Pages

Saturday, August 3, 2013

သဗ္ဗဇယမင်္ဂလာ ဂါထာတော်နှင့် အနက်


သဗ္ဗဇယမင်္ဂလာ ဂါထာတော်နှင့် အနက်

ဒိဝါတပတိ အာဒိစ္စော ၊ ရတ္တိမာ ဘာတိ စန္ဒိမာ
သန္နဒ္ဓေါ ခတ္တိယော တပတိ ၊ ဈာယီ တပတိ ဗြဟ္မဏော
အထသဗ္ဗ မဟောရတ္တိံ ၊ ဗုဒ္ဓေါ တပတိ တေဇသာ ။
ဧတေန သစ္စ၀ဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ ။




ဂါထာတော် အနက် 

နေမင်းသည် နေ့အခါ၌သာ တင့်တယ်၏ ။
လမင်းသည် ညအခါ၌သာ တင့်တယ်၏ ။
မင်းသည် မင်းမြောက်တန်ဆာ ဆင်မှသာလျှင် တင့်တယ်၏ ။
ဗြဟ္မဏသည် ဈာန်ဝင်စားမှသာလျှင် တင့်တယ်၏ ။
ဗုဒ္ဓသည် တန်ခိုးဖြင့် နေ့ညဥ့်ပတ်လုံး တင့်တယ်၏ ။

ဤ မှန်ကန်သော သစ္စာစကားကြောင့် ဘုရားတပည့်တော်အား ၊ နေ့ရော ညဥ့်ပါ အခါခပ်သိမ်း ဘေးရန်ကင်းကွာ ချမ်းသာခြင်း သုခ အ၀၀နှင့် ပြည့်စုံခြင်းသည် မုချမသွေ ဖြစ်ပါစေသတည်း ။

Thursday, August 1, 2013

မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ဆုံးမစာ

အိုးမဖုတ်ခင်၊
အိုးလုပ်စဉ်ဝယ်
အိုးတွင် နှိပ်ခတ်၊
တံဆိပ်မှတ်ကား
မပြတ်မစဲ၊အိုးပင်ကွဲလည်း
အမြဲတစေ၊တည်ရှိနေသို့
ထွေထွေသွေးသား၊ကလေးများ၌
ဘုရားတံဆိပ်၊ဘာသာစိတ်ကို
ခတ်နှိပ်နိုင်မှ၊သက်ဆုံးကျအောင်
ဗုဒ္ဓ၀ါဒီ၊စွဲ၍တည်မည်
ကိုယ်စီခတ်နှိပ်စေသတည်း။ ။

                                                                      အမရပူရမြို့ ၊ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး

Friday, July 26, 2013

လုံးတော် ဆရာတော်ဘုရားကြီး၏ အဖွင့်နှင့် ဣစ္ဆန္တော ၁၂ ဂါထာ ပါဠိ

လုံးတော် ဆရာတော်ဘုရားကြီး၏
အဖွင့်နှင့် ဣစ္ဆန္တော ၁၂ ဂါထာ ပါဠိ

၁ ။ ဣစ္ဆန္တော သာသပ ဂဗ္ဘေ ၊ စင်္ကမတိ ဣတော စိတော ၊
      ဣစ္ဆန္တော စက္က၀ါဠမှိ ၊ အတ္တဘာဝေန ဆာဒယိ ။

၂ ။ ဣစ္ဆန္တော ဒသစက္ကေသု ၊ သဟေဿသု စင်္ကမန္တော ၊
      ပါဒရိယာ အကာသယိ ၊ နာနာဓမံ္မ အဒေသယိ ။

၃ ။ ဣစ္ဆန္တော အသာဓာရဏံ ၊ အနန္တ ဗုဒ္ဓနိမ္မိတံ ၊
     စင်္ကမန္တောပိ ခဏေန ၊ မောစေသိ ဗဒ္ဓနာ ဗဟုံ ။

၎ ။ ဣစ္ဆန္တော ယာဝ ဘ၀ဂ္ဂံ ၊ သမိဉ္စိ တံ ဗာဟုံယထာ ၊
     စင်္ကမတိ မဟိဒ္ဓိနာ ၊ ဗုဒ္ဓတေဇေန သံယုတံ ။

