Saturday, December 26, 2015
မင်းလှ ဆရာတော်ဘုရား ပုတီးစိပ်
မင်းလှ ဆရာတော်ဘုရား ပုတီးစိပ်
မြတ်စွာဘုရားရဲ့ ဂုဏ်တော်များကို အစဉ်အတိုင်း ရေတွက်လျှင် -
၁ ။ အရဟံ
၂ ။ သမ္မာသမ္ဗုဒ္ဓေါ
၃ ။ ဝိဇ္ဇာစရဏ သမ္ပန္နော
၎ ။ သုဂတော
၅ ။ လောကဝိဒူ
၆ ။ အနုတ္တရော ပုရိသ ဒမ္မသာရထိ
၇ ။ သတ္ထာဒေဝ မနုဿာနံ
၈ ။ ဗုဒ္ဓေါ
၉ ။ ဘဂဝါ
၁ + ၉ = ၁၀ အရဟံ ဘဂဝါ ပုတီး တစ်လုံးချ ပုတီး ( ၁၀ ) ပတ်
၂ + ၈ = သမ္မာသမ္ဗုဒ္ဓေါ ဗုဒ္ဓေါ ။
၃ + ၇ = ဝိဇ္ဇာစရဏ သမ္ပန္နော သတ္ထာဒေဝ မနုဿာနံ ။
၎ + ၆ = သုဂတော အနုတ္တရော ပုရိသ ဒမ္မသာရထိ ။
၅ = လောကဝိဒူ ။
ဂုဏ်တော်ပုတီးစိပ်ကို တစ်နေ့ ( ၄၅ ) ပတ် စိပ်သွားလျှင် ဘေးအန္တရာယ် အမျိုးမျိုးကို ကြိုတင် ဟန့်တား ကာကွယ်နိုင်ပါသည် ။ အများနှင့်အတူ အန္တရာယ် ကြုံပါလျှင်လည်း မြတ်စွာဘုရား ဂုဏ်တော်တန်ခိုးကြောင့် ထူးထူးခြားခြား လွတ်ကင်းချမ်းသာပါလိမ့်မည် ။ အထူးသဖြင့် အသက်အန္တရာယ် ကြုံကြိုက်လာရင် ပိုပြီး ထူးခြားပါသည် ။
pg - 74
အစွမ်းထက်သော ပုတီးစိပ် စာအုပ်
သုတေသီ မြင့်ထွန်း
Monday, October 26, 2015
အဘဘိုးမင်းခေါင်ဂါထာ
အဘဘိုးမင်းခေါင်ဂါထာ
ပထမ ဂါထာ
ဇိနော ဇယံ ကယံ ကမ္မံ
သစ္စယာတော ၊ ဇယာကရေ ။
ဇိထွာ မာရံ ဇိနာပေသိ ၊
သော မေ ဒေတု ဇယံ ဇိနော ။
ဒုတိယ ဂါထာ
သမ္ဗိန္ဒာ စ အ သမ္ဗိန္ဒာ ၊
ဒုဝိတာ ဇိန ဒါတုယော ။
နေ့စဉ် - နံနက် တစ်ကြိမ် ၊ နေ့လည် တစ်ကြိမ် ၊ ည တစ်ကြိမ်
ပထမ ဂါထာ အခေါက် ( ၁၀၀ )
ဒုတိယ ဂါထာ အခေါက် ( ၈၀ )
ရွတ်ဖတ်ပြီးပါက အမျှဝေပြီး မေတ္တာပို့ပါသည် ။
“ ကျွန်ုပ်သည်လည်း ယနေ့ ကြုံတွေ့နေရသော အခက်အခဲကို အလိုမရှိ ။ ထိုအခက်အခဲများ ပျက်ပြယ်၍ ဆန္ဒရှိသည့်အတိုင်း ပြည့်ဝမှုကိုသာ အလိုရှိ၏ ။ ထို့ကြောင့် ကျွန်ုပ်သည်လည်း ပြည့်ပါစေ ။ ကျွန်ုပ်ကဲ့သို့ အခက်အခဲ ပြေလည်ရန် အလိုရှိကြသူတိုင်းလည်း ပြည့်ပါစေ ။ ” ဟု ကြိမ်ဖန်များစွာ မေတ္တာပို့ပါ ။
အထူးသဖြင့် အခက်အခဲ ရင်ဆိုင်နေရသော နေရာ ၊ ပုဂ္ဂိုလ် ၊ အဝန်းအဝိုင်းကိုသာ အာရုံစူးစိုက်၍ မေတ္တာပို့ပါ ။
Pg - 163
အဘပေးသော ဂါထာဂုဏ်တော် ပူဇော်နည်း
ကိုယ်တွေ့ အကျိုးများ
ဦးတည်ကြည်
( ဗညားနွဲ့ စာအုပ် အဖုံးအစိမ်းပါ ဂါထာ ၂ ပုဒ် )
Wednesday, August 26, 2015
Monday, August 17, 2015
သရဏဂုံ ( ၃၀ )( ၉ ၀ ) မန္တာန်တော်ကြီး
သရဏဂုံ ( ၃၀ )( ၉ ၀ ) မန္တာန်တော်ကြီး
၁ ။ ဇာတိ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဇာတိ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
ဇာတိ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ ။
၂ ။ ဘောဂ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဘောဂ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
ဘောဂ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ ။
၃ ။ ဇီဝိတ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဇီဝိတ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
ဇီဝိတ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ ။
၎ ။ ယာဝဇီဝံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ယာဝဇီဝံ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
ယာဝဇီဝံ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ ။
၅ ။ မရဏ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
မရဏ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
