Pages

Thursday, December 26, 2013

သက်တော်မြဲ ဂါထာတော် ( အဋ္ဌာနမေတံ ဂါထာတော် )





သက်တော်မြဲ ဂါထာတော် ( အဋ္ဌာနမေတံ ဂါထာတော် )
အဋ္ဌာနမေတံ ဘိက္ခဝေ အနဝကာသော
ယံ ပရူပက္ကမေန တထာဂတံ
ဇီဝိတာ ဝေါရောပေယျ ။
အနုပက္ကမေန ဘိက္ခဝေ
တထာဂတာ ပရိနိဗ္ဗာယန္တိ ။
ဧတေန သစ္စဝဇ္ဇေန ၊ သောတ္ထိ မေ ဟောတု သဗ္ဗဒါ ။



ဂါထာတော် အနက်

     ဘိက္ခဝေ - ချစ်သား ရဟန်းတို့ ။ အကြင်အကြောင်းကြောင့် ။ ပရူပက္ကမေန - သူတစ်ပါးတို့၏ လုံ့လ ပယောဂဖြင့် ။ တထာဂတံ - သင်တို့ ဆရာ ငါဘုရားကို ။ ဇီဝိတာ - ရုပ်နာမ် နှစ်ထွေ မြွက်ဖော် အသက်တော်မှ ။ ဝေါရောပေယျ - ခွင်းခါ ပျက်ခြွေ ၊ ချသတ်လေရာ၏ ။
      ဧတံ - ဤသို့ ရုပ်နာမ် ပျက်ခွင်း ၊ ချသတ်နိုင်ခြင်းသည် ။ အဋ္ဌာနံ - အကြောင်းခြင်းရာ မဟုတ်သည်သာတည်း ။
      ဧတံ - ဧသာ - ဤသို့ ရုပ်နာမ် ပျက်ခွင်း ၊ ချသတ်နိုင်ခြင်းသည် ။ အနဝကာသော - အခွင့်အခါ မဟုတ်သည်သာတည်း ။
       ဘိက္ခဝေ - ငါဘုရားကို စောင့်ရှောက်နေငြား အို- ချစ်သားတို့ ။ တထာဂတာ - ရှေးရှေးအတူ ကြွလာတော်မူကြကုန်သော မြတ်စွာဘုရားတို့သည် ။ အနုပက္ကမေန - သူတစ်ပါးတို့ လက်နက် လုံလ ပယောဂတို့  လုံးဝ မရှိဘဲနှင့်သာလျှင် ။ ပရိနိဗ္ဗာယန္တိ - နိဗ္ဗာန် စံကိန်း ငြိမ်းတော်မူကြပေကုန်၏ ။
        ဧတေန သစ္စဝဇ္ဇေန - ဤသို့ ထုတ်ပြန် ဟုတ်မှန်သော စကားကို မြွက်ကြားရပေသောကြောင့် ။ မေ - ချမ်းသာလိုလား ဘုရားတပည့်တော်အား ။ သဗ္ဗဒါ - နေ့ရောညဥ့်ပါ အခါခပ်သိမ်း ။ သောတ္ထိ - လက်နက် ပယောဂ ကင်းစင်ပ၍ ဘေးရန်ကင်းကွာ ချမ်းသာခြင်း သုခ အဝဝနှင့် ပြည့်စုံခြင်းသည် ။ ဟောတု - မုချမသွေ ဖြစ်ပါစေသတည်း ။

 ( ဘုရားရှင်၏ ထူးခြားသော ပရိနိဗ္ဗန္တ ဂုဏ်တော်ကို အာရုံပြု၍ ရွတ်ဆိုခြင်းဖြင့် ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာစေနိုင်ပါသည် ။ )

Tuesday, November 26, 2013

နေနဲ့ လနဲ့ နှစ်ပါးပြိုင် ဂါထာ


နေနဲ့ လနဲ့ နှစ်ပါးပြိုင် ဂါထာ

        ဝရဗုဒ္ဓေါ ၊ ဝရဓမ္မော ၊ ဝရသံဃော
        ဝရိဿရော ၊ ဝရစေတော ၊ ဝရံဒေတု
        ဝရေဟိမေ ၊ ဝရံ ဝရံ ။



