၂ ။ အဒိန္နဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏ ။
* ၁။ ငါးပါးအာရုံ ကြုံတွေ့ငြားတော့ ၊
စိတ်တွေ လှုပ်ရှားဖောက်ပြန်လာ ။
ခိုးချင် ယူချင် သတိထား၍
ကျိုးပြစ် နှစ်ပါး စဉ်းစားပါ ။
အပြစ်ရှိတာ ကိုယ်တိုင်သိတော့
မပြုမိဘို့ ချုပ်တည်းပါ ။
ရှေ့နောက်နှစ်ပါး မစဉ်းစား ခုကားရပ်လိုက်ပါ ။
အဲဒါမှ ကိုယ်၌ တည်ကြ သီလသာသနာ ။
၂ ။ သူ့ဥစ္စာကို သိလျက်သားနဲ့
လောဘစိတ်ထား ခိုးယူလို
လုံ့လပြုကာ ခိုးယူမိက
အဒိန္နဒါန အကုသိုလ်
လွန်ကျူးမိလျှင် တကယ်ပဲပေါ့
အပါယ်ငရဲ ကျမည်ဆို
လွတ်ပြန်လျှင်လည်း ဥစ္စာမွဲ
ဆင်းရဲ ဖြစ်တိုင်းကိုယ်
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို ။
- သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်သော ပုဂ္ဂိုလ်များသည် -
( ၁ ) အပါယ်ငရဲမှ လွတ်မြောက်ရခြင်း ။
( ၂ ) ပစ္စည်းဥစ္စာ ပေါများရခြင်း ။
( ၃ ) စပါး ဆန်ရေ ရွှေငွေ ဘဏ္ဍာတိုက်တာ အိုးအိမ် စည်းစိမ်ဥစ္စာ ပေါများရခြင်း ။
( ၄ ) မဖြစ်သေး မရသေးသော ပစ္စည်း အသုံးအဆောင်ကို ရခြင်း ။
( ၅ ) ဖြစ်ပြီးသော စည်းစိမ်ဥစ္စာ မြဲမြံစွာ တည်ခြင်း ။
( ၆ ) ဘာမဆို အလိုရှိက စကားနှင့် ရနိုင်ခြင်း ။
( ၇ ) မိမိ ပစ္စည်းကို ရန်သူမျိုး ငါးပါးတို့ လုယူနှောက်ယှက်မှု မပြုနိုင်ခြင်း ။
( ၈ ) မရှိ ဟူသောစကားကို နားမျှမလည်ဘဲ အမြဲတမ်း ချမ်းသာစွာ နေရခြင်း စသော
အကျိုးတရားများကို ရနိုင်ပါသည် ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment