Pages

Monday, October 26, 2015

အဘဘိုးမင်းခေါင်ဂါထာ



                      အဘဘိုးမင်းခေါင်ဂါထာ

 ပထမ ဂါထာ

     ဇိနော ဇယံ ကယံ ကမ္မံ
     သစ္စယာတော ၊ ဇယာကရေ ။
     ဇိထွာ မာရံ ဇိနာပေသိ ၊
     သော မေ ဒေတု ဇယံ ဇိနော ။

 ဒုတိယ ဂါထာ

      သမ္ဗိန္ဒာ စ အ သမ္ဗိန္ဒာ ၊
      ဒုဝိတာ ဇိန ဒါတုယော ။


  နေ့စဉ် - နံနက် တစ်ကြိမ် ၊ နေ့လည် တစ်ကြိမ် ၊ ည တစ်ကြိမ်

     ပထမ ဂါထာ အခေါက် ( ၁၀၀ )
     ဒုတိယ ဂါထာ အခေါက် ( ၈၀ )

       ရွတ်ဖတ်ပြီးပါက အမျှဝေပြီး မေတ္တာပို့ပါသည် ။

  “  ကျွန်ုပ်သည်လည်း ယနေ့ ကြုံတွေ့နေရသော အခက်အခဲကို အလိုမရှိ ။ ထိုအခက်အခဲများ ပျက်ပြယ်၍ ဆန္ဒရှိသည့်အတိုင်း ပြည့်ဝမှုကိုသာ အလိုရှိ၏ ။ ထို့ကြောင့် ကျွန်ုပ်သည်လည်း ပြည့်ပါစေ ။ ကျွန်ုပ်ကဲ့သို့ အခက်အခဲ ပြေလည်ရန် အလိုရှိကြသူတိုင်းလည်း ပြည့်ပါစေ ။ ” ဟု ကြိမ်ဖန်များစွာ မေတ္တာပို့ပါ ။

      အထူးသဖြင့် အခက်အခဲ ရင်ဆိုင်နေရသော နေရာ ၊ ပုဂ္ဂိုလ် ၊ အဝန်းအဝိုင်းကိုသာ အာရုံစူးစိုက်၍ မေတ္တာပို့ပါ ။


Pg - 163

အဘပေးသော ဂါထာဂုဏ်တော် ပူဇော်နည်း
ကိုယ်တွေ့ အကျိုးများ
ဦးတည်ကြည်
( ဗညားနွဲ့ စာအုပ် အဖုံးအစိမ်းပါ ဂါထာ ၂ ပုဒ် )

Monday, August 17, 2015

သရဏဂုံ ( ၃၀ )( ၉ ၀ ) မန္တာန်တော်ကြီး



သရဏဂုံ ( ၃၀ )( ၉ ၀ ) မန္တာန်တော်ကြီး

၁ ။  ဇာတိ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
      ဇာတိ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
      ဇာတိ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ ။

၂ ။  ဘောဂ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
      ဘောဂ  ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
      ဘောဂ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ ။


၃ ။  ဇီဝိတ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
      ဇီဝိတ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
      ဇီဝိတ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ ။


၎ ။  ယာဝဇီဝံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
     ယာဝဇီဝံ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
     ယာဝဇီဝံ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ ။


၅ ။  မရဏ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
      မရဏ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
      မရဏ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ ။


၆ ။  မရဏ ကာလ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
      မရဏ ကာလ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
      မရဏ ကာလ


၇ ။  အရဟတ္တမဂ္ဂ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
      အရဟတ္တမဂ္ဂ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
      အရဟတ္တမဂ္ဂ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ ။

၈ ။  အရဟတ္တမဂ္ဂကာလ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
      အရဟတ္တမဂ္ဂကာလ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
      အရဟတ္တမဂ္ဂကာလ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ ။

၉  ။  နိဗ္ဗာန ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
       နိဗ္ဗာန ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
       နိဗ္ဗာန ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ ။

