Monday, April 27, 2015
၅ ။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
၅ ။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
သေရည် သေရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏ ။
* ၁။ ပေါင်းသင်းလူစုံ ကြုံတွေ့များတော့ ၊
စိတ်တွေ လှုပ်ရှားဖောက်ပြန်လာ ။
ပျော်ပါးချင်လျှင် သတိထားပေါ့
ကျိုးပြစ် နှစ်ပါး စဉ်းစားပါ ။
အပြစ်ရှိတာ ကိုယ်တိုင်သိတော့
မပြုမိဘို့ ချုပ်တည်းပါ ။
ရှေ့နောက်နှစ်ပါး မစဉ်းစား ခုကားရပ်လိုက်ပါ ။
အဲဒါမှ ကိုယ်၌ တည်ကြ သီလသာသနာ ။
၂ ။ ယစ်မူးတတ်စွာ သေရည်များကို
မူးယစ်သောက်စား ဘိန်းရှူမျို ၊
ဒုစရိုက်တွေ ဖြစ်ပေါ်ကြောင်းမို့
မကောင်းစင်စစ် အကုသိုလ်
လွန်ကျူးမိလျှင် တကယ်ပဲပေါ့
အပါယ်ငရဲ ကျမည်ဆို
လွတ်လာစေဦး လူမေ့မူး အရူးဆက်တိုင်းကို ၊
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို ။
- သေရည် သေရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်သော ပုဂ္ဂိုလ်များသည် -
( ၁ ) အပါယ်ဘေးမှ ကင်းလွတ်ရခြင်း ။
( ၂ ) သတိ အလွန်ကောင်းခြင်း ။
( ၃ ) အဘယ် အကြောင်းကိစ္စမဆို အလျင်အမြန် ဝေဖန်နိုင်ခြင်း ။
( ၄ ) ဉာဏ်ပညာ ထက်မြက်ခြင်း ။
( ၅ ) ထုံထိုင်း တွေဝေမှု မရှိခြင်း ။
( ၆ ) မဆွံ့ မအခြင်း
( ၇ ) အမျက်ဒေါသ နည်းပါးခြင်း ။
( ၈ ) အရှက်အကြောက် ရှိခြင်း ။
( ၉ ) အနာရောဂါ ကင်းရှင်းခြင်း ။
( ၁၀ ) အသက်ရှည်ခြင်း ။
( ၁၁ ) အခြွေအရံ ပေါများတတ်ခြင်း စသော အကျိုးတရားများကို ရနိုင်ပါသည် ။
Sunday, April 26, 2015
၎ ။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
၎ ။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏ ။
* ၁။ သောင်းပြောင်းအာရုံ ကြုံတွေ့များတော့ ၊
စိတ်တွေ လှုပ်ရှားဖောက်ပြန်လာ ။
လိမ်ကောက်ချင်လျှင် သတိထား၍
ကျိုးပြစ် နှစ်ပါး စဉ်းစားပါ ။
အပြစ်ရှိတာ ကိုယ်တိုင်သိတော့
မပြောမိဘို့ ချုပ်တည်းပါ ။
ရှေ့နောက်နှစ်ပါး မစဉ်းစား ခုကားရပ်လိုက်ပါ ။
အဲဒါမှ နှုတ်၌ တည်ကြ သီလသာသနာ ။
၂ ။ မဟုတ်မမှန် တစ်ဘက်သားကို
ယွင်းချွတ်လှည့်စား မုသားဆို
အဓိပ္ပာယ်ကို ထိုသူသိ၍
အကျိုးကိုထိ အကုသိုလ်
လွန်ကျူးမိလျှင် တကယ်ပဲပေါ့
အပါယ်ငရဲ ကျမည်ဆို
လွတ်လာပြန်လဲ ပါးစပ်ပြဲ သွားကြဲ နှုတ်ခမ်းတို ၊
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို ။
- မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်သော ပုဂ္ဂိုလ်များသည် -
( ၁ ) နှုတ်ခမ်း လှပတတ်ခြင်း ။
( ၂ ) သွား လှပတတ်ခြင်း ။
( ၃ ) ခံတွင်းက အနံ့ကောင်းခြင်း ။
