Pages

Thursday, July 26, 2012

Chapter 15 Tapussa and Banlika offered the honey - cake to the Buddha . တပုဿနှင့် ဘလ္လိက ညီနောင်တို့ မြတ်စွာဘုရားအား ပျားမုံ့ဆုပ် ကပ်လှူခြင်း ။

Chapter      15     Tapussa and Banlika offered the honey - cake to the Buddha .
                         တပုဿနှင့် ဘလ္လိက ညီနောင်တို့ မြတ်စွာဘုရားအား ပျားမုံ့ဆုပ် ကပ်လှူခြင်း ။


A : " I'd like to know what's going on after the Buddha got his enlightenment . "
       ဘုရားအဖြစ် ရောက်တော်မူပြီးနောက် ဘာဆက်ဖြစ်သလဲ ဆိုတာ သိချင်ပါတယ် ။


B : " You mean any particular facts ? "
       မိတ်ဆွေ ပြောချင်တာက ထူးခြား ဆန်းပြားတဲ့ အချက်တွေလား ။


A : " Yes , of course . "
       ဟုတ်ကဲ့ ။ မှန်ပါတယ် ။


B : " As I said , the blessed one sat cross-legged at the foot of Rajayatana tree. "
        ပြောခဲ့သလိုပါပဲ ။ ဘုရားဖြစ်တော်မူပြီးတဲ့နောက် မြတ်စွာဘုရားသခင်ဟာ ရာဇယတန လင်းလွန်းပင်ရင်းမှာ
        သီတင်းသုံးတော်မူခဲ့တယ် ။


A : " Any difference between the Bo tree and Rajayatana tree ?
       ဗောဓိညောင်နဲ့ ရာဇယတန အပင်တို့ဟာ ကွဲခြားမှု ဘယ်လိုပါလဲ ။

B : " Just the same-under those trees the Buddhas got their enlightenment ( great wisdom ) . They are
      called , therefore , sacred trees of all time.
      အတူတူပါဘဲ ။ ဒီသစ်ပင်တွေရဲ့ အောက်မှာ မြတ်ဘုရားတွေ သဗ္ဗညုတ ရွှေဉာဏ်တော်ရပြီး ဘုရားဖြစ်တော်မူခဲ့ပါတယ် ။
      ဘာသာရေးနဲ့ ပတ်သက်ပြီး မြင့်မြတ်တဲ့ သစ်ပင်တွေ ဖြစ်ကြပါတယ် ။

A : " Well , thanks . "
      ဟုတ်ကဲ့ ။ ကျေးဇူးတင်ပါတယ် ။

B : " At that time Tapussa and Banlika , the two brothers, traders , went to India . And they offered the Buddha
       honey cakes . "
       အဲ့ဒိအချိန်မှာဘဲ တပုဿနဲ့ ဘလ္လိက ကုန်သည်ညီနောင်ဟာ အိန္ဒိယပြည်ကို သွားခဲ့ကြတယ် ။ ဘုရားသခင်ကို ပျားမုံ့ဆုပ် ကပ်လှူခဲ့ကြတယ် ။

A : " From where ? "
      အဲ့ဒိ ညီနောင်က ဘယ်ကလဲ ။

B : " From Okkalapa City , Myanmar. "
       မြန်မာနိုင်ငံ ဥက္ကလာပ နေပြည်တော်ကပေါ့ ။

A : " When ? "
      အချိန်ကာလ သိချင်ပါတယ် ။

B : " 6th century B.C . "
       ခရစ်တော် မပေါ်မီ ဘီစီ ၆ ရာစုပါပဲ ။

B : " To continue _ the Buddha gave them eight hairs of sacred relics to worship forever . "
        ဆက်ပြောရမယ် ဆိုရင်တော့ မြတ်စွာဘုရားဟာ ကုန်သည်ညီနောင်တို့ကို ပူဇော်ဖို့အတွက် ဆံတော်ရှစ်ဆူ ပေးသနားတော်မူခဲ့တယ် ။

A : " Sacred relics ! "
       အော် ဆံတော် ရှစ်ဆူလား ။

B : " Certainly. According to the Buddhism the relics are very noble and powerful . "
       မှန်ပါတယ် ။ ဗုဒ္ဓဘာသာအရ ၊ ဓာတ်တော် မွေတော်တွေဟာ မြင့်မြတ်ပြီး ၊ တန်ခိုးကြီးလှပါတယ် ။