၁၀ ။  နိဗ္ဗာနကာလ ပရိယန္တံ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ။
        နိဗ္ဗာနကာလ ပရိယန္တံ ဓမ္မံ သရဏံ ဂစ္ဆာမိ ။
        နိဗ္ဗာနကာလ ပရိယန္တံ သံဃံ သရဏံ ဂစ္ဆာမိ ။


  ရွတ်ဆို ပူဇော်ရန်နှင့် ပုတီးစိပ်ရန်

          တစ်ပုဒ်လျှင် ဗုဒ္ဓံ ၊ ဓမ္မံ ၊ သံဃံ ပွား၍ သရဏဂုံ သုံးဆယ် ဖြစ်၏ ။ ပုတီးစိပ်သောအခါ ဗုဒ္ဓံ တစ်လုံး ၊ ဓမ္မံ တစ်လုံး ၊ သံဃံ တစ်လုံး စိပ်သဖြင့် ၁၀ ပုဒ်မှာ ၃၀ ဖြစ်လာသည် ။ 
          ဒုတိယမ္ပိ စိပ်လျှင် ၃၀ ၊ တတိယမ္ပိ စိပ်လျှင် ၃၀ စိပ်သော် သရဏဂုံ ၉ ၀ ရရှိလာ၏ ။ 

          ပုတီးစိပ်ခြင်း ၊ ရွတ်ဆို ပူဇော်ခြင်း ပြုသည့်အခါ စိတ်တည်ငြိမ်စွာထား၍ ဂုဏ်တော် သုံးပါး၏ အနက် အဓိပ္ပာယ်ကို သိမြင်ပြီး စိပ်နိုင် ရွတ်ဆိုနိုင်လျှင် အကျိုးထူး ကြီးမား ရရှိခံစားနိုင်သည် ဟု ယုံကြည် ရိုသေစွာ ပူဇော်နိုင်ကြပါက အောက်ပါအတိုင်း အကျိုးများ ရရှိနိုင်မည် ဖြစ်ပါသည် ။

          သရဏဂုံ ၃၀ ၊ ၉ ၀ မန္တာန်တော်ကြီးကို ပုတီးစိပ်ခြင်း ရွတ်ဆို ပူဇော်ခြင်း အားဖြင့် အန္တရာယ်ကင်း ၊ ကပ်ကြီး သုံးပါး ကျော်နိုင်ပြီး လာဘ်လာဘ ပစ္စည်း ဥစ္စာ ရတနာ ရွှေ ငွေများ တိုးတက် ပွားများခြင်း ၊ ကြံတိုင်းအောင်၍ ပြောသမျှ အောင်မြင်နိုင်၏ ။

         လူ နတ် ပုဂ္ဂိုလ်အပေါင်းတို့ ချစ်ခင်ဆောင်မခြင်းတို့ကို ရရှိနိုင်သည် ။ ဆင်းရဲ ဒုက္ခများနှင့် ရင်ဆိုင် မတွေ့ မဆုံရခြင်း ၊ ဘေးရန်အပေါင်းတို့ မကျရောက်နိုင်သည့် အပြင် ကျက်သရေ မင်္ဂလာအပေါင်းနှင့် ပြည့်စုံနိုင်၏ ။

         ဝိပတ္တိ ကပ်ဆိုးလည်း မထိုက် ၊ ပျက်စီးခြင်း ဗျသနလည်း မဆိုက် ၊ ရန်သူလည်း မကပ် ၊ အသက်ရှည် ရောဂါ ကင်းနိုင်ကြောင်းနှင့် သာသနာတော်ကြီး အဓွန့်ရှည် တည်တံ့၍ နေရောင်မက ထွန်းလင်း တောက်ပနိုင်ပါသည် ။


     
       ရန်ကုန်မြင့်ဆွေ 
        
       pg - 103 ရောင်ပြန် မဂ္ဂဇင်း
            2014 December 


Monday, July 13, 2015

အနေကဇာတင် ဂါထာတော် ( ပထမ ဗုဒ္ဓဝစန ဥဒါန်းဂါထာတော် )



အနေကဇာတင် ဂါထာတော် ( ပထမ ဗုဒ္ဓဝစန ဥဒါန်းဂါထာတော် )

     အနေက ဇာတိ သံသာရံ ၊ သန္ဓာဝိဿံ အနိဗ္ဗိသံ ။
     ဂဟကာရံ ဂဝေသန္တော ၊ ဒုက္ခာဇာတိ ပုနပ္ပုနံ ။
     ဂဟကာရက ဒိဋ္ဌောသိ ၊ ပုနဂေဟံ နကာဟသိ ။
     သမ္ဗာတေ ဖာသုကာ ဘဂ္ဂါ ၊ ဂဟကူဋံ ဝိသင်္ခတံ ။
     ဝိသင်္ခါရ ဂတံ စိတ္တံ ၊ တဏှာနံ ခယမဇ္ဈဂါ ။

  အနေကဇာတင် ဂါထာတော် အနက် -

      ဂဟကာရံ - ခန္ဓာအိမ်ဆောက်ထား တဏှာလက်သမားကို ၊ ဂဝေသန္တော - ရှာမှီးသော ငါဘုရားသည် ၊ အနိဗ္ဗိသံ - မရလတ်သော် ၊ အနေကဇာတိသံသာရံ - တစ်ပါးမက များစွာသော ဘဝ သံသရာပတ်လုံး ၊ သန္ဓာဝိဿံ - ကျင်လည်ရလှလေပြီ ။ ပုနပ္ပုနံ - ထပ်ခါ ထပ်ခါ ၊ ဇာတိ - ပဋိသန္ဓေ နေရခြင်းသည် ၊ ဒုက္ခာ - ဆင်းရဲလှ၏ ။
      ဂဟကာရက - ခန္ဓာအိမ်ဆောက်သမား ၊ တဏှာယောက်ျား ၊ တွံ - သင့်ကို ၊ ဒိဋ္ဌော - မြင်အပ်သည် ၊ အသိ - ဖြစ်ပြီ ။ ပုန - တစ်ဖန် ၊ ဂေဟံ - ခန္ဓာအိမ်ကို ၊ န ကာဟသိ - မဆောက်လုပ်ရတော့ ။ တေ - သင်၏ ၊ သဗ္ဗာ - အားလုံးကုန်သော ၊ ဖာသုကာ - ကိလေသာ အချဉ်နယ်တို့ကို ၊ ဘဂ္ဂါ - ဖျက်ချိုးအပ်ကုန်ပြီ ။ ဂဟကူဋံ - ခန္ဓာအိမ်၏ အဝိဇ္ဖာအထွတ်ကို ၊ ဝိသင်္ခတံ - ဖျက်ဆီးအပ်ပြီ ။ စိတ္တံ - စိတ်သည် ၊ ဝိသင်္ခါရဂတံ - သင်္ခါရ ကင်းရာ နိဗ္ဗာန်သို့ ရောက်ပြီ ။ တဏှာနံ - တဏှာတို့၏ ၊ ခယံ - ကုန်ရာ နိဗ္ဗာန်ကို ၊ အဇ္ဈဂါ - ရပြီ ။


      *** ဘုရားရှင်သည် ဘုရား ဖြစ်တော်မူပြီး၍ ဆင်ခြင်လတ်သော် တဏှာလက်သမားကို သဗ္ဗညုတဉာဏ်တော်ဖြင့် မြင်တော်မူ၍ အရဟတ္တမဂ်ဉာဏ်ဖြင့် ပယ်တော်မူပြီး ခန္ဓာအိမ်ကို အဆောက်မခံရတော့သဖြင့် လွန်စွာ ဝမ်းမြောက်ကာ ဤဂါထာကို ပထမဆုံး ဥဒါန်းကျူးတော်မူလေသည် ။ ဘုရားရှင်ကို အာရုံပြု၍ ရွတ်ဖတ် သရဇ္ဈာယ်သူတိုင်း ကောင်းကျိုးတရားကို ရကြသဖြင့် နေ့-ည မပြတ် ရွတ်ဖတ် ပူဇော် ကျူးရင့်ခြင်းဖြင့် ကျက်သရေ ဖြိုး၍ စီးပွားရေး လာဘ် လာဘများ တိုးတက်စေပါသည် ။

Friday, June 26, 2015

ရွှေပေါ်ကျွန်း ဆရာတော် ချီးမြှင့်သည့် “ ဝ ” ဂါထာတော် …



ရွှေပေါ်ကျွန်း ဆရာတော် ချီးမြှင့်သည့် “ ဝ ” ဂါထာတော် …

     “ ဝရောပုဏ္ဏဿ သီဝဝေါဝ ၊
       ဝရညုသူရိယာ ဝဝေါဝ ၊
       ဝရဒေါ စက္ကဝါ ဠောဝ ဝေါဝ ၊
       ဝရဟရောကာသော ဝဝေါဝ ”

ဂါထာ အဓိပ္ပာယ်
      မြတ်သော တရားဖြင့် ပြည့်တော်မူသည် ဖြစ်၍ အေးချမ်းသည့် လပြည့်ဝန်းအလား ဝန်းဝိုင်းသော ဝ လုံးကဲ့သို့ မြတ်သောတရားကို သိတော်မူသည် ဖြစ်၍ ၊ နေမင်းအလား ဝန်းဝိုင်းသော ဝ ကဲ့သို့ မြတ်သောဆုကို ပေးသနားတော်မူသည်ဖြစ်၍ ၊ စကြဝဠာအလား ဝန်းဝိုင်းသော ဝ ကဲ့သို့ ၊ ဩကာသလောကအလား ဝန်းဝိုင်းသော ဝ ကဲ့သို့ အပြည့်အဝ မြတ်သောဆုကို ဆောင်တော်မူသော မြတ်စွာဘုရားသည် ပြည့်ပြည့်ဝဝ မြတ်သောဆုကို ပေးသနားတော် မူပါစေသတည်း ။  ။

    အထက်ပါ ဝ ဂါထာတော် ကျင့်စဉ်သည် အလွန်ရှေးကျပြီး ရွှေပေါ်ကျွန်း ဆရာတော်ကြီး ညစဉ် အမြဲ ရွတ်ဖတ်သော ဂါထာဖြစ်ပါသည် ။


                     ဦးသိန်းထွန်းကြည် ( အင်းဝ )
                     pg - 176
                    နက္ခတ္တရောင်ခြည် မဂ္ဂဇင်း
                     2014 Dec

Monday, June 1, 2015

ဂဏန်း ဆယ်ခု သဗ္ဗညု ( ထီကံကောင်းကြစေရန် )


    ဂဏန်း ဆယ်ခု သဗ္ဗညု

( ၁ ) ဂဏန်းဖြစ်တော်မူသော

       မြတ်စွာဘုရား အဆူဆူတို့သည် တစ်ဆူချင်း ၊ တစ်ပါးချင်းသော အတုမရှိ အတူမရှိ ပွင့်ထွန်း ဖူးပွင့်တော်မူကြပါသည် ။ ဤကဲ့သို့ အတုမရှိ ၊ အတူမရှိ တစ်ဆူချင်း ၊ တစ်ပါးချင်း ပွင့်ထွန်းဖူးပွင့်တော်မူကြကုန်သော ဂေါတမ မြတ်စွာဘုရားနှင့်တကွ ကဿပ မြတ်စွာဘုရား ၊ ကောဏာဂုံမြတ်စွာဘုရား ၊ ကကုသန်မြတ်စွာဘုရား ၊ ဝေဿဘူမြတ်စွာဘုရား ၊ သိခီမြတ်စွာဘုရား ၊ ဝိပဿီမြတ်စွာဘုရား တည်းဟူသော ခုနစ်ဆူကုန်သော မြတ်စွာဘုရားများ ၊ နှစ်ကျိပ်ရှစ်ဆူကုန်သော မြတ်စွာဘုရားများ ၊ တစ်သောင်းနှစ်ထောင်ကုန်သော မြတ်စွာဘုရားများ ၊ ငါးသိန်းကုန်သော ဘုရားများ ၊ ဂင်္ဂါဝါဠု သဲစုမက ပွင့်ထွန်းတော်မူကြသော မြတ်ဘုရား အဆူဆူတို့ကို ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနောကံတို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား ။ ( ဦးချရှိခိုးပါ ။ )

( ၂ ) ဂဏန်းဖြစ်တော်မူသော

       ရုပ်တရား ၊ နာမ်တရား ဤတရားနှစ်ပါးကို ပိုင်းခြားထင်ထင် သိမြင်တော်မူကြကုန်သော မြတ်စွာဘုရား အဆူဆူနှင့်တကွ ပစ္စေကဗုဒ္ဓါများ ၊ ရဟန္တာများ ၊ အဂ္ဂသာဝက မဟာသာဝက အရိယာသာဝကများတို့အား ၊ ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနောကံတို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ။ ( ဦးချကန်တော့ပါ ။ )

( ၃ ) ဂဏန်းဖြစ်တော်မူသော

      ဘုရားအမြတ်ဆုံး ရတနာ ၊ တရားအမြတ်ဆုံး ရတနာ ၊ သံဃာအမြတ်ဆုံး ရတနာ တည်းဟူသော ရတနာ မြတ်သုံးပါး ၊ မြတ်စွာဘုရား အဆူဆူ ချမှတ်ခဲ့သော ပရိယတ္တိသာသနာ ၊ ပဋိဝေဓသာသနာ တည်းဟူသော သဒ္ဓမ္မသုံးဖြာ ၊ သာသနာ သုံးရပ် ၊ သီလ သမာဓိ ပညာ တည်းဟူသော သိက္ခာသုံးရပ်နှင့် ဓမ္မက္ခန္ဓာပေါင်း ရှစ်သောင်းလေးထောင် သုတ် ၊ ဝိနည်း ၊ အဘိဓမ္မာ ၊ ပဋ္ဌာန်း နိကာယ်ငါးပုံတို့အား ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနောကံတို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ ဘုရား ။ ( ဦးချကန်တော့ပါ ။ )

( ၄ ) ဂဏန်းဖြစ်တော်မူသော

      သစ္စာလေးပါး တရား ၊ သတိပဋ္ဌာန်တရား လေးပါး ၊သမ္ဗပဋ္ဌာန်တရား လေးပါး ၊ ဣဒ္ဓိပါဒ်တရား လေးပါး ၊ ဖိုလ်လေးပါး တည်းဟူသော မြတ်တရားတော်များနှင့် မဂ္ဂဋ္ဌာန် လေးယောက် ၊ ဖလဋ္ဌာန် လေးယောက် သော အရိယာ သံဃာတော်များအား ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနောကံ တို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ ဘုရား ။ ( ဦးချကန်တော့ပါ ။ )

( ၅ ) ဂဏန်းဖြစ်တော်မူသော

        ငါးပါးသီလ တရားတော်မြတ် ၊ ဗိုလ်ငါးပါး တရားတော်မြတ်နှင့် ဘုရား ၊ တရား ၊ သံဃာ ၊ မိဘ ၊ ဆရာ တည်းဟူသော အနန္တော အနန္တ ငါးပါးတို့အား ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနောကံ တို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား ။ ( ဦးချကန်တော့ပါ ။ )

( ၆ ) ဂဏန်းဖြစ်တော်မူသော

     ဘုန်းတော်ခြောက်ပါး ၊ ဉာဏ်တော်ခြောက်ပါး ၊ ရောင်ခြည်တော် ခြောက်ပါး ပိုင်ရှင် သဗ္ဗညု မြတ်စွာဘုရားရှင်တော်မြတ်အား ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနောကံ တို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား ။ ( ဦးချကန်တော့ပါ ။ )
      နာယကဂုဏ်တော် ခြောက်ပါးနှင့် ပြည့်စုံတော်မူသော ပုဂ္ဂိုလ်အပေါင်းအား ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနောကံ တို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုး ကန်တော့ပါ၏ဘုရား ။ ( ဦးချကန်တော့ပါ ။ )

( ၇ ) ဂဏန်းဖြစ်တော်မူသော

      သူတော်ကောင်း တရား ခုနစ်ပါး ၊ ဗောဇ္ဈင်တရား ခုနစ်ပါး ၊ တရားတော်များနှင့် ဘုရားတပည့်တော်ထက် သီလဂုဏ် ၊ သမာဓိဂုဏ် ၊ ပညာဂုဏ် မြင့်မြတ်ကြသော တနင်္ဂနွေ ၊ တနင်္လာ ၊ အင်္ဂါ ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး ၊ သောကြာ ၊ စနေ တည်းဟူသော ခုနစ်နေ့သား ၊ ခုနစ်နေ့ သမီး အပေါင်းအား ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနောကံတို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား ။ ( ဦးချကန်တော့ပါ ။ )

( ၈ ) ဂဏန်းဖြစ်တော်မူသော

       မဂ္ဂင်ရှစ်ပါး တရားတော်မြတ် ၊ ရှစ်ပါးသီလ တရားတော်မြတ်နှင့် မဂ္ဂဋ္ဌာန် လေးယောက် ၊ ဖလဋ္ဌာန် လေးယောက် ရှစ်ယောက်သော အရိယာ သံဃာတော်မြတ်တို့အား ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနောကံတို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား ။ ( ဦးချကန်တော့ပါ ။ )

( ၉  ) ဂဏန်းဖြစ်တော်မူသော

       ဂုဏ်တော်ကိုးပါး ပိုင်ရှင် မြတ်စွာဘုရားနှင့်တကွ ကိုးပါးသီလ တရားတော်မြတ်ကို ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနေကံတို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား ။ ( ဦးချကန်တော့ပါ ။ )

( ၁၀ ) ဂဏန်းဖြစ်တော်မူသော

       ပါရမီဆယ်ပါး ပိုင်ရှင် မြတ်စွာဘုရားရှင်နှင့် မဂ်လေးပါး ဖိုလ်လေးပါး နိဗ္ဗာန် ပရိယတ် ဆယ်ပါးသော တရားတော်မြတ် ၊ ဆယ်ပါးသော သီလတရားတော်မြတ် ၊ သုမင်္ဂလာတရား ဆယ်ပါး ၊ သုစရိုက်တရား ဆယ်ပါး ၊ တရားတော်မြတ်များနှင့် ခင်ပွန်းကြီးဆယ်ပါးတို့ကို ဘုရားတပည့်တော်သည် ကာယကံ ၊ ဝစီကံ ၊ မနောကံတို့ဖြင့် ရိုသေမြတ်နိုး လက်စုံမိုး၍ ရှိခိုးကန်တော့ပါ၏ ဘုရား ။ ( ဦးချကန်တော့ပါ ။ )


 ဧတေန သစ္စဝဇ္ဇေန ဟောတုမေ ဇယဂဏနံ ။  
    ( သုံးကြိမ် ရွတ်ဆိုပါ ။ )

      ဧတေန သစ္စဝဇ္ဇေန - ဤကဲ့သို့ မှန်ကန်သော သစ္စာစကားများကို ရွတ်ဆို၍ ( ၁ ) ဂဏန်းမှ ( ၁၀ ) ဂဏန်းအထိ ပိုင်ရှင်များအားလုံးကို ရှိခိုးရသော ကောင်းမှုကံ စေတနာတို့ကြောင့် ၊ မေ - ဘုရား တပည့်တော်အား ၊ ဇယ ဂဏနံ - ဂဏန်းနံပါတ်များနှင့် ပတ်သက်သော အောင်မြင်ခြင်း မင်္ဂလာအဖြာဖြာတို့သည် ၊ ဟောတု - စင်စစ်မသွေ ဖြစ်ရပါလို၏ အရှင်ဘုရား ။ ( ဝါ )အောင်ဘာလေ ထီဆုကြီးများ ပေါက်ရပါလို၏ အရှင်ဘုရား ။ ( ကိန်းဂဏန်းနှင့် ပတ်သက်၍ လိုရာ ဆုတောင်းပါ ။ လိုသလို ဆုတောင်းပါ ။ )

 မှတ်ချက်  ။   ။   နံနက်တစ်ကြိမ် ည တစ်ကြိမ် ပုံမှန် ရွတ်ဆို ရှိခိုးကြည့်ပါ ။ ထူးခြားတာ ကြုံတွေ့ရမည် ။


     အောင်ကောင်းမြ ( သာကေတ )

    2014 Dce ရောင်ပြန်မဂ္ဂဇင်း

Monday, April 27, 2015

၅ ။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။


၅ ။ သုရာမေရယ မဇ္ဇပမာဒဋ္ဌာနာ  ဝေရမဏိသိက္ခာပဒံ သမာဒိယာမိ ။

       သေရည် သေရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်ပါ၏ ။

      * ၁။  ပေါင်းသင်းလူစုံ ကြုံတွေ့များတော့ ၊
             စိတ်တွေ လှုပ်ရှားဖောက်ပြန်လာ ။
             ပျော်ပါးချင်လျှင် သတိထားပေါ့
             ကျိုးပြစ် နှစ်ပါး စဉ်းစားပါ ။
             အပြစ်ရှိတာ ကိုယ်တိုင်သိတော့
             မပြုမိဘို့ ချုပ်တည်းပါ ။
             ရှေ့နောက်နှစ်ပါး မစဉ်းစား ခုကားရပ်လိုက်ပါ ။
             အဲဒါမှ ကိုယ်၌ တည်ကြ သီလသာသနာ ။

       ၂ ။ ယစ်မူးတတ်စွာ သေရည်များကို
            မူးယစ်သောက်စား ဘိန်းရှူမျို ၊
            ဒုစရိုက်တွေ ဖြစ်ပေါ်ကြောင်းမို့ 
            မကောင်းစင်စစ် အကုသိုလ်
            လွန်ကျူးမိလျှင် တကယ်ပဲပေါ့
            အပါယ်ငရဲ ကျမည်ဆို
            လွတ်လာစေဦး လူမေ့မူး အရူးဆက်တိုင်းကို ၊
            အဲဒါကြောင့် ပဉ္စသီလ တည်ကြပါစေလို ။

         -  သေရည် သေရက်ကို သောက်ခြင်းမှ ရှောင်ကြဉ်သော  ပုဂ္ဂိုလ်များသည် -

      ( ၁ ) အပါယ်ဘေးမှ ကင်းလွတ်ရခြင်း ။
      ( ၂ ) သတိ အလွန်ကောင်းခြင်း ။
      ( ၃ ) အဘယ် အကြောင်းကိစ္စမဆို အလျင်အမြန် ဝေဖန်နိုင်ခြင်း ။
      ( ၄ ) ဉာဏ်ပညာ ထက်မြက်ခြင်း ။
      ( ၅ ) ထုံထိုင်း တွေဝေမှု မရှိခြင်း ။
      ( ၆ ) မဆွံ့ မအခြင်း 
      ( ၇ ) အမျက်ဒေါသ နည်းပါးခြင်း ။
      ( ၈ ) အရှက်အကြောက် ရှိခြင်း ။
      ( ၉  ) အနာရောဂါ ကင်းရှင်းခြင်း ။
      ( ၁၀ ) အသက်ရှည်ခြင်း ။
      ( ၁၁ ) အခြွေအရံ ပေါများတတ်ခြင်း စသော အကျိုးတရားများကို ရနိုင်ပါသည် ။
            

Related Posts Plugin for WordPress, Blogger...