Chapter 13 The Future Buddha got his enlightenment
ဘုရားဖြစ်တော်မူခြင်း
A : " The future Buddha went towards the Bo tree at night fall . "
ညချမ်းအခါ အလောင်းတော်ဟာ ဗောဓိပင်ကို ကြွသွားတော် မူခဲ့တယ် ။
B : " You mean-after eating the milk-porridge offered by Sujata . "
သုဇာတာ သူဌေးသမီး ကပ်လှူတဲ့ ဃနာနို့ဆွမ်းကို ဘုဉ်းပေးပြီးတဲ့ နောက်ပိုင်းပေါ့နော် ။
A : " Yes , of course. On the way he received eight handfuls of grass from a grass-cutter named Sotthiya. "
မှန်ပါတယ် ။ လမ်းခရီးမှာ သောတ္ထိယ ( သုဒ္ဓိယ ) မြက်ရိတ်သမား ကပ်လှူလိုက်တဲ့ မြက်ရှစ်ဆုပ်ကို အလှူခံခဲ့ပါသေးတယ် ။
B : " Any aim ? "
ရည်ရွယ်ချက် ရှိပါသလား ။
A : " Yes , indeed , he sat down cross-legged on that grass and made the mighty resolution . "
ဟုတ်ကဲ့ ၊ ဘုရားအလောင်းတော်ဟာ မြက်ပေါ်မှာ ထက်ဝယ်ဖွဲ့ခွေ နေတော်မူပြီး သန္နိဋ္ဌာန် ချတော်မူပါတယ် ။
B : " What resolution ? "
ဘာသန္နိဋ္ဌာန်ပါလဲ ၊ ဆိုစမ်းပါဦး ။
A : " The resolution was that , I will not move from this seat until I have attained the supreme and absolute wisdom.
"
အဓိဋ္ဌာန်ကတော့ " ငါသည် သဗ္ဗညုတ ဉာဏ်တော် မရမချင်း ဤနေရာမှ မထပြီ " ဆိုတာပဲ ဖြစ်ပါတယ် ။
B : " So they say , " Gotama , the man . "
ဪ... ဒါကြောင့်လဲ မဟာလူသား ဗုဒ္ဓ လို့ ဆိုကြတာပါပဲလေ ။
A : " At that time many higher and lower gods with Sakka came near the Future Buddha. "
အဲ့ဒီအချိန်မှာ သိကြားမင်း အမှူးပြုတဲ့ နတ်ဗြဟ္မာတွေဟာ ဘုရားလောင်းအနီးကို ချဉ်းကပ်လာကြပါတယ်။
B : " I wonder if they knew he would become Buddha . "
ဘုရားစင်စစ် ဧကန်ဖြစ်တော့မယ် ဆိုတာ သိကြလို့လား ။
A : " Right . On the other hand the god, Mara , the evil-one saw the Future Buddha and knew that he was sure to
become a Buddha . "
မှန်ပါတယ် ၊ တစ်ဖက်က ကြည့်မယ်ဆိုရင်လဲ မာရ်နတ်သားဟာ ဘုရားအလောင်းကို တွေ့တယ် ၊ ဘုရားဖြစ်တော့မယ်
ဆိုတာကိုလည်း သိတယ် ။
B : " What did he try , then ? "
ဒီတော့ မာရ်နတ်က ဘာလုပ်သလဲ ။
A : " He brought his army and prepared for battle . "
သူ့ရဲ့ စစ်သည်တွေကို ခေါ်တယ် ။ ပြီးတော့ စစ်ခင်းဖို့ ပြင်တော့တယ် ။
B : " What evil-one ! "
တယ်ဆိုးတဲ့ မာရ်နတ်သားပါလား ။
A : " He grasped a variety of weapons to frighten the Great Being. "
မာရ်နတ်ဟာ ဘုရားအလောင်းတော်မြတ်ကို ခြိမ်းခြောက်ဖို့အတွက် လက်နက် အမျိုးမျိုးကို စွဲကိုင်တယ် ။
B : " What's the result ? " ( Did he win the battle ? )