B : " When they returned to Myanmar . The relics were enshrined in Singuttara Hill leading by King Okkalapa. "
       သူတို့ မြန်မာပြည် ပြန်ရောက်တော့ ဥက္ကလာပ မင်းကြီး ဦးဆောင်ပြီး သိင်္ဂုတ္တရတောင်တော်မှာ ဓာတ်တော်တွေကို ဌာပနာတော်မူပါတယ် ။

A : " Enshrined ! "
      ဌာပနာတော်မူတာကိုး ။

B : " Yes , the relics are in Shwedagon Pagoda , the greatest ceti in the world . "
       ဟုတ်ပါတယ် ၊ ရွှေတိဂုံ ဘုရား ဌာပနာတိုက်ထဲမှာ ဆံတော်တွေ ရှိတာပေါ့ ။ ဒီဘုရားကြီး ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးပါဘဲလေ ။

To be continue ......... Sending out A mission of Sixty Arahants  Chapter

Tuesday, June 26, 2012

ဘုရားဂုဏ်တော် ကိုးပါး

ဘုရားဂုဏ်တော် ကိုးပါး

    ဂုဏ်တော်များ ၊ ဂါထာများ သည်လည်း အခက်ကြုံမှ ရွတ်ဖတ် အသုံးချသည်ထက် အမြဲ ရွတ်ဖတ်ပေးနေရမည် ။ ထိုသို့ ပြုလုပ်ခြင်းကို ထုံ သည်ဟု ဆို၏ ။ ဂုဏ်တော် တစ်ပါးပါး ဂါထာ တစ်ခုကို
နေ့စဉ် သဒ္ဓါတရားဖြင့် အမြဲမပြတ် ရွတ်ဖတ် မွမ်းထုံထားပါက အရေးကြုံပါက သက်လုံကောင်းစေလာမည်
ဖြစ်ပါသည်။ ရွတ်ချင်သည့်နေ့ ရွတ်လိုက် မရွတ်ချင်သည့်အခါ မရွတ်လိုက် မပြုလုပ်ရပါ ။ ၀ီရိယဖြင့်
ဝတ်မပျက် ရွတ်ဖတ်ပါက အကျိုးပေးမည်မှာ အမှန်ပင် ဖြစ်ပါသည် ။

ဂုဏ်တော်ကိုးပါး ပါဠိ အနက်

    ဣတိပိ သော ဘဂ၀ါ  အရဟံ ၊ သမ္မာသမ္ဗုဒ္ဓေါ ၊ ၀ိဇ္ဇာစရဏ သမ္ပန္နော ၊
    သုဂတော ၊ လောက၀ိဒူ ၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ ၊
    သတ္ထာဒေ၀ မနုဿာနံ ၊ ဗုဒ္ဓေါ ၊ ဘဂ၀ါ ။

၁ ။ သောဘဂ၀ါ ဣတိပိ အရဟံ = လူမင်း ၊ နတ်မင်း ၊ ဗြဟ္မာမင်း တို့၏ ၀ပ်စင်းကော်ရော် ပူဇော်အထူးကို ခံယူတော် မူထိုက်ပါပေ သော မြတ်စွာဘုရား ။

၂ ။ သောဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ = သိစရာရှိသမျှ တရားဥဿုံ အလုံးစုံကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် မဖောက်မပြန် မှန်ကန်စွာ ထိုးထွင်း၍ သိတော်မူပါပေသော မြတ်စွာဘုရား ။

၃ ။ သောဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော = ၀ိဇ္ဇာသုံးပါး ၊ ၀ိဇ္ဇာရှစ်ပါး တည်းဟူသော အသိတရား ၊ စရဏ တစ်ဆယ့်ငါးပါး တည်းဟူသော အကျင့်တရားတို့နှင့် ပြည့်စုံတော်မူပါပေသော မြတ်စွာဘုရား ။

၎ ။ သောဘဂ၀ါ ဣတိပိ သုဂတော = ကောင်းသောစကားကိုသာ ဆိုတော် မူတတ်ပါပေသော မြတ်စွာဘုရား ။

၅ ။ သောဘဂ၀ါ ဣတိပိ  လောက၀ိဒူ = ကာမ ၊ ရူပ ၊ အရူပ  ဟု လောကသုံးပါးလုံးကို အကြွင်းမဲ့ သိတော်မူပါပေသော မြတ်စွာဘုရား ။