        အထက်ပါ ဂါထာအား နေထွက်ချိန်တွင် ( ၂၇ ) ခေါက် ၊ လထွက်ချိန်တွင် ( ၂၇ ) ခေါက် ရွတ်ဖတ်ရပါမည် ။ နေ့စဉ် မပျက် ရွတ်၍ ( ၄၉ ) ရက်ကျော်လျှင် စိတ်ချမ်းသာ၍ လိုရာ ပြည့်ဝမည် ။

Saturday, October 26, 2013

အတိတ်ကံ ၊ ပစ္စပ္ဗုန်ကံ ၊ ကံနှစ်မျိုး ပွင့်လင်းရန် ဆုတောင်း



အတိတ်ကံ ၊ ပစ္စပ္ဗုန်ကံ ၊ ကံနှစ်မျိုး ပွင့်လင်းရန် ဆုတောင်း
     အတီတေ ဝတ္တမာနေစ ၊
     ယံ ပုညံ ပကတံ မယံ ၊
     ဤ ဒေဝ တဿ ပစ္စက္ခေ ၊
     ဝိပါကော မေ ဝိပစ္စတု ။

အနက်
     တပည့်တော်တို့သည် ဘဝ သံသရာ အဆက်ဆက်က ဒါန ၊ သီလ ၊ ဘာဝနာဟု ဆိုအပ်သော ကုသိုလ် ကောင်းမှုတို့ကို ပြုလုပ် အားထုတ်ခဲ့ကြပါ၏ ။
     ယခု ဘဝ၌လည်း ဒါန ၊ သီလ ၊ ဘာဝနာ ကုသိုလ်ကောင်းမှု အစုစုတို့ကို ပြုလုပ် အားထုတ်ကြပါသည် အရှင်ဘုရား ။
     ထိုကုသိုလ် ကောင်းမှု နှစ်ခုတို့သည် ယခုအချိန်၌ အကျိုးပေးရာ အချိန်တန်၍ ရင့်ကျက်ဖွံ့ဖြိုး အကျိုးပေးပါစေသတည်း ။  ။

သစ္စာပြု ဆုတောင်း
       ဧတေန သစ္စ ဝဇ္ဇေန
       ဧကံ ဆန္ဒံ သမိဇ္ဈတု  ။
        ဧတေန သစ္စဝဇ္ဇေန - ဤသို့နှုတ်မှန် ဆိုထုတ်ပြန်၍ ဟုတ်မှန်စွာသော သစ္စာစကားကြောင့် ၊ ဧကံ ဆန္ဒံ - တစ်ခုတည်းသော ဆန္ဒကို ၊ သမိဇ္ဈတု - ပြီးစီး အောင်မြင်ပါစေသတည်း ။  ။

အလိုတော်ပြည့်ဘုရားရှိခိုး



အလိုတော်ပြည့်ဘုရားရှိခိုး

အလိုတော်ပြည့် မဟာဗုဒ္ဓေါ
ဒေဝမနုဿ ပူဇိတော ၊
သောရဟော ပစ္စယာဒီနံ ၊
မဟာလာဘံ ကရောတုမေ ။
မဟာဓနံ ကရောတုမေ ။
မဟာသုခံ ကရောတုမေ ။

အနက် ...

