မရှိဟူသော စကား ပေးပါ ဟူသော စကား
မပြောဆို မကြားလိုသော ဂါထာ
“နတ္ထီတိ ၀စနံ ဒုက္ခံ ၊
ဒေဟီတိ ၀စနံ တထာ
တသ္မာ နတ္ထီတိ ၊ ဒေဟီတိ
မာမေ ဟောတု ဘ၀ါ ဘဝေ ”
နတ္ထီတိ ၀စနံ - မရှိဟူ၍ ပြောဆိုရခြင်းသည် ၊ ဒုက္ခံ - ဆင်းရဲ၏ ။ ဒေဟီတိ ၀စနံ - ပေးပါ ဟူ၍ ပြောဆိုရခြင်းသည်လည်း ၊
တထာ - ထို့တူ ၊ ဒုက္ခံ - ဆင်းရဲ၏ ။ တသ္မာ - ထို့ကြောင့် ၊ နတ္ထီတိ - မရှိဟူ၍ ပြောဆိုရခြင်းသည်လည်းကောင်း ၊ မေ - ငါ့အား ၊
ဘ၀ါဘဝေ - ဘ၀ကြီးငယ်တိုင်း၌ ၊ မာ ဟောတု - မဖြစ်ပါစေသတည်း ။
“ မရှိပါဟု ပြောဆိုရသော စကားသည် ဆင်းရဲလှပေ၏ ။ ( ဒုက္ခ တစ်ပါးပါပဲ ) ”
“ ပေးပါဟု ပြောရသော စကားသည်လည်း ထိုနည်းတူ ( ဆင်းရဲပါပေ၏ ။ ) ”
ထို့ကြောင့် မရှိဟူသော စကား ၊ ပေးပါ ဟူသော စကားကို ဘ၀တိုင်း ဘ၀တိုင်း မပြောရပါစေနှင့် ...
( နေ့စဉ် ဂါထာ အရေအတွက်ကို မိမိ၏ အသက်စေ့ ရွတ်ပွားပါ ။ အချိန်ရလျှင် ပုတီးပတ် သက်စေ့ စိပ်ပါ ။
ကောင်းကျိုး ထူးပါလိမ့်မည် ။ ထို ဂါထာ စာသားလေးကိုပင် အဆောင်တစ်ခုအဖြစ် ဆောင်ထားနိုင်ပါသေးသည် ။ )
သက်နှင်းဆွေ ( ပုပ္ပါး )
နေလ ဂမ္ဘီရဂျာနယ် အမှတ် - ၄၇၅ မှ ကူးယူဖော်ပြပါသည် ။
Friday, October 26, 2012
Sunday, August 26, 2012
Chapter 17 Parinibbanna ( Death ) of the Buddha . မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူခြင်း
Chapter 17 Parinibbanna ( Death ) of the Buddha .
မြတ်စွာဘုရား ပရိနိဗ္ဗာန် စံတော်မူခြင်း
A : " The Buddha worked hard to enlighten people. "
မြတ်စွာဘုရားသခင်ဟာ ဝေနေယျ သတ္တ၀ါတွေကို ကယ်ချွတ်ဖို့ရာ အပြင်းအထန် အလုပ်လုပ်ခဲ့တာပဲနော် ။
B : " Yes , indeed . "
မှန်ပါတယ် ။
A : " Where did the Buddha spend most of his time ? "
မြတ်စွာဘုရားဟာ မည်သည့်အရပ်မှာ အကြာကြီး သီတင်းသုံးခဲ့ပါသလဲ ။
B : " At Zetavanna monastery of Savitti City for 25 years. There the Buddha delivered his sermons . "
သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ ဖြစ်ပါတယ် ။ အဲ့ဒိမှာ တရားတွေ ဟောတာပါဘဲ ။
A : " What about Zetavanna ? "
ဇေတ၀န်ကျောင်းက ဘယ်လိုပါလဲ ။
B : " It's the donation of the rich man Anahtapindika . " " Now you can see the remains in India . "
အနာထပိဏ် သူဋ္ဌေးကြီးရဲ့ ကောင်းမှုပါ ။ အိန္ဒိယပြည်မှာ ကျောင်းတော်ရာကို တွေ့နိုင်ပါသေးတယ် ။
A : " Famous one ! "
ကျော်ကြားပါတယ် ။
B : " At the age of 80 , the Buddha informed Ananda , his personal attendant , At Pawa near Vesali . "
သက်တော် ၈၀ အရွယ်ရောက်လာတဲ့အခါ မြတ်စွာဘုရားဟာ ညီတော် အာနန္ဒာကို ဝေသာလီပြည်အနီး ပါဝါအရပ်မှာ ပြောကြားခဲ့တဲ့ စကား
ရှိခဲ့ပါတယ် ။
A : " What ? " " Important words ? "
ဘာစကား ဖြစ်ပါသလဲ ။ အရေးကြီးပါသလား ။
B : " He told him that he would die in three months from that day . At that time the Buddha had an attack of dysentry . "
သုံးလမြောက်တဲ့ အခါ ၊ ပရိနိဗ္ဗာန် စံတော်မူမယ့် အကြောင်း မိန့်တော်မူတယ် ။ အဲဒီအချိန်မှာ မြတ်စွာဘုရားသခင်ဟာ ၀မ်းကိုက်ရောဂါ
စွဲကပ်တော်မူနေပါတယ် ။
A : " What were the Blessed one's last words ? "
မြတ်စွာဘုရားရဲ့ နောက်ဆုံး စကားတွေကို ပြောပါအုံး ။
B : " He said , My monks-all things are subject to decay . Work out your salvation with diligence . "
ချစ်သားရဟန်းတို့ ၊ သင်္ခါရတရားတို့ဟာ ပျက်တတ်တဲ့ သဘော ရှိတယ် ။ ချစ်သားတို့ဟာ မမေ့မလျော့ကြနဲ့ ။
( ၀ယဓမ္မာ ဘိက္ခဝေ ၊ အပ္ပမ္မာဒေန ၊ သမ္ပာဒေထ ) အဲ့ဒိလို မိန့်တော်မူပါတယ် ။
A : " All is impermanent " " Suffering ! "
အားလုံး မမြဲဘူးပေါ့နော် ။ ဒုက္ခသစ္စာတရားပါဘဲ ။
B : " Of course . The Buddha consoled his disciples and taught them the first-fundamental truth of suffering . "
ဟုတ်ပါတယ် ။ မြတ်စွာဘုရားဟာ တပည့်သား သာဝကတွေကို နှစ်သိမ့်ပြီး ဒုက္ခသစ္စာရဲ့ အခြေခံ တရားကို ပြသခဲ့တာပါဘဲ ။
A : " Where did the Buddha travel to preach ? "
မြတ်စွာဘုရားသခင်ဟာ တရားဟောဖို့ ဘယ်ကို ကြွပါသလဲ ။
B : " Far and wide . Though born of a royal family , His life's very simple and free from all kinds of pretensions . "
ကျယ်ကျယ်ပြန့်ပြန့် အနှံ့ ခရီးထွက်ခဲ့ပါတယ် ။ သာကီဝင်မင်းမျိုးက မွေးဖွားခဲ့ပေမယ့် ၊ မြတ်စွာဘုရားရဲ့ နေထိုင်သီတင်းသုံးပုံဟာ
ရိုးသားလှပါတယ် ။ ဟန်ဆောင်မှုကင်းတယ်လို့ ဆိုရမှာပေါ့ ။
A : " Pretensions ! "
ဟန်ဆောင်မှုတွေ ။ ဆိုစမ်းပါအုံး ။
B : " I mean - He dressed simply , ate simple food , and lived in simple residences , sometimes under a tree in the jungle . "