မရဏ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ ။
၆ ။ မရဏ ကာလ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
မရဏ ကာလ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
မရဏ ကာလ
၇ ။ အရဟတ္တမဂ္ဂ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
အရဟတ္တမဂ္ဂ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
အရဟတ္တမဂ္ဂ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ ။
၈ ။ အရဟတ္တမဂ္ဂကာလ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
အရဟတ္တမဂ္ဂကာလ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
အရဟတ္တမဂ္ဂကာလ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ ။
၉ ။ နိဗ္ဗာန ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
နိဗ္ဗာန ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
နိဗ္ဗာန ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ ။
၁၀ ။ နိဗ္ဗာနကာလ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
နိဗ္ဗာနကာလ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
နိဗ္ဗာနကာလ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ ။
ရွတ်ဆို ပူဇော်ရန်နှင့် ပုတီးစိပ်ရန်
တစ်ပုဒ်လျှင် ဗုဒ္ဓံ ၊ ဓမ္မံ ၊ သံဃံ ပွား၍ သရဏဂုံ သုံးဆယ် ဖြစ်၏ ။ ပုတီးစိပ်သောအခါ ဗုဒ္ဓံ တစ်လုံး ၊ ဓမ္မံ တစ်လုံး ၊ သံဃံ တစ်လုံး စိပ်သဖြင့် ၁၀ ပုဒ်မှာ ၃၀ ဖြစ်လာသည် ။
ဒုတိယမ္ပိ စိပ်လျှင် ၃၀ ၊ တတိယမ္ပိ စိပ်လျှင် ၃၀ စိပ်သော် သရဏဂုံ ၉ ၀ ရရှိလာ၏ ။
ပုတီးစိပ်ခြင်း ၊ ရွတ်ဆို ပူဇော်ခြင်း ပြုသည့်အခါ စိတ်တည်ငြိမ်စွာထား၍ ဂုဏ်တော် သုံးပါး၏ အနက် အဓိပ္ပာယ်ကို သိမြင်ပြီး စိပ်နိုင် ရွတ်ဆိုနိုင်လျှင် အကျိုးထူး ကြီးမား ရရှိခံစားနိုင်သည် ဟု ယုံကြည် ရိုသေစွာ ပူဇော်နိုင်ကြပါက အောက်ပါအတိုင်း အကျိုးများ ရရှိနိုင်မည် ဖြစ်ပါသည် ။
သရဏဂုံ ၃၀ ၊ ၉ ၀ မန္တာန်တော်ကြီးကို ပုတီးစိပ်ခြင်း ရွတ်ဆို ပူဇော်ခြင်း အားဖြင့် အန္တရာယ်ကင်း ၊ ကပ်ကြီး သုံးပါး ကျော်နိုင်ပြီး လာဘ်လာဘ ပစ္စည်း ဥစ္စာ ရတနာ ရွှေ ငွေများ တိုးတက် ပွားများခြင်း ၊ ကြံတိုင်းအောင်၍ ပြောသမျှ အောင်မြင်နိုင်၏ ။
လူ နတ် ပုဂ္ဂိုလ်အပေါင်းတို့ ချစ်ခင်ဆောင်မခြင်းတို့ကို ရရှိနိုင်သည် ။ ဆင်းရဲ ဒုက္ခများနှင့် ရင်ဆိုင် မတွေ့ မဆုံရခြင်း ၊ ဘေးရန်အပေါင်းတို့ မကျရောက်နိုင်သည့် အပြင် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံနိုင်၏ ။
ဝိပတ္တိ ကပ်ဆိုးလည်း မထိုက် ၊ ပျက်စီးခြင်း ဗျသနလည်း မဆိုက် ၊ ရန်သူလည်း မကပ် ၊ အသက်ရှည် ရောဂါ ကင်းနိုင်ကြောင်းနှင့် သာသနာတော်ကြီး အဓွန့်ရှည် တည်တံ့၍ နေရောင်မက ထွန်းလင်း တောက်ပနိုင်ပါသည် ။
ရန်ကုန်မြင့်ဆွေ
pg - 103 ရောင်ပြန် မဂ္ဂဇင်း
2014 December
Monday, July 13, 2015
အနေကဇာတင် ဂါထာတော် ( ပထမ ဗုဒ္ဓဝစန ဥဒါန်းဂါထာတော် )
အနေကဇာတင် ဂါထာတော် ( ပထမ ဗုဒ္ဓဝစန ဥဒါန်းဂါထာတော် )
အနေက ဇာတိ သံသာရံ ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ ။
ဂဟကာရံ ဂဝေသန္တော ၊ ဒုက္ခာဇာတိ ပုနပ္ပုနံ ။
ဂဟကာရက ဒိဋ္ဌောသိ ၊ ပုနဂေဟံ နကာဟသိ ။
သမ္ဗာတေ ဖာသုကာ ဘဂ္ဂါ ၊ ဂဟကူဋံ ဝိသင်္ခတံ ။
ဝိသင်္ခါရ ဂတံ စိတ္တံ ၊ တဏှာနံ ခယမဇ္ဈဂါ ။
အနေကဇာတင် ဂါထာတော် အနက် -
