတ္တရောင်ခြည် မဂ္ဂဇင်း
ဩဂုတ် ၊ ၁၉ ၉ ၆
ရှင်အရဟံ ပုတီးစိပ်နည်း ( အနန္တ မန္တာန်တော်ကြီး )
၁ ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ နာမ ရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ ။
ဗုဒ္ဓံ - မြတ်စွာဘုရားကို ၊ သရဏံ - ကိုးကွယ်ရာ ဟူ၍ ၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏ ။ နာမရူပံ - နာမ် ရုပ်သည် ၊ အနိစ္စံ - အမြဲ မရှိ ။ ဒုက္ခံ - ဆင်းရဲ၏ ။ အနတ္တာ - အနှစ်ကင်းပ အစိုးမရ ။
၂ ။ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ နာမ ရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ ။
ဓမ္မံ - တရားတော်မြတ်ကို ၊ သရဏံ - ကိုးကွယ်ရာ ဟူ၍ ၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏ ။ နာမရူပံ - နာမ် ရုပ်သည် ၊ အနိစ္စံ - အမြဲ မရှိ ။ ဒုက္ခံ - ဆင်းရဲ၏ ။ အနတ္တာ - အနှစ်ကင်းပ အစိုးမရ ။
၃ ။ သံဃံ သရဏံ ဂစ္ဆာမိ ၊ နာမ ရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ ။
သံဃံ - သံဃာတော်မြတ်ကို ၊ သရဏံ - ကိုးကွယ်ရာ ဟူ၍ ၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏ ။ နာမရူပံ - နာမ် ရုပ်သည် ၊ အနိစ္စံ - အမြဲ မရှိ ။ ဒုက္ခံ - ဆင်းရဲ၏ ။ အနတ္တာ - အနှစ်ကင်းပ အစိုးမရ ။
၎ ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ ၊ နာမ ရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ ။
ဗုဒ္ဓံ - မြတ်စွာဘုရားကို ၊ သရဏံ - ကိုးကွယ်ရာ ဟူ၍ ၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏ ။ ဓမ္မံ - တရားတော်မြတ်ကို ၊ သရဏံ - ကိုးကွယ်ရာ ဟူ၍ ၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏ ။ သံဃံ - သံဃာတော်မြတ်ကို ၊ သရဏံ - ကိုးကွယ်ရာ ဟူ၍ ၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏ ။ နာမရူပံ - နာမ် ရုပ်သည် ၊ အနိစ္စံ - အမြဲ မရှိ ။ ဒုက္ခံ - ဆင်းရဲ၏ ။ အနတ္တာ - အနှစ်ကင်းပ အစိုးမရ ။
၅ ။ စက္ကဝါဠေသု ၊ အနန္တေသု ။
အာကသေ ၊ အနန္တေ တထာ ။
သတ္တနိကာ ၊ အနန္တာစ ။
သမ္ဗုဒ္ဓေ ဉာဏ အနန္တာ ။
အနန္တေသု - အဆုံး အပိုင်းအခြား မရှိကုန်သော ၊ စက္ကဝါဠေသု - စကြာဝဠာတိုက်တို့၌ လည်းကောင်း ၊ တထာ - ထိုမှတစ်ပါး ၊ အနန္တေ - အနန္တေသု - အဆုံး အပိုင်းအခြား မရှိကုန်သော ၊ အာကာသေ - အာကာသေသုစ - ကောင်းကင်တို့၌ လည်းကောင်း ၊ သတ္တနိကာ - သတ္တဝါအပေါင်းတို့သည်လည်း ၊ အနန္တာ - အဆုံး အပိုင်းအခြား မရှိကုန် ။ သမ္ဗုဒ္ဓေစ - သစ္စာသိမြင် ဘုရားရှင်တို့သည်လည်း ၊ ဉာဏ - ဉာဏာ - ဉာဏ်တော်တို့သည် ၊ အနန္တော - အဆုံးအပိုင်းအခြား မရှိကုန် ။
၆ ။ အနန္တံ ဗလဝံ ဗုဒ္ဓံ ၊ အနန္တံ ဂေါစရံ ဓမ္မံ ။
အနန္တံ အရိယံ သံဃံ ၊ အနန္တံ ဗောဓိ မုတ္တမံ ။