ကျွန်မ ပြောချင်တာက - မြတ်စွာဘုရားဟာ ရိုးရိုးပဲ ၀တ်စားနေထိုင်တယ် ။ သာမန်ပဲ စားသောက်တယ် ။ တစ်ခါတစ်ရံမှာ တောထဲက
သစ်ပင်အောက်မှာ သီတင်းသုံးလေ့ ရှိပါတယ် ။
A : " Only by himself ? "
ကိုယ်တော် တစ်ပါးတည်း ဒီလိုဘဲ နေတာလား ။
B : " Of course not . That kind of life's also pratised by his noble monk disciples . "
ဟင့်အင်း မဟုတ်ပါဘူး ။ ဒီလို ဘ၀မျိုးဟာ မြတ်စွာဘုရားရဲ့ တပည့်သား သာဝက ရဟန်းတော်များ ကျင့်သုံးရတာပါပဲ ။
A : " You know Brahmanism ? "
ဗြဟ္မဏ၀ါဒအကြောင်း သိပါသလား ။
B : " Yes, it's based on a caste system . "
ဟုတ်ကဲ့ ၊ မျိုးရိုး အဆင့်အတန်းပေါ် အခြေခံတဲ့ ၀ါဒပါဘဲ ။
A : " What about it ? "
ဘယ်လိုပါလဲ ၊ ဆိုစမ်းပါအုံး ။
B : " According to the caste system , a person is considered high or low in which he is born . "
မျိုးရိုး အဆင့်အတန်း ခွဲတဲ့ သဘောအရဆိုရင် ၊ လူတစ်ယောက်ကို မွေးဖွားလိုက်တာနဲ့ အဆင့်အတန်း ၊ ဇာတ်နိမ့် ဇာတ်မြင့် ခွဲပြီး ဖြစ်ပါတယ် ။
A : " What's feeling of the Buddha ? "
မြတ်စွာဘုရားရဲ့ ခံစားချက်က ဘယ်လိုပါလဲ ။
B : " He felt that - it's wrong and unfair . "
မြတ်စွာဘုရားသခင်ဟာ အဲ့ဒိဇာတ်ခွဲခြားမှုက မှားနေတယ် ။ မလျော်ကန်ဘူးဆိုတာ ရိပ်စားမိပါတယ် ။
A : " What did he try ? "
ဒီတော့ ဘုရားသခင်ဟာ ဘယ်လို ဇာတ်ခွဲခြားမှုကို နိုင်အောင် ကြိုးစားခဲ့ပါသလဲ ။
B : " By using his own action cleverly . "
ကိုယ်တော်တိုင် လုံ့လဥဿဟ ထုတ် ကြိုးစားခဲ့ပါတယ် ။
A : " The Buddha presented a revolutionary idea ! "
မြတ်စွာဘုရားဟာ တော်လှန်တဲ့ အတွေးအခေါ် ပေးခဲ့တာပေါ့နော် ။
B : " Needless to say . He's the perfect model of all the virtues he preached - the holiest of the holy , the wisest of the wise . "
ပြောစရာ မလိုပါဘူး ။ မြတ်စွာဘုရားဟာ ဟောပြောတဲ့ တရားဓမ္မအတိုင်း ကျင့်ကြံတဲ့ ပုဂ္ဂိုလ်မြတ်ကြီးပါ ။ အမြင့်မြတ်တကာ့ အမြင့်မြတ်ဆုံး ၊
ပညာရှိများအနက် ပညာဉာဏ်အကြီးဆုံး ဖြစ်တော်မူပါတယ် ။
A : " Different from other teacher of His time ? "
အဲ့ဒိအချိန်ကာလ အခြားဘာသာရေး ဆရာကြီးတွေနဲ့ ကွဲပြားခြားနားမှု ရှိပါသလား ။
B : " Yes , Other teachers before and after him taught about God or Gods , but the Buddha simply taught the Truth or
Dhamma . Understanding the Truth is the essence of enlightenment and the ultimate freedom . "
ဟုတ်ကဲ့ ၊ မြတ်စွာဘုရား ပွင့်တော် မမူမီနဲ့ ပွင့်တော်မူပြီးနောက် ဘာသာရေး ဆရာကြီးတွေ အားလုံး ဗြဟ္မာတွေ နတ်တွေ အကြောင်းကိုပဲ
ဟောကြားကြပါတယ် ။ ဒါပေမယ့် မြတ်စွာဘုရားကတော့ သစ္စာ ( ဓမ္မ ) တရားအကြောင်းကိုဘဲ ဟောတော်မူပါတယ် ။ သစ္စာလေးပါး
တရားအကြောင်းကို သိခြင်းဟာ ၃၁ ဘုံက လုံးဝ လွတ်ငြိမ်းသွားတဲ့ နိဗ္ဗာန်ရောက် ၊ သဗ္ဗညုတ ရွှေဉာဏ်တော်ရဲ့ အနှစ်သာရပါဘဲ ။
To be continue ......... Dona , the professor distributing the Sacred Relics of the Buddha Chapter
Friday, August 3, 2012
Chapter 16 Sending out A mission of Sixty Arahants . ရဟန္တာ ( ၆၀ ) ကို သာသနာပြု စေလွှတ်ခြင်း
Chapter 16 Sending out A mission of Sixty Arahants .
ရဟန္တာ ( ၆၀ ) ကို သာသနာပြု စေလွှတ်ခြင်း
A : " The Buddha devoted his time and energy for the benefit of mankind . "
မြတ်စွာဘုရားသခင်ဟာ ကိုယ်တော်မြတ်ရဲ့ အချိန်နဲ့ စွမ်းအင်ဟူသမျှကို လူသတ္တ၀ါတွေရဲ့ အကျိုးအတွက် အသုံးပြုတော်မူပါတယ် ။
B : " Since enlightenment ? "
သဗ္ဗညုတ ရွှေဉာဏ်တော်ရပြီး ကတည်းကပဲလား ။
A : " Yes , of course . Until the last moment of his life , a period of forty-five years. "
မှန်ပါတယ် ။ ပရိနိဗ္ဗာန် စံတော်မူတဲ့ အထိ ၄၅ နှစ် ကာလပတ်လုံးပါပဲ ။
B : " Could you explain to me in detail ? "
ကြီးမားမြင့်မြတ်တဲ့ ရည်ရွယ်ချက်ပါပဲ ။
A : " The Buddha never thought of his personal comfort of leisure. He had universal love and infinate compassion-like
that of Rahula, his only son. "
မြတ်စွာဘုရားဟာ ကိုယ်ရေးကိုယ်တာ တွယ်တာ ချစ်ခင်မှု အတ္တစွဲ မထားပါဘူး ။ မဟာကရုဏာတော် အစဉ်ထားပါတယ် ။
B : " What about compassion ? "
မဟာကရုဏာတော် ဆိုတဲ့ အဓိပ္ပာယ်ကို ရှင်းပြပါအုံး ။
A : " I mean the Buddha endeavoured to enlighten all those who could be guided and lead them on to the right path-natural
way . "
ဆိုလိုတာက- မြတ်စွာဘုရားဟာ ကျွတ်ထိုက်တဲ့ ဝေနေယျ သတ္တ၀ါအပေါင်းကို ကယ်ချွတ်ဖို့ ကြိုးစားတော်မူတယ် ။ မဂ္ဂင်လမ်းကို ရှေ့ဆောင်
ညွှန်ပြတော်မူပါတယ် ။ အရှိကို အရှိအတိုင်းပါ ။
B : " Where did he send the disciples ?
သာဝကများကို ဘယ်ကိုစေလွှတ်ပါသလဲ ။
A : " To all parts of South-East Asia , including Myanmar . "
မြန်မာနိုင်ငံအပါအ၀င် အရှေ့တောင်အာရှ နိုင်ငံအနှံ့ပါပဲ ။
B : " In group ? "
တစ်စုတစ်ရုံးထဲလား ... ။
A : " No , The Buddha didn't allow the monks to lead the way in group. He guided each to one way . Just to enlarge the
places. "
မဟုတ်ပါဘူး ။ မြတ်စွာဘုရားဟာ ရဟန်းတော်များကို အစုအပြုံလိုက် ကြွသွားဖို့ ခွင့်မပြုပါဘူး ။ တစ်ပါးလျှင် တစ်ကြောင်းတည်းသော
ခရီးကို သွားဖို့ ခွင့်ပြုတော် မူပါတယ် ။ နေရာအနှံ့ ရောက်ဖို့ ဖြစ်တယ် ။
B : " Why ? "
ဘာကြောင့်ပါလဲ ။
A : " To get to the destination and to preach privately . "
ခရီးတွင်ဖို့နဲ့ လွတ်လွတ်လပ်လပ် ပြောဟောဖို့ပါပဲ ။
B : " Excellent for mission ! "
သိပ်ကောင်းပါတယ် ။
A : " Buddha preached his Dhamma 45 years last long. "
မြတ်စွာဘုရားဟာ တရားတော်တွေကို ၄၅ နှစ်ပတ်လုံး ဟောကြားပါတယ် ။
B : " Dhamma . Is it the way to Nibbanna ? "
တရားတော်တွေ နိဗ္ဗာန်ရောက်ကြောင်း လမ်းစဉ်လား ။
A : " Right , there are noble Eightfold paths ? Middle way is the basic of Dhamma _ and to Nibbanna ." If not- never get to
Nibban . "
ဟုတ်ပါတယ် ။ မဂ္ဂင်ရှစ်ပါး ရှိပါတယ် ။ မဇ္ဈိမပဋိပဋာလမ်းစဉ်ကို အခြေခံပါတယ် ။
B : " What ! Eight fold paths ? "
ဘာတွေလဲ ။ မဂ္ဂင်ရှစ်ပါး ဆိုတာ ။
A : " Namely : Right view , Right thought , Right speech , Right bodily action , Right livelihood , Right endeavour ,
Right mindfulness , Right concentration . "
အဲ့ဒါတွေကတော့ သမ္မာဒိဋ္ဌိ ၊ သမ္မသင်္ကပ္ပေါ ၊ သမ္မာဝါစ ၊ သမ္မာကမ္မန္တော ၊ သမ္မာအာဇီဝေါ ၊ သမ္မာဝါယမော ၊ သမ္မာသတိ ၊ သမ္မာသမာဓိ
တို့ပဲ ဖြစ်ပါတယ် ။
B : " Noble Truths of the course leading to the cessation of suffering . "
အရိယာတို့ရဲ့ လက်ကိုင် မြင့်မြတ်တဲ့ မဂ္ဂင်ရှစ်ပါး တရားပေါ့နော် ။
A : " That is right . It leads to Enlightenment and to Nibbanna . "
ဟုတ်ပါတယ် ။ ထိုးထွင်းသိတဲ့ အသိဉာဏ်ကို ရစေပြီး နိဗ္ဗာန်ကို ရောက်ကြောင်း ဖြစ်စေပါတယ် ။
A : " The Buddha said " The doctrine is glorious in the beginning , in the middle and in the end . "
မြတ်စွာဘုရားက တရားတော်ဟာ အစ ၊ အလည် ၊ အဆုံး သုံးပါး စလုံး ကောင်းမြတ်ခြင်း ဖြစ်တယ်လို့ မိန့်တော်မူခဲ့ပါတယ် ။
B : " To be considered . "
စဉ်းစားစရာပါဘဲ ။
A : " The Buddha despatched His first sixty disciples in various directions . "
ဗုဒ္ဓဟာ ဦးဆုံး ဖြစ်တဲ့ သာဝက ၆၀ ကို နေရာဌာနအသီးသီးကို စေလွှတ်တာပါဘဲ ။
B : " I'd like to know what happened to the Buddha after He had got his enlightenment . "
ဘုရားဖြစ်တော်မူပြီးနောက် မြတ်စွာဘုရားရဲ့ အဖြစ်တော်ကို သိချင်ပါသေးတယ် ။
A : " The Buddha mostly lived at Zetavanna monastery of Savatti offered by Anahtapindika , the rich man .
Sometimes He dwelled at Veluvanna . monastery offered by King Bimbisara of Rajagaha. During the lent he lived
at the monastries and preached the Dhamma . After the lent He wandered about and preached the Dhamma .
မြတ်စွာဘုရားသခင်ဟာ အများအားဖြင့်တော့ အနာထပိဏ် သူဋ္ဌေးကြီး လှူဒါန်းတဲ့ သာဝတ္ထိပြည် ဇေတ၀န်ကျောင်းတော်မှာ သီတင်သုံးတော်
မူတယ် ။ တစ်ခါတစ်ရံမှာ ရာဇဂြိုဟ်ပြည် ဗိမ္ဗိသာရမင်းကြီး လှူဒါန်းတဲ့ ဝေဠုဝန်ကျောင်းတော်မှာ သီတင်းသုံးပါတယ် ။ ကျောင်းတော်တွေမှာ
သီတင်းသုံး တရားဟောတာကတော့ ၀ါတွင်းမှာပေါ့ ။ ၀ါကျွတ်တဲ့ အခါမှာတော့ နေရာအနှံ့ လှည့်လည်ပြီး တရားဟောတာပါဘဲ ။
B : " Excellent ! "
ကောင်းမြတ်ပါပေတယ် ။
To be continue ......... Parinibbanna ( Death ) of the Buddha Chapter
Thursday, July 26, 2012
Chapter 15 Tapussa and Banlika offered the honey - cake to the Buddha . တပုဿနှင့် ဘလ္လိက ညီနောင်တို့ မြတ်စွာဘုရားအား ပျားမုံ့ဆုပ် ကပ်လှူခြင်း ။
Chapter 15 Tapussa and Banlika offered the honey - cake to the Buddha .
