Pages

Sunday, August 26, 2012

Chapter 17 Parinibbanna ( Death ) of the Buddha . မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူခြင်း


Chapter      17     Parinibbanna ( Death ) of the Buddha .
                         မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူခြင်း

A : " The Buddha worked hard to enlighten people. "
        မြတ်စွာဘုရားသခင်ဟာ ဝေနေယျ သတ္တ၀ါတွေကို ကယ်ချွတ်ဖို့ရာ အပြင်းအထန် အလုပ်လုပ်ခဲ့တာပဲနော် ။

B : " Yes , indeed . "
      မှန်ပါတယ် ။

A : " Where did the Buddha spend most of his time ? "
       မြတ်စွာဘုရားဟာ မည်သည့်အရပ်မှာ အကြာကြီး သီတင်းသုံးခဲ့ပါသလဲ ။

B : " At Zetavanna monastery of Savitti City for 25 years. There the Buddha delivered his sermons . "
       သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ ဖြစ်ပါတယ် ။ အဲ့ဒိမှာ တရားတွေ ဟောတာပါဘဲ ။

A : " What about Zetavanna ? "
       ဇေတ၀န်ကျောင်းက ဘယ်လိုပါလဲ ။

B : " It's the donation of the rich man Anahtapindika . " " Now you can see the remains in India . "
       အနာထပိဏ် သူဋ္ဌေးကြီးရဲ့ ကောင်းမှုပါ ။ အိန္ဒိယပြည်မှာ ကျောင်းတော်ရာကို တွေ့နိုင်ပါသေးတယ် ။

A : " Famous one ! "
       ကျော်ကြားပါတယ် ။

B : " At the age of 80 , the Buddha informed Ananda , his personal attendant , At Pawa near Vesali . "
       သက်တော် ၈၀ အရွယ်ရောက်လာတဲ့အခါ မြတ်စွာဘုရားဟာ ညီတော် အာနန္ဒာကို ဝေသာလီပြည်အနီး ပါဝါအရပ်မှာ ပြောကြားခဲ့တဲ့ စကား
       ရှိခဲ့ပါတယ် ။

A : " What ? " " Important words ? "
      ဘာစကား ဖြစ်ပါသလဲ ။ အရေးကြီးပါသလား ။

B : " He told him that he would die in three months from that day . At that time the Buddha had an attack of dysentry . "
       သုံးလမြောက်တဲ့ အခါ ၊ ပရိနိဗ္ဗာန် စံတော်မူမယ့် အကြောင်း မိန့်တော်မူတယ် ။ အဲဒီအချိန်မှာ မြတ်စွာဘုရားသခင်ဟာ ၀မ်းကိုက်ရောဂါ
       စွဲကပ်တော်မူနေပါတယ် ။

A : " What were the Blessed one's last words ? "
       မြတ်စွာဘုရားရဲ့ နောက်ဆုံး စကားတွေကို ပြောပါအုံး ။

B : " He said , My monks-all things are subject to decay . Work out your salvation with diligence . "
       ချစ်သားရဟန်းတို့ ၊ သင်္ခါရတရားတို့ဟာ ပျက်တတ်တဲ့ သဘော ရှိတယ် ။ ချစ်သားတို့ဟာ မမေ့မလျော့ကြနဲ့ ။
       ( ၀ယဓမ္မာ ဘိက္ခဝေ ၊ အပ္ပမ္မာဒေန ၊ သမ္ပာဒေထ ) အဲ့ဒိလို မိန့်တော်မူပါတယ် ။

A : " All is impermanent " " Suffering ! "
       အားလုံး မမြဲဘူးပေါ့နော် ။ ဒုက္ခသစ္စာတရားပါဘဲ ။

B : " Of course . The Buddha consoled his disciples and taught them the first-fundamental truth of suffering . "
      ဟုတ်ပါတယ် ။ မြတ်စွာဘုရားဟာ တပည့်သား သာဝကတွေကို နှစ်သိမ့်ပြီး ဒုက္ခသစ္စာရဲ့ အခြေခံ တရားကို ပြသခဲ့တာပါဘဲ ။

A : " Where did the Buddha travel to preach ? "
       မြတ်စွာဘုရားသခင်ဟာ တရားဟောဖို့ ဘယ်ကို ကြွပါသလဲ ။

B : " Far and wide . Though born of a royal family , His life's very simple and free from all kinds of pretensions . "
       ကျယ်ကျယ်ပြန့်ပြန့် အနှံ့ ခရီးထွက်ခဲ့ပါတယ် ။ သာကီဝင်မင်းမျိုးက မွေးဖွားခဲ့ပေမယ့် ၊ မြတ်စွာဘုရားရဲ့ နေထိုင်သီတင်းသုံးပုံဟာ
       ရိုးသားလှပါတယ် ။ ဟန်ဆောင်မှုကင်းတယ်လို့ ဆိုရမှာပေါ့ ။