၆ ။ သောဘဂ၀ါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ = ဆုံးမသင့် ဆုံးမထိုက်သော သတ္တ၀ါများကို ယဉ်ကျေးလိမ္မာအောင် ဆုံးမတော်မူရာ၌ ပြိုင်ဘက် ကင်းတော်မူပါပေသော မြတ်စွာဘုရား ။

၇ ။ သောဘဂ၀ါ ဣတိပိ  သတ္ထာဒေ၀ မနုဿာနံ = လူ ၊ နတ် ၊ ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူပါပေသော မြတ်စွာဘုရား ။

၈ ။ သောဘဂ၀ါ ဣတိပိ  ဗုဒ္ဓေါ = သစ္စာလေးပါး မြတ်တရားကို ကိုယ်တော်တိုင်လည်း သိ ၊ ဝေနေယျ သတ္တ၀ါအများကိုလည်း သိစေတော်မူပါသော မြတ်စွာဘုရား ။

၉ ။ သောဘဂ၀ါ ဣတိပိ  ဘဂ၀ါ = ဘုန်းတော်အနန္တ ၊ ကံတော်အနန္တ ၊ ဉာဏ်တော်အနန္တ ၊ တန်ခိုးတော်အနန္တ ၊ ဂုဏ်တော်အနန္တ တည်းဟူသော အလုံးစုံသော ကောင်းမှု ကုသိုလ်အပေါင်းနှင့် ပြည့်စုံတော် မူပါပေသော မြတ်စွာဘုရား ။