ဂဟကာရံ - ခန္ဓာအိမ်ဆောက်ထား တဏှာလက်သမားကို ၊ ဂဝေသန္တော - ရှာမှီးသော ငါဘုရားသည် ၊ အနိဗ္ဗိသံ - မရလတ်သော် ၊ အနေကဇာတိသံသာရံ - တစ်ပါးမက များစွာသော ဘဝ သံသရာပတ်လုံး ၊ သန္ဓာဝိဿံ - ကျင်လည်ရလှလေပြီ ။ ပုနပ္ပုနံ - ထပ်ခါ ထပ်ခါ ၊ ဇာတိ - ပဋိသန္ဓေ နေရခြင်းသည် ၊ ဒုက္ခာ - ဆင်းရဲလှ၏ ။
ဂဟကာရက - ခန္ဓာအိမ်ဆောက်သမား ၊ တဏှာယောက်ျား ၊ တွံ - သင့်ကို ၊ ဒိဋ္ဌော - မြင်အပ်သည် ၊ အသိ - ဖြစ်ပြီ ။ ပုန - တစ်ဖန် ၊ ဂေဟံ - ခန္ဓာအိမ်ကို ၊ န ကာဟသိ - မဆောက်လုပ်ရတော့ ။ တေ - သင်၏ ၊ သဗ္ဗာ - အားလုံးကုန်သော ၊ ဖာသုကာ - ကိလေသာ အချဉ်နယ်တို့ကို ၊ ဘဂ္ဂါ - ဖျက်ချိုးအပ်ကုန်ပြီ ။ ဂဟကူဋံ - ခန္ဓာအိမ်၏ အဝိဇ္ဖာအထွတ်ကို ၊ ဝိသင်္ခတံ - ဖျက်ဆီးအပ်ပြီ ။ စိတ္တံ - စိတ်သည် ၊ ဝိသင်္ခါရဂတံ - သင်္ခါရ ကင်းရာ နိဗ္ဗာန်သို့ ရောက်ပြီ ။ တဏှာနံ - တဏှာတို့၏ ၊ ခယံ - ကုန်ရာ နိဗ္ဗာန်ကို ၊ အဇ္ဈဂါ - ရပြီ ။
*** ဘုရားရှင်သည် ဘုရား ဖြစ်တော်မူပြီး၍ ဆင်ခြင်လတ်သော် တဏှာလက်သမားကို သဗ္ဗညုတဉာဏ်တော်ဖြင့် မြင်တော်မူ၍ အရဟတ္တမဂ်ဉာဏ်ဖြင့် ပယ်တော်မူပြီး ခန္ဓာအိမ်ကို အဆောက်မခံရတော့သဖြင့် လွန်စွာ ဝမ်းမြောက်ကာ ဤဂါထာကို ပထမဆုံး ဥဒါန်းကျူးတော်မူလေသည် ။ ဘုရားရှင်ကို အာရုံပြု၍ ရွတ်ဖတ် သရဇ္ဈာယ်သူတိုင်း ကောင်းကျိုးတရားကို ရကြသဖြင့် နေ့-ည မပြတ် ရွတ်ဖတ် ပူဇော် ကျူးရင့်ခြင်းဖြင့် ကျက်သရေ ဖြိုး၍ စီးပွားရေး လာဘ် လာဘများ တိုးတက်စေပါသည် ။
Friday, June 26, 2015
ရွှေပေါ်ကျွန်း ဆရာတော် ချီးမြှင့်သည့် “ ဝ ” ဂါထာတော် …
ရွှေပေါ်ကျွန်း ဆရာတော် ချီးမြှင့်သည့် “ ဝ ” ဂါထာတော် …
“ ဝရောပုဏ္ဏဿ သီဝဝေါဝ ၊
ဝရညုသူရိယာ ဝဝေါဝ ၊
ဝရဒေါ စက္ကဝါ ဠောဝ ဝေါဝ ၊
ဝရဟရောကာသော ဝဝေါဝ ”
ဂါထာ အဓိပ္ပာယ်
မြတ်သော တရားဖြင့် ပြည့်တော်မူသည် ဖြစ်၍ အေးချမ်းသည့် လပြည့်ဝန်းအလား ဝန်းဝိုင်းသော ဝ လုံးကဲ့သို့ မြတ်သောတရားကို သိတော်မူသည် ဖြစ်၍ ၊ နေမင်းအလား ဝန်းဝိုင်းသော ဝ ကဲ့သို့ မြတ်သောဆုကို ပေးသနားတော်မူသည်ဖြစ်၍ ၊ စကြဝဠာအလား ဝန်းဝိုင်းသော ဝ ကဲ့သို့ ၊ ဩကာသလောကအလား ဝန်းဝိုင်းသော ဝ ကဲ့သို့ အပြည့်အဝ မြတ်သောဆုကို ဆောင်တော်မူသော မြတ်စွာဘုရားသည် ပြည့်ပြည့်ဝဝ မြတ်သောဆုကို ပေးသနားတော် မူပါစေသတည်း ။ ။
အထက်ပါ ဝ ဂါထာတော် ကျင့်စဉ်သည် အလွန်ရှေးကျပြီး ရွှေပေါ်ကျွန်း ဆရာတော်ကြီး ညစဉ် အမြဲ ရွတ်ဖတ်သော ဂါထာဖြစ်ပါသည် ။
ဦးသိန်းထွန်းကြည် ( အင်းဝ )
pg - 176
နက္ခတ္တရောင်ခြည် မဂ္ဂဇင်း
2014 Dec
Monday, June 1, 2015
ဂဏန်း ဆယ်ခု သဗ္ဗညု ( ထီကံကောင်းကြစေရန် )
ဂဏန်း ဆယ်ခု သဗ္ဗညု
( ၁ ) ဂဏန်းဖြစ်တော်မူသော
မြတ်စွာဘုရား အဆူဆူတို့သည် တစ်ဆူချင်း ၊ တစ်ပါးချင်းသော အတုမရှိ အတူမရှိ ပွင့်ထွန်း ဖူးပွင့်တော်မူကြပါသည် ။ ဤကဲ့သို့ အတုမရှိ ၊ အတူမရှိ တစ်ဆူချင်း ၊ တစ်ပါးချင်း ပွင့်ထွန်းဖူးပွင့်တော်မူကြကုန်သော ဂေါတမ မြတ်စွာဘုရားနှင့်တကွ ကဿပ မြတ်စွာဘုရား ၊ ကောဏာဂုံမြတ်စွာဘုရား ၊ ကကုသန်မြတ်စွာဘုရား ၊ ဝေဿဘူမြတ်စွာဘုရား ၊ သိခီမြတ်စွာဘုရား ၊ ဝိပဿီမြတ်စွာဘုရား တည်းဟူသော ခုနစ်ဆူကုန်သော မြတ်စွာဘုရားများ ၊ နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရားများ ၊ တစ်သောင်းနှစ်ထောင်ကုန်သော မြတ်စွာဘုရားများ ၊ ငါးသိန်းကုန်သော ဘုရားများ ၊ ဂင်္ဂါဝါဠု သဲစုမက ပွင့်ထွန်းတော်မူကြသော မြတ်ဘုရား အဆူဆူတို့ကို ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနောကံတို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား ။ ( ဦးချရှိခိုးပါ ။ )