တပုဿနှင့် ဘလ္လိက ညီနောင်တို့ မြတ်စွာဘုရားအား ပျားမုံ့ဆုပ် ကပ်လှူခြင်း ။
A : " I'd like to know what's going on after the Buddha got his enlightenment . "
ဘုရားအဖြစ် ရောက်တော်မူပြီးနောက် ဘာဆက်ဖြစ်သလဲ ဆိုတာ သိချင်ပါတယ် ။
B : " You mean any particular facts ? "
မိတ်ဆွေ ပြောချင်တာက ထူးခြား ဆန်းပြားတဲ့ အချက်တွေလား ။
A : " Yes , of course . "
ဟုတ်ကဲ့ ။ မှန်ပါတယ် ။
B : " As I said , the blessed one sat cross-legged at the foot of Rajayatana tree. "
ပြောခဲ့သလိုပါပဲ ။ ဘုရားဖြစ်တော်မူပြီးတဲ့နောက် မြတ်စွာဘုရားသခင်ဟာ ရာဇယတန လင်းလွန်းပင်ရင်းမှာ
သီတင်းသုံးတော်မူခဲ့တယ် ။
A : " Any difference between the Bo tree and Rajayatana tree ?
ဗောဓိညောင်နဲ့ ရာဇယတန အပင်တို့ဟာ ကွဲခြားမှု ဘယ်လိုပါလဲ ။
B : " Just the same-under those trees the Buddhas got their enlightenment ( great wisdom ) . They are
called , therefore , sacred trees of all time.
အတူတူပါဘဲ ။ ဒီသစ်ပင်တွေရဲ့ အောက်မှာ မြတ်ဘုရားတွေ သဗ္ဗညုတ ရွှေဉာဏ်တော်ရပြီး ဘုရားဖြစ်တော်မူခဲ့ပါတယ် ။
ဘာသာရေးနဲ့ ပတ်သက်ပြီး မြင့်မြတ်တဲ့ သစ်ပင်တွေ ဖြစ်ကြပါတယ် ။
A : " Well , thanks . "
ဟုတ်ကဲ့ ။ ကျေးဇူးတင်ပါတယ် ။
B : " At that time Tapussa and Banlika , the two brothers, traders , went to India . And they offered the Buddha
honey cakes . "
အဲ့ဒိအချိန်မှာဘဲ တပုဿနဲ့ ဘလ္လိက ကုန်သည်ညီနောင်ဟာ အိန္ဒိယပြည်ကို သွားခဲ့ကြတယ် ။ ဘုရားသခင်ကို ပျားမုံ့ဆုပ် ကပ်လှူခဲ့ကြတယ် ။
A : " From where ? "
အဲ့ဒိ ညီနောင်က ဘယ်ကလဲ ။
B : " From Okkalapa City , Myanmar. "
မြန်မာနိုင်ငံ ဥက္ကလာပ နေပြည်တော်ကပေါ့ ။
A : " When ? "
အချိန်ကာလ သိချင်ပါတယ် ။
B : " 6th century B.C . "
ခရစ်တော် မပေါ်မီ ဘီစီ ၆ ရာစုပါပဲ ။
B : " To continue _ the Buddha gave them eight hairs of sacred relics to worship forever . "
ဆက်ပြောရမယ် ဆိုရင်တော့ မြတ်စွာဘုရားဟာ ကုန်သည်ညီနောင်တို့ကို ပူဇော်ဖို့အတွက် ဆံတော်ရှစ်ဆူ ပေးသနားတော်မူခဲ့တယ် ။
A : " Sacred relics ! "
အော် ဆံတော် ရှစ်ဆူလား ။
B : " Certainly. According to the Buddhism the relics are very noble and powerful . "
မှန်ပါတယ် ။ ဗုဒ္ဓဘာသာအရ ၊ ဓာတ်တော် မွေတော်တွေဟာ မြင့်မြတ်ပြီး ၊ တန်ခိုးကြီးလှပါတယ် ။
B : " When they returned to Myanmar . The relics were enshrined in Singuttara Hill leading by King Okkalapa. "
သူတို့ မြန်မာပြည် ပြန်ရောက်တော့ ဥက္ကလာပ မင်းကြီး ဦးဆောင်ပြီး သိင်္ဂုတ္တရတောင်တော်မှာ ဓာတ်တော်တွေကို ဌာပနာတော်မူပါတယ် ။
A : " Enshrined ! "
ဌာပနာတော်မူတာကိုး ။
B : " Yes , the relics are in Shwedagon Pagoda , the greatest ceti in the world . "
ဟုတ်ပါတယ် ၊ ရွှေတိဂုံ ဘုရား ဌာပနာတိုက်ထဲမှာ ဆံတော်တွေ ရှိတာပေါ့ ။ ဒီဘုရားကြီး ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးပါဘဲလေ ။
To be continue ......... Sending out A mission of Sixty Arahants Chapter
တပုဿနှင့် ဘလ္လိက ညီနောင်တို့ မြတ်စွာဘုရားအား ပျားမုံ့ဆုပ် ကပ်လှူခြင်း ။
A : " I'd like to know what's going on after the Buddha got his enlightenment . "
ဘုရားအဖြစ် ရောက်တော်မူပြီးနောက် ဘာဆက်ဖြစ်သလဲ ဆိုတာ သိချင်ပါတယ် ။
B : " You mean any particular facts ? "
မိတ်ဆွေ ပြောချင်တာက ထူးခြား ဆန်းပြားတဲ့ အချက်တွေလား ။
A : " Yes , of course . "
ဟုတ်ကဲ့ ။ မှန်ပါတယ် ။
B : " As I said , the blessed one sat cross-legged at the foot of Rajayatana tree. "
ပြောခဲ့သလိုပါပဲ ။ ဘုရားဖြစ်တော်မူပြီးတဲ့နောက် မြတ်စွာဘုရားသခင်ဟာ ရာဇယတန လင်းလွန်းပင်ရင်းမှာ
သီတင်းသုံးတော်မူခဲ့တယ် ။
A : " Any difference between the Bo tree and Rajayatana tree ?
ဗောဓိညောင်နဲ့ ရာဇယတန အပင်တို့ဟာ ကွဲခြားမှု ဘယ်လိုပါလဲ ။
B : " Just the same-under those trees the Buddhas got their enlightenment ( great wisdom ) . They are
called , therefore , sacred trees of all time.