A : " Pretensions ! "
      ဟန်ဆောင်မှုတွေ ။ ဆိုစမ်းပါအုံး ။

B : " I mean - He dressed simply , ate simple food , and lived in simple residences , sometimes under a tree in the jungle . "
       ကျွန်မ ပြောချင်တာက - မြတ်စွာဘုရားဟာ ရိုးရိုးပဲ ၀တ်စားနေထိုင်တယ် ။ သာမန်ပဲ စားသောက်တယ် ။ တစ်ခါတစ်ရံမှာ တောထဲက
       သစ်ပင်အောက်မှာ သီတင်းသုံးလေ့ ရှိပါတယ် ။

A : " Only by himself ? "
       ကိုယ်တော် တစ်ပါးတည်း ဒီလိုဘဲ နေတာလား ။

B : " Of course not . That kind of life's also pratised by his noble monk disciples . "
       ဟင့်အင်း မဟုတ်ပါဘူး ။ ဒီလို ဘ၀မျိုးဟာ မြတ်စွာဘုရားရဲ့ တပည့်သား သာဝက ရဟန်းတော်များ ကျင့်သုံးရတာပါပဲ ။

A : " You know Brahmanism ? "
      ဗြဟ္မဏ၀ါဒအကြောင်း သိပါသလား ။

B : " Yes, it's based on a caste system . "
      ဟုတ်ကဲ့ ၊ မျိုးရိုး အဆင့်အတန်းပေါ် အခြေခံတဲ့ ၀ါဒပါဘဲ ။

A : " What about it ? "
       ဘယ်လိုပါလဲ ၊ ဆိုစမ်းပါအုံး ။

B : " According to the caste system , a person is considered high or low in which he is born . "
      မျိုးရိုး အဆင့်အတန်း ခွဲတဲ့ သဘောအရဆိုရင် ၊ လူတစ်ယောက်ကို မွေးဖွားလိုက်တာနဲ့ အဆင့်အတန်း ၊ ဇာတ်နိမ့် ဇာတ်မြင့် ခွဲပြီး ဖြစ်ပါတယ် ။

A : " What's feeling of the Buddha ? "
       မြတ်စွာဘုရားရဲ့ ခံစားချက်က ဘယ်လိုပါလဲ ။

B : " He felt that - it's wrong and unfair . "
      မြတ်စွာဘုရားသခင်ဟာ အဲ့ဒိဇာတ်ခွဲခြားမှုက မှားနေတယ် ။ မလျော်ကန်ဘူးဆိုတာ ရိပ်စားမိပါတယ် ။

A : " What did he try ? "
      ဒီတော့ ဘုရားသခင်ဟာ ဘယ်လို ဇာတ်ခွဲခြားမှုကို နိုင်အောင် ကြိုးစားခဲ့ပါသလဲ ။

B : " By using his own action cleverly . "
      ကိုယ်တော်တိုင် လုံ့လဥဿဟ ထုတ် ကြိုးစားခဲ့ပါတယ် ။

A : " The Buddha presented a revolutionary idea ! "
       မြတ်စွာဘုရားဟာ တော်လှန်တဲ့ အတွေးအခေါ် ပေးခဲ့တာပေါ့နော် ။

B : " Needless to say . He's the perfect model of all the virtues he preached - the holiest of the holy , the wisest of the wise . "
      ပြောစရာ မလိုပါဘူး ။ မြတ်စွာဘုရားဟာ ဟောပြောတဲ့ တရားဓမ္မအတိုင်း ကျင့်ကြံတဲ့ ပုဂ္ဂိုလ်မြတ်ကြီးပါ ။ အမြင့်မြတ်တကာ့ အမြင့်မြတ်ဆုံး ၊
     ပညာရှိများအနက် ပညာဉာဏ်အကြီးဆုံး ဖြစ်တော်မူပါတယ် ။

A : " Different from other teacher of His time ? "
       အဲ့ဒိအချိန်ကာလ အခြားဘာသာရေး ဆရာကြီးတွေနဲ့ ကွဲပြားခြားနားမှု ရှိပါသလား ။

B : "  Yes , Other teachers before and after him taught about God or Gods , but the Buddha simply taught the Truth or
      Dhamma . Understanding the Truth is the essence of enlightenment and the ultimate freedom . "
        ဟုတ်ကဲ့ ၊ မြတ်စွာဘုရား ပွင့်တော် မမူမီနဲ့ ပွင့်တော်မူပြီးနောက် ဘာသာရေး ဆရာကြီးတွေ အားလုံး ဗြဟ္မာတွေ နတ်တွေ အကြောင်းကိုပဲ
       ဟောကြားကြပါတယ် ။ ဒါပေမယ့် မြတ်စွာဘုရားကတော့ သစ္စာ ( ဓမ္မ ) တရားအကြောင်းကိုဘဲ ဟောတော်မူပါတယ် ။ သစ္စာလေးပါး
        တရားအကြောင်းကို သိခြင်းဟာ ၃၁ ဘုံက လုံးဝ လွတ်ငြိမ်းသွားတဲ့ နိဗ္ဗာန်ရောက် ၊ သဗ္ဗညုတ ရွှေဉာဏ်တော်ရဲ့ အနှစ်သာရပါဘဲ ။

To be continue .........  Dona , the professor distributing the Sacred Relics of the Buddha  Chapter

No comments:

Related Posts Plugin for WordPress, Blogger...