( ၂ ) ဂဏန်းဖြစ်တော်မူသော
ရုပ်တရား ၊ နာမ်တရား ဤတရားနှစ်ပါးကို ပိုင်းခြားထင်ထင် သိမြင်တော်မူကြကုန်သော မြတ်စွာဘုရား အဆူဆူနှင့်တကွ ပစ္စေကဗုဒ္ဓါများ ၊ ရဟန္တာများ ၊ အဂ္ဂသာဝက မဟာသာဝက အရိယာသာဝကများတို့အား ၊ ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနောကံတို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ။ ( ဦးချကန်တော့ပါ ။ )
( ၃ ) ဂဏန်းဖြစ်တော်မူသော
ဘုရားအမြတ်ဆုံး ရတနာ ၊ တရားအမြတ်ဆုံး ရတနာ ၊ သံဃာအမြတ်ဆုံး ရတနာ တည်းဟူသော ရတနာ မြတ်သုံးပါး ၊ မြတ်စွာဘုရား အဆူဆူ ချမှတ်ခဲ့သော ပရိယတ္တိသာသနာ ၊ ပဋိဝေဓသာသနာ တည်းဟူသော သဒ္ဓမ္မသုံးဖြာ ၊ သာသနာ သုံးရပ် ၊ သီလ သမာဓိ ပညာ တည်းဟူသော သိက္ခာသုံးရပ်နှင့် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် သုတ် ၊ ဝိနည်း ၊ အဘိဓမ္မာ ၊ ပဋ္ဌာန်း နိကာယ်ငါးပုံတို့အား ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနောကံတို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ ဘုရား ။ ( ဦးချကန်တော့ပါ ။ )
( ၄ ) ဂဏန်းဖြစ်တော်မူသော
သစ္စာလေးပါး တရား ၊ သတိပဋ္ဌာန်တရား လေးပါး ၊သမ္ဗပဋ္ဌာန်တရား လေးပါး ၊ ဣဒ္ဓိပါဒ်တရား လေးပါး ၊ ဖိုလ်လေးပါး တည်းဟူသော မြတ်တရားတော်များနှင့် မဂ္ဂဋ္ဌာန် လေးယောက် ၊ ဖလဋ္ဌာန် လေးယောက် သော အရိယာ သံဃာတော်များအား ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနောကံ တို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ ဘုရား ။ ( ဦးချကန်တော့ပါ ။ )
( ၅ ) ဂဏန်းဖြစ်တော်မူသော
ငါးပါးသီလ တရားတော်မြတ် ၊ ဗိုလ်ငါးပါး တရားတော်မြတ်နှင့် ဘုရား ၊ တရား ၊ သံဃာ ၊ မိဘ ၊ ဆရာ တည်းဟူသော အနန္တော အနန္တ ငါးပါးတို့အား ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနောကံ တို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား ။ ( ဦးချကန်တော့ပါ ။ )
( ၆ ) ဂဏန်းဖြစ်တော်မူသော
ဘုန်းတော်ခြောက်ပါး ၊ ဉာဏ်တော်ခြောက်ပါး ၊ ရောင်ခြည်တော် ခြောက်ပါး ပိုင်ရှင် သဗ္ဗညု မြတ်စွာဘုရားရှင်တော်မြတ်အား ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနောကံ တို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား ။ ( ဦးချကန်တော့ပါ ။ )
နာယကဂုဏ်တော် ခြောက်ပါးနှင့် ပြည့်စုံတော်မူသော ပုဂ္ဂိုလ်အပေါင်းအား ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနောကံ တို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ဘုရား ။ ( ဦးချကန်တော့ပါ ။ )
( ၇ ) ဂဏန်းဖြစ်တော်မူသော
သူတော်ကောင်း တရား ခုနစ်ပါး ၊ ဗောဇ္ဈင်တရား ခုနစ်ပါး ၊ တရားတော်များနှင့် ဘုရားတပည့်တော်ထက် သီလဂုဏ် ၊ သမာဓိဂုဏ် ၊ ပညာဂုဏ် မြင့်မြတ်ကြသော တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး ၊ သောကြာ ၊ စနေ တည်းဟူသော ခုနစ်နေ့သား ၊ ခုနစ်နေ့ သမီး အပေါင်းအား ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနောကံတို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား ။ ( ဦးချကန်တော့ပါ ။ )
( ၈ ) ဂဏန်းဖြစ်တော်မူသော
မဂ္ဂင်ရှစ်ပါး တရားတော်မြတ် ၊ ရှစ်ပါးသီလ တရားတော်မြတ်နှင့် မဂ္ဂဋ္ဌာန် လေးယောက် ၊ ဖလဋ္ဌာန် လေးယောက် ရှစ်ယောက်သော အရိယာ သံဃာတော်မြတ်တို့အား ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနောကံတို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား ။ ( ဦးချကန်တော့ပါ ။ )