( ၄ ) မိမိ ပြောသောစကားကို သူတစ်ပါးက လေးစားယုံကြည်ခြင်း ။
( ၅ ) အလိမ်အကောက် အစွပ်အစွဲ မခံရခြင်း ။
( ၆ ) အပါယ်ဘေးမှ ကင်းလွတ်ခြင်း စသော အကျိုးတရားများကို ရနိုင်ပါသည် ။
၃ ။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
၃ ။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
မသွားလာ မပြစ်မှားကောင်းသော မိန်းမတို့၌ သွားလာ ပြစ်မှားခြင်းမှ ရှောင်ကြဉ်ပါ၏ ။
* ၁။ ငါးပါးအာရုံ ကြုံတွေ့ငြားတော့ ၊
စိတ်တွေ လှုပ်ရှားဖောက်ပြန်လာ ။
ကျူးလွန်ချင်လျှင် သတိထား၍
ကျိုးပြစ် နှစ်ပါး စဉ်းစားပါ ။
အပြစ်ရှိတာ ကိုယ်တိုင်သိတော့
မပြုမိဘို့ ချုပ်တည်းပါ ။
ရှေ့နောက်နှစ်ပါး မစဉ်းစား ခုကားရပ်လိုက်ပါ ။
အဲဒါမှ ကိုယ်၌ တည်ကြ သီလသာသနာ ။
၂ ။ ရှောင်ရှားအပ်သူ မိန်းမများ၌
ရာဂ စိတ်ထား ပေါင်းဖော်လို
လုံ့လထုတ်ကာ ကျူးလွန်ပြုက
ကာမေသုတ အကုသိုလ်
လွန်ကျူးမိလျှင် တကယ်ပဲပေါ့
အပါယ်ငရဲ ကျမည်ဆို
လွတ်လာပြန်က နပုံးပ မိန်းမဖြစ်ရသလို
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို ။
- မသွားလာ မပြစ်မှားကောင်းသော မိန်းမတို့၌ သွားလာ ပြစ်မှားခြင်းမှ ရှောင်ကြဉ်သော
ပုဂ္ဂိုလ်များသည် -
( ၁ ) ရန်သူအပေါင်းမှ ကင်းလွတ်ခြင်း ။
( ၂ ) လူအပေါင်းတို့ ချစ်ခင်မြတ်နိုးခြင်း ။
( ၃ ) ချမ်းသာစွာ အိပ်ရခြင်း ။
( ၄ ) ချမ်းသာစွာ နိုးရခြင်း ။
( ၅ ) ဘဝတိုင်း ဘဝတိုင်း ယောက်ျားကောင်း စင်စစ်ဖြစ်ရခြင်း ။
( ၆ ) ပူပင် ကြောင့်ကြမှု မရှိခြင်း ။
( ၇ ) အပါယ်ဘေးမှ ကင်းလွတ်ခြင်း စသော အကျိုးတရားများကို ရနိုင်ပါသည် ။
၂ ။ အဒိန္နဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
၂ ။ အဒိန္နဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏ ။
* ၁။ ငါးပါးအာရုံ ကြုံတွေ့ငြားတော့ ၊
စိတ်တွေ လှုပ်ရှားဖောက်ပြန်လာ ။
ခိုးချင် ယူချင် သတိထား၍
ကျိုးပြစ် နှစ်ပါး စဉ်းစားပါ ။
အပြစ်ရှိတာ ကိုယ်တိုင်သိတော့
မပြုမိဘို့ ချုပ်တည်းပါ ။
ရှေ့နောက်နှစ်ပါး မစဉ်းစား ခုကားရပ်လိုက်ပါ ။
အဲဒါမှ ကိုယ်၌ တည်ကြ သီလသာသနာ ။
၂ ။ သူ့ဥစ္စာကို သိလျက်သားနဲ့
လောဘစိတ်ထား ခိုးယူလို
လုံ့လပြုကာ ခိုးယူမိက
အဒိန္နဒါန အကုသိုလ်
လွန်ကျူးမိလျှင် တကယ်ပဲပေါ့
အပါယ်ငရဲ ကျမည်ဆို
လွတ်ပြန်လျှင်လည်း ဥစ္စာမွဲ
ဆင်းရဲ ဖြစ်တိုင်းကိုယ်
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို ။
- သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်သော ပုဂ္ဂိုလ်များသည် -
( ၁ ) အပါယ်ငရဲမှ လွတ်မြောက်ရခြင်း ။