ဗလဝံ - အားတော် ဆယ်တန် ၊ ဉာဏ်တော် ဆယ်ပါး နှင့် ပြည့်စုံတော် မူသော ၊ ဗုဒ္ဓံ - မြတ်စွာဘုရားသည် ၊ အနန္တံ - အတိုင်းမသိ တန်ခိုးတော် ကြီးမြတ်လှပါပေ၏ ။
ဂေါစရံ - မဂ်ဉာဏ် ဖိုလ်ဉာဏ် တို့၏ ကျက်စားရာဖြစ်သော ၊ ဓမ္မံ - တရားတော်မြတ်သည် ၊ အနန္တံ - အတိုင်းမသိ တန်ခိုးကြီးမြတ်လှပါပေ၏ ။
အရိယံ - မဂ္ဂဋ္ဌာန် ၊ ဖလဋ္ဌာန် ရှစ်တန်ထင်ပေါ် အရိယာ ဖြစ်တော်မူသော ၊ သံဃံ - သံဃာတော်မြတ်သည် ၊ အနန္တံ - အတိုင်းမသိ တန်ခိုးတော် ကြီးမြတ်လှပါပေ၏ ။
၇ ။ အာဂေစၧယ် သေဗၺေဒဝါ ၊
အာယုုဝေဏၰာ သုုခံဗလံ ၊
သဗၺသိဒၶိ မဟိဒၶိကာ ၊
ဇယေတဇ ၊ ဒသဒိသာ ။
ဘဝတြ မမ သဗၺဒါ ။ ။
သဗ္ဗေ - အလုံးစုံကုန်သော ၊ ဒေဝါ - နတ်တို့သည် ၊ အာဂစ္ဆေယျ - လာရာ၏ ။ အာယုဝဏ္ဏော သုခံ ဗလံ - အသက်ရှည်ခြင်း ၊ အဆင်းလှခြင်း ၊ ခွန်အားကြီးခြင်း ၊ ချမ်းသာကြီးခြင်း ၊ ဉာဏ်ပညာ ကြီးခြင်းသည် ၊ သဗ္ဗသိဒ္ဓိ - အလုံးစုံသော သိဒ္ဓိပြီးမြောက်သည် ဖြစ်၍ ၊ မဟိဒ္ဓိကာ - ကြီးမားသော တန်ခိုး ရှိ၏ ။ မမ - ကျွနု်ပ်အား ၊ ဒသဒိသာ - အရပ်ဆယ်မျက်နှာမှ ၊ ဘယံ - ဘေး ဟူသမျှသည် ၊ တေဇသာ - တေဇေန - တန်ခိုးအားဖြင့် ၊ ဇယ ဇယတု - အောင်ပါစေသတည်း ။ မမ - ကျွနု်ပ်အား ၊ သဗ္ဗဒါ - နေ့ရော ညဥ့်ပါ ဘယ်ခါ မပြတ် အခါခပ်သိမ်း ၊ ဘဝတု - တောင်းတတိုင်း ပြည့်စုံပါစေသတည်း ။ ။
အထက်ပါ ပုတီးစိပ်နည်းကို နေ့စဉ် စွဲမြဲပြီး အမြဲစိပ်ပါက အသက်ရှည်ခြင်း ၊ ဘုန်းကြီးခြင်း ၊ ကျက်သရေ တိုးတက်ခြင်း ၊ ကြံတိုင်းအောင်၍ ဆောင်တိုင်းပြီးမြောက်ခြင်း စသည့် လောကီ အကျိုးတရားတို့နှင့် တကွ လောကုတ္တရာ အကျိုးတရားတို့ကို ရရှိစေပါသည် ။
Monday, February 26, 2018
ငွေ လာဘ်ခေါ် မန္တာန်
ဝီတ ဒုက္ခာ ၊ သောကရောဂါ ၊
အဘယာဒိ တုပ္ပဒ္ဒဝါ ။
သကုန ဒုသုပိနာစ ၊
သဗ္ဗေဘယာ ဒူရမနာ ၊
ဝိနဿန္တု အသေသတော ။
နာနာလာဘ ဓနံ ယသော
ခိလ ဇန ပိယ နန္တော ။
အာယုဒီဃံ သတံ သုခံ ၊
သဗ္ဗတ္တဉ္စ ဝရာဝရံ ။
သဗ္ဗသတ္တရု ဝိနာသနံ ၊
သဗ္ဗဘယာ ဝိနာသန္တု ။
ရွတ်ဖတ်ရခြင်း၏ အကျိုးကျေးဇူး
အိပ်ရာဝင် အိပ်ရာထ နေ့ည ( ၉ ) ခေါက် ရွတ် ၊ ဘေးကင်း၏ ၊ ရောဂါကင်း၏ ၊ သောကကင်း၏ ၊ ချစ်ခင်သူ ပေါ၏ ၊ လာဘ်မိုးစွေ၍ စည်းစိမ်တိုး၏ ၊ ကိုယ်စိတ်နှလုံး အေးချမ်း၏ ။
စာ - ၂၂၀ ဗုဒ္ဓ ပရိတ်တော် မန္တာန်တော်ပေါင်းချုပ်
Thursday, February 15, 2018
ဆန်းကြယ်သော ကောင်းကျိုးချမ်းသာ ဟူသမျှကို ပေးစွမ်းနိုင်သည့် မဟာပဋ္ဌာန်းပူဇော်နည်း
ဒီနေ့ တပေါင်းလဆန်း တစ်ရက်နေ့ ဆိုတာ မနက်မှ သိရလို့ အပြင်လည်းသွားရမှာရယ် ဆောင်ရွက်ချင်သူတွေ ဆွမ်းချိန် မမီမှာ စိုးတာရယ်ကြောင့် စာအုပ်ထဲကနေပဲ ပုံရိုက်တင်လိုက်ပါတယ် ... စာအုပ်က ဆယ်စုနှစ်ကျော်နေလို့ ဟောင်းနေတာ တောင်းပန်ပါတယ် ... ကွန်ပျူတာနဲ့ ရိုက်ပြီး ထပ်တင်ပေးပါ့မယ် ...