Monday, June 11, 2012

မေတ္တာ ၊ ပဋ္ဌာန်း ၊ သမ္ဗုဒ္ဓေကျင့်စဉ်တော်

မေတ္တာ ၊ ပဋ္ဌာန်း ၊ သမ္ဗုဒ္ဓေကျင့်စဉ်တော် အဓိဋ္ဌာန်ကို မည်သည့်နေ့တွင်မဆို စတင် ၀င်ရောက်နိုင်ပါသည် ။ နံနက် ( ၉ ) နာရီမှ ( ၁၁ )နာရီအတွင်း အဓိဋ္ဌာန် ဆောင်ရွက်ရပါမည် ။ အဓိဋ္ဌာန် တစ်ခါ ၀င်လျှင် ( ၉ ) ရက် သတ်မှတ်၍ ပြီးဆုံး အောင်မြင်အောင် ပြုလုပ်ရပါမည် ။ အဓိဋ္ဌာန် မစမီ ဆွမ်း ၊ ပန်း ၊ ရေချမ်း ၊ နံ့သာတိုင် ၊ အလင်းတိုင် တို့ကို မိမိ စိတ်တွင် ကြည်ညိုသလို လှူဒါန်းနိုင်ပါသည် ။ ထို့နောက် ဩကာသ ကန်တော့ချိုးဖြင့် ငါးပါးသီလ ခံယူဆောက်တည်ပါ ။ ဤ ငါးပါးသီလကို တစ်နေကုန် စောင့်ထိန်းရမည် မဟုတ်ပါ ။ အဓိဋ္ဌာန် ကျင့်စဉ်တော်ဖြင့် ပူဇော်ဆဲ တစ်ထိုင် အချိန်အတွင်းမျှသာ ဖြစ်ပါသည် ။ ပထမ ဦးဆုံး “ နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ” သုံးကြိမ် ရွတ်ပွားပါ ။ မေတ္တသုတ်တော် ၄၆ ။ ယဿာ နုဘာဝတော ယက္ခာ ၊ နေ၀ ဒေဿန္တိ ဘီသနံ ။ ယဥှိ စေ၀ါနုယုဉ္ဇန္တော ၊ ရတ္တိန္ဒိဝ မတန္ဒိတော ။ ၄၇ ။ သုခံ သုပတိ သုတ္တောစ ၊ ပါပံ ကိဉ္စိ န ပဿတိ ။ ဧ၀မာ ဒိဂုဏူပေတံ ၊ ပရိတ္တံ တံ ဘဏာမ ဟေ ။ ၄၈ ။ ကရဏီယ မတ္ထကုသလေန ၊ ယန္တ သန္တံ ပဒံ အဘိသမေစ္စ ။ သက္ကော ဥဇူ စ သုဟုဇူ စ ၊ သုဝစော စဿ မုဒု အနတိမာနီ ။ ၄၉ ။ သန္တုဿကော စ သုဘရော စ ၊ အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ ။ သန္တိန္ဒြိယော စ နိပကောစ ၊ အပ္ပဂဗ္ဘော ကုလေသွ ' နနုဂိဒ္ဓေါ ။ ၅၀ ။ န စ ခုဒ္ဒ , မာစရေ ကိဉ္စိ ၊ ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ ။ သုခိနောဝ ခေမိနော ဟောန္တု ၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ ။ ၅၁ ။ ယေ ကေစိ ပါဏဘူတတ္ထိ ၊ တသာ ၀ါ ထာဝရာ ၀ ' န၀သေသာ ။ ဒီဃာ ၀ါ ယေ ၀ မဟန္တာ ။ မဇ္ဈိမာ ရဿကာ အဏုကထူလာ ။ ၅၂ ။ ဒိဋ္ဌာဝါ ယေ ၀ အဒိဋ္ဌာ ၊ ယေ ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ ။ ဘူတာ ၀ သမ္ဘဝေသီ ၀ ၊ သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ ။ ၅၃ ။ န ပရော ပရံ နိကုဗ္ဘေထ ၊ နာတိမညေထ ကတ္ထစိ န ကဉ္စိ ။ ဗျာရောသနာ ပဋိဃသည ၊ နာညမညဿ ဒုက္ခမိစ္ဆေယျ ။ ၅၄ ။ မာတာ ယထာ နိယံ ပုတ္တ - မာယုသာ ဧကပုတ္တမနုရက္ခေ ။ ဧ၀မ္ပိ သဗ္ဗဘူတေသု ၊ မာနသံ ဘာဝယေ အပရိမာဏံ ။ ၅၅ ။ မေတ္တဉ္စ သဗ္ဗလောက သ္မိ ၊ မာနသံ ဘာဝယေ အပရိမာဏံ ။ ဥဒ္ဓံ အဓော စ တိရိယဉ္စ ၊ အသမ္ဗာဓံ အဝေရ ' မသပတ္တံ ။ ၅၆ ။ တိဋ္ဌံ စရံ နိသိန္နော ၀ ၊ သယာနော ယာဝတာ'ဿ ၀ိတမိဒ္ဓေါ ။ ဧတံ သတိံ အဓိဋ္ဌေယျ ၊ ဗြဟ္မ ' မေတံ ၀ိဟာရ ' မိဓ မာဟု ။ ၅၇ ။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ ၊ သီလ၀ါ ဒဿနေန သမ္ပန္နော ။ ကာမေသု ၀ိနေယျ ဂေဓံ ၊ န ဟိ ဇာတု ' ဂ္ဂ ဗ္ဘသေယျ ပုန ရေတိ ။ မေတ္တ သုတ္တံ နိဋ္ဌိတံ ။ ။ ပြီးလျှင် အရှေ့အရပ်သို့ စကြ၀ဠာ အဆုံးတိုင် အာရုံညွှတ်၍ မေတ္တသုတ်တော်ကို ရွတ်ပွားပါ ။ ပြီးလျှင် “ အရှေ့အရပ်၌ ရှိကြကုန်သော အနန္တစကြ၀ဠာ ၊ အနန္တသတ္တ၀ါတို့သည် မေတ္တသုတ်တော်၏ ဂုဏ်တန်ခိုးကြောင့် ဆင်းရဲခပ်သိမ်း ၊ ဘေးရန်ခပ်သိမ်း ၊ ဒုက္ခခပ်သိမ်း ၊ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၍ ချမ်းသာကြပါစေ ။ တပည့်တော်လည်း ထို့အတူ ဖြစ်ရပါစေ ” ဟု ဆုတောင်းပါ ။ ထို့နောက် အနောက်အရပ် ၊ တောင်အရပ် ၊ မြောက်အရပ် ၊ အရှေ့မြောက်အရပ် ၊ အနောက်တောင်အရပ် ၊ အရှေ့တောင်အရပ် ၊ အနောက်မြောက်အရပ် ၊ အထက်အရပ် ၊ အောက်အရပ် တို့သို့ အစဉ်အတိုင်း အရပ်မျက်နှာများသို့ အာရုံညွှတ်၍ မေတ္တသုတ်တော်ကို ရွတ်ပွား ပူဇော်၍ ထိုနည်းတူ ဆုတောင်းပါ ။ ပဋ္ဌာန်း ပစ္စယုဒ္ဒေသ ပါဠိတော် ဟေတုပစ္စယော ၊ အာရမ္မဏပစ္စယော ၊ အဓိပတိပစ္စယော ၊ အနန္တရပစ္စယော ၊ သမနန္တရပစ္စယော ၊ သဟဇာတပစ္စယော ၊ အညမညပစ္စယော ၊ နိဿယပစ္စယော ၊ ဥပနိဿယပစ္စယော ၊ ပုရေဇာတပစ္စယော ၊ ပစ္ဆာဇာတပစ္စယော ၊ အာသေ၀နပစ္စယော ၊ ကမ္မပစ္စယော ၊ ၀ိပါကပစ္စယော ၊ အာဟာရပစ္စယော ၊ ဣန္ဒြိယပစ္စယော ၊ ဈာနပစ္စယော ၊ မဂ္ဂပစ္စယော ၊ သမ္ပယုတ္တပစ္စယော ၊ ၀ိပ္ပယုတ္တပစ္စယော ၊ အတ္ထိပစ္စယော ၊ နတ္ထိပစ္စယော ၊ ၀ိဂတပစ္စယော ၊ အ၀ိဂတပစ္စယော တိ ။ အထက်ပါ အတိုင်းပင် အရပ်ဆယ်မျက်နှာသို့ တစ်လှည့်စီ ပဋ္ဌာန်းပါဠိတော် ပစ္စယုဒ္ဒေသကို ရွတ်ပွားပူဇော်ပါ ။ ပြီးလျှင် “ ထိုအရပ်၌ ရှိကြကုန်သော အနန္တစကြ၀ဠာ ၊ အနန္တသတ္တ၀ါတို့သည် ပဋ္ဌာန်းဒေသနာတော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် လောကုတ္တရာ အမှောင်များ ဖြစ်သော အ၀ိဇ္ဇာကင်းပျောက်၍ သစ္စာလေးပါး တရားတော်များကို သိရှိ၍ ဒါန ၊ သီလ ၊ ဘာဝနာ ၊ ကုသိုလ် တရားများကို ပွားများ အားထုတ်နိုင်ကြပြီး လောဘ ၊ ဒေါသ ၊ မောဟ ဟူသည့် အကုသိုလ် တရားများ ကင်းဝေးကာ လောကုတ္တရာအလင်းသို့ ရောက်ရှိကြပါစေ ။ တပည့်တော်လည်း ထို့အတူ ဖြစ်ရပါစေ ” ဟု ဆုတောင်းပါ ။ ထို့နောက် “ ထို အရပ်ဒေသ၌ ရှိကြကုန်သော အနန္တစကြ၀ဠာ ၊ အနန္တသတ္တ၀ါတို့သည် ပဋ္ဌာန်းဒေသနာတော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် လောကီအမှောင်များ ဖြစ်သော စားဝတ်နေရေး ခက်ခဲ ကျပ်တည်းခြင်း ၊ ရာထူးဌာနန္တရ ၊ စည်းစိမ် ဥစ္စာ ၊ အလုပ်အကိုင် လျှောကျပျက်စီးခြင်း ၊ ကျန်းမာရေး ချို့ယွင်းခြင်း ၊ အနာဒဏ်ရာ စွဲကပ်ကျရောက်ခြင်း ၊ အမှုအခင်း ရင်ဆိုင် ကြုံတွေ့ရခြင်း ၊ ဘေးရန်အန္တရာယ် ကြုံတွေ့ရခြင်း ၊ မလိုမုန်းထားသူ ရှိခြင်း ၊ ပူပင် သောက ကြုံတွေ့ရခြင်း စသော အမှောင်တို့ ကင်းပျောက်၍ အလင်းသို့ ရောက်ရှိကြပါစေ ။ တပည့်တော်လည်း ထို့အတူ ဖြစ်ရပါစေ ။ ” ဟု ဆုတောင်းပါ ။ သမ္ဗုဒ္ဓေဂါထာတော် သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ ၊ ဒွါဒသဉ္စ သဟဿကေ ။ ပဉ္စဿတ သဟဿာနိ ၊ နမာမိ သိရသာမဟံ ။ အပ္ပကာ ၀ါလုကာ ဂင်္ဂါ ၊ အနန္တာ နိဗ္ဗုတာ ဇိနာ ။ တေသံ ဓမ္မဉ္စ သံဃဉ္စ ၊ အာဒရေန နမာမဟံ ။ နမက္ကရာနုဘာဝေန ၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ ။ အနေက အန္တရာယာပိ ၊ ၀ိနဿန္တု အသေသတော ။ ထို့နောက် သမ္ဗုဒ္ဓေဂါထာတော်ကို အထက်ပါအတိုင်း အရပ်မျက်နှာ အစဉ်လိုက် ရွတ်ပွားပူဇော်ရပါမည် ။ အရပ်မျက်နှာ တစ်ခု ရွတ်ပွားပြီးတိုင်း “ ထိုအရပ်ဒေသ၌ ရှိကြကုန်သော အနန္တစကြ၀ဠာ အနန္တသတ္တ၀ါတို့သည် ဂင်္ဂါဝါလု သဲစုမက ပွင့်တော်မူပြီးကုန်သော ဘုရား အဆူဆူတို့၏ ဂုဏ်တော် ၊ မေတ္တာတော် ၊ ကရုဏာတော် ၊ ပါရမီတော်တို့ကြောင့် ဒုက္ခဆင်းရဲခြင်း အပေါင်း ကင်းဝေး၍ ကောင်းကျိုးလိုရာဆန္ဒ ဟူသရွေ့ ပြည့်စုံ ၊ ပြည့်ဝကြပါစေ ။ တပည့်တော်လည်း ထို့အတူ ဖြစ်ရပါစေ ” ဟု ဆုတောင်းပါ ။ ထို့နောက် တပည့်တော်သည် မေတ္တာ ၊ ပဋ္ဌာန်း ၊ သမ္ဗုဒ္ဓေ ကျင့်စဉ်တော်ကို အဓိဋ္ဌာန် ထားရှိသည့်အတိုင်း မပျက်မကွက် ပူဇော်ပြီးမြောက်ခဲ့ပါပြီ ။ ဤကောင်းမှု ဤကုသိုလ်တို့၏ အဖို့ဘာဂကို ( ၃၁ ) ဘုံသား အားလုံးတို့သည် တပည့်တော်နှင့် ထပ်တူ ထပ်မျှ ရရှိကြစေရန် အမျှပေးဝေပါသည် ။ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ ဟု အမျှပေးဝေ၍ သာဓု ခေါ်ဆိုပါ ။ ဤ ကျင့်စဉ်တော်သည် ထူးခြားလှသော ကျင့်စဉ်တော် ဖြစ်၏ ။ အဓိဋ္ဌာန် တစ်ကြိမ် ( ၉ ) ရက်ပြီးမြောက်လျှင် စီးပွားရေး ၊ လူမှုရေး ၊ ကျန်းမာရေး ၊ အလုပ်အကိုင် ၊ လာဘ်လာဘတို့ သိသာစွာ ထူးခြားလာပါလိမ့်မည် ။ ကျင့်စဉ်တော် အဓိဋ္ဌာန်ဝင် ပူဇော်သူများထံမှလည်း သိသာထူးခြားသော ကောင်းကျိုးများ လက်ငင်း ခံစားရကြောင်း သတင်းကောင်းများ ပြန်လည် ကြားသိနေရလျက် ရှိပါသည် ။ ထို့ကြောင့် ဤကျင့်စဉ်တော်ကို အဓိဋ္ဌာန်တစ်ကြိမ်မျှကိုတော့ ၀င်ရောက်ကြည့်ကြစေရန် မေတ္တာစေတနာဖြင့် တိုက်တွန်းအပ်ပါသည် ။ ဘိုဘို ( ရွှေကံကူ ) စာမျက်နှာ - ၈၂ မေလ ၂၀၁၂ သူရဇ္ဇမဂ္ဂဇင်း မှ ကူးယူဖော်ပြပေးပါသည် ။