အကျိုးတရားက ဘယ်လိုလဲ ။ စစ်ပွဲကို အောင်မြင်သလား ။
A : " But the Future Buddha won a peaceful victory over Mara with the power of Loving Kindness. "
ဘုရားအလောင်းဟာ မာရ်နတ်အပေါ် မဟာကရုဏာတော် ထားပြီး အောင်မြင်တော်မူခဲ့တယ် ။
B : " Power of Loving Kindness! Can you explain to me about it ? "
မဟာကဂရုဏာတော် ။ အဲဒါ ရှင်းပြပါဦးလား ။
A : " He had exercised in his past many lives just as a mother would tame a cruel and wicked son with her maternal
love . "
ဘ၀ပေါင်းများစွာ ဖြည့်ကျင့် ဆည်းပူးခဲ့တဲ့ ပါရမီတော် အရ ဖြစ်တဲ့ မဟာကရုဏာပါပဲ ။ ဥပမာ - သားဆိုး ၊ သားမိုက် တစ်ဦးကို
လိမ္မာအောင် သွန်သင်တဲ့ မိခင်ရဲ့ မေတ္တာမျိုးပေါ့ ။
B : " What's the next step of the Future Buddha ? "
ဘုရားအလောင်းရဲ့ နောက်ထပ် တစ်ဆင့်တက်ပုံ ပြောပါဦး ။
A : " After the victory , the future Buddha sat cross-legged at the foot of the Bo tree-and made firm resolution to
attain the supreme wisdom and went into deep meditation . "
မာရ်စစ်သည်ရဲ့ ရန်ကို အောင်မြင်ပြီးတဲ့နောက် ဘုရားအလောင်းတော်မြတ် ဗောဓိညောင်ပင်အောက်မှာ ထက်ဝယ်ဖွဲ့ခွေ
ထိုင်တော်မူပြီး သဗ္ဗညုတဉာဏ်တော် ရဖို့ ပြတ်သားတဲ့ အဓိဋ္ဌာန် ချတော်မူတယ် ။ ပြီးတော့ ဖလသမာပတ်ကို
ဝင်စားတော်မူတယ် ။
B : " In detail please . "
အသေးစိတ် ရှင်းပြပါဦး ။
A : " He acquired the knowledge of previous existences in the first of night . "
ညဥ့်ဦးယံမှာ ပုဗ္ဗေနိဝါသဉာဏ်တော်ကို ရတော်မူတယ် ။
" In the middle-the devine eye with which he could see the beings of all ( thirty-one planes of existence . ) "
သန်းခေါင်ယံမှာ ဒိဗ္ဗစက္ခုနဲ့ ( ၃၁ ) ဘုံမှာ ရှိတဲ့ သတ္တ၀ါတွေကို ခြုံပြီး မြင်တော်မူတယ် ။
" At the last of the night- he gained the Enlightenment to Nibbanna . "
နောက်ဆုံး အာရုံတက်ခါနီးမှာ သဗ္ဗညုတရွှေဉာဏ်တော်ကို ရတော်မူတယ် ။
B : " Excellent ! Nice to hear . "
ရှာမှ ရှားပါပေတယ် ။ ပီတိဖြစ်မိပါတယ် ။
A : " On Wednesday the full moon day of Visakha , 103 B.E. at dawn the Great Being attained the Supreme Enlightenment of a Buddha . "
မဟာသက္ကရာဇ် ( ၁၀၃ ) ခုနှစ် ၊ ၀ိသာခါ နက္ခတ်နဲ့ ယှဉ်တဲ့ ကဆုန်လပြည့် ဗုဒ္ဓဟူးနေ့ ၊ အရုဏ်တက်ချိန်မှာ သဗ္ဗညုတ ရွှေဉာဏ်တော်ရှင် ဘုရားအဖြစ် ရောက်တော်မူခဲ့ပါတယ် ။
B : " What's the enlightenment ? "
သဗ္ဗညုတရွှေဉာဏ်တော် ဆိုတာ ဘာလဲ ။
A : " The Great wisdom the Buddha knew about the universe very well. "
ကြီးမားမြင့်မြတ်တဲ့ ဉာဏ်ပညာပါဘဲ ။ ဘုရားသခင်က လောကအကြောင်းကို အလုံးစုံ သိတော်မူပါတယ် ။