     အလိုတော်ပြည့် မဟာဗုဒ္ဓေါ - သတ္တဝါတိုင်း ဆန္ဒရှိသမျှ ပြည့်ဝကုံလုံ တန်ခိုးဂုဏ်ဖြင့် တောင့်တလင့်ဆို အလိုရှိသမျှ ပြည့်ဝရသော အလိုတော်ပြည့် နာမထင်ရှား မြတ်စွာဘုရားသည် ။ ဒေဝ မနုဿ ပူဇိတော - နတ်လူဗြဟ္မာ သတ္တဝါတို့၏ ဆရာတစ်ဆူ ဖြစ်တော်မူထပါပေသော ။ ပစ္စယာဒီနံ - တကာ ၊ တကာမတို့ သဒ္ဓါ ရွှင်လန်း ထာဝရ လှူဒါန်း သစ်သီးဆွမ်းနှင့် ဆီမီး ၊ ရေချမ်း ၊ ပန်း အစရှိသည်တို့ကို အလှူတော်မှန် အပူဇော်ကို ခံယူတော် မူထိုက်သော ။ ရဟော - ဆိတ်ကွယ်ရာ အရပ်၌ အကုသိုလ် ဒုစရိုက် ဟူသမျှကို ပယ်သတ်တော်မူထသော ၊ သော ဗုဒ္ဓေါ - ငါးမာရ်အောင်ဘိ ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ၊ မေ - အလိုပြည့်ရာ ဆန္ဒမှန်ဖြင့် အလိုပြည့်ကြောင်း အောင်ဆုတောင်းကြကုန်သော တပည့်တော်တို့အား ၊ ဝရံ - မြတ်လှစွာသော ၊ သုခံ - ချမ်းသာခြင်းကို ၊ ဝရံ - မြတ်လှစွာသော ၊ ဓနံ - စည်းစိမ်ဥစ္စာတို့ကို ၊ ဝရံ - မြတ်လှစွာသော ၊ လာဘံ - လာဘ်သပကာကို ၊ ကရောတု - ကရုဏာရှေ့ထား မေတ္တာအားဖြင့် ပေးသနားတော်မူပါ အရှင်မြတ်ဘုရား ။  ။


ပထမဗုဒ္ဓဝစန ဥဒါန်း ဂါထာတော်ကြီး





ပထမဗုဒ္ဓဝစန ဥဒါန်း ဂါထာတော်ကြီး
      အနေက ဇာတိ သံသာရံ ၊
      သန္ဓာ ဝိဿံ အနိဗ္ဗိသံ ၊
      ဂဟကာရံ ဂဝေသန္တော ၊
      ဒုက္ခာ ဇာတိ ပုနပ္ဗုနံ ။
      ဂဟကာရက ဒိဌောသိ ၊
      ပုနဂေဟံ န ကာဟသိ ။
      သမ္မာ တေ ဖာသုကာ ဘဂ္ဂါ ၊
      ဂဟကူဋံ ဝိသင်္ခတံ ။
      ဝိသင်္ခါရဂတံ စိတ္တံ ၊
       တဏှာနံ ခယမဇ္ဈဂါ ။