( ၉ ) ဂဏန်းဖြစ်တော်မူသော
ဂုဏ်တော်ကိုးပါး ပိုင်ရှင် မြတ်စွာဘုရားနှင့်တကွ ကိုးပါးသီလ တရားတော်မြတ်ကို ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနေကံတို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား ။ ( ဦးချကန်တော့ပါ ။ )
( ၁၀ ) ဂဏန်းဖြစ်တော်မူသော
ပါရမီဆယ်ပါး ပိုင်ရှင် မြတ်စွာဘုရားရှင်နှင့် မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန် ပရိယတ် ဆယ်ပါးသော တရားတော်မြတ် ၊ ဆယ်ပါးသော သီလတရားတော်မြတ် ၊ သုမင်္ဂလာတရား ဆယ်ပါး ၊ သုစရိုက်တရား ဆယ်ပါး ၊ တရားတော်မြတ်များနှင့် ခင်ပွန်းကြီးဆယ်ပါးတို့ကို ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနောကံတို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား ။ ( ဦးချကန်တော့ပါ ။ )
ဧတေန သစ္စဝဇ္ဇေန ဟောတုမေ ဇယဂဏနံ ။
( သုံးကြိမ် ရွတ်ဆိုပါ ။ )
ဧတေန သစ္စဝဇ္ဇေန - ဤကဲ့သို့ မှန်ကန်သော သစ္စာစကားများကို ရွတ်ဆို၍ ( ၁ ) ဂဏန်းမှ ( ၁၀ ) ဂဏန်းအထိ ပိုင်ရှင်များအားလုံးကို ရှိခိုးရသော ကောင်းမှုကံ စေတနာတို့ကြောင့် ၊ မေ - ဘုရား တပည့်တော်အား ၊ ဇယ ဂဏနံ - ဂဏန်းနံပါတ်များနှင့် ပတ်သက်သော အောင်မြင်ခြင်း မင်္ဂလာအဖြာဖြာတို့သည် ၊ ဟောတု - စင်စစ်မသွေ ဖြစ်ရပါလို၏ အရှင်ဘုရား ။ ( ဝါ )အောင်ဘာလေ ထီဆုကြီးများ ပေါက်ရပါလို၏ အရှင်ဘုရား ။ ( ကိန်းဂဏန်းနှင့် ပတ်သက်၍ လိုရာ ဆုတောင်းပါ ။ လိုသလို ဆုတောင်းပါ ။ )
မှတ်ချက် ။ ။ နံနက်တစ်ကြိမ် ည တစ်ကြိမ် ပုံမှန် ရွတ်ဆို ရှိခိုးကြည့်ပါ ။ ထူးခြားတာ ကြုံတွေ့ရမည် ။
အောင်ကောင်းမြ ( သာကေတ )
2014 Dce ရောင်ပြန်မဂ္ဂဇင်း
Monday, April 27, 2015
၅ ။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
၅ ။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
သေရည် သေရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏ ။
* ၁။ ပေါင်းသင်းလူစုံ ကြုံတွေ့များတော့ ၊
စိတ်တွေ လှုပ်ရှားဖောက်ပြန်လာ ။
ပျော်ပါးချင်လျှင် သတိထားပေါ့
ကျိုးပြစ် နှစ်ပါး စဉ်းစားပါ ။
အပြစ်ရှိတာ ကိုယ်တိုင်သိတော့
မပြုမိဘို့ ချုပ်တည်းပါ ။
ရှေ့နောက်နှစ်ပါး မစဉ်းစား ခုကားရပ်လိုက်ပါ ။
အဲဒါမှ ကိုယ်၌ တည်ကြ သီလသာသနာ ။
၂ ။ ယစ်မူးတတ်စွာ သေရည်များကို
မူးယစ်သောက်စား ဘိန်းရှူမျို ၊
ဒုစရိုက်တွေ ဖြစ်ပေါ်ကြောင်းမို့
မကောင်းစင်စစ် အကုသိုလ်
လွန်ကျူးမိလျှင် တကယ်ပဲပေါ့
အပါယ်ငရဲ ကျမည်ဆို
လွတ်လာစေဦး လူမေ့မူး အရူးဆက်တိုင်းကို ၊
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို ။
- သေရည် သေရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်သော ပုဂ္ဂိုလ်များသည် -
( ၁ ) အပါယ်ဘေးမှ ကင်းလွတ်ရခြင်း ။
( ၂ ) သတိ အလွန်ကောင်းခြင်း ။
( ၃ ) အဘယ် အကြောင်းကိစ္စမဆို အလျင်အမြန် ဝေဖန်နိုင်ခြင်း ။
( ၄ ) ဉာဏ်ပညာ ထက်မြက်ခြင်း ။
( ၅ ) ထုံထိုင်း တွေဝေမှု မရှိခြင်း ။
( ၆ ) မဆွံ့ မအခြင်း
( ၇ ) အမျက်ဒေါသ နည်းပါးခြင်း ။
( ၈ ) အရှက်အကြောက် ရှိခြင်း ။
( ၉ ) အနာရောဂါ ကင်းရှင်းခြင်း ။
( ၁၀ ) အသက်ရှည်ခြင်း ။
( ၁၁ ) အခြွေအရံ ပေါများတတ်ခြင်း စသော အကျိုးတရားများကို ရနိုင်ပါသည် ။
Sunday, April 26, 2015
၎ ။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
၎ ။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်ပါ၏ ။