Saturday, May 26, 2012

Chapter 14 The Buddha preached the first sermon ' The Wheel Of Dhamma . ' မြတ်စွာဘုရား ဓမ္မစကြာ တရားဦး ဟောခြင်း


Chapter      14     The Buddha preached the first sermon ' The Wheel Of Dhamma . '
                         မြတ်စွာဘုရား ဓမ္မစကြာ တရားဦး ဟောခြင်း

A : " Where did the Buddha live after he had attained the supreme wisdom ?
       မြတ်စွာဘုရားသခင်ဟာ သဗ္ဗညုတ ဉာဏ်တော် ရပြီး နောက်ပိုင်း ဘယ်အရပ်မှာ သီတင်းသုံးပါသလဲ ။

B : " The Buddha remained on the bank of the Neranjara. "
       ဘုရားသခင်ဟာ နေရဉ္ဇရာ မြစ်ကမ်းနဖူးမှာပဲ သီတင်းသုံးတာပါပဲ ။

B : " And ... he began his life as the Great teacher . "
       ပြီးတော့ ဆရာတစ်ဆူအဖြစ် ဘ၀ခရီးကို စတင်တော်မူပါတယ် ။

A : " The Great teacher ? "
       အော် ... ဆရာတစ်ဆူလား ။

B : " Yes , of course. He thought of the five ascetics to preach his first Sermon " the Wheel of Dhamma " .
      မှန်တာပေါ့ ။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ဟာ ပထမဆုံး ဖြစ်တဲ့ ဓမ္မစကြာ တရားတော်ကို ရသေ့ငါးဦးကို ဟောကြားဖို့    

  စဉ်းစားတော်မူပါတယ် ။

A : " To develope intellect ? "
       ဉာဏ်ရည်ပေါက်မြောက် တိုးတက်ဖို့ပေါ့နော် ။

B : " That's right . "
       ဟုတ်ပါတယ် ။

A : " Just one word , please . Why did the Buddha want to teach his first sermon the five hermits ? "
       တစ်ခု မေးပါရစေ ။ ဘာဖြစ်လို့ မြတ်စွာဘုရားဟာ ရသေ့ ငါးဦးကို ဘာကြောင့် တရားဦး ဟောကြားပါသလဲ ။

B : " Because the Brahmins ( five ascetics ) interpreted the prince Siddhattha would become surely a Buddha and    

       with that belief , they had already become ascetics."
       ဘာဖြစ်လို့လဲ ဆိုတာ ၊ ရသေ့ဖြစ်လာကြမယ့် ပုဏ္ဏားတွေဟာ သိဒ္ဓတ္ထမင်းသားကို ဘုရားဖြစ်မယ်လို့ ကြိုတင် ဟောကိန်း       

ထုတ်ခဲ့ကြတယ် ။ အဲ့ဒိ ယုံကြည်ချက်နဲ့ပဲ ဘုရားဖြစ်ခဲ့ရင် ဖူးတွေ့ကြရအောင်ဆိုပြီး ရသေ့ ရဟန်း ၀တ်ခဲ့ကြတာပါပဲ ။
 
A : " Where did they live ? "
       သူတို့ ဘယ်မှာ သီတင်းသုံးကြတာတုန်း ။

B : " They lived in the Deer Park  at Isipatana near Benares . "
       ဗာရာဏသီပြည်ကြီးရဲ့ အနီး မိဂဒါဝုဏ်တောမှာ နေကြပါတယ် ။

A : " Does it take long from Bo-tree? "
       ဗောဓိပင်နဲ့ အတော် ဝေးသလား ။

B : " Yojanas 18 . ( 216 miles ) "
       ( ၁၈ ) ယူဇနာ ဝေးကွာတယ် ။ 
       ( ၂၁၆ မိုင် )

A : " What's the advantage and essence of the first sermon ? "
       တရားဦးရဲ့ အကျိုးကျေးဇူး အနှစ်သာရကို ပြောပါအုံး ။

B : " After preaching they all become Buddha's disciples and Kodanna was in the first noble stage of the Aryan       

Path."
       တရားဦး ဟောပြီးတဲ့ နောက်ပိုင်းမှာ ပဉ္စ၀ဂ္ဂီငါးဦးတို့ဟာ ဗုဒ္ဓရဲ့ သာဝကတွေ ဖြစ်လာကြတယ် ။ ကောဏ္ဍည မထေရ်ဟာ ဦးဆုံး   

    ရဟန္တာ ဖြစ်တဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ် ။

To be continue ......... Tapussa and Banlika offered the honey - cake to the Buddha .  Chapter

A : " Where did the Buddha live after he had attained the supreme wisdom ?
       မြတ်စွာဘုရားသခင်ဟာ သဗ္ဗညုတ ဉာဏ်တော် ရပြီး နောက်ပိုင်း ဘယ်အရပ်မှာ သီတင်းသုံးပါသလဲ ။

B : " The Buddha remained on the bank of the Neranjara. "
       ဘုရားသခင်ဟာ နေရဉ္ဇရာ မြစ်ကမ်းနဖူးမှာပဲ သီတင်းသုံးတာပါပဲ ။