၅ ။ ဣစ္ဆန္တော ယုဂန္ဓရေန ၊ ဂစ္ဆံ သမံ သူရစန္ဒံ ၊ ဇေတ၀နေ ၊
     သယာနတော ၊ အာမသိ ဟတ္ထပါဒေန ။

၆ ။ ဣစ္ဆန္တော မိတ၀ဏ္ဏောစ ၊ သမုဒ္ဒေါကာသိ ဣစ္ဆိတံ ၊
      လောကဇေဋ္ဌံ စက္က၀ါဠံ ၊ အနန္တဘူမံဆာဒယိ ။

၇ ။ ဗုဒ္ဓေါ ဘမုခါ အသုရာ ၊ နလာဘေ အတ္တ ကာယတံ ၊
      နပဿ ဋ္ဌ ပိတံ ဗုဒ္ဓံ ၊ အစိန္တေယျံ အပ္ဗမေယျံ ။

၈ ။ နိလ္လယေ ဒေ၀သူရေန ၊ သမ္ဗန္နော ဒသဣဒ္ဓိယာ ၊
      ဘဂ၀ါဒေ၀ သူရဿ ၊ စက္ခုဓမ္မမှိ နိလ္လယိ ။

၉ ။ သကျာနံ ကောလိယာနဉ္စ ၊ မာနမဒ္ဒါ နမာသယံ ၊
      အန္တရေ မဇ္ဈေ ဂန္တွာန ၊ နိသီဒတိ နိလ္လယိ ။

၁၀ ။ စရတွာ ဒုက္ကရ စရိယံ ၊ ဆဗ္ဗဿာနိ ဂတေဒိဝေ ၊
       နိဂြောဓ သမီပေ ပတ္တေ ၊ ဣဒ္ဓိမဿ အဒဿနံ ။

၁၁ ။ တိဋ္ဌတု စတုစိန္တိယေ ၊ ၀ိကုပ္ဗနိဒ္ဓိမာပိတော ။
       သဟပရိက္ခာရေဟိစ ၊ သာသပန္တေ စရတိစ ။

၁၂ ။ အန္တောဂစ္ဆေ ဣတော စိတော ၊ ဣဒ္ဓိဝဏ္ဏောဝသာသပေါ ၊
        အတ္တဘာဝေန ဆာဒိယေ ၊ ဧတေ မေ ဇယမင်္ဂလံ ။


တိုက်တွန်းချက်

     ဤ ဣစ္ဆန္တော ဂါထာကို ဆရာတော်ကြီး ကိုယ်တိုင် အလေးအနက် အဆုံးအဖြတ် ပေးထားခြင်းဖြစ်၍ နှုတ်ငုံအရဆောင်ပြီး နေ့စဉ်ဝတ်မပျက် ရွတ်ဖတ်ရန် တိုက်တွန်းအပ်ပါသည် ။
     ဤ ဂါထာတော်ကြီး၏ တန်ခိုးကြောင့် အလွန်ဆင်းရဲသော ဘ၀မှသည် မကြောင့်မကြ ၊ မတောင့်မတ နေနိုင်သော ဘ၀သို့လည်းကောင်း ၊ ယခင်က အပယ်ခံ ပညာရှင်တစ်ဦးသည် ဤ ဂါထာတော်မြတ်ကြီးကို နေ့စဉ် ၀တ်မပျက် ပူဇော်ကန်တော့ရာမှ ရာထူးကြီးများ အဆင့်ဆင့်သို့လည်းကောင်း ၊ အသီးသီး ရောက်ရှိသွားပုံတို့ကို ၎င်းတို့ ပြောကြားချက်အရ သိရှိရပါသည် ။
( တစ်နေ့လျှင် မိမိ တတ်စွမ်းနိုင်သလောက် ရွတ်ဖတ် သရဇ္ဈာယ်ပါရန် တိုက်တွန်းအပ်ပါသည် ။ )

Wednesday, June 26, 2013

မဂ္ဂင်ရှစ်ပါး တရားတော်၏ အင်္ဂလိပ် အခေါ်အဝေါ်များ ...