To be continue ......... The Buddha preached the first sermon ' The Wheel Of Dhamma . ' Chapter
Tuesday, April 17, 2012
Monday, April 2, 2012
လာဘ်လာဘအဖွင့် ၀တ်ရွတ်စဉ် ဂါထာများ
လာဘ်လာဘအဖွင့် ၀တ်ရွတ်စဉ် ဂါထာများ
၁။ နမော တဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓ ။
၂။ ဗုဒ္ဓေါမေ သရဏံ အညံ နတ္ထိ - ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
ဓမ္မောမေ သရဏံ အညံ နတ္ထိ - ဓမ္မံ သရဏံ ဂစ္ဆာမိ ။
သံဃောမေ သရဏံ အညံ နတ္ထိ - သံဃံ သရဏံ ဂစ္ဆာမိ ။
ဧတေန သစ္စ၀ဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ။
၃။ ဗုဒ္ဓတေဇေန - - - - - အရိန္ဒမော ။
ဓမ္မတေဇေန - - - - - မဟာလာဘော ။
သံဃတေဇေန - - - - - မဟာယသော ။
ဧတေန သစ္စ၀ဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ ။
၎။ ဗုဒ္ဓေါ မေ ရက္ခတု နိစ္စံ ။
ဓမ္မော မေ ရက္ခတု သဒါ ။
သံဃော မေ ရက္ခတု ဒိနေ ၊ ဒီဃာ ယုကော သတံ ဘဝေ ။
၅။ ဧ၀ံ အစိန္တိယာ ဗုဒ္ဓါ ၊ ဗုဒ္ဓဂုဏာ အစိန္တိယာ ။
အစိန္တိယေ ပဿန္နာနံ ၀ိပါကော ဟောတု အစိန္တိယာ ။
ဧ၀ံ အစိန္တိယာ ဓမ္မာ ၊ ဓမ္မဂုဏာ အစိန္တိယာ ။
အစိန္တိယေ ပဿန္နာနံ ၀ိပါကော ဟောတု အစိန္တိယာ ။
ဧ၀ံ အစိန္တိယာ သံဃာ ၊ သံဃဂုဏာ အစိန္တိယာ ။
အစိန္တိယေ ပဿန္နာနံ ၀ိပါကော ဟောတု အစိန္တိယာ ။
၆။ ဥုံ - တုဋ္ဌေဟိ တုဋ္ဌေဟိ မမ တုဋ္ဌေဟိ ပိယေဟိ ပိယေဟိ
မမ ပိယေဟိ သိန္နေဟံ သိန္နေဟံ မမ သိန္နေဟံ ရာဇစိတ္တံ
ပိယံမှိုင်းမှိုင်း ၊ ဒေ၀စိတ္တံ ပိယံမှိုင်းမှိုင်း ၊ ပုရိသစိတ္တံ ပိယံမှိုင်းမှိုင်း ၊
ဣတ္ထိစိတ္တံ ပိယံမှိုင်းမှိုင်း ၊ သဗ္ဗစိတ္တံ ပိယံမှိုင်းမှိုင်း ဩောင်း
ချဉ်းဆရာချဉ်း ကပ်ဆရာကပ် ။
၇။ ဥုံ - ဣမံ ကာယဗန္ဓနံ ပိယံမမကပ် ။
၈။ ဥုံ - ပဉ္စဗုဒ္ဓါနုဘာဝေန ပဉ္စဂုဏာနုဘာဝေန စည်ပင်သာယာ
ရပ် - ရှစ် - မျက်နှာက လာဆြာလာ ၀င်ဆြာဝင် ။
၉။ ဥုံ - သူရဿတီ ဒေ၀ါနံ ရုက္ခာ ဒေ၀ါနံ အာကာသ ဒေ၀ါနံ
အာလောက ဒေ၀ါနံ သမဏဗြဟ္မာနံ အမစ္စ ရာဇာနံ
သဗ္ဗဣတ္ထီနံ သဗ္ဗပုရိသာနံ သဗ္ဗဘောဂါနံ သဗ္ဗလာဘာနံ
သဗ္ဗဓနာနံ ဧဟိ ဧဟိ ဗလံကပ် ။
၁၀။ ဥုံ - သူရဿတီစ မေ မာတာ
မာတာစ မေ သူရဿတီ ဒေ၀ီ ၊
အနုကမ္ပံ ဥပါဒါယ လာဘံမေ ဒေဟိ ဒေဟိ ဧဟိ ဧဟိ ။
၁၁။ ဥုံ - သဗ္ဗဟိတ မင်္ဂလာနိ ပုညာဘိ သီရိသောဘဏီ ။
သူရဿတီစ မေမာတာ နိစ္စံရက္ခန္တုမံ သဒါ ။
အားလုံး စုစုပေါင်း (၁၁)ပုဒ် အစဉ်အတိုင်း ရွတ်ပါမှ စွမ်းအား တစ်ခုဖြစ်၏ ။ ပါဝါ တစ်ခု တက်၏ ။ အစဉ်အတိုင်း မဟုတ်ဘဲ ကွက်ကျော် ရွတ်ပါက ဘာစွမ်းအားမှ ရမည် မဟုတ်ပါ။ ထို့ကြောင့် အစမှ အဆုံးတိုင် အစဉ်အတိုင်းသာ ရွတ်ဖတ် သရဇ္ဈာယ်ရပါမည်။
၁။ ပထမဦးစွာ - ဘုရား - တရား - သံဃာ - မိဘ - ဆရာ အနန္တောအနန္တငါးပါးအား ( မိမိတတ်နိုင်သရွေ့ ) ဆွမ်း - ရေချမ်း - ပန်း - အမွှေးတိုင် - ဖယောင်းတိုင် - တစ်မျိုးလျှင် ( ၅ ) ခုစီ ကပ်လှူပူဇော် လိုရာဆုတောင်းပါ ။