အတူတူပါဘဲ ။ ဒီသစ်ပင်တွေရဲ့ အောက်မှာ မြတ်ဘုရားတွေ သဗ္ဗညုတ ရွှေဉာဏ်တော်ရပြီး ဘုရားဖြစ်တော်မူခဲ့ပါတယ် ။
ဘာသာရေးနဲ့ ပတ်သက်ပြီး မြင့်မြတ်တဲ့ သစ်ပင်တွေ ဖြစ်ကြပါတယ် ။
A : " Well , thanks . "
ဟုတ်ကဲ့ ။ ကျေးဇူးတင်ပါတယ် ။
B : " At that time Tapussa and Banlika , the two brothers, traders , went to India . And they offered the Buddha
honey cakes . "
အဲ့ဒိအချိန်မှာဘဲ တပုဿနဲ့ ဘလ္လိက ကုန်သည်ညီနောင်ဟာ အိန္ဒိယပြည်ကို သွားခဲ့ကြတယ် ။ ဘုရားသခင်ကို ပျားမုံ့ဆုပ် ကပ်လှူခဲ့ကြတယ် ။
A : " From where ? "
အဲ့ဒိ ညီနောင်က ဘယ်ကလဲ ။
B : " From Okkalapa City , Myanmar. "
မြန်မာနိုင်ငံ ဥက္ကလာပ နေပြည်တော်ကပေါ့ ။
A : " When ? "
အချိန်ကာလ သိချင်ပါတယ် ။
B : " 6th century B.C . "
ခရစ်တော် မပေါ်မီ ဘီစီ ၆ ရာစုပါပဲ ။
B : " To continue _ the Buddha gave them eight hairs of sacred relics to worship forever . "
ဆက်ပြောရမယ် ဆိုရင်တော့ မြတ်စွာဘုရားဟာ ကုန်သည်ညီနောင်တို့ကို ပူဇော်ဖို့အတွက် ဆံတော်ရှစ်ဆူ ပေးသနားတော်မူခဲ့တယ် ။
A : " Sacred relics ! "
အော် ဆံတော် ရှစ်ဆူလား ။
B : " Certainly. According to the Buddhism the relics are very noble and powerful . "
မှန်ပါတယ် ။ ဗုဒ္ဓဘာသာအရ ၊ ဓာတ်တော် မွေတော်တွေဟာ မြင့်မြတ်ပြီး ၊ တန်ခိုးကြီးလှပါတယ် ။
B : " When they returned to Myanmar . The relics were enshrined in Singuttara Hill leading by King Okkalapa. "
သူတို့ မြန်မာပြည် ပြန်ရောက်တော့ ဥက္ကလာပ မင်းကြီး ဦးဆောင်ပြီး သိင်္ဂုတ္တရတောင်တော်မှာ ဓာတ်တော်တွေကို ဌာပနာတော်မူပါတယ် ။
A : " Enshrined ! "
ဌာပနာတော်မူတာကိုး ။
B : " Yes , the relics are in Shwedagon Pagoda , the greatest ceti in the world . "
ဟုတ်ပါတယ် ၊ ရွှေတိဂုံ ဘုရား ဌာပနာတိုက်ထဲမှာ ဆံတော်တွေ ရှိတာပေါ့ ။ ဒီဘုရားကြီး ဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးပါဘဲလေ ။
To be continue ......... Sending out A mission of Sixty Arahants Chapter
Tuesday, June 26, 2012
ဘုရားဂုဏ်တော် ကိုးပါး
ဘုရားဂုဏ်တော် ကိုးပါး
ဂုဏ်တော်များ ၊ ဂါထာများ သည်လည်း အခက်ကြုံမှ ရွတ်ဖတ် အသုံးချသည်ထက် အမြဲ ရွတ်ဖတ်ပေးနေရမည် ။ ထိုသို့ ပြုလုပ်ခြင်းကို ထုံ သည်ဟု ဆို၏ ။ ဂုဏ်တော် တစ်ပါးပါး ဂါထာ တစ်ခုကို
နေ့စဉ် သဒ္ဓါတရားဖြင့် အမြဲမပြတ် ရွတ်ဖတ် မွမ်းထုံထားပါက အရေးကြုံပါက သက်လုံကောင်းစေလာမည်
ဖြစ်ပါသည်။ ရွတ်ချင်သည့်နေ့ ရွတ်လိုက် မရွတ်ချင်သည့်အခါ မရွတ်လိုက် မပြုလုပ်ရပါ ။ ၀ီရိယဖြင့်
ဝတ်မပျက် ရွတ်ဖတ်ပါက အကျိုးပေးမည်မှာ အမှန်ပင် ဖြစ်ပါသည် ။
ဂုဏ်တော်ကိုးပါး ပါဠိ အနက်
ဣတိပိ သော ဘဂ၀ါ အရဟံ ၊ သမ္မာသမ္ဗုဒ္ဓေါ ၊ ၀ိဇ္ဇာစရဏ သမ္ပန္နော ၊
သုဂတော ၊ လောက၀ိဒူ ၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ ၊
သတ္ထာဒေ၀ မနုဿာနံ ၊ ဗုဒ္ဓေါ ၊ ဘဂ၀ါ ။
၁ ။ သောဘဂ၀ါ ဣတိပိ အရဟံ = လူမင်း ၊ နတ်မင်း ၊ ဗြဟ္မာမင်း တို့၏ ၀ပ်စင်းကော်ရော် ပူဇော်အထူးကို ခံယူတော် မူထိုက်ပါပေ သော မြတ်စွာဘုရား ။
၂ ။ သောဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ = သိစရာရှိသမျှ တရားဥဿုံ အလုံးစုံကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် မဖောက်မပြန် မှန်ကန်စွာ ထိုးထွင်း၍ သိတော်မူပါပေသော မြတ်စွာဘုရား ။
၃ ။ သောဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော = ၀ိဇ္ဇာသုံးပါး ၊ ၀ိဇ္ဇာရှစ်ပါး တည်းဟူသော အသိတရား ၊ စရဏ တစ်ဆယ့်ငါးပါး တည်းဟူသော အကျင့်တရားတို့နှင့် ပြည့်စုံတော်မူပါပေသော မြတ်စွာဘုရား ။