B : " And ... he began his life as the Great teacher . "
       ပြီးတော့ ဆရာတစ်ဆူအဖြစ် ဘ၀ခရီးကို စတင်တော်မူပါတယ် ။

A : " The Great teacher ? "
       အော် ... ဆရာတစ်ဆူလား ။

B : " Yes , of course. He thought of the five ascetics to preach his first Sermon " the Wheel of Dhamma " .
      မှန်တာပေါ့ ။ မြတ်စွာဘုရားသခင် ကိုယ်တော်မြတ်ဟာ ပထမဆုံး ဖြစ်တဲ့ ဓမ္မစကြာ တရားတော်ကို ရသေ့ငါးဦးကို ဟောကြားဖို့    

  စဉ်းစားတော်မူပါတယ် ။

A : " To develope intellect ? "
       ဉာဏ်ရည်ပေါက်မြောက် တိုးတက်ဖို့ပေါ့နော် ။

B : " That's right . "
       ဟုတ်ပါတယ် ။

A : " Just one word , please . Why did the Buddha want to teach his first sermon the five hermits ? "
       တစ်ခု မေးပါရစေ ။ ဘာဖြစ်လို့ မြတ်စွာဘုရားဟာ ရသေ့ ငါးဦးကို ဘာကြောင့် တရားဦး ဟောကြားပါသလဲ ။

B : " Because the Brahmins ( five ascetics ) interpreted the prince Siddhattha would become surely a Buddha and    

       with that belief , they had already become ascetics."
       ဘာဖြစ်လို့လဲ ဆိုတာ ၊ ရသေ့ဖြစ်လာကြမယ့် ပုဏ္ဏားတွေဟာ သိဒ္ဓတ္ထမင်းသားကို ဘုရားဖြစ်မယ်လို့ ကြိုတင် ဟောကိန်း       

ထုတ်ခဲ့ကြတယ် ။ အဲ့ဒိ ယုံကြည်ချက်နဲ့ပဲ ဘုရားဖြစ်ခဲ့ရင် ဖူးတွေ့ကြရအောင်ဆိုပြီး ရသေ့ ရဟန်း ၀တ်ခဲ့ကြတာပါပဲ ။
 
A : " Where did they live ? "
       သူတို့ ဘယ်မှာ သီတင်းသုံးကြတာတုန်း ။

B : " They lived in the Deer Park  at Isipatana near Benares . "
       ဗာရာဏသီပြည်ကြီးရဲ့ အနီး မိဂဒါဝုဏ်တောမှာ နေကြပါတယ် ။

A : " Does it take long from Bo-tree? "
       ဗောဓိပင်နဲ့ အတော် ဝေးသလား ။

B : " Yojanas 18 . ( 216 miles ) "
       ( ၁၈ ) ယူဇနာ ဝေးကွာတယ် ။ 
       ( ၂၁၆ မိုင် )

A : " What's the advantage and essence of the first sermon ? "
       တရားဦးရဲ့ အကျိုးကျေးဇူး အနှစ်သာရကို ပြောပါအုံး ။

B : " After preaching they all become Buddha's disciples and Kodanna was in the first noble stage of the Aryan       

Path."
       တရားဦး ဟောပြီးတဲ့ နောက်ပိုင်းမှာ ပဉ္စ၀ဂ္ဂီငါးဦးတို့ဟာ ဗုဒ္ဓရဲ့ သာဝကတွေ ဖြစ်လာကြတယ် ။ ကောဏ္ဍည မထေရ်ဟာ ဦးဆုံး   

    ရဟန္တာ ဖြစ်တဲ့ ပုဂ္ဂိုလ် ဖြစ်ပါတယ် ။

To be continue ......... Tapussa and Banlika offered the honey - cake to the Buddha .  Chapter

Thursday, April 26, 2012

ကြာနီကန်ဆရာတော် ပဋ္ဌာန်း ၊ အောင်ခြင်းရှစ်ပါးဂါထာ ၊ ဓာရဏပရိတ်.mp3


ဘုရားပုံတော်ကို ၀ိုင်းလေးမှ ပေးပို့ ပူဇော်ပါသည်...

ပဌာန်းတရားတော်နှင့် ပူဇော်ပါက ဘေးအန္တရယ်များ ကင်းစေပါသည်... 
Related Posts Plugin for WordPress, Blogger...