၂။ ဒုတိယ - ဘုရားထံမှာ ( ၅ )ပါး သီလ ခံယူပါ။
၃။ တတိယ - ( အမျိုးဘာသာ သာသနာအတွက် အရပ် (၄) မျက်နှာမှ လည်းကောင်း ၊ အရပ် (၈)မျက်နှာမှ လည်းကောင်း ၊ အရပ် (၁၀)မျက်နှာမှ လည်းကောင်း ၊ အလုံးစုံသော လာဘ်လာဘ ၀င်ငွေ စီးပွား ဥစ္စာ ရတနာ အဖြာဖြာတို့သည် ၀င်လာမစဲ တသဲသဲ ရောက်လာကြပါစေသတည်း ။ ) ဟု (၁၂) ခါ ဆိုပါ ။
၎။ စတုတ္ထ - ထို ဘုရားစင်ရှေ့မှာပင် တစ်ထိုင်တည်းနှင့် ဂါထာကို အစဉ်အတိုင်း (၉)ခေါက် ၊ အများဆုံး (၁၂)ခေါက် ရွတ်ဖတ် သရဇ္ဈာယ်ရပါမည်။ ထို့ထက် မပိုစေရ ။
၅။ ပဉ္စမ - ရွတ်ဖတ် သရဇ္ဈာယ်ပြီးတိုင်း သူရဿတီ မယ်တော် နတ်သမီး အမှူးရှိသော ဤကမ္ဘာအတွင်း ၊ ဤ စကြာဝဠာအတွင်း တည်ရှိကြကုန်သော အလုံးစုံသော သမ္မာဒေ၀နတ်များ ၊ သာသနာတော်စောင့်နတ်များ ၊ အလုံးစုံသော သတ္တ၀ါအားလုံးအား အမျှ (၃)ခါ ဝေပါ။ မေတ္တာ (၉)ခါ ပို့ပေးပါ ။
မှတ်ချက် ။ ။ ရွတ်ဖတ်သရဇ္ဈာယ်ရာမှာ အသံကျယ်ကျယ် မရွတ်ရပါ။ မိမိတစ်ကိုယ်ကြား အသံတိုးတိုးသာ ရွတ်ရပါမည် ။ ရွတ်လျှင် ( ခပ်မြန်မြန် မရွတ်ရ။ )
( ပုံမှန် သံမှန်အတိုင်း မမြန်လွန်း ၊ မနှေးလွန်း ) အနေတော် ရွတ်ရပါမည် ။ ဤကဲ့သို့ ညွှန်ကြား ပြသသည့်အတိုင်း တစ်သဝေမတိမ်း လိုက်နာဆောင်ရွက်ပါက တစ်နေ့တခြား ကျက်သရေ မင်္ဂလာ အဖြာဖြာများ တိုးတက် စည်ကားလာပါလိမ့်မည်။ ပြောတိုင်းအောင်မြင်လာလိမ့်မည်။ တောင်းတိုင်းလည်း ရလိမ့်မည်။ တမ်းတတိုင်းလည်း ရောက်လာလိမ့်မည် ။
တစ်နေ့တခြား ကြံစည်တိုင်းလည်း ပြီးစီးလာလိမ့်မည် ။ မိမိအား နတ်ကောင်းနတ်မြတ်များ ကူညီ မ စ စောင့်ရှောက်ကြလိမ့်မည် ။ လူချစ်လူခင် အလွန်များပြားလာလိမ့်မည်။ နတ်ကောင်းနတ်မြတ်များ ချစ်ခင်လာလိမ့်မည်။ ကောင်းသော အိပ်မက်များလည်း မက်လာလိမ့်မည်။ ၀င်ငွေ လာဘ်လာဘများ တစ်နေ့တခြား တိုးတက်ရရှိလိမ့်မည် ။ ရန်သူများပင် ချစ်ခင်လာလိမ့်မည်။
ဘယ်အရပ်ဒေသကို ခရီးထွက်သည် ဖြစ်စေ ၊ ရန်သူမျိုး ငါးပါး အန္တရာယ်များမှ ကင်းဝေးလိမ့်မည် ။ အမှုပြဿနာ မှန်သမျှ ကင်းရှင်းရပြီး ၊ ကိုယ်စိတ်ချမ်းသာမှု ရရှိပါလိမ့်မည် ။ အရောင်း အ၀ယ် လုပ်ငန်းများ ၊ စီးပွားရေး လုပ်ငန်းများ ၊ တခြား ကြီးကျယ်သော ကုမ္ပဏီလုပ်ငန်းကြီးများ ၊ အစုရှယ်ယာလုပ်ငန်းကြီးများ ၊ အောင်မြင်တိုးတက်ကြီးပွားမှု ရပါလိမ့်မည်။ ရှင်ဘုရင် ၊ မင်းစိုးရာဇာ ၊ အာဏာပိုင်များ အထူးချစ်ခင် လေးစားလာရလိမ့်မည် ဖြစ်ပါသည် ။ ထို့ကြောင့် ဒါယကာ ၊ ဒါယိကာမများသည် ဆရာတော် ညွှန်ကြားပြသသော နည်းနာနိဿယတို့ကို မသွေမတိမ်း ဆောင်ရွက် လုပ်ကိုင် လိုက်နာကြပါက အကျိုးအာနိသင် ထူးခြားစွာ ခံစားရမည်မှာ မလွဲဧကန် အမှန်ဖြစ်ပါလိမ့်မည် ။
Monday, March 26, 2012