* ၁။ သောင်းပြောင်းအာရုံ ကြုံတွေ့များတော့ ၊
စိတ်တွေ လှုပ်ရှားဖောက်ပြန်လာ ။
လိမ်ကောက်ချင်လျှင် သတိထား၍
ကျိုးပြစ် နှစ်ပါး စဉ်းစားပါ ။
အပြစ်ရှိတာ ကိုယ်တိုင်သိတော့
မပြောမိဘို့ ချုပ်တည်းပါ ။
ရှေ့နောက်နှစ်ပါး မစဉ်းစား ခုကားရပ်လိုက်ပါ ။
အဲဒါမှ နှုတ်၌ တည်ကြ သီလသာသနာ ။
၂ ။ မဟုတ်မမှန် တစ်ဘက်သားကို
ယွင်းချွတ်လှည့်စား မုသားဆို
အဓိပ္ပာယ်ကို ထိုသူသိ၍
အကျိုးကိုထိ အကုသိုလ်
လွန်ကျူးမိလျှင် တကယ်ပဲပေါ့
အပါယ်ငရဲ ကျမည်ဆို
လွတ်လာပြန်လဲ ပါးစပ်ပြဲ သွားကြဲ နှုတ်ခမ်းတို ၊
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို ။
- မဟုတ်မမှန်သော စကားကို ပြောဆိုခြင်းမှ ရှောင်ကြဉ်သော ပုဂ္ဂိုလ်များသည် -
( ၁ ) နှုတ်ခမ်း လှပတတ်ခြင်း ။
( ၂ ) သွား လှပတတ်ခြင်း ။
( ၃ ) ခံတွင်းက အနံ့ကောင်းခြင်း ။
( ၄ ) မိမိ ပြောသောစကားကို သူတစ်ပါးက လေးစားယုံကြည်ခြင်း ။
( ၅ ) အလိမ်အကောက် အစွပ်အစွဲ မခံရခြင်း ။
( ၆ ) အပါယ်ဘေးမှ ကင်းလွတ်ခြင်း စသော အကျိုးတရားများကို ရနိုင်ပါသည် ။
၃ ။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
၃ ။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
မသွားလာ မပြစ်မှားကောင်းသော မိန်းမတို့၌ သွားလာ ပြစ်မှားခြင်းမှ ရှောင်ကြဉ်ပါ၏ ။
* ၁။ ငါးပါးအာရုံ ကြုံတွေ့ငြားတော့ ၊
စိတ်တွေ လှုပ်ရှားဖောက်ပြန်လာ ။
ကျူးလွန်ချင်လျှင် သတိထား၍
ကျိုးပြစ် နှစ်ပါး စဉ်းစားပါ ။
အပြစ်ရှိတာ ကိုယ်တိုင်သိတော့
မပြုမိဘို့ ချုပ်တည်းပါ ။
ရှေ့နောက်နှစ်ပါး မစဉ်းစား ခုကားရပ်လိုက်ပါ ။
အဲဒါမှ ကိုယ်၌ တည်ကြ သီလသာသနာ ။
၂ ။ ရှောင်ရှားအပ်သူ မိန်းမများ၌
ရာဂ စိတ်ထား ပေါင်းဖော်လို
လုံ့လထုတ်ကာ ကျူးလွန်ပြုက
ကာမေသုတ အကုသိုလ်
လွန်ကျူးမိလျှင် တကယ်ပဲပေါ့
အပါယ်ငရဲ ကျမည်ဆို
လွတ်လာပြန်က နပုံးပ မိန်းမဖြစ်ရသလို
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို ။
- မသွားလာ မပြစ်မှားကောင်းသော မိန်းမတို့၌ သွားလာ ပြစ်မှားခြင်းမှ ရှောင်ကြဉ်သော
ပုဂ္ဂိုလ်များသည် -
( ၁ ) ရန်သူအပေါင်းမှ ကင်းလွတ်ခြင်း ။
( ၂ ) လူအပေါင်းတို့ ချစ်ခင်မြတ်နိုးခြင်း ။
( ၃ ) ချမ်းသာစွာ အိပ်ရခြင်း ။
( ၄ ) ချမ်းသာစွာ နိုးရခြင်း ။
( ၅ ) ဘဝတိုင်း ဘဝတိုင်း ယောက်ျားကောင်း စင်စစ်ဖြစ်ရခြင်း ။
( ၆ ) ပူပင် ကြောင့်ကြမှု မရှိခြင်း ။
( ၇ ) အပါယ်ဘေးမှ ကင်းလွတ်ခြင်း စသော အကျိုးတရားများကို ရနိုင်ပါသည် ။
၂ ။ အဒိန္နဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
၂ ။ အဒိန္နဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏ ။
* ၁။ ငါးပါးအာရုံ ကြုံတွေ့ငြားတော့ ၊
စိတ်တွေ လှုပ်ရှားဖောက်ပြန်လာ ။
ခိုးချင် ယူချင် သတိထား၍
ကျိုးပြစ် နှစ်ပါး စဉ်းစားပါ ။
အပြစ်ရှိတာ ကိုယ်တိုင်သိတော့
မပြုမိဘို့ ချုပ်တည်းပါ ။
ရှေ့နောက်နှစ်ပါး မစဉ်းစား ခုကားရပ်လိုက်ပါ ။
အဲဒါမှ ကိုယ်၌ တည်ကြ သီလသာသနာ ။
၂ ။ သူ့ဥစ္စာကို သိလျက်သားနဲ့
လောဘစိတ်ထား ခိုးယူလို
လုံ့လပြုကာ ခိုးယူမိက
အဒိန္နဒါန အကုသိုလ်
လွန်ကျူးမိလျှင် တကယ်ပဲပေါ့
အပါယ်ငရဲ ကျမည်ဆို
လွတ်ပြန်လျှင်လည်း ဥစ္စာမွဲ
ဆင်းရဲ ဖြစ်တိုင်းကိုယ်
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို ။
- သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်သော ပုဂ္ဂိုလ်များသည် -
( ၁ ) အပါယ်ငရဲမှ လွတ်မြောက်ရခြင်း ။