မဂ္ဂင်ရှစ်ပါး တရားတော်၏ အင်္ဂလိပ် အခေါ်အဝေါ်များ ...


The Noble Eightfold Path  မဂ္ဂင် ( ၈ ) ပါး

The Middle way ( Majjhimapatipada ) မဇ္ဈိမ ပဋိပဒါ

1.   သမ္မာ ဒိဋ္ဌိ                        Samma - ditthi                     =  Right View or Understanding


2.   သမ္မာ သင်္ကပ္ဗ                  Samma - sankappa              =  Right Thought or Intention


3.   သမ္မာ ၀ါစာ                      Samma - vaca                      =  Right Speech


4.   သမ္မာ ကမ္မန္တ                     Samma - kammanta             =  Right Action


5.   သမ္မာ အာဇီဝ                    Samma - ajiva                      =  Right Livelihood


6.   သမ္မာ ၀ါယာမ                    Samma - vayama                 =  Right Effort


7.   သမ္မာ သတိ                      Samma - sati                         =  Right Mindfulness


8.   သမ္မာ သမာဓိ                    Samma - samadhi                 =  Right Concentration


       The Nobel Threefold Training ( သိက္ခာ သုံးပါး )

1.   သီလသိက္ခာ                      Silasikkha                              =  The training of moranty ( 3,4,5 )


2.   သမာဓိသိက္ခာ                    Samadhisikkha                 
     =  The training of concentration ( 6,7,8 )


3.   ပညာသိက္ခာ                      Pannasikkha                          =  The training of wisdom ( 1,2 )


1. What is the right understanding ? ( Samma - ditthi )


The right understanding is :                                                          
1. To understand suffering :                                                               ( ဒုက္ခသစ္စာ = Dukkhasacca )

2. To understand the origin of suffering :                                            ( သမုဒယသစ္စာ = Samudayasacca )

3. To understand the exitinction of suffering :                                     ( နိရောဓ သစ္စာ = Nirodhasacca )

4. To understand the path that leads to the exitinction of suffering  :  (  မဂ္ဂသစ္စာ  = Magasacca )

This is called the Right Understanding   ( Samma - ditthi )


Four kinds of the Right Understanding  သမ္မာဒိဋ္ဌိ ( ၄ ) မျိုး

1. ကမ္မဿကတာ သမ္မာဒိဋ္ဌိ                   =  Understanding kamma and its result :
    kammassakata - sammaditthi


2 . ဈာန သမ္မာဒိဋ္ဌိ                                 = Understanding mental absorptions by direct experience :
    Jana - sammaditthi


3 . ၀ိပဿနာ သမ္မာဒိဋ္ဌိ                           = Understanding the psycho physical phenomena by insight . 
     Vipassana - sammaditthi


4. စတုသစ္စ သမ္မာဒိဋ္ဌိ                              = Understanding the four noble truths.
    Catusacca - sammaditthi

Sunday, May 26, 2013

ဝဋ်ကြွေးတော်ပြေ ဘုရားနှင့် ပါရမီ ၁၀ ပါး


ဝဋ်ကြွေးတော်ပြေ ဘုရားနှင့် ပါရမီ ၁၀ ပါး


Inline image 1

ဘုရားပုံတော်ကို facebook သတင်းချစ်သူမှ ပင့်ဆောင် ပူဇော်ထားပါသည် ။


10 Kinds of the fulfilment of the perfection  ပါရမီ ( ၁၀ ) ပါး

၁ ။ ဒါနပါရမီ          - Danaparami               = The fulfilment of the perfection of Charity .

၂ ။ သီလပါရမီ       - Silaparami                  = The fulfilment of the perfection of Morality .

၃ ။ နေက္ခမ္မပါရမီ   - Nekkhammaparami     = The fulfilment of the perfection of Renunciation .

၎ ။ ပညာပါရမီ       - Pannaparami              = The fulfilment of the perfection of Wisdom .