  အနက် ...
        ဂဟကာရံ - ခန္ဓာအိမ်ဆောက်ထား တဏှာလက်သမားကို ၊ ဂဝေသန္တော - ရှာမှီးသော ငါဘုရားသည် ၊ အနိဗ္ဗိသံ - မရလတ်သော် ၊ အနေက ဇာတိ သံသာရံ - တစ်ပါးမက များစွာသော ဘဝသံသရာပတ်လုံး ၊ သန္ဓာဝိဿံ - ကျင်လည်ရလှလေပြီ ။ ပုနပ္ဗုနံ - ထပ်ခါ ထပ်ခါ ၊ ဇာတိ - ပဋိသန္ဓေနေရခြင်းသည် ၊ ဒုက္ခာ - ဆင်းရဲလှ၏ ။
         ဂဟကာရက - ခန္ဓာအိမ်ဆောက်သမား ၊ တဏှာ ယောက်ျား ၊ တွံ - သင့်ကို ၊ ဒိဌော - မြင်အပ်သည် ၊ အသိ - ဖြစ်ပြီ ။ ပုန - တစ်ဖန် ၊ ဂေဟံ - ခန္ဓာအိမ်ကို ၊ န ကာဟသိ - မဆောက်လုပ်ရတော့ ၊ တေ - သင်၏ ၊ သဗ္ဗာ - အားလုံးကုန်သော ၊ ဖာသုကာ - ကိလေသာအချဉ်နယ်တို့ကို ၊ ဘဂ္ဂါ - ဖျက်ချိုးအပ်ကုန်ပြီ ။ ဂဟကူဋံ - ခန္ဓာအိမ်၏ အဝိဇ္ဇာ အထွတ်ကို ၊ ဝံသင်္ခတံ - ဖျက်ဆီးအပ်ပြီ ။ စိတ္တံ - စိတ်သည် ၊ ဝိသင်္ခါရဂတံ - သင်္ခါရ ကင်းရာ နိဗ္ဗာန်သို့ ရောက်ပြီ ။ တဏှာနံ - တဏှာတို့၏ ၊ ခယံ - ကုန်ရာ နိဗ္ဗာန်ကို ၊ အဇ္ဈဂါ - ရပြီ ။
        ဘုရားရှင်သည် ဘုရားဖြစ်တော်မူပြီး၍ ဆင်ခြင်လတ်သော် တဏှာ လက်သမားကို သဗ္ဗညုတ ဉာဏ်တော်ဖြင့် မြင်တော်မူ၍ အရဟတ္တမဂ်ဉာဏ်ဖြင့် ပယ်တော်မူပြီး ခန္ဓာအိမ်ကို အဆောက်မခံရတော့သဖြင့် လွန်စွာ ဝမ်းမြောက်ကာ ဤ ဂါထာကို ပထမဆုံး ဥဒါန်း ကျူးတော်မူလေသည် ။ ဘုရားရှင်ကို အာရုံပြု၍ ရွတ်ဖတ် သရဇ္ဈာယ်သူတိုင်း ကောင်းကျိုးတရားကို ရကြလေသည် ။ နေ့ - ည မပြတ်ရွတ်ဖတ်ကြပါကုန် ။  ။

Thursday, September 26, 2013

ရှင်အရဟံ ပုတီးစိပ်နည်း ( အနန္တ မန္တာန်တော်ကြီး )


ရှင်အရဟံ ပုတီးစိပ်နည်း ( အနန္တ မန္တာန်တော်ကြီး )
၁ ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ နာမ ရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ ။
      ဗုဒ္ဓံ - မြတ်စွာဘုရားကို ၊ သရဏံ - ကိုးကွယ်ရာ ဟူ၍ ၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏ ။ နာမရူပံ - နာမ် ရုပ်သည် ၊ အနိစ္စံ - အမြဲ မရှိ ။ ဒုက္ခံ - ဆင်းရဲ၏ ။ အနတ္တာ - အနှစ်ကင်းပ အစိုးမရ ။
၂ ။ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ နာမ ရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ ။

      ဓမ္မံ - တရားတော်မြတ်ကို ၊ သရဏံ - ကိုးကွယ်ရာ ဟူ၍ ၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏ ။ နာမရူပံ - နာမ် ရုပ်သည် ၊ အနိစ္စံ - အမြဲ မရှိ ။ ဒုက္ခံ - ဆင်းရဲ၏ ။ အနတ္တာ - အနှစ်ကင်းပ အစိုးမရ ။

၃ ။ သံဃံ သရဏံ ဂစ္ဆာမိ ၊ နာမ ရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ ။

      သံဃံ - သံဃာတော်မြတ်ကို ၊ သရဏံ - ကိုးကွယ်ရာ ဟူ၍ ၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏ ။ နာမရူပံ - နာမ် ရုပ်သည် ၊ အနိစ္စံ - အမြဲ မရှိ ။ ဒုက္ခံ - ဆင်းရဲ၏ ။ အနတ္တာ - အနှစ်ကင်းပ အစိုးမရ ။
၎ ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ ၊ နာမ ရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ ။