Sunday, January 21, 2018
Tuesday, December 26, 2017
ပါဠိ စာလုံးဆင့် ဖတ်နည်း ရှင်းတမ်း
ပါဠိ စာလုံးဆင့် ဖတ်နည်း ရှင်းတမ်း
၁ ။ နှစ်လုံးဆင့်မှာ ၊ အထက်သာ ၊ သတ်ပါ မြဲဧကန် ၊
၂ ။ သဝေလည်းထိုး ၊ တ - သတ်မျိုး ၊
ဖတ်ရိုး စ - သတ်သံ ။
၃ ။ သဝေလည်းထိုး ၊ န - သတ်မျိုး ၊
ဖတ်ရိုး င - သတ်သံ ။
၎ ။ သဝေရေးချ ၊ သတ်မြင်က ၊
မှတ်ကြ ဝ - ဆွဲသံ ။
၅ ။ ဟထိုး ဝဆွဲ ၊ ရရစ် ယပင်း ၊ တွေ့လျင်းက ၊
နှစ်ဝတာဝန် ၊ ကျေပွန်စေရန် ၊
အသံ အသတ် ယူမြဲမှတ် ။
၁ ။ အဓိပ္ပာယ်မှာ - အက္ခရာ ၂ - လုံးဆင့် တွေ့လျှင် အပေါ်တွင်ရှိသော အထက် အက္ခရာကို အသတ်တင်၍ ဖတ် ၊ အသံ သေပြီ ၊ ရှေ့အက္ခရာနှင့် တွဲ၍ ဖတ်ရမည် ။
ဥပမာ - သမန္တာ = သမန်တာ
၂ ။ အဓိပ္ပာယ်မှာ - သဝေထိုးနှင့် တွဲသော တ - သတ်ကို စ သတ်အသံ ထွက်၍ ဖတ်ရမည် ။
ဥပမာ - မေတ္တာ = မေတ်တာ ( မစ်တာ ဟု ဖတ် )
မှတ်ချက် ။ ။ သဝေထိုးကို ပါဠိ၌ ဧ - သရဟုခေါ်သည် ။
၃ ။ အဓိပ္ပာယ်မှာ - သဝေထိုးနှင့်တွဲသော န - သတ်ကို င သတ် အသံထွက်၍ ဖတ်ရမည် ။
ဥပမာ - ပူရေန္တံ = ပူရေန်တံ ( ပူရင်တံ ဟု ဖတ် )
၎ ။ အဓိပ္ပာယ်မှာ - သဝေထိုးရေးချကို ဝဆွဲသံထွက်၍ ဖတ်ရမည် ။
ဥပမာ - ဟောန္တု = ဟောန်တု ( ဟွန်တု ဟု ဖတ် )
မှတ်ချက် ။ ။ သဝေထိုးရေးချကို ပါဠိ၌ ဩ - သရ ဟု ခေါ်သည် ။
၅ ။ အဓိပ္ပာယ်မှာ - ဟထိုး ဝဆွဲ ရရစ် ယပင့် အက္ခရာစာလုံးများနှင့် တွဲသော အက္ခရာသည် အသတ်တာဝန်ကိုလည်း ယူရသည် ။ မိမိ၏ မူလအသံလည်း ထွက်ရသည် ။
ဥပမာ - အမှ = အမ်မှ
ဤ ပြယုဂ်တို့၌ ဟထိုးနှင့် တွဲသော မ ၊ ဏ ၊ န - အက္ခရာတို့သည် အသတ်တာဝန်ကိုလည်း ယူရသည် ။ မိမိ၏ မူလဗျည်း အသံလည်း ထွက်ရမည် ၊ အသတ်နှင့် အသံ တာဝန် ၂ - မျိုးကို ယူထားသည် ။
သကျ = သက်ကျ
ဤ ပြယုဂ်တို့၌ ယပင့်နှင့် တွဲသော က နှင့် သ တို့သည် အသတ်နှင့် အသံ တာဝန် - ၂ မျိုးကို ယူထားသည် ။
စကြာ = စက်ကြာ
ဤ ပြယုဂ်တို့၌ ရရစ်နှင့် တွဲသော က နှင့် တ အက္ခရာတို့သည် အသတ်နှင့် အသံ တာဝန် ၂ - မျိုးကို ယူထားသည် ။
ကတွာ = ကတ်တဝါ
ဤ ပြယုဂ်တို့၌ ဝ - ဆွဲနှင့် တွဲသော တ - အက္ခရာတို့သည် အသတ်နှင့် အသံ ၂ - မျိုးကို ယူထားသည် ။
မှတ်ချက် ။ ။ ဟထိုးသည် ဟ ၊ ယပင့်သည် ယ ၊ ရရစ်သည် ရကောက် ၊ ဝဆွဲသည် ဝ - အက္ခရာ၏ ကိုယ်စားလှယ်ဟု အသီးသီးမှတ် ။
ပါရမီ ဘုရားရှိခိုး အမျိုးမျိုးနှင့် ဝတ်ရွတ်စဉ် စာအုပ်မှ -
မြတ်စွာဘုရား ဥဒါန်းကျူးရင့်တော်မူခြင်း ဂါထာ
မြတ်စွာဘုရား ဥဒါန်းကျူးရင့်တော်မူခြင်းဂါထာ
၁ ။ အနေကဇာတိ သံသာရံ ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ ။
၂ ။ ဂဟကာရ ဂဝေသန္တော ၊ ဒုက္ခာ ဇာတိ ပုနပ္ပုနံ ။
၃ ။ ဂဟကာရက ဒိဋ္ဌောသိ ၊ ပုန ဂေဟံ နကာဟသိ ။
၎ ။ သဗ္ဗာ တေ ဖာသုကာ ဘဂ္ဂါ ၊ ဂဟကုဋံ ဝိသင်္ခတံ ။
၅ ။ ဝိသင်္ခါရ ဂတံ စိတ္တံ ၊ တဏှာနံ ခယ မဇ္ဈဂါ ။
ယသ္မာ - အကြင်အကြောင်းကြောင့် ၊ ပုနပ္ပုနံ - အဖန်တလဲလဲ ၊ ဇာတိ - ပဋိသန္ဓေနေရခြင်းသည် ၊ ဒုက္ခာ - ပင်ပန်းဆင်းရဲ ငြိုငြင်ခြင်း ဖြစ်ရပေ၏ ။ တသ္မာ - ထိုသို့ ဆင်းရဲခြင်း ဖြစ်ရသည့် အကြောင်းကြောင့် ၊ ဂဟကာရံ - ခန္ဓာအိမ်ကို ကြိမ်ဖန်များစွာ ဆောက်လုပ်၍ လာသော တဏှာ ယောက်ျား သင်လက်သမားကို ၊ ဂဝေသန္တော - ဉာဏ်ဖြင့် မွှေ၍ ရှာဖွေအပ်သော ငါသည် ၊ အနိဗ္ဗိသံ အနိဗ္ဗိသန္တော - သင့်ကို မြင်နိုင်ဉာဏ်မဏ္ဍိုင်ကို မပိုင်ရသေးသောကြောင့်သာလျှင် ၊ အနေကဇာတိ သံသာရံ - ဘဝများစွာ သံသရာကာလပတ်လုံး ၊ သန္ဓာဝိဿံ - သံသရာ၌ ကျင်လည်၍ ပြေးခဲ့ရလေပြီ ။ ဂဟကာရက - ခန္ဓာအိမ်ကို အကြိမ်များစွာ ဆောက်လုပ်လာသော တဏှာယောက်ျား လက်သမား ၊ တွံ - သင် , တဏှာယောက်ျားကို ၊ ဒိဌော - ပညာစက္ခု သဗ္ဗညုဖြင့် ယခုငါသည် မြင်အပ်ပြီးသော သူသည် ၊ အသိ - ဖြစ်၏ ။ ပုန - တဖန် ၊ ဂေဟံ - အတ္တဘောတည်းဟူသော ခန္ဓာအိမ်ကို ၊ န ကာဟသိ - သင်မပြုလုပ်ရတော့ လတ္တံ့ ။ တေ - တဏှာယောက်ျား သင်လက်သမား၏ ၊ သဗ္ဗာ - ခပ်သိမ်းကုန်သော ၊ ဖာသုကာ - ကိလေသာတည်းဟူသော အိမ်၏ အခြင်တို့ကို ၊ ဘဂ္ဂါ - ငါသည် ချိုးဖျက် အပ်ကုန်ပြီ ။ ဂဟကုဋံ - အဝိဇ္ဇာတည်းဟူသော အိမ်၏ အထွတ်တို့ကို ၊ ဝိသင်္ခတံ - ဖျက်ဆီးအပ်ကုန်ပြီ ။ မေ - ငါ၏ ၊ စိတ္တံ - စိတ်သည် ၊ ဝိသင်္ခါရံ - ပြုခြင်းကင်းသော နိဗ္ဗာန်သို့ ၊ ဂတံ - အာရုံပြုသောအားဖြင့် ရောက်ပြီ ။ တဏှာနံ - တဏှာတို့၏ ၊ ခယံ - ကုန်ရာကုန်ကြောင်းဖြစ်သော အရဟတ္တဖိုလ်သို့ ၊ အဇ္ဈဂါ - ရောက်လေပြီ ။