၅ ။ ၀ီရိယပါရမီ     - Viriyaparami                 = The fulfilment of the perfection of Effort .

၆ ။ ခန္တီပါရမီ         - Khantiparami                = The fulfilment of the perfection of Patience .

၇ ။ သစ္စာပါရမီ      - Saccaparami                = The fulfilment of the perfection of Truthfulness .

၈ ။ အဓိဋ္ဌာနပါရမီ  - Adhitthanaparami         = The fulfilment of the perfection of Resolution .

၉ ။ မေတ္တာပါရမီ    - Mettaparami                  = The fulfilment of the perfection of Loving-kindness .

၁၀ ။ ဥပေက္ခာပါရမီ - Upekkhaparami            = The fulfilment of the perfection of Equanimity .

     When the above 10 are multiplied by 3 perfections , there are all together 30 .

၁ ။ ဒါန ပါရမီ                   - Danaparami                    
     = offering or donation material things .

၂ ။ ဒါန ဥပ ပါရမီ              - Danaupaparami                   = offering or donation body-organs such as eye and kidney .

၃ ။ ဒါန ပရမတ္ထ ပါရမီ        - Danaparamatthaparami       = offering or donation one's own life to others .


From Wikipedia
  1. Dāna pāramī : generosity, giving of oneself
  2. Sīla pāramī : virtue, morality, proper conduct
  3. Nekkhamma pāramī : renunciation
  4. Paññā pāramī : transcendental wisdom, insight
  5. Viriya (also spelled vīriya) pāramī : energy, diligence, vigour, effort
  6. Khanti pāramī : patience, tolerance, forbearance, acceptance, endurance
  7. Sacca pāramī : truthfulness, honesty
  8. Adhiṭṭhāna (adhitthana) pāramī : determination, resolution
  9. Mettā pāramī : loving-kindness
  10. Upekkhā (also spelled upekhā) pāramī : equanimity, serenity
Two of the above virtues, metta and upekkha also comprise two of the four immeasurables (brahmavihāra).

      ပါရမီ ( ၁၀ ) ပါးကို အင်္ဂလိပ်လိုပါ လေ့လာ သိရှိနိုင်ရန်အတွက် ရှာဖွေ ဖော်ပြပေးခြင်း ဖြစ်ပါသည် ။ ၀ဋ်ကြွေးများရှိက အမြန်ဆုံး ကျေပါစေ ။  ။

Friday, April 26, 2013

အိုသေဘေးမစောင့်ဘဲ ၀ိပဿနာ လုပ်သင့်ကြောင်း တရားတော်

016-MogokSayadaw-OBaeMaSaukBairVippassaLoakThinkKaung.mp3

( ၇ ) ရက် သားသမီး ကုသိုလ်ကံဖွင့် လေးဆူဘုရား ရှိခိုး ဂါထာတော်များနှင့် ဆုတောင်း

( ၇ ) ရက် သားသမီး ကုသိုလ်ကံဖွင့် လေးဆူဘုရား ရှိခိုး ဂါထာတော်များနှင့် ဆုတောင်း



တနင်္ဂနွေ သားသမီးအတွက် လေးဆူ ဘုရားရှိခိုး

မေဓင်္ကရော သောဘိတောစ ၊
ပီယဒဿီ သိခီ ဇိနော ။
ရ၀ိဝါရေ အဘိဇာတာ ၊
တေ နမဿာမိ သာဒရံ ။

ဆုတောင်း

နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ၀ိနဿန္တု ။
စတုန္နံ ဗုဒ္ဓတေဇေန ၊
သဒါ သုခီ ဘ၀န္တုမေ ။


တနင်္လာ သားသမီးအတွက် လေးဆူဘုရားရှိခိုး

သရဏင်္ကရော နောမာစ ၊
အတ္ထဒဿီ စ ဝေဿဘူ ။
စန္ဒ၀ါရေ အဘိဇာတာ ၊
တေ နမဿာမိ သာဒရံ ။

ဆုတောင်း

နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ၀ိနဿန္တု ။
စတုန္နံ ဗုဒ္ဓတေဇေန ၊
သဒါ သုခီ ဘ၀န္တုမေ ။


