Pages

Sunday, September 2, 2018

စိရံတိဋ္ဌတုမေ ဂါထာ ( မေမေပို့ပေးသော ဂါထာတော် )

မေမေက တနင်္ဂနွေသမီး ဖြစ်လို့ မေမေ့မွေးနံရက်လေး အမှတ်တရ တင်လိုက်ပါတယ် ... 🙏🏻🙏🏻🙏🏻 မေမေ အသက်ရှည်လို့ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာ လိုအင်ဆန္ဒ အမြန်ပြည့်ဝပါစေ ... သံသရာပြတ်မည့် တရားထူး တရားမြတ်များ အလျင်အမြန်ရပါစေ 🙏🏻🙏🏻🙏🏻 ... မေမေပို့ပေးလိုက်လို့ မေမေပို့ပေးသော ဂါထာတော်လို့ ခေါင်းစဉ်လေး တပ်ပေးလိုက်ပါတယ် ...


မေမေ ပို့ပေးသော ဂါထာတော်

" စိရံတိဋ္ဌတုမေ အာယု လာဘံ လာဘတု
သဗ္ဗဒါ ၊ ဇယော ဘဝတု မေသဒါ ၊
သောကရောဂံ ၊ ဝိနာသနံ "



မေ - ကျွန်ုပ်၏ အာယု အသက်သည် ၊ စိရံ - ကြာမြင့်စွာ ၊ တိဋ္ဌတု - တည်ပါစေသတည်း ။ လာဘံ - လာဘ်ကို ၊ သဗ္ဗဒါ - အခါခပ်သိမ်း ၊ လာဘတု - ရပါစေသတည်း ။ မေ - ကျွန်ုပ်အား ၊ ဇယော - အောင်မြင်ခြင်းသည် ၊ သဒါ - အခါခပ်သိမ်း ၊ ဘဝတု - ဖြစ်ပါစေသတည်း ။ သောကရောဂံ - သောကဟူသမျှ ရောဂါဟူသမျှသည် ၊ ဝိနာသနံ - ပျောက်ပျက်ခြင်းသည် ၊ ဘဝတု - ဖြစ်ပါစေသတည်း ။


ရှေ့မှ ဥုမ် ခံကာ တစ်နေ့လျှင် မနက် (၉)ခေါက် ၊ ည (၉)ခေါက် ရွတ်ဖတ်ပါက စီးပွားလာဘ်လာဘအရာတွင် (၄၅) ရက်အတွင်း သိသာစွာတိုးပွားမည်ဖြစ်ပြီး ရက်ပေါင်း (၉ ၉ ၉ )ရက် ရွတ်ဖတ်မည် ဆိုပါက အာယုအရာတွင် သိသိသာသာ ခံစားစံစားကြရမည် ဖြစ်သည်ဟု သိရှိရပါသည် ။



Credit - မူရင်းပိုင်ရှင်

( မေမေပို့ပေးသော ဂါထာအပိုဒ်လေး ဖြစ်ပါတယ် ။ မေမေက ဂါထာအပိုင်းလေး သိမ်းထားပြီး စာအုပ်အမည် မမှတ်မိပါ … )

No comments:

Related Posts Plugin for WordPress, Blogger...