လိုရာပြည့်စုံစေသောဂါထာ
လိုရာပြည့်စုံစေသောဂါထာ
ဣစ ၦိတာ ဣစ ၦိတံ နာထံ ၊ ဣဒၶိတေတၳဟိ သေ၀ီဟံ ၊
ဣဒ္ဓိ တတ္ထာယ ၀န္ဒာမိ ၊ ဣဒ္ဓိ တတ္ထံ ဒဒါတု မေ ။
အဆင့်မြင့် ရွတ်ဖွယ်
" နမော ဗုဒ္ဓဿ " အဂ္ဂေါဟမသ္မိ လောကဿ ၊
ဇေဋ္ဌောဟမသ္မိ လောကဿ ၊
သေဋ္ဌောဟမသ္မိ လောကဿ ၊
အယမႏၲိမာဇာတိ ၊ နတၳိဒါနိ ပုနဗ ၻေ၀ါတိ ။
ဤလောကတွင် ငါသည်သာ အမြတ်ဆုံး ၊ ဤလောကတွင် ငါသည်သာ အကြီးဆုံး ၊ ဤလောကတွင် ငါသည်သာ အချီးမွမ်းထိုက်ဆုံး ဟူ၍ စိတ်တွင် ယုံမှတ်၍ စိတ်ချစွာ အခိုင်အမာ ရွတ်ဆိုပါ ။ အာရုံတွင် ဤအနက်ကို သိရှိထားပြီး အထက်ပါ ရွတ်ဖွယ်ကို စကားပြောဟောပွဲများ ၊ ဌာနဆိုင်ရာ ကိစ္စ၀ိစ္စများ ၊ ကိုယ်ရေးကိုယ်တာ ကိစ္စများနှင့် အမှုအခင်း စကားစစ်ခင်းရာ အပြိုင်အဆိုင် ကိစ္စခပ်သိမ်း စိတ်နှင့် ရွတ်ဆို၍ ပြိုင်ဆိုင်ပါ ။ အောင်မြင်မည် ။ အနိုင်ရမည် ။ တစ်ပန်းသာမည် ။ အခြေသာမည် ။ အနေသာမည် ။ အဆင့်မြင့်မည်တည်း ။
စာမျက်နှာ - ၃၃၂
အစွမ်းထက်မြက်သည့် ဂါထာမန္တန်ပေါင်းချုပ်
Sunday, February 26, 2012
Chapter 12 Suzata , the rich lady offered the milk porridge သုဇာတာ သူဌေးသမီး ဃနာနို့ဆွမ်း ကပ်လှူခြင်း
Chapter 12 Suzata , the rich lady offered the milk porridge
သုဇာတာ သူဌေးသမီး ဃနာနို့ဆွမ်း ကပ်လှူခြင်း
A : " After the future Buddha had stopped the Great Struggle , the rich lady Sujata offered the future Buddha the
milk porridge , the most delicious food . "
မြတ်စွာဘုရားအလောင်း ဒုက္ကရစရိယ ကျင့်ပြီးချိန်မှာ သုဇာတာ သူဌေးသမီးဟာ အလွန်အရသာရှိတဲ့ ဃနာနို့ဆွမ်းကို
လာရောက်ပြီး ကပ်လှူပါတယ် ။
B : " Sujata ! Where did she live ? "
သုဇာတာ သူဋ္ဌေးသမီးလား ။ သူက ဘယ်မှာနေတာလဲ ။
A : " She lived near Uruvala forest . She used to make an offering every year at the Banyan tree . "
သုဇာတာဟာ ဥရုဝေဠတောကြီးအနီးမှာ နေတာပါပဲ ။ နှစ်စဉ် ပညောင်ပင်ကြီးကို လာပြီး ပူဇော်လေ့ရှိတယ် ။
B : " What's the reason ? "
အကြောင်းကို ရှင်းပြပါဦး ။
A : " She believed that- the tree-god helped her to have a good marriage for her, and so a son was born to her. she
felt thankful.
သုဇာတာ ယုံကြည်တာက သူ အိမ်ထောင်ကျပြီး သားကောင်းတစ်ယောက် မွေးတာ ညောင်စောင့်နတ် , မ လို့ ဖြစ်တာလို့
ယုံကြည်တာ ။ ကျေးဇူးတင်တာပေါ့လေ ။
B : " What's the connection with the future Buddha ? "
ဘုရားအလောင်းနဲ့ ဆက်သွယ်ပုံ ပြောပါဦး ။
A : " Now - the great Being had resumed taking usual food , because he found that the found that the Great
Struggle for six years practiced by him were not the way to enlightenment.