၎ ။ သောဘဂ၀ါ ဣတိပိ သုဂတော = ကောင်းသောစကားကိုသာ ဆိုတော် မူတတ်ပါပေသော မြတ်စွာဘုရား ။
၅ ။ သောဘဂ၀ါ ဣတိပိ လောက၀ိဒူ = ကာမ ၊ ရူပ ၊ အရူပ ဟု လောကသုံးပါးလုံးကို အကြွင်းမဲ့ သိတော်မူပါပေသော မြတ်စွာဘုရား ။
၆ ။ သောဘဂ၀ါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ = ဆုံးမသင့် ဆုံးမထိုက်သော သတ္တ၀ါများကို ယဉ်ကျေးလိမ္မာအောင် ဆုံးမတော်မူရာ၌ ပြိုင်ဘက် ကင်းတော်မူပါပေသော မြတ်စွာဘုရား ။
၇ ။ သောဘဂ၀ါ ဣတိပိ သတ္ထာဒေ၀ မနုဿာနံ = လူ ၊ နတ် ၊ ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူပါပေသော မြတ်စွာဘုရား ။
၈ ။ သောဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ = သစ္စာလေးပါး မြတ်တရားကို ကိုယ်တော်တိုင်လည်း သိ ၊ ဝေနေယျ သတ္တ၀ါအများကိုလည်း သိစေတော်မူပါသော မြတ်စွာဘုရား ။
၉ ။ သောဘဂ၀ါ ဣတိပိ ဘဂ၀ါ = ဘုန်းတော်အနန္တ ၊ ကံတော်အနန္တ ၊ ဉာဏ်တော်အနန္တ ၊ တန်ခိုးတော်အနန္တ ၊ ဂုဏ်တော်အနန္တ တည်းဟူသော အလုံးစုံသော ကောင်းမှု ကုသိုလ်အပေါင်းနှင့် ပြည့်စုံတော် မူပါပေသော မြတ်စွာဘုရား ။
ဂုဏ်တော်များ ၊ ဂါထာများ သည်လည်း အခက်ကြုံမှ ရွတ်ဖတ် အသုံးချသည်ထက် အမြဲ ရွတ်ဖတ်ပေးနေရမည် ။ ထိုသို့ ပြုလုပ်ခြင်းကို ထုံ သည်ဟု ဆို၏ ။ ဂုဏ်တော် တစ်ပါးပါး ဂါထာ တစ်ခုကို
နေ့စဉ် သဒ္ဓါတရားဖြင့် အမြဲမပြတ် ရွတ်ဖတ် မွမ်းထုံထားပါက အရေးကြုံပါက သက်လုံကောင်းစေလာမည်
ဖြစ်ပါသည်။ ရွတ်ချင်သည့်နေ့ ရွတ်လိုက် မရွတ်ချင်သည့်အခါ မရွတ်လိုက် မပြုလုပ်ရပါ ။ ၀ီရိယဖြင့်
ဝတ်မပျက် ရွတ်ဖတ်ပါက အကျိုးပေးမည်မှာ အမှန်ပင် ဖြစ်ပါသည် ။
ဂုဏ်တော်ကိုးပါး ပါဠိ အနက်
ဣတိပိ သော ဘဂ၀ါ အရဟံ ၊ သမ္မာသမ္ဗုဒ္ဓေါ ၊ ၀ိဇ္ဇာစရဏ သမ္ပန္နော ၊
သုဂတော ၊ လောက၀ိဒူ ၊ အနုတ္တရော ပုရိသ ဒမ္မသာရထိ ၊
သတ္ထာဒေ၀ မနုဿာနံ ၊ ဗုဒ္ဓေါ ၊ ဘဂ၀ါ ။
၁ ။ သောဘဂ၀ါ ဣတိပိ အရဟံ = လူမင်း ၊ နတ်မင်း ၊ ဗြဟ္မာမင်း တို့၏ ၀ပ်စင်းကော်ရော် ပူဇော်အထူးကို ခံယူတော် မူထိုက်ပါပေ သော မြတ်စွာဘုရား ။
၂ ။ သောဘဂ၀ါ ဣတိပိ သမ္မာသမ္ဗုဒ္ဓေါ = သိစရာရှိသမျှ တရားဥဿုံ အလုံးစုံကို ဆရာမကူ သယမ္ဘူဉာဏ်ဖြင့် မဖောက်မပြန် မှန်ကန်စွာ ထိုးထွင်း၍ သိတော်မူပါပေသော မြတ်စွာဘုရား ။
၃ ။ သောဘဂ၀ါ ဣတိပိ ၀ိဇ္ဇာစရဏသမ္ပန္နော = ၀ိဇ္ဇာသုံးပါး ၊ ၀ိဇ္ဇာရှစ်ပါး တည်းဟူသော အသိတရား ၊ စရဏ တစ်ဆယ့်ငါးပါး တည်းဟူသော အကျင့်တရားတို့နှင့် ပြည့်စုံတော်မူပါပေသော မြတ်စွာဘုရား ။
၎ ။ သောဘဂ၀ါ ဣတိပိ သုဂတော = ကောင်းသောစကားကိုသာ ဆိုတော် မူတတ်ပါပေသော မြတ်စွာဘုရား ။
၅ ။ သောဘဂ၀ါ ဣတိပိ လောက၀ိဒူ = ကာမ ၊ ရူပ ၊ အရူပ ဟု လောကသုံးပါးလုံးကို အကြွင်းမဲ့ သိတော်မူပါပေသော မြတ်စွာဘုရား ။
၆ ။ သောဘဂ၀ါ ဣတိပိ အနုတ္တရော ပုရိသ ဒမ္မသာရထိ = ဆုံးမသင့် ဆုံးမထိုက်သော သတ္တ၀ါများကို ယဉ်ကျေးလိမ္မာအောင် ဆုံးမတော်မူရာ၌ ပြိုင်ဘက် ကင်းတော်မူပါပေသော မြတ်စွာဘုရား ။
၇ ။ သောဘဂ၀ါ ဣတိပိ သတ္ထာဒေ၀ မနုဿာနံ = လူ ၊ နတ် ၊ ဗြဟ္မာ သတ္တ၀ါအပေါင်းတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူပါပေသော မြတ်စွာဘုရား ။
၈ ။ သောဘဂ၀ါ ဣတိပိ ဗုဒ္ဓေါ = သစ္စာလေးပါး မြတ်တရားကို ကိုယ်တော်တိုင်လည်း သိ ၊ ဝေနေယျ သတ္တ၀ါအများကိုလည်း သိစေတော်မူပါသော မြတ်စွာဘုရား ။
၉ ။ သောဘဂ၀ါ ဣတိပိ ဘဂ၀ါ = ဘုန်းတော်အနန္တ ၊ ကံတော်အနန္တ ၊ ဉာဏ်တော်အနန္တ ၊ တန်ခိုးတော်အနန္တ ၊ ဂုဏ်တော်အနန္တ တည်းဟူသော အလုံးစုံသော ကောင်းမှု ကုသိုလ်အပေါင်းနှင့် ပြည့်စုံတော် မူပါပေသော မြတ်စွာဘုရား ။
Monday, June 11, 2012
မေတ္တာ ၊ ပဋ္ဌာန်း ၊ သမ္ဗုဒ္ဓေကျင့်စဉ်တော်