( ၂ ) ပစ္စည်းဥစ္စာ ပေါများရခြင်း ။
( ၃ ) စပါး ဆန်ရေ ရွှေငွေ ဘဏ္ဍာတိုက်တာ အိုးအိမ် စည်းစိမ်ဥစ္စာ ပေါများရခြင်း ။
( ၄ ) မဖြစ်သေး မရသေးသော ပစ္စည်း အသုံးအဆောင်ကို ရခြင်း ။
( ၅ ) ဖြစ်ပြီးသော စည်းစိမ်ဥစ္စာ မြဲမြံစွာ တည်ခြင်း ။
( ၆ ) ဘာမဆို အလိုရှိက စကားနှင့် ရနိုင်ခြင်း ။
( ၇ ) မိမိ ပစ္စည်းကို ရန်သူမျိုး ငါးပါးတို့ လုယူနှောက်ယှက်မှု မပြုနိုင်ခြင်း ။
( ၈ ) မရှိ ဟူသောစကားကို နားမျှမလည်ဘဲ အမြဲတမ်း ချမ်းသာစွာ နေရခြင်း စသော
အကျိုးတရားများကို ရနိုင်ပါသည် ။
သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်ပါ၏ ။
* ၁။ ငါးပါးအာရုံ ကြုံတွေ့ငြားတော့ ၊
စိတ်တွေ လှုပ်ရှားဖောက်ပြန်လာ ။
ခိုးချင် ယူချင် သတိထား၍
ကျိုးပြစ် နှစ်ပါး စဉ်းစားပါ ။
အပြစ်ရှိတာ ကိုယ်တိုင်သိတော့
မပြုမိဘို့ ချုပ်တည်းပါ ။
ရှေ့နောက်နှစ်ပါး မစဉ်းစား ခုကားရပ်လိုက်ပါ ။
အဲဒါမှ ကိုယ်၌ တည်ကြ သီလသာသနာ ။
၂ ။ သူ့ဥစ္စာကို သိလျက်သားနဲ့
လောဘစိတ်ထား ခိုးယူလို
လုံ့လပြုကာ ခိုးယူမိက
အဒိန္နဒါန အကုသိုလ်
လွန်ကျူးမိလျှင် တကယ်ပဲပေါ့
အပါယ်ငရဲ ကျမည်ဆို
လွတ်ပြန်လျှင်လည်း ဥစ္စာမွဲ
ဆင်းရဲ ဖြစ်တိုင်းကိုယ်
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို ။
- သူ့ဥစ္စာကို ခိုးယူခြင်းမှ ရှောင်ကြဉ်သော ပုဂ္ဂိုလ်များသည် -
( ၁ ) အပါယ်ငရဲမှ လွတ်မြောက်ရခြင်း ။
( ၂ ) ပစ္စည်းဥစ္စာ ပေါများရခြင်း ။
( ၃ ) စပါး ဆန်ရေ ရွှေငွေ ဘဏ္ဍာတိုက်တာ အိုးအိမ် စည်းစိမ်ဥစ္စာ ပေါများရခြင်း ။
( ၄ ) မဖြစ်သေး မရသေးသော ပစ္စည်း အသုံးအဆောင်ကို ရခြင်း ။
( ၅ ) ဖြစ်ပြီးသော စည်းစိမ်ဥစ္စာ မြဲမြံစွာ တည်ခြင်း ။
( ၆ ) ဘာမဆို အလိုရှိက စကားနှင့် ရနိုင်ခြင်း ။
( ၇ ) မိမိ ပစ္စည်းကို ရန်သူမျိုး ငါးပါးတို့ လုယူနှောက်ယှက်မှု မပြုနိုင်ခြင်း ။
( ၈ ) မရှိ ဟူသောစကားကို နားမျှမလည်ဘဲ အမြဲတမ်း ချမ်းသာစွာ နေရခြင်း စသော
အကျိုးတရားများကို ရနိုင်ပါသည် ။
၁ ။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
ငါးပါးသီလနှင့် ပတ်သက်သော ကျင့်ဝတ် လင်္ကာလေးများနှင့် အကျိုးကျေးဇူးလေးများကို ဗဟုသုတအလို့ငှာ တင်ပေးသွားပါ့မယ် …
ငါးပါးသီလ
၁ ။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
၂ ။ အဒိန္နဒါနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
၃ ။ ကာမေသုမိစ္ဆာစာရာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
၎ ။ မုသာဝါဒါ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
၅ ။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
၁ ။ ပါဏာတိပါတာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။
သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်ပါ၏ ။
* ၁။ ဆိုးကောင်းအာရုံ ကြုံတွေ့ငြားတော့ ၊
စိတ်တွေ လှုပ်ရှားဖောက်ပြန်လာ ။
သတ်ချင်လာလျှင် သတိထား၍
ကျိုးပြစ် နှစ်ပါး စဉ်းစားပါ ။
အပြစ်ရှိတာ ကိုယ်တိုင်သိတော့
မပြုမိဘို့ ချုပ်တည်းပါ ။
ရှေ့နောက်နှစ်ပါး မစဉ်းစား ခုကားရပ်လိုက်ပါ ။
အဲဒါမှ ကိုယ်၌ တည်ကြ သီလသာသနာ ။
၂ ။ သူ့အသက်ကို သိလျက်သားနဲ့
ဒေါသစိတ်ထား သေစေလို
လုံ့လပြုကာ သေအောင် သတ်တော့
ပါဏာတိပါတ် အကုသိုလ်
လွန်ကျူးမိလျှင် တကယ်ပဲပေါ့
အပါယ်ငရဲ ကျမည်ဆို
လွတ်ပြန်လျှင်လည်း ၊ ရောဂါစွဲ
ဆင်းရဲ အသက်တို
အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို ။