အဲဒီကာလမှာ ဘုရားအလောင်းဟာ အစာအာဟာရကို ပြန်လည်မှီဝဲလျက်ရှိပြီး ဖြစ်ပါတယ် ။ ဘာကြောင့်လဲဆိုတော့ ၆ နှစ်တိုင်
ကျင့်ကြံခဲ့တဲ့ ဒုက္ကရစရိယအကျင့်ဟာ နိဗ္ဗာန်ရောက်ကြောင်း တရား အစစ်မဟုတ်တာကို သိမြင်လို့ပါပဲ ။
B : " You mean - it's middle way - better to meditate ? "
မဇ္ဈိမပဋိပဒါ ကျင့်စဉ်ဟာ ပိုကောင်းတယ်လို့ ဆိုလိုပါသလား ။
A : " The best way , of course. On the full moon day of the month Visakha ( April - May ) the Future Buddha was
sitting under the " Banyan tree . "
မဇ္ဈိမ ပဋိပဒါဟာ အကောင်းဆုံးပေါ့ ။ ၀ိသာခါ နက္ခတ်နဲ့ ယှဉ်တဲ့ လပြည့်နေ့မှာ မြတ်စွာဘုရား အလောင်းတော်ဟာ
ညောင်ပင်အောက်မှာ သီတင်းသုံးနေတော်မူတယ် ။
B : " Why did he sit only under the Banyan tree ? Any reason ? "
ဘုရားအလောင်းဟာ ဘာဖြစ်လို့ ညောင်ပင်အောက်မှာပဲ သီတင်းသုံးတာလဲ ။ အကြောင်းရှိသလား ။
A : " Banyan tree's also called Bo tree-reached perfect wisdom , and therefore you can call it tree of knowledge . "
ညောင်ပင်ကို ညောင်ဗုဒ္ဓဟေပင်လို့လဲ ခေါ်နိုင်ပါတယ် ။ မြတ်စွာဘုရားဟာ ဗောဓိပင်အောက်မှာ သဗ္ဗညုတရွှေဉာဏ်တော်
ရတော်မူခဲ့တာကိုး ။ အဲ့ဒါကြောင့် ဉာဏ်တော်သစ်ပင်လို့ ခေါ်နိုင်ပါတယ် ။
B : " Just-a certain believing or thought of the Buddhists. Ever heard it's guarded by Nat' . "
ဗုဒ္ဓဘာသာဝင်တွေရဲ့ ယုံကြည်မှုအတွေး တစ်မျိုးပေါ့လေ ။ အဲ့ဒိ ညောင်ပင်ကို နတ်စောင့်တယ်လို့တော့ ကြားဖူးပါတယ် ။
A : " We , the Buddhists took upon the Bo tree as most Christians look upon the Cross . "
ခရစ်ယာန် ဘာသာဝင်တွေ လက်ဝါးကပ်တိုင်ကို စောင့်ရှောက်သလို ၊ ဗုဒ္ဓဘာသာဝင်တွေဟာလဲ ဗောဓိပင်တော်မြတ်ကို
စောင့်ရှောက် ကိုးကွယ်တာပေါ့ ။
B : " Good example "
သင့်မြတ်ပါပေတယ် ။
A : " To continue - Sujata thought the future Buddha to be the tree-god , her benefactor - offered him milk -
porridge in a golden bowl , worth a hundred thousand piece of money . "
သုဇာတာ သူဋ္ဌေးသမီးဟာ ဘုရားအလောင်းကို သူ့ရဲ့ ကျေးဇူးရှင် ရုက္ခစိုးလို့ ထင်ပြီး ၊ ရွှေခွက်နဲ့ ထည့်ထားတဲ့ ဃနာနို့ဆွမ်းကို
ကပ်ခြင်းဖြစ်ပါတယ် ။
B : " Did the future Bhddha enjoy it ? "
ဘုရားအလောင်းဟာ ဘုဉ်းပေးပါသလား ။
A : " Certainly ; and he proceeded to the banks of the Neranjara and ate the food . He took the bowl to the river
bank and set it on the river saying. " If today I shall be able to become a Buddha , let this bowl go by stream . "
ဘုရားအလောင်းဟာ ဃနာနို့ဆွမ်း ရွှေခွက်ကို အကပ်ခံပြီး နေရဉ္စရာ မြစ်ကမ်းခြေကို ကြွရောက် ဘုဉ်းပေးတော်မူတယ် ။
ပြီးတဲ့အခါ မြစ်ကမ်းခြေကနေပြီး ရွှေခွက်ကို မျှောချရင်း " ငါသည် ယနေ့ပင် ဘုရားစင်စစ် ဧကန် ဖြစ်မည် မှန်က ဤရွှေခွက်သည်
မြစ်ညာသို့ ဆန်ပါစေသား " လို့ အဓိဋ္ဌာန် ပြုလိုက်ပါတယ် ။
B : " Was the wish fulfilled ? "
ဆန္ဒပြည့်မြောက်ပါသလား ။
A : " It floated beyond-stream according to the desire . "