( ၂ ) ပစ္စည်းဥစ္စာ ပေါများရခြင်း ။
( ၃ ) စပါး ဆန်ရေ ရွှေငွေ ဘဏ္ဍာတိုက်တာ အိုးအိမ် စည်းစိမ်ဥစ္စာ ပေါများရခြင်း ။
( ၄ ) မဖြစ်သေး မရသေးသော ပစ္စည်း အသုံးအဆောင်ကို ရခြင်း ။
( ၅ ) ဖြစ်ပြီးသော စည်းစိမ်ဥစ္စာ မြဲမြံစွာ တည်ခြင်း ။
( ၆ ) ဘာမဆို အလိုရှိက စကားနှင့် ရနိုင်ခြင်း ။
( ၇ ) မိမိ ပစ္စည်းကို ရန်သူမျိုး ငါးပါးတို့ လုယူနှောက်ယှက်မှု မပြုနိုင်ခြင်း ။
( ၈ ) မရှိ ဟူသောစကားကို နားမျှမလည်ဘဲ အမြဲတမ်း ချမ်းသာစွာ နေရခြင်း စသော
အကျိုးတရားများကို ရနိုင်ပါသည် ။

၁ ။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
ငါးပါးသီလနှင့် ပတ်သက်သော ကျင့်ဝတ် လင်္ကာလေးများနှင့် အကျိုးကျေးဇူးလေးများကို ဗဟုသုတအလို့ငှာ တင်ပေးသွားပါ့မယ် …
ငါးပါးသီလ
၁ ။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
၂ ။ အဒိန္နဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
၃ ။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
၎ ။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
၅ ။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
၁ ။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏ ။
* ၁။ ဆိုးကောင်းအာရုံ ကြုံတွေ့ငြားတော့ ၊
စိတ်တွေ လှုပ်ရှားဖောက်ပြန်လာ ။
သတ်ချင်လာလျှင် သတိထား၍
ကျိုးပြစ် နှစ်ပါး စဉ်းစားပါ ။
အပြစ်ရှိတာ ကိုယ်တိုင်သိတော့
မပြုမိဘို့ ချုပ်တည်းပါ ။
ရှေ့နောက်နှစ်ပါး မစဉ်းစား ခုကားရပ်လိုက်ပါ ။
အဲဒါမှ ကိုယ်၌ တည်ကြ သီလသာသနာ ။
၂ ။ သူ့အသက်ကို သိလျက်သားနဲ့
ဒေါသစိတ်ထား သေစေလို
လုံ့လပြုကာ သေအောင် သတ်တော့
ပါဏာတိပါတ် အကုသိုလ်
လွန်ကျူးမိလျှင် တကယ်ပဲပေါ့
အပါယ်ငရဲ ကျမည်ဆို
လွတ်ပြန်လျှင်လည်း ၊ ရောဂါစွဲ
ဆင်းရဲ အသက်တို
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို ။
- သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်သော ပုဂ္ဂိုလ်များသည် -
( ၁ ) အပါယ်လေးပါးမှ လွတ်မြောက်ပြီး ၊ ရုပ်ဆင်းအင်္ဂါနှင့် ပြည့်စုံရခြင်း ။
( ၂ ) အနာရောဂါ ကင်းပြီး ကျန်းမာခြင်းနှင့် ပြည့်စုံရခြင်း ။
( ၃ ) လူအပေါင်းတို့က ချစ်ခင်ခြင်း ။
( ၄ ) သူတစ်ပါး နှိပ်စက် ညှဉ်းဆဲခြင်းကို မခံရခြင်း ။
( ၅ ) သူတစ်ပါး လုံ့လ ပယောဂကြောင့် မသေရခြင်း ။
( ၆ ) အခြံအရံ ပေါများခြင်း ။
( ၇ ) စိုးရိမ် ပူဆွေးမှုနှင့် မတွေ့ရခြင်း ။
( ၈ ) ချစ်သောသူနှင့် ရှင်ကွဲ မကွဲရခြင်း စသော အကျိုးတရားများကို ရနိုင်ပါသည် ။
Subscribe to:
Posts (Atom)