      ဗုဒ္ဓံ - မြတ်စွာဘုရားကို ၊ သရဏံ - ကိုးကွယ်ရာ ဟူ၍ ၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏ ။ ဓမ္မံ - တရားတော်မြတ်ကို ၊ သရဏံ - ကိုးကွယ်ရာ ဟူ၍ ၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏ ။ သံဃံ - သံဃာတော်မြတ်ကို ၊ သရဏံ - ကိုးကွယ်ရာ ဟူ၍ ၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏ ။ နာမရူပံ - နာမ် ရုပ်သည် ၊ အနိစ္စံ - အမြဲ မရှိ ။ ဒုက္ခံ - ဆင်းရဲ၏ ။ အနတ္တာ - အနှစ်ကင်းပ အစိုးမရ ။
၅ ။ စက္ကဝါဠေသု ၊ အနန္တေသု ။
      အာကသေ ၊ အနန္တေ တထာ ။
      သတ္တနိကာ ၊ အနန္တာစ ။
       သမ္ဗုဒ္ဓေ ဉာဏ အနန္တာ ။
       အနန္တေသု - အဆုံး အပိုင်းအခြား မရှိကုန်သော ၊ စက္ကဝါဠေသု - စကြာဝဠာတိုက်တို့၌ လည်းကောင်း ၊ တထာ - ထိုမှတစ်ပါး ၊ အနန္တေ - အနန္တေသု - အဆုံး အပိုင်းအခြား မရှိကုန်သော ၊ အာကာသေ - အာကာသေသုစ - ကောင်းကင်တို့၌ လည်းကောင်း ၊ သတ္တနိကာ - သတ္တဝါအပေါင်းတို့သည်လည်း ၊ အနန္တာ - အဆုံး အပိုင်းအခြား မရှိကုန် ။ သမ္ဗုဒ္ဓေစ - သစ္စာသိမြင် ဘုရားရှင်တို့သည်လည်း ၊ ဉာဏ - ဉာဏာ - ဉာဏ်တော်တို့သည် ၊ အနန္တော - အဆုံးအပိုင်းအခြား မရှိကုန် ။

၆ ။ အနန္တံ ဗလဝံ ဗုဒ္ဓံ ၊ အနန္တံ ဂေါစရံ ဓမ္မံ ။
      အနန္တံ အရိယံ သံဃံ ၊ အနန္တံ ဗောဓိ မုတ္တမံ ။
      ဗလဝံ - အားတော် ဆယ်တန် ၊ ဉာဏ်တော် ဆယ်ပါး နှင့် ပြည့်စုံတော် မူသော ၊ ဗုဒ္ဓံ - မြတ်စွာဘုရားသည် ၊ အနန္တံ - အတိုင်းမသိ တန်ခိုးတော် ကြီးမြတ်လှပါပေ၏ ။
       ဂေါစရံ - မဂ်ဉာဏ် ဖိုလ်ဉာဏ် တို့၏ ကျက်စားရာဖြစ်သော ၊ ဓမ္မံ - တရားတော်မြတ်သည် ၊ အနန္တံ - အတိုင်းမသိ တန်ခိုးကြီးမြတ်လှပါပေ၏ ။
        အရိယံ - မဂ္ဂဋ္ဌာန် ၊ ဖလဋ္ဌာန် ရှစ်တန်ထင်ပေါ် အရိယာ ဖြစ်တော်မူသော ၊ သံဃံ - သံဃာတော်မြတ်သည် ၊ အနန္တံ - အတိုင်းမသိ တန်ခိုးတော် ကြီးမြတ်လှပါပေ၏ ။

၇ ။ အာဂေစၧယ် သေဗၺေဒဝါ ၊
      အာယုုဝေဏၰာ သုုခံဗလံ ၊
      သဗၺသိဒၶိ မဟိဒၶိကာ ၊
      ဇယေတဇ ၊ ဒသဒိသာ ။
      ဘဝတြ မမ သဗၺဒါ ။   ။
       သဗ္ဗေ - အလုံးစုံကုန်သော ၊ ဒေဝါ - နတ်တို့သည် ၊ အာဂစ္ဆေယျ - လာရာ၏ ။ အာယုဝဏ္ဏော သုခံ ဗလံ - အသက်ရှည်ခြင်း ၊ အဆင်းလှခြင်း ၊ ခွန်အားကြီးခြင်း ၊ ချမ်းသာကြီးခြင်း ၊ ဉာဏ်ပညာ ကြီးခြင်းသည် ၊ သဗ္ဗသိဒ္ဓိ - အလုံးစုံသော သိဒ္ဓိပြီးမြောက်သည် ဖြစ်၍ ၊ မဟိဒ္ဓိကာ - ကြီးမားသော တန်ခိုး ရှိ၏ ။ မမ - ကျွနု်ပ်အား ၊ ဒသဒိသာ - အရပ်ဆယ်မျက်နှာမှ ၊ ဘယံ - ဘေး ဟူသမျှသည် ၊ တေဇသာ - တေဇေန - တန်ခိုးအားဖြင့် ၊ ဇယ ဇယတု - အောင်ပါစေသတည်း ။ မမ - ကျွနု်ပ်အား ၊ သဗ္ဗဒါ - နေ့ရော ညဥ့်ပါ ဘယ်ခါ မပြတ် အခါခပ်သိမ်း ၊ ဘဝတု - တောင်းတတိုင်း ပြည့်စုံပါစေသတည်း ။  ။

    အထက်ပါ ပုတီးစိပ်နည်းကို နေ့စဉ် စွဲမြဲပြီး အမြဲစိပ်ပါက အသက်ရှည်ခြင်း ၊ ဘုန်းကြီးခြင်း ၊ ကျက်သရေ တိုးတက်ခြင်း ၊ ကြံတိုင်းအောင်၍ ဆောင်တိုင်းပြီးမြောက်ခြင်း စသည့် လောကီ အကျိုးတရားတို့နှင့် တကွ လောကုတ္တရာ အကျိုးတရားတို့ကို ရရှိစေပါသည် ။

ဂါထာတော်များ သိဒ္ဓိမြောက်စေရန်

ဂါထာတော်များ သိဒ္ဓိမြောက်စေရန်

         “ အကြိမ် တစ်သန်း ရွတ်သောကြောင့် အက္ခရာ တစ်လုံး ရှိသော မန္တရား အကျိုးပြီးမြောက် သိဒ္ဓိပေါက်၏ ။ အက္ခရာတိုးသည်နှင့်အမျှ ရွတ်ကြိမ်လျှော့သွားသည် ။ ထိုနည်းဖြင့် အခြားအခြားသော မန္တရားတို့၏ ရွတ်ကြိမ်ကို အဘယ်မျှဟု သုံးချက်တွက်နည်းဖြင့် တွက်၍ အတက်အဆုတ်ကို ကြံစည် သိမှတ်ရာ၏ ။ ”

 ဗုဒ္ဓ = အကြိမ် ငါးသိန်း

 လောကဝိဒူ = အကြိမ် နှစ်သိန်း ငါးသောင်း

 *** သတိပြုရန်မှာ ... ရွတ်ဖတ်ရမည့် အက္ခရာသည် “ မ ” ဖြစ်နေလျှင် ရှေ့တစ်ခု တိုး၍ “ စုံ ” ဟု မှတ်ရမည် ။

“ နမော ဗုဒ္ဓါယ သိဒ္ဓံ ” = ၇ လုံး ( မ ) = ၈ လုံး ( တစ်လုံးတိုး စုံ )

၁၀၀၀၀၀၀ / ၈ = ၁၂၅၀၀ ကြိမ် ရွတ်လျှင် သိဒ္ဓိမြောက်၏ ။


ဆရာကြီး ဦးဆန်းထွန်း ( မန်းတက္ကသိုလ် ) 
စာ - ၁၀၄ ၊ နက္ခတ္တရောင်ခြည် မဂ္ဂဇင်း
 ဩဂုတ် ၊ ၁၉ ၉ ၆
Related Posts Plugin for WordPress, Blogger...