ရွှေခွက်ဟာ မြစ်ညာကို ဆန်တက်သွားခဲ့ပါတယ် ။ ဆန္ဒတော်အတိုင်းပါဘဲ ။
To be continue ......... The Future Buddha got his enlightenment Chapter

Thursday, February 16, 2012
Wednesday, February 8, 2012
Chapter 11 The Future Buddha Made the Great Struggle ဘုရားလောင်း ဒုက္ကရစရိယ ကျင့်ခြင်း
Chapter 11 The Future Buddha Made the Great Struggle
ဘုရားလောင်း ဒုက္ကရစရိယ ကျင့်ခြင်း
A : " The future Buddha seeked for the teachers and he found two renowned Brahmins. "
ဘုရားအလောင်းဟာ ဆရာကို ရှာဖွေတွေ့တဲ့အခါ ဗြဟ္မဏဆရာကြီး နှစ်ဦးကို တွေ့ခဲ့ပါတယ် ။
B : " Why did he search for the teachers ? "
ဘာဖြစ်လို့ ဆရာရှာတာလဲ ။
A : " To acquire the method of meditation . "
တရားအားထုတ်ဖို့ နည်းလမ်းရှာတာပါ ။
B : " Needed super human power ? "
တန်ခိုးအာနုဘော် ရချင်တဲ့ သဘောလား ။
A : " Yes , but it was wrong way. The future Buddha ceased to practise it later. "
မှန်ပါတယ် ၊ ဒါပေမယ့် အဲ့ဒါဟာ မှားယွင်းခဲ့တယ် ။ ဘုရားအလောင်းဟာ နောက်ပိုင်းမှာ တန်ခိုးရှာတာကို ရပ်ဆိုင်းခဲ့တယ် ။
B : " Then, what happened to the future Buddha ? "
ဒီနောက် ဘုရားအလောင်း ဘာဖြစ်ခဲ့ပါသလဲ ။
A : " He left the teachers and went to Uruvela grove in search of the enlightenment . "
ဘုရားအလောင်းဟာ ဗြဟ္မဏဆရာတွေဆီက ထွက်ခွာခဲ့ပြီး ဥရုဝေလတောကို သွားခဲ့တယ် ။ သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရဖို့ ဖြစ်ပါတယ် ။
B : " Is it the way to Nibbanna ? "
နိဗ္ဗာန်ရောက်ကြောင်း တရား ဖြစ်ပါသလား ။
A : " Yes, indeed . It is very important to get the essence of Four Noble Truths. "
မှန်ပါတယ် ၊ သစ္စာလေးပါး အမြိုက်တရားကို ရရှိဖို့ဟာ အင်မတန် အရေးကြီးပါတယ် ။
B : " Four Noble Truths ! "
သစ္စာလေးပါး - ဟုတ်လား ။
A : " They are Dukkha ( suffering ) , Samudaya ( origination ) , Niroda ( cessation ) and Magga ( concerning of path ). It's really the fundamental Buddhism . "
အဲ့ဒီ သစ္စာလေးပါး တရားကတော့ ဒုက္ခ ၊ သမုဒယ ၊ နိရောဓ နဲ့ မဂ္ဂသစ္စာတို့ပဲ ဖြစ်ပါတယ် ။ ဒါဟာ ဗုဒ္ဓဘာသာရဲ့ အခြေခံ တရားပါပဲ ။
B : " I'd like to know the effect of the four Noble Truths. "
သစ္စာလေးပါးရဲ့ အကျိုးတရားကို သိချင်ပါတယ် ။
A : " It is indeed , getting out of 31 existences and the attainment of Nibbanna . "
သုံးဆယ့်တစ်ဘုံက လွတ်မြောက်ပြီး နိဗ္ဗာန်မဂ်ဖိုလ် ဆိုက်ခြင်းပါပဲ ။
B : " Out of suffering ! "
ဒုက္ခသစ္စာတရားက ကင်းဝေးကြောင်းပေါ့ ။
A : " Yes , of course , the future Buddha began to practise the Great Struggle for six years. "
မှန်ပါတယ် ။ ဘုရားအလောင်း ဒုက္ကရစရိယတရားကို ၆ နှစ်တိုင်တိုင် ကျင့်ကြံ အားထုတ်ခဲ့ပါတယ် ။
B : " How could he try ? "
ဘယ်လို ကျင့်ကြံခဲ့ပါသလဲ ။
A : " Practised- beyond human endurance he didn't eat rice meal and living on fruits which dropped from trees. Just one fruit a day . "