အင်္ဂါ သားသမီးအတွက် လေးဆူဘုရားရှိခိုး
ဒီပင်္ကရော ပဒုမောစ ၊
ဓမ္မဒဿီ ကကုသန္ဓော ။
ဘောမ၀ါရေ အဘိဇာတာ ၊
တေ နမဿာမိ သာဒရံ ။

ဆုတောင်း

နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ၀ိနဿန္တု ။
စတုန္နံ ဗုဒ္ဓတေဇေန ၊
သဒါ သုခီ ဘ၀န္တုမေ ။

ဗုဒ္ဓဟူး သားသမီးအတွက် လေးဆူဘုရားရှိခိုး

ကောဏ္ဍညော နာရဒေါ သတ္ထာ ၊
သိဒ္ဓတ္ထော ကောဏာဂမနော ။
ဗုဒ္ဓ၀ါရေ အဘိဇာတာ ၊
တေ နမဿာမိ သာဒရံ ။

ဆုတောင်း

နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ၀ိနဿန္တု ။
စတုန္နံ ဗုဒ္ဓတေဇေန ၊
သဒါ သုခီ ဘ၀န္တုမေ ။

ကြာသပတေး သားသမီး လေးဆူဘုရားရှိခိုး

မင်္ဂလော ပဒုမုတ္တရော ၊
တိေဿာနာထော စ ကဿပေါ ။
ဂုရုဝါရေ အဘိဇာတာ ၊
တေ နမဿာမိ သာဒရံ ။
ဆုတောင်း

နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ၀ိနဿန္တု ။
စတုန္နံ ဗုဒ္ဓတေဇေန ၊
သဒါ သုခီ ဘ၀န္တုမေ ။


သောကြာ သားသမီးအတွက် လေးဆူဘုရားရှိခိုး

သုမနော သုမေဓော ဗုဒ္ဓေါ ၊
ဖုေဿာ ဇိနော ဂေါတမော ။
သုက္က၀ါရေ အဘိဇာတာ ၊
တေ နမဿာမိ သာဒရံ ။
ဆုတောင်း

နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ၀ိနဿန္တု ။
စတုန္နံ ဗုဒ္ဓတေဇေန ၊
သဒါ သုခီ ဘ၀န္တုမေ ။


စနေ သားသမီးအတွက် လေးဆူဘုရား ရှိခိုး

တဏှင်္ကရော ရေ၀တောစ ၊
သုဇာတော စ ၀ိပဿိကော ။
သောရီဝါရေ အဘိဇာတာ ။
တေ နမဿာမိ သာဒရံ ။
ဆုတောင်း

နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ၀ိနဿန္တု ။
စတုန္နံ ဗုဒ္ဓတေဇေန ၊
သဒါ သုခီ ဘ၀န္တုမေ ။


ကုသိုလ် ကံပွင့် ကံမြှင့် ဂါထာတော် ရွတ်ဆိုရခြင်း အကျိုး


         ခုနှစ်ရက်သားသမီးများအတွက် ကံပွင့် ၊ ကံမြှင့် ဂါထာတော်မှာ သာမည မဟုတ်ချေ ။ ဘုရားနှစ်ကျိပ်ရှစ်ဆူကို မပြတ်အာရုံယူ၍ ကြည်ညိုသဒ္ဓါ ပွားနေကြရသည် ဖြစ်ခြင်းကြောင့် နိဗ္ဗာန်အကျိုးအထိ ရရှိစေနိုင်ပါသည် ။
          နိဗ္ဗာန် မရမီတွင်လည်း ဤဂါထာတော်ကို မပြတ်ရွတ်ဖတ် သရဇ္ဈာယ်နေခြင်းကြောင့် သမာဓိ-သမထ အာရုံ ပွားများသည် ဖြစ်ရာ နှောင့်ယှက် ဖျက်ဆီးတတ်သော ကံဆိုး ကံဟောင်းများ ပျောက်ပျက်၍ ကံကောင်းခြင်း အခွင့်အလမ်းပွင့်၍ မြင့်တက်သော အကျိုးကို ရရှိစေနိုင်ပါသည် ။


( ၇ ) ရက်သားသမီးများ အဓိဋ္ဌာန်ပြု ကုသိုလ်ကံဖွင့်ချင်လျှင် ဤသို့ ရွတ်ဖတ် ပွားများ ပူဇော်ပါ ။

ကံပွင့် - ကံမြှင့် မဟာပဋ္ဌာန်း ရွတ်ဖတ်ပွားများပူဇော်နည်းသည် မိမိ၏ မွေးနေ့ နံအလိုက် ဆောင်ရွက်ရသော နည်းကောင်းတစ်ခု ဖြစ်ပါသည် ။

ဝေဒဗေဒင်တွင် ဂြိုဟ်ကြီး ရှစ်လုံး ၊ ဂြိုဟ်ကြီး ကိုးလုံး ဟု လာရှိသော်လည်း နေ့ရက်သား အရ ( ၇ ) နေ့ ရက်သားသမီးဟူ၍သာ တည်ရှိသဖြင့် ( ကိတ် - တနင်္လာနေ့ မွန်းလွဲဖွား ) သည် တနင်္လာနေ့ သားသမီးကဲ့သို့ လည်းကောင်း ၊ ( ရာဟု - ဗုဒ္ဓဟူးနေ့ မွန်းလွဲဖွား ) သည် ဗုဒ္ဓဟူးနေ့ သားသမီးကဲ့သို့ လည်းကောင်း ရွတ်ဖတ်ပွားများ ပူဇော်ရပေမည် ။

( ၁ ) မွေးနေ့ တစ်ရက်တည်းသာ ဆောင်ရွက်ရမည် ။
( ၂ ) သား ၊ ငါး ရှောင်ကြဉ် သက်သတ်လွတ် စားပြီး မွေးနေ့ မွေးနံ ကိုက်ညီသည့် ပန်း ၊ ရေချမ်း ၊ ဆီမီး ၊ အသီးအနှံ ၊ ကပ်လှူ ပူဇော်၍ နေ့သားအလိုက် ကုသိုလ်ကံဖွင့် လေးဆူဘုရား ရှိခိုး     ဆုတောင်း ဂါထာ ပါဠိတော်နှင့် ရှိခိုးကာ ငါးပါးသီလ ခံယူဆောက်တည်ပါ ။
   ( ကုသိုလ်ကံဖွင့် နေ့နံအလိုက်ဖွား လေးဆူဘုရားရှိခိုး ဆုတောင်းဂါထာများကို အထက်ပါ ဂါထာ၌ နေ့နံသင့် ရှုပါ ။ )
( ၃ ) ပြီးလျှင် နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ  ( ၃ ) ခေါက် ရွတ်ဆို၍ ပဋ္ဌာန်း ပစ္စုယုဒ္ဒေသ ပါဠိတော် ( ၂၄ ) ပစ္စည်းအား (၁) ပစ္စည်း ပုတီး တစ်လုံးချနှင့် ( ၁၀၈ ) လုံး ပုတီးဖြင့် ပုတီး ( ၂ ) ပတ်စိပ်ပါ ။
( ၄ ) အထူးကံဖွင့်၍ ကံပွင့်ရန်နှင့် အထူးကံမြှင့်၍ ကံမြင့်ရန်မှာ မိမိ၏ မွေးနေ့မှ စ၍ ( ၉ ) ရက် ၊ ( ၁၈ ) ရက် ၊ ( ၄၅ ) ရက် အဓိဋ္ဌာန် ပြဋ္ဌာန်းကာ နံနက် နေ့လည် ည ၊ တစ်နေ့ ( ၃ ) ကြိမ် ရွက်ဆောင် ကြိုးပမ်းခြင်းဖြင့် ရရှိမည့် လောကုတ် ၊ လောကီ အကျိုးအနန္တကို မညွှန်းလိုတော့ပါပြီ ။ ရွက်ဆောင်သူ၏ သဒ္ဓါနှင့် ကျင့်ကြံအားထုတ်မှုသာ ပဓာန ဖြစ်ပါသည် ။
Related Posts Plugin for WordPress, Blogger...