တဏှာ၏ ကုန်ရာဖြစ်သော ဝိပဿနာတရားတို့ကို ပွားများအားထုတ်ကြနိုင်ပါစေသောဝ် …. ။
မိုးကုတ်ဆရာတော်ဘုရားကြီး၏ ဉာတပရိညာ စာအုပ်မှ ကူးယူဖော်ပြပါသည် ။
Wednesday, December 20, 2017
Monday, November 20, 2017
ပါဠိဖတ်ရန် အခြေခံနည်း
Monday, November 6, 2017
ဘာလုပ်လုပ် အဆင်မချောသူများအတွက်
ဝစသာ မနသာ စေဝ ၊
ဝန္ဒာမေ တေ တထာဂတေ ၊
သယနေ အာသနေ ဌာနေ ၊
ဂမနေ စာပိ သဗ္ဗဒါ ။
အနက် ။ ။ ကျွန်ုပ်သည် အိပ်နေသောအခါ၌ ဖြစ်စေ ၊ ထိုင်နေသောအခါ၌ ဖြစ်စေ ၊ ရပ်နေသောအခါ၌ ဖြစ်စေ ၊ လမ်းသွားသောအခါ၌ ဖြစ်စေ မည်သည့်အခါ၌မဆို ထို ဘုရားရှင်အား နှုတ်ဖြင့် လည်းကောင်း ၊ စိတ်ဖြင့် လည်းကောင်း အမြဲမပြတ် ရှိခိုးပါ၏ ။
နေ့စဉ် မနက်တိုင်း ပုတီး ( ၁ ) ပတ် စိပ်ပေးပါ ။
သတိရတိုင်းလည်း ခေါက်ရေ သတ်မှတ်ချက် မထားဘဲ ရွတ်ပေးပါ ။
လိုက်နာရမှာက -
( ၁ ) အမဲသားကို တစ်နှစ်လုံး မစားရ ။
( ၂ ) မနက်တိုင်း ၁၀၈ လုံး ပုတီးနဲ့ ဂါထာ တစ်ပုဒ်ဆုံး တစ်လုံးချပြီး ပုတီးတစ်ပတ် စိပ်ရပါမည် ။
( ၃ ) မွေးနေ့ မနက်စောစော နွားနို့တစ်ခွက် ၊ လက်ဖက်ရည် တစ်ခွက် ၊ ကော်ဖီတစ်ခွက် စုစုပေါင်း ၃ ခွက် တင်လှူပြီး ဆုတောင်းပါ ။ တစ်ပတ်တစ်ခါ လုပ်ပါ ။
ကပ်လှူပူဇော်ရမှာက ၉ ပတ်တိတိ ၊ ပုတီးစိပ်တာက အခက်အခဲတွေ ပြဿနာတွေ အားလုံးရှင်းသွားတဲ့အထိပါ ။
ဒီအစီအရင်ကို လုပ်ပေးနိုင်တဲ့သူဟာ အတိုက်အခံ ကင်းခြင်း ၊ လူချစ်လူခင်များခြင်း ၊ ဘေးဆိုးအမျိုးမျိုးမှ လွတ်ခြင်း ၊ စိတ်ချမ်းသာခြင်း ကိုယ်ကျန်းမာခြင်း သူတော်ကောင်းနှင့် တွေ့ရခြင်း ၊ သူယုတ်မာနှင့် လွဲရခြင်း ၊ အခွင့်အရေး / အခွင့်အလမ်းတွေ ပွင့်ခြင်း ၊ ငွေကြေးလာဘ်လာဘ ရွှင်ခြင်း စတဲ့ အကျိုးတရားများ မုချ လက်ငင်း ရရှိခံစားရမည် ။
Pg - 3
သတိုးစော ( သုံးဖက်လှ )
5 Sep 2008
No , 279 နေလဂျာနယ်
Sunday, October 15, 2017
Saturday, April 1, 2017
နမောငါးချက် စီးပွားတက်
နေ့အလိုက် ရွတ်ပွားရမည့် နမောငါးချက် ဂါထာတော်များကို မရွတ်ပွားမီ
ဘုရားတပည့်တော်သည် ယခုအချိန်မှ စ၍ ၇ရက်တိတိ နေ့စဉ် နံနက်တိုင်း
ဘုရားရှင်အား ပန်း ၊ ရေချမ်း ၊ အမွှေးတိုင် ၊ အလင်းတိုင်တို့ကို မှန်မှန်
ဝတ်မပျက် လှူဒါန်းပါမည် ။
သတ္တဝါများအားလည်း အစာရေစာများ ကြဲပက် ကျွေးမွေးပါမည် ။ ပျက်ကွက်မှု
မရှိအောင် ဆောင်ရွက်ပါမည် ။ ပြီးလျှင် နမောငါးချက် စီးပွားတက်
ဂါထာတော်ကိုလည်း သက်စေ့ခေါက်ရေ ရွတ်ပူဇော်ပါမည် ။ ဤ အကျိုးကြောင့်
ဝင်ငွေကောင်း ရပါလို၏ဘုရား ။ စီးပွားတက်ရပါလို၏ ဘုရား ဟု ဆုတောင်းပါ ။
တနင်္ဂနွေ သား/သမီး
နမောတဿ ၊ နမော ဘဂဝတော ၊ နမော အရဟတော ၊
နမော သမ္မာသမ္ဗုဒ္ဓဿ ၊ နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၊
အရဟံ သိဒ္ဓိ ။
တနင်္လာ သား/သမီး
နမောတဿ ၊ နမော ဘဂဝတော ၊ နမော အရဟတော ၊
နမော သမ္မာသမ္ဗုဒ္ဓဿ ၊ နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၊
သမ္မာသမ္ဗုဒ္ဓေါ ဘဂဝါ သိဒ္ဓိ ။
အင်္ဂါ သား/သမီး
နမောတဿ ၊ နမော ဘဂဝတော ၊ နမော အရဟတော ၊
နမော သမ္မာသမ္ဗုဒ္ဓဿ ၊ နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၊
ဝိဇ္ဇာစရဏ သမ္ပန္နော သိဒ္ဓိ ။
ဗုဒ္ဓဟူး သား/သမီး
နမောတဿ ၊ နမော ဘဂဝတော ၊ နမော အရဟတော ၊
နမော သမ္မာသမ္ဗုဒ္ဓဿ ၊ နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၊
သုဂတော ဗုဒ္ဓေါ သိဒ္ဓိ ။
ကြာသပတေး သား/သမီး
နမောတဿ ၊ နမော ဘဂဝတော ၊ နမော အရဟတော ၊
နမော သမ္မာသမ္ဗုဒ္ဓဿ ၊ နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၊
လောကဝိဒူ သိဒ္ဓိ ။
သောကြာ သား/သမီး
နမောတဿ ၊ နမော ဘဂဝတော ၊ နမော အရဟတော ၊
နမော သမ္မာသမ္ဗုဒ္ဓဿ ၊ နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၊
အနုတ္တရော ပုရိသ ဒမ္မသာရထိ သိဒ္ဓိ ။
စနေ သား/သမီး
နမောတဿ ၊ နမော ဘဂဝတော ၊ နမော အရဟတော ၊
နမော သမ္မာသမ္ဗုဒ္ဓဿ ၊ နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ၊
သတ္ထာဒေဝမနုဿာနံ သိဒ္ဓိ ။
Saturday, November 26, 2016
ရွှေပေါ်ကျွန်းဆရာတော်ဘုရား ချီးမြှင့်သော ဘေးကင်းရန်ကာ ဂါထာတော် ( အနန္တငါးပါး ဦးထိပ်ထား ဂါထာတော် )
ရွှေပေါ်ကျွန်းဆရာတော်ဘုရား ချီးမြှင့်သော
ဘေးကင်းရန်ကာ ဂါထာတော် ( အနန္တငါးပါး ဦးထိပ်ထား ဂါထာတော် )
“ ဗုဒ္ဓဂုဏော အနန္တော ၊ တံ ဗုဒ္ဓဂုဏံ အဟံဝန္ဒာမိပါဘုရား ။
