Sunday, April 26, 2015
၁ ။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
ငါးပါးသီလနှင့် ပတ်သက်သော ကျင့်ဝတ် လင်္ကာလေးများနှင့် အကျိုးကျေးဇူးလေးများကို ဗဟုသုတအလို့ငှာ တင်ပေးသွားပါ့မယ် …
ငါးပါးသီလ
၁ ။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
၂ ။ အဒိန္နဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
၃ ။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
၎ ။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
၅ ။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
၁ ။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏ ။
* ၁။ ဆိုးကောင်းအာရုံ ကြုံတွေ့ငြားတော့ ၊
စိတ်တွေ လှုပ်ရှားဖောက်ပြန်လာ ။
သတ်ချင်လာလျှင် သတိထား၍
ကျိုးပြစ် နှစ်ပါး စဉ်းစားပါ ။
အပြစ်ရှိတာ ကိုယ်တိုင်သိတော့
မပြုမိဘို့ ချုပ်တည်းပါ ။
ရှေ့နောက်နှစ်ပါး မစဉ်းစား ခုကားရပ်လိုက်ပါ ။
အဲဒါမှ ကိုယ်၌ တည်ကြ သီလသာသနာ ။
၂ ။ သူ့အသက်ကို သိလျက်သားနဲ့
ဒေါသစိတ်ထား သေစေလို
လုံ့လပြုကာ သေအောင် သတ်တော့
ပါဏာတိပါတ် အကုသိုလ်
လွန်ကျူးမိလျှင် တကယ်ပဲပေါ့
အပါယ်ငရဲ ကျမည်ဆို
လွတ်ပြန်လျှင်လည်း ၊ ရောဂါစွဲ
ဆင်းရဲ အသက်တို
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို ။
- သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်သော ပုဂ္ဂိုလ်များသည် -
( ၁ ) အပါယ်လေးပါးမှ လွတ်မြောက်ပြီး ၊ ရုပ်ဆင်းအင်္ဂါနှင့် ပြည့်စုံရခြင်း ။
( ၂ ) အနာရောဂါ ကင်းပြီး ကျန်းမာခြင်းနှင့် ပြည့်စုံရခြင်း ။
( ၃ ) လူအပေါင်းတို့က ချစ်ခင်ခြင်း ။
( ၄ ) သူတစ်ပါး နှိပ်စက် ညှဉ်းဆဲခြင်းကို မခံရခြင်း ။
( ၅ ) သူတစ်ပါး လုံ့လ ပယောဂကြောင့် မသေရခြင်း ။
( ၆ ) အခြံအရံ ပေါများခြင်း ။
( ၇ ) စိုးရိမ် ပူဆွေးမှုနှင့် မတွေ့ရခြင်း ။
( ၈ ) ချစ်သောသူနှင့် ရှင်ကွဲ မကွဲရခြင်း စသော အကျိုးတရားများကို ရနိုင်ပါသည် ။
Subscribe to:
Post Comments (Atom)
No comments:
Post a Comment