မေတ္တာ ၊ ပဋ္ဌာန်း ၊ သမ္ဗုဒ္ဓေကျင့်စဉ်တော်
အဓိဋ္ဌာန်ကို မည်သည့်နေ့တွင်မဆို စတင် ၀င်ရောက်နိုင်ပါသည် ။ နံနက် ( ၉ ) နာရီမှ ( ၁၁ )နာရီအတွင်း
အဓိဋ္ဌာန် ဆောင်ရွက်ရပါမည် ။ အဓိဋ္ဌာန် တစ်ခါ ၀င်လျှင် ( ၉ ) ရက် သတ်မှတ်၍ ပြီးဆုံး အောင်မြင်အောင် ပြုလုပ်ရပါမည် ။
အဓိဋ္ဌာန် မစမီ ဆွမ်း ၊ ပန်း ၊ ရေချမ်း ၊ နံ့သာတိုင် ၊ အလင်းတိုင် တို့ကို မိမိ စိတ်တွင် ကြည်ညိုသလို လှူဒါန်းနိုင်ပါသည် ။
ထို့နောက် ဩကာသ ကန်တော့ချိုးဖြင့် ငါးပါးသီလ ခံယူဆောက်တည်ပါ ။ ဤ ငါးပါးသီလကို တစ်နေကုန် စောင့်ထိန်းရမည် မဟုတ်ပါ ။
အဓိဋ္ဌာန် ကျင့်စဉ်တော်ဖြင့် ပူဇော်ဆဲ တစ်ထိုင် အချိန်အတွင်းမျှသာ ဖြစ်ပါသည် ။
ပထမ ဦးဆုံး “ နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ” သုံးကြိမ် ရွတ်ပွားပါ ။
မေတ္တသုတ်တော်
၄၆ ။ ယဿာ နုဘာဝတော ယက္ခာ ၊
နေ၀ ဒေဿန္တိ ဘီသနံ ။
ယဥှိ စေ၀ါနုယုဉ္ဇန္တော ၊ ရတ္တိန္ဒိဝ မတန္ဒိတော ။
၄၇ ။ သုခံ သုပတိ သုတ္တောစ ၊ ပါပံ ကိဉ္စိ န ပဿတိ ။
ဧ၀မာ ဒိဂုဏူပေတံ ၊ ပရိတ္တံ တံ ဘဏာမ ဟေ ။
၄၈ ။ ကရဏီယ မတ္ထကုသလေန ၊
ယန္တ သန္တံ ပဒံ အဘိသမေစ္စ ။
သက္ကော ဥဇူ စ သုဟုဇူ စ ၊
သုဝစော စဿ မုဒု အနတိမာနီ ။
၄၉ ။ သန္တုဿကော စ သုဘရော စ ၊
အပ္ပကိစ္စော စ သလ္လဟုက၀ုတ္တိ ။
သန္တိန္ဒြိယော စ နိပကောစ ၊
အပ္ပဂဗ္ဘော ကုလေသွ ' နနုဂိဒ္ဓေါ ။
၅၀ ။ န စ ခုဒ္ဒ , မာစရေ ကိဉ္စိ ၊
ယေန ၀ိညူ ပရေ ဥပ၀ဒေယျုံ ။
သုခိနောဝ ခေမိနော ဟောန္တု ၊
သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ ။
၅၁ ။ ယေ ကေစိ ပါဏဘူတတ္ထိ ၊
တသာ ၀ါ ထာဝရာ ၀ ' န၀သေသာ ။
ဒီဃာ ၀ါ ယေ ၀ မဟန္တာ ။
မဇ္ဈိမာ ရဿကာ အဏုကထူလာ ။
၅၂ ။ ဒိဋ္ဌာဝါ ယေ ၀ အဒိဋ္ဌာ ၊
ယေ ၀ ဒူရေ ၀သန္တိ အ၀ိဒူရေ ။
ဘူတာ ၀ သမ္ဘဝေသီ ၀ ၊
သဗ္ဗသတ္တာ ဘ၀န္တု သုခိတတ္တာ ။
၅၃ ။ န ပရော ပရံ နိကုဗ္ဘေထ ၊
နာတိမညေထ ကတ္ထစိ န ကဉ္စိ ။
ဗျာရောသနာ ပဋိဃသည ၊
နာညမညဿ ဒုက္ခမိစ္ဆေယျ ။
၅၄ ။ မာတာ ယထာ နိယံ ပုတ္တ -
မာယုသာ ဧကပုတ္တမနုရက္ခေ ။
ဧ၀မ္ပိ သဗ္ဗဘူတေသု ၊
မာနသံ ဘာဝယေ အပရိမာဏံ ။
၅၅ ။ မေတ္တဉ္စ သဗ္ဗလောက သ္မိ ၊
မာနသံ ဘာဝယေ အပရိမာဏံ ။
ဥဒ္ဓံ အဓော စ တိရိယဉ္စ ၊
အသမ္ဗာဓံ အဝေရ ' မသပတ္တံ ။
၅၆ ။ တိဋ္ဌံ စရံ နိသိန္နော ၀ ၊
သယာနော ယာဝတာ'ဿ ၀ိတမိဒ္ဓေါ ။
ဧတံ သတႎ အဓိေ႒ယ် ၊
ဗြဟ္မ ' မေတံ ၀ိဟာရ ' မိဓ မာဟု ။
၅၇ ။ ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ ၊
သီလ၀ါ ဒဿနေန သမ္ပန္နော ။
ကာမေသု ၀ိနေယျ ဂေဓံ ၊
န ဟိ ဇာတု ' ဂ္ဂ ဗ္ဘသေယျ ပုန ရေတိ ။
မေတ္တ သုတ္တံ နိဋ္ဌိတံ ။ ။
ပြီးလျှင် အရှေ့အရပ်သို့ စကြ၀ဠာ အဆုံးတိုင် အာရုံညွှတ်၍ မေတ္တသုတ်တော်ကို ရွတ်ပွားပါ ။ ပြီးလျှင် “ အရှေ့အရပ်၌ ရှိကြကုန်သော အနန္တစကြ၀ဠာ ၊ အနန္တသတ္တ၀ါတို့သည်
မေတ္တသုတ်တော်၏ ဂုဏ်တန်ခိုးကြောင့် ဆင်းရဲခပ်သိမ်း ၊ ဘေးရန်ခပ်သိမ်း ၊ ဒုက္ခခပ်သိမ်း ၊ ကြောင့်ကြခပ်သိမ်း ကင်းငြိမ်းကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၍
ချမ်းသာကြပါစေ ။ တပည့်တော်လည်း ထို့အတူ ဖြစ်ရပါစေ ” ဟု ဆုတောင်းပါ ။
ထို့နောက် အနောက်အရပ် ၊ တောင်အရပ် ၊ မြောက်အရပ် ၊ အရှေ့မြောက်အရပ် ၊ အနောက်တောင်အရပ် ၊ အရှေ့တောင်အရပ် ၊ အနောက်မြောက်အရပ် ၊
အထက်အရပ် ၊ အောက်အရပ် တို့သို့ အစဉ်အတိုင်း အရပ်မျက်နှာများသို့ အာရုံညွှတ်၍ မေတ္တသုတ်တော်ကို ရွတ်ပွား ပူဇော်၍ ထိုနည်းတူ ဆုတောင်းပါ ။
ပဋ္ဌာန်း ပစ္စယုဒ္ဒေသ ပါဠိတော်
ဟေတုပစ္စယော ၊ အာရမ္မဏပစ္စယော ၊ အဓိပတိပစ္စယော ၊ အနန္တရပစ္စယော ၊
သမနန္တရပစ္စယော ၊ သဟဇာတပစ္စယော ၊ အညမညပစ္စယော ၊ နိဿယပစ္စယော ၊
ဥပနိဿယပစ္စယော ၊ ပုရေဇာတပစ္စယော ၊ ပစ္ဆာဇာတပစ္စယော ၊ အာသေ၀နပစ္စယော ၊