ဓမ္မဂုဏော အနန္တော ၊ တံ ဓမ္မဂုဏံ အဟံဝန္ဒာမိပါဘုရား ။
သံဃဂုဏော အနန္တော ၊ တံ သံဃဂုဏံ အဟံဝန္ဒာမိပါဘုရား ။
မာတာပိတုဂုဏော အနန္တော ၊ တံ မာတာပိတုဂုဏံ အဟံဝန္ဒာမိပါဘုရား ။
အာစရိယဂုဏော အနန္တော ၊ တံ အာစရိယဂုဏံ အဟံဝန္ဒာမိပါဘုရား ။
အနန္တ ဂုဏ တေဇေန မမ ကာယေ သဗ္ဗ သောကာစ ၊ သဗ္ဗ ရောဂါ စ ၊
သဗ္ဗအန္တရာယော စ ခိပ္ပံ ဝိနဿန္တု ။ သဗ္ဗဝေရီယော ဂစ္ဆ အမုမှိ
ဩကာသေ တိဋ္ဌာဟိ တိဋ္ဌာဟိ တိဋ္ဌာဟိ ။ ”
ဘုရားရှိခိုး ဂါထာတော်ကို နံနက် အိပ်ရာထချိန် ( ၉ ) ခေါက် ၊ ညအိပ်ရာဝင်ချိန် ( ၉ ) ခေါက် ။ ဘုရားစင်ရှေ့ အလင်းတိုင် အမွှေးတိုင် သောက်တော်ရေချမ်း ကပ်လှူပူဇော်ပြီး ရွတ်ပွားပါ ။ မကြာခင် ထူးခြားလာပါမည် ။
အလုပ်အကိုင်ကိစ္စ ၊ စီးပွားရေးကိစ္စ ၊ လူမှုရေးကိစ္စ တို့တွင် အဘက်ဘက်က အတိုက်အခိုက် ၊ အခက်အခဲ ၊ အနှောက်အယှက် ၊ အကျပ်အတည်းများ တစ်ခုပြီးတစ်ခု ရင်ဆိုင် ကြုံတွေ့ရ၍ ၊ ကိုယ်မကျန်းမာ စိတ်မချမ်းသာ သောက ဗျာပါဒ အလွန်များနေရမှုများ အချိန်မှန် ရက်မပျက် အဓိဋ္ဌာန်ချက်ဖြင့် လျော့ပါး ပျောက်ကွယ်သွားကြပါသည် ။
pg - 24
July 1999
နက္ခတ္တရောင်ခြည်မဂ္ဂဇင်း
( ၁၃ ) နှစ်ပြည့် အထူးထုတ်စာအုပ်
Tuesday, July 26, 2016
နတ်ချစ်ဂါထာတော်
Monday, July 11, 2016
နှစ်ကျိပ်ရှစ်ဆူ အကျဉ်းပါဠိ
Thursday, May 26, 2016
ခုနစ်နေ့ ဘုရားရှိခိုး
ကြာသပတေး ။ ။ သုံးလူ့ရှင်ပင် ၊ ကျွန်းထိပ်တင် ၊ သောင်းခွင်စကြဝဠာ ၊ နတ်ဗြဟ္မာတို့ ၊ ညီညာရုံးစု ၊ တောင်းပန်မှုကြောင့် ၊ ရတုနဂို ၊ ရွှန်းရွှန်းစိုသည် ၊ ဝါဆိုလပြည့် ၊ ကြွက်မင်းနေ့ဝယ် ၊ ချမ်းမြေ့ကြည်ဖြူ ၊ သန္ဓေယူသည် ၊ နတ်လူငြိမ်းဘို့ ကိန်းပါကို ။
သောကြာ ။ ။ သန္ဓေယူကာ ၊ ဆယ်လကြာသော် ၊ မဟာသက္ကရာဇ် ၊ ခြောက်ဆယ့်ရှစ်ကြုံ ၊ ကဆုန်လပြည့် ၊ သောကြာနေ့ဝယ် ၊ ချမ်းမြေ့စုံညီ ၊ လုမ္ဗိနီ၌ ၊ မဟီလှိုက်ဆူ ၊ ဖွားတော်မူသည် ၊ နတ်လူအောင်မြို့ လမ်းပါကို ။
တနင်္လာ ။ ။ ဖွားမြင်မြောက်သော် ၊ ဆယ့်ခြောက်နှစ်ရွယ် ၊ ပျိုနုနယ်၌ ၊ သုံးသွယ်ရွှေနန်း ၊ သိမ်းမြန်းပြီးလစ် ၊ ဆယ့်သုံးနှစ်လျှင် ၊ ဘုန်းသစ်လျှံလူ ၊ စံတော်မူ၍ ၊ ရွယ်မူနုဖြိုး ၊ နှစ်ဆယ့်ကိုးဝယ် ၊ လေးမျိုးနိမိတ် ၊ နတ်ပြဟိတ်ကြောင့် ၊ ရွှေစိတ်ငြင်ငြို ၊ သံဝေပိုက ၊ ဝါဆိုလပြည့် ၊ ကျားမင်းနေ့ဝယ် ၊ ချမ်းမြေ့ရဂုံ ၊ တောရပ်လှုံသည် ၊ စုံမြိုင်ပင်ရိပ် ခန်းမှာကို ။
