အတိတ်ကံ ၊ ပစ္စပ္ဗုန်ကံ ၊ ကံနှစ်မျိုး ပွင့်လင်းရန် ဆုတောင်း
အတီတေ ဝတ္တမာနေစ ၊
ယံ ပုညံ ပကတံ မယံ ၊
ဤ ဒေဝ တဿ ပစ္စက္ခေ ၊
ဝိပါကော မေ ဝိပစ္စတု ။
အနက်
တပည့်တော်တို့သည် ဘဝ သံသရာ အဆက်ဆက်က ဒါန ၊ သီလ ၊ ဘာဝနာဟု ဆိုအပ်သော ကုသိုလ် ကောင်းမှုတို့ကို ပြုလုပ် အားထုတ်ခဲ့ကြပါ၏ ။
ယခု ဘဝ၌လည်း ဒါန ၊ သီလ ၊ ဘာဝနာ ကုသိုလ်ကောင်းမှု အစုစုတို့ကို ပြုလုပ် အားထုတ်ကြပါသည် အရှင်ဘုရား ။
ထိုကုသိုလ် ကောင်းမှု နှစ်ခုတို့သည် ယခုအချိန်၌ အကျိုးပေးရာ အချိန်တန်၍ ရင့်ကျက်ဖွံ့ဖြိုး အကျိုးပေးပါစေသတည်း ။ ။
သစ္စာပြု ဆုတောင်း
ဧတေန သစ္စ ဝဇ္ဇေန
ဧကံ ဆန္ဒံ သမိဇ္ဈတု ။
ဧတေန သစ္စဝဇ္ဇေန - ဤသို့နှုတ်မှန် ဆိုထုတ်ပြန်၍ ဟုတ်မှန်စွာသော
သစ္စာစကားကြောင့် ၊ ဧကံ ဆန္ဒံ - တစ်ခုတည်းသော ဆန္ဒကို ၊ သမိဇ္ဈတု - ပြီးစီး
အောင်မြင်ပါစေသတည်း ။ ။
No comments:
Post a Comment