ကမ္မပစ္စယော ၊ ၀ိပါကပစ္စယော ၊ အာဟာရပစ္စယော ၊ ဣန္ဒြိယပစ္စယော ၊
ဈာနပစ္စယော ၊ မဂ္ဂပစ္စယော ၊ သမ္ပယုတ္တပစ္စယော ၊ ၀ိပ္ပယုတ္တပစ္စယော ၊
အတ္ထိပစ္စယော ၊ နတ္ထိပစ္စယော ၊ ၀ိဂတပစ္စယော ၊ အ၀ိဂတပစ္စယော တိ ။
အထက်ပါ အတိုင်းပင် အရပ်ဆယ်မျက်နှာသို့ တစ်လှည့်စီ ပဋ္ဌာန်းပါဠိတော် ပစ္စယုဒ္ဒေသကို ရွတ်ပွားပူဇော်ပါ ။ ပြီးလျှင် “ ထိုအရပ်၌ ရှိကြကုန်သော အနန္တစကြ၀ဠာ ၊
အနန္တသတ္တ၀ါတို့သည် ပဋ္ဌာန်းဒေသနာတော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် လောကုတ္တရာ အမှောင်များ ဖြစ်သော အ၀ိဇ္ဇာကင်းပျောက်၍ သစ္စာလေးပါး တရားတော်များကို
သိရှိ၍ ဒါန ၊ သီလ ၊ ဘာဝနာ ၊ ကုသိုလ် တရားများကို ပွားများ အားထုတ်နိုင်ကြပြီး လောဘ ၊ ဒေါသ ၊ မောဟ ဟူသည့် အကုသိုလ် တရားများ ကင်းဝေးကာ လောကုတ္တရာအလင်းသို့
ရောက်ရှိကြပါစေ ။ တပည့်တော်လည်း ထို့အတူ ဖြစ်ရပါစေ ” ဟု ဆုတောင်းပါ ။ ထို့နောက် “ ထို အရပ်ဒေသ၌ ရှိကြကုန်သော အနန္တစကြ၀ဠာ ၊ အနန္တသတ္တ၀ါတို့သည် ပဋ္ဌာန်းဒေသနာတော်၏ တန်ခိုးရှိန်စော် အာနုဘော်ကြောင့် လောကီအမှောင်များ ဖြစ်သော စားဝတ်နေရေး ခက်ခဲ ကျပ်တည်းခြင်း ၊ ရာထူးဌာနန္တရ ၊ စည်းစိမ် ဥစ္စာ ၊ အလုပ်အကိုင် လျှောကျပျက်စီးခြင်း ၊ ကျန်းမာရေး ချို့ယွင်းခြင်း ၊ အနာဒဏ်ရာ စွဲကပ်ကျရောက်ခြင်း ၊ အမှုအခင်း ရင်ဆိုင် ကြုံတွေ့ရခြင်း ၊ ဘေးရန်အန္တရာယ် ကြုံတွေ့ရခြင်း ၊ မလိုမုန်းထားသူ ရှိခြင်း ၊ ပူပင် သောက ကြုံတွေ့ရခြင်း စသော အမှောင်တို့ ကင်းပျောက်၍ အလင်းသို့ ရောက်ရှိကြပါစေ ။ တပည့်တော်လည်း ထို့အတူ ဖြစ်ရပါစေ ။ ” ဟု ဆုတောင်းပါ ။
သမ္ဗုဒ္ဓေဂါထာတော်
သမ္ဗုဒ္ဓေ အဋ္ဌ၀ီသဉ္စ ၊ ဒွါဒသဉ္စ သဟဿကေ ။
ပဉ္စဿတ သဟဿာနိ ၊ နမာမိ သိရသာမဟံ ။
အပ္ပကာ ၀ါလုကာ ဂင်္ဂါ ၊ အနန္တာ နိဗ္ဗုတာ ဇိနာ ။
တေသံ ဓမ္မဉ္စ သံဃဉ္စ ၊ အာဒရေန နမာမဟံ ။
နမက္ကရာနုဘာဝေန ၊ ဟိတွာ သဗ္ဗေ ဥပဒ္ဒဝေ ။
အနေက အန္တရာယာပိ ၊ ၀ိနဿန္တု အသေသတော ။
ထို့နောက် သမ္ဗုဒ္ဓေဂါထာတော်ကို အထက်ပါအတိုင်း အရပ်မျက်နှာ အစဉ်လိုက် ရွတ်ပွားပူဇော်ရပါမည် ။ အရပ်မျက်နှာ တစ်ခု ရွတ်ပွားပြီးတိုင်း “ ထိုအရပ်ဒေသ၌ ရှိကြကုန်သော အနန္တစကြ၀ဠာ အနန္တသတ္တ၀ါတို့သည် ဂင်္ဂါဝါလု သဲစုမက ပွင့်တော်မူပြီးကုန်သော ဘုရား အဆူဆူတို့၏ ဂုဏ်တော် ၊ မေတ္တာတော် ၊ ကရုဏာတော် ၊ ပါရမီတော်တို့ကြောင့် ဒုက္ခဆင်းရဲခြင်း အပေါင်း ကင်းဝေး၍ ကောင်းကျိုးလိုရာဆန္ဒ ဟူသရွေ့ ပြည့်စုံ ၊ ပြည့်ဝကြပါစေ ။ တပည့်တော်လည်း ထို့အတူ ဖြစ်ရပါစေ ” ဟု ဆုတောင်းပါ ။
ထို့နောက် တပည့်တော်သည် မေတ္တာ ၊ ပဋ္ဌာန်း ၊ သမ္ဗုဒ္ဓေ ကျင့်စဉ်တော်ကို အဓိဋ္ဌာန် ထားရှိသည့်အတိုင်း မပျက်မကွက် ပူဇော်ပြီးမြောက်ခဲ့ပါပြီ ။ ဤကောင်းမှု ဤကုသိုလ်တို့၏ အဖို့ဘာဂကို ( ၃၁ ) ဘုံသား အားလုံးတို့သည် တပည့်တော်နှင့် ထပ်တူ ထပ်မျှ ရရှိကြစေရန် အမျှပေးဝေပါသည် ။ အမျှ အမျှ အမျှ ယူတော်မူကြပါကုန်လော့ ဟု အမျှပေးဝေ၍ သာဓု ခေါ်ဆိုပါ ။
ဤ ကျင့်စဉ်တော်သည် ထူးခြားလှသော ကျင့်စဉ်တော် ဖြစ်၏ ။ အဓိဋ္ဌာန် တစ်ကြိမ် ( ၉ ) ရက်ပြီးမြောက်လျှင် စီးပွားရေး ၊ လူမှုရေး ၊ ကျန်းမာရေး ၊ အလုပ်အကိုင် ၊ လာဘ်လာဘတို့ သိသာစွာ ထူးခြားလာပါလိမ့်မည် ။
ကျင့်စဉ်တော် အဓိဋ္ဌာန်ဝင် ပူဇော်သူများထံမှလည်း သိသာထူးခြားသော ကောင်းကျိုးများ လက်ငင်း ခံစားရကြောင်း သတင်းကောင်းများ ပြန်လည် ကြားသိနေရလျက် ရှိပါသည် ။
ထို့ကြောင့် ဤကျင့်စဉ်တော်ကို အဓိဋ္ဌာန်တစ်ကြိမ်မျှကိုတော့ ၀င်ရောက်ကြည့်ကြစေရန် မေတ္တာစေတနာဖြင့် တိုက်တွန်းအပ်ပါသည် ။
ဘိုဘို ( ရွှေကံကူ ) စာမျက်နှာ - ၈၂
မေလ ၂၀၁၂ သူရဇ္ဇမဂ္ဂဇင်း မှ ကူးယူဖော်ပြပေးပါသည် ။
Friday, June 8, 2012
Subscribe to:
Comments (Atom)