လူသားတစ်ယောက်အဖို့ ခံနိုင်စွမ်းမရှိသည်အထိ ကျင့်ကြံအားထုတ်ခဲ့တယ် ။ ဆွမ်းမစားတော့ဘဲ သစ်ပင်ပေါ်က အလိုအလျောက် ကြွေကျတဲ့ သစ်သီးကိုပဲ စားခဲ့တယ် ။ တစ်နေ့ တစ်လုံးမျှသာပဲ ဖြစ်တယ် ။
B : " Lack of nourishment ! "
အာဟာရ ချို့ယွင်းလာတာပေါ့ ။
A : " Yes , his body was reduced to skin and bones lost its golden colour and became dry and black. "
ဟုတ်ပါတယ် ။ ကိုယ်တော်ဟာ ကြုံလှီပြီး ၊ ပြီးတော့ ရွှေရောင်ကသို့ ၀င်းဝါသော အသားအရည် ( လက္ခဏာတော်ကြီး ၊ လက္ခဏာတော်ငယ် )တွေဟာလဲ မွဲခြောက်သွားခဲ့တယ် ။
B : " The most wonderful diligence ! "
အင်မတန် အံ့ဩစရာကောင်းတဲ့ လုံ့လပါပဲ ။
To be continue ......... Suzata , the rich lady offered the milk porridge Chapter
Saturday, February 4, 2012
သုဂတောငါးချက် ဂါထာ ( ဣစ္ဆာသယဂါထာတော် )
သုဂတောငါးချက် ဂါထာ ( ဣစ္ဆာသယဂါထာတော် )
သုဂတော သုဂတဓာနံ ၊
သုဂတော သုန္ဒရမ္ပိစ ၊
နိဗ္ဗာနံ သုဂတော ယာတိ ၊
သုဂတော တေ နမော နမာ ။
ဣစ္ဆာသယဂါထာတော် ရွတ်ဖတ်ခြင်းအကျိုး
၎င်းဂါထာတော်ကို နေ့စဉ် သက်စေ့ရွတ်ပါက လိုရာဆန္ဒ ပြီးစီးစေပါသည် ။ ပြောဆိုသမျှ ဩဇာတည်စေပါသည် ။ ဆရာကောင်း ၊ ဆေးဝါးကောင်းများကို အထူးရရှိစေပါသည် ။ နေမိန္ဒရတောင်ပေါ်မှ ဆရာတော်ကြီး ဦးတေဇနိယသည် နေ့စဉ်ရွတ်ရာ နှစ်ကြာလာသည်နှင့်အမျှ အကျိုးပွားလာခဲ့ပြီး တစ်နေ့တွင် ၀ိဇ္ဇာဓိုရ်များက တပည့်တစ်ဦး စေလွှတ်၍ စတုမဓူ ကပ်သဖြင့် ဘုဉ်းပေးရာ အားကုန်ညှိုးနွမ်းသော မြစ်ခြောက်နာမှာ ရုတ်တရက် ယူပစ်သလို ပျောက်ကင်းခဲ့ဖူးပါသည် ။
ဤ ဣစ္ဆာသယ မန္တန်တော်ကို ရှေးဆရာတော်ကြီးများက သုဂတော ငါးချက် ဂါထာဟု ခေါ်ဆိုခဲ့ကြသည်။
မြတ်ဗုဒ္ဓ၏ မုက္ခပါဌ်တော်များကို နတ်ပင့်မှ ဣစ္ဆာသယ သုဂတော ဂါထာထိ အမျိုးပေါင်း ခြောက်ဆယ်ကျော်ဖြင့် ထုတ်ဖော် တင်ပြခဲ့ပြီး ဖြစ်လေပြီ ။
ထိုသို့သော ဘုရား နှုတ်ခပါဌ် ဂါထာ မန္တန်တော်မြတ် တည်းဟူသော ဗုဒ္ဓ ပရိတ်တော်မြတ်များတွင် မိမိတို့ အလိုရှိရာ အဆင်ပြေရာ ဂါထာတော်မြတ်များကို ရွတ်ဖတ် သရဇ္ဈာယ်ပြီး သကာလ ထို ပရိတ် မန္တန်တော်မြတ်များ၏ အကျိုးကျေးဇူးများကို ပိုမို ခံစားစေနိုင်ရန် မေတ္တာပို့သခြင်းနှင့် တွဲဖက်၍ အသုံးပြုသင့်ပေသည် ။ ဥပမာ - သဗ္ဗဇယမင်္ဂလာ ဂါထာတော်ကို နေ့စဉ်အမြဲ ရွတ်ဖတ်မည် ဆိုပါက ထို သဗ္ဗဇယမင်္ဂလာ ဂါထာတော်ရွတ်ပြီးသည်နှင့် တစ်ပြိုင်နက် မေတ္တာပို့ ဂါထာတော်ကို ဆက်လက် ရွတ်ဆိုရန် ဖြစ်ပါသည် ။
ထိုကဲ့သို့ မေတ္တာပို့သပြီးသည်နှင့် တစ်ပြိုင်နက် မိမိပြုခဲ့သမျှ ကုသိုလ်ပုည အားလုံးကို ၃၁ ဘုံသို့ အမျှပေးဝေရမည် ဖြစ်ပါသည်။ လူ ၊ နတ် ၊ ဗြဟ္မာ သတ္တ၀ါများက မိမိ၏ ကောင်းမှုကို သာဓုအနုမောဒနာ ခေါ်ယူ၍ မှတ်တမ်းတင်ကြပါလိမ့်မည် ။
မေတ္တာပို့ အမျှအတန်းပေးဝေပြီးသည့်နောက် သမ္မာဒေ၀ နတ် ဗြဟ္မာအပေါင်းတို့အား ၎င်းတို့ ရပ်ဌာန ဘုံဗိမာန်သို့ ပြန်နိုင်စေရန် ရည်သန်ခွင့်ပြု နတ်ပို့ခြင်း အမှုကို ပြုရပါသည်။
နောက်ဆုံးတွင် အရပ်ဆယ်မျက်နှာကို စည်းချ၍ ဗုဒ္ဓပရိတ်တော် မန္တန်ရွတ်ဖတ်ခြင်း ကိစ္စကို ပြီးစီး စေရမည် ဖြစ်ပါသည်။

Subscribe to:
Comments (Atom)