ဗုဒ္ဓဟူး ။ ။ တောရပ်မြိုင်ပေါ် ၊ ခြောက်နှစ်ပျော်၍ ၊ ခါတော်တဖုံ ၊ ပွင့်ချိန်ကြုံက ၊ ကဆုန်လပြည့် ၊ ဆင်မင်းနေ့ဝယ် ၊ မြေ့ပရမေ ၊ ပလ္လင်ဘွေထက် ၊ ရွှေညောင်တော်ကြီး ၊ ဗိတာန်ထီးနှင့် ၊ မငြီးကြည်ဖြူ ၊ နေတော်မူလျက် ၊ ရန်မြူခပင်း ၊ အမိုက်သင်းကို ၊ အရှင်းပယ်ဖျောက် ၊ အလင်းပေါက်က ၊ ထွန်းတောက်ဘုန်းတော် ၊ သောင်းလုံးကျော်သည် ၊ သုံးဖော်လူတို့ ငြိမ်းပါကို ။
စနေ ။ ။ ဘုရားဖြစ်ခါ ၊ မိဂဒါသို့ ၊ စကြာရွှေဘွား ၊ ဖြန့်ချီသွား၍ ၊ ငါးပါးဝဂ္ဂီ ၊ စုံအညီနှင့် ၊ မဟီတစ်သောင်း ၊ တိုက်အပေါင်းမှ ၊ ခညောင်းကပ်လာ ၊ နတ်ဗြဟ္မာအား ၊ ဝါဆိုလပြည့် ၊ စနေနေ့တွင် ၊ ကြွေ့ကြွေ့လျှံတက် ၊ ဓမ္မစက်ကို ၊ မိန့်မြွက်ထွေပြား ၊ ဟောဖော်ကြားသည် ၊ တရားနတ်စည် ရွမ်းတယ်ကို ။
အင်္ဂါ ။ ။ တရားနတ်စည် ၊ ဆော်ရွမ်းလည်က ၊ သုံးမည်ဘုံသိုက် ၊ တစ်သောင်းတိုက်ဝယ် ၊ ကျွတ်ထိုက်သသူ ၊ နတ်လူဗြဟ္မာ ၊ သတ္တဝါကို ၊ ခေမာသောင်သို့ ၊ ဖောင်ကတို့ဖြင့် ၊ ဆောင်ပို့ပြီးခါ ၊ ဝါလေးဆယ့်ငါး ၊ သက်ကားရှစ်ဆယ် ၊ စုံပြည့်ကြွယ်က ၊ နယ်မလ္လာတိုင်း ၊ စံနှိုင်းမယုတ် ၊ ကုဿိန္နာရုံ ၊ အင်းကြင်းစုံ၌ ၊ ကဆုန်လပြည့် ၊ အင်္ဂါနေ့ဝယ် ၊ ချမ်းမြေ့နိဗ္ဗူ ၊ စံတော်မူသည် ၊ ဝှန်းဆူသောင်းလုံး ကျော်တယ်ကို ။
တနင်္ဂနွေ ။ ။ နိဗ္ဗူစံပြီး ၊ ရှုမအီသား ၊ သိင်္ဂီရွှေလှော် ၊ အလောင်းတော်ကို ၊ ထိုရော်ကဆုန် ၊ လဆုတ်ကြုံ၍ ၊ ဂဠုန်နေ့ဝယ် ၊ ခိုးငွေ့မနှော ၊ ဓာတ်တေဇောလျှင် ၊ ရှင်စောဉာဏ်စက် ၊ ဓိဋ္ဌာန်ချက်ဖြင့် ၊ လျှံတက်ကော်ရော် ၊ မီးပူဇော်သည် ၊ မွေတော်ရှစ်စိတ် ကြွင်းတယ်ကို ။
ထိုခုနစ်နေ့ ၊ သာချမ်းမြေ့ကို ၊ ဆွေ့ဆွေ့ကြည်ဖြူ ၊ အာရုံယူလျက် ၊ သုံးလူနတ်တို့ ၊ မြတ်ထက်မြတ်သား ၊ ကိုယ်တော်ဖျားကို ၊ သုံးပါးမွန်စွာ ၊ ဝန္ဒနာနှင့် ၊ သဒ္ဓါဖြိုးဖြိုး ၊ ကျွန်ရှိခိုးသည် ၊ ကောင်းကျိုးခပ်သိမ်း ကြွယ်စေသော် … ။ ။
ဘုရားရှိခိုးအမျိုးမျိုး စာအုပ် pg - 47