- သူ့အသက် သတ်ခြင်းမှ ရှောင်ကြဉ်သော ပုဂ္ဂိုလ်များသည် -
( ၁ ) အပါယ်လေးပါးမှ လွတ်မြောက်ပြီး ၊ ရုပ်ဆင်းအင်္ဂါနှင့် ပြည့်စုံရခြင်း ။
( ၂ ) အနာရောဂါ ကင်းပြီး ကျန်းမာခြင်းနှင့် ပြည့်စုံရခြင်း ။
( ၃ ) လူအပေါင်းတို့က ချစ်ခင်ခြင်း ။
( ၄ ) သူတစ်ပါး နှိပ်စက် ညှဉ်းဆဲခြင်းကို မခံရခြင်း ။
( ၅ ) သူတစ်ပါး လုံ့လ ပယောဂကြောင့် မသေရခြင်း ။
( ၆ ) အခြံအရံ ပေါများခြင်း ။
( ၇ ) စိုးရိမ် ပူဆွေးမှုနှင့် မတွေ့ရခြင်း ။
( ၈ ) ချစ်သောသူနှင့် ရှင်ကွဲ မကွဲရခြင်း စသော အကျိုးတရားများကို ရနိုင်ပါသည် ။
Monday, January 26, 2015
နတ်မင်းကြီး ( ၂၈ ) ပါး မေတ္တာပို့
နတ်မင်းကြီး ( ၂၈ ) ပါး မေတ္တာပို့
* အရှေ့အရပ်မျက်နှာ၌ တည်ရှိကြကုန်သော ဓတရဋ္ဌ နတ်မင်းကြီး အမှူးရှိသည့် သာတာဂီရိ နတ်မင်းကြီး ၊ ဟေမဝတ နတ်မင်းကြီး ၊ ပုဏ္ဏကနတ်မင်းကြီး ၊ ဝုတ္တိယနတ်မင်းကြီး အပေါင်းတို့သည် ဘေးရန် မရှိကြပါစေ ။ စိုးရိမ်ကင်းကြပါစေ ။ ကိုယ်စီကိုယ်ငှ ချမ်းသာသုခ ရရှိကြပါစေ ။
* တောင်အရပ်မျက်နှာ၌ တည်ရှိကြကုန်သော ဝိရူဠှကနတ်မင်းကြီး အမှူးရှိသည့် ကာလနတ်မင်းကြီး ၊ ဥပကာလနတ်မင်းကြီး ၊ ဗိမ္ဗနတ်မင်းကြီး ၊ ဗိမ္ဗသေနနတ်မင်းကြီး အပေါင်းတို့သည် ဘေးရန် မရှိကြပါစေ ။ စိုးရိမ်ကင်းကြပါစေ ။ ကိုယ်စီကိုယ်ငှ ချမ်းသာသုခ ရရှိကြပါစေ ။
* အနောက်အရပ်မျက်နှာ၌ တည်ရှိကြကုန်သော ဝိရူပက္ခနတ်မင်းကြီး အမှူးရှိသည့် ဟရနတ်မင်းကြီး ၊ ဟရဟရိယနတ်မင်းကြီး ၊ ပါပနတ်မင်းကြီး ၊ ပိင်္ဂလနတ်မင်းကြီး အပေါင်းတို့သည် ဘေးရန်မရှိကြပါစေ ။ စိုးရိမ်ကင်းကြပါစေ ။ ကိုယ်စီကိုယ်ငှ ချမ်းသာသုခ ရရှိကြပါစေ ။
* မြောက်အရပ်မျက်နှာ၌ တည်ရှိကြကုန်သော ကုဝေရနတ်မင်းကြီး အမှူးရှိသည့် သံဃနတ်မင်းကြီး ၊ သံဃုလိနတ်မင်းကြီး ၊ သုသုရနတ်မင်းကြီး ၊ ဥဂ္ဂတေဇနတ်မင်းကြီး အပေါင်းတို့သည် ဘေးရန်မရှိကြပါစေ ။ စိုးရိမ်ကင်းကြပါစေ ။ ကိုယ်စီကိုယ်ငှ ချမ်းသာသုခ ရရှိကြပါစေ ။
* အထက်အရပ်မျက်နှာ၌ တည်ရှိကြကုန်သော စန္ဒနတ်မင်းကြီး ၊ သူရိယနတ်မင်းကြီး ၊ ဣန္ဒနတ်မင်းကြီး ၊ ဗြဟ္မာနတ်မင်းကြီး အပေါင်းတို့သည် ဘေးရန်မရှိကြပါစေ ။ စိုးရိမ်ကင်းကြပါစေ ။ ကိုယ်စီကိုယ်ငှ ချမ်းသာသုခ ရရှိကြပါစေ ။
* အောက်အရပ်မျက်နှာ၌ တည်ရှိကြကုန်သော ဝရဋ္ဌနတ်မင်းကြီး ၊ ဓတရဋ္ဌနတ်မင်းကြီး ၊ သေဋ္ဌနတ်မင်းကြီး ၊ ကမ္ဗလသေဋ္ဌနတ်မင်းကြီး အပေါင်းတို့သည် ဘေးရန်မရှိကြပါစေ ။ စိုးရိမ်ကင်းကြပါစေ ။ ကိုယ်စီကိုယ်ငှ ချမ်းသာသုခ ရရှိကြပါစေ ။
ဘုရားရှင်အား နတ်မင်းကြီးများကိုယ်စား ဖယောင်းတိုင် အမွှေးတိုင် ရေချမ်း သစ်သီး ဆွမ်း ကပ်လှူပေးလျှင် ပိုထိရောက်ပါသည် ။
အစမှ အဆုံးအထိ ( ၁ ) ကြိမ်ဖြစ်ပြီး တစ်နေ့လျှင် ( ၉ ) ကြိမ် အနည်းဆုံးထား၍ နေ့စဉ် မေတ္တာပို့သပေးပါ ။ နံနက်စောစောထ၍ ပို့သနိုင်လျှင် အလွန်ထိရောက်ပါသည် ။ မေတ္တာပို့သပြီးလျှင် မိမိတို့ထံတွင် ရှိသော အခက်အခဲ ပြဿနာများ အလိုရှိရာများကို နတ်မင်းကြီးတို့အား ဖွင့်ဟ ပြောဆိုကာ အကူအညီ တောင်းခံနိုင်ပါသည် ။ နတ်များ၏ မ , စခြင်းကို ခံရတတ်တဲ့ တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး သက်ရောက်များမှာ ပို့ခြင်းက ပိုမို ထိရောက် ထိမိပါသည် ။ မည်သည့် သက်ရောက်မဆို မေတ္တာပို့နိုင်ပြီး ဘဝ တစ်သက်တာလုံး ပို့သွားနိုင်လျှင် အကောင်းဆုံး ဖြစ်ပါသည် ။
အောင်နန္ဒစံ ( ကျိုက်လတ် )
pg - 47 နက္ခတ္တရောင်ခြည် မဂ္ဂဇင်း
2014 Nov
Subscribe to:
Posts (Atom)