Pages

Thursday, February 16, 2012

မင်္ဂလသုတ္တ ပရိတ်တော်




မွေးနေ့ အမှတ်တရ ဘိုးဘွားများအား ပူဇော် ကန်တော့ပါသည်။

Wednesday, February 8, 2012

Chapter 11 The Future Buddha Made the Great Struggle ဘုရားလောင်း ဒုက္ကရစရိယ ကျင့်ခြင်း




Chapter 11 The Future Buddha Made the Great Struggle
ဘုရားလောင်း ဒုက္ကရစရိယ ကျင့်ခြင်း


A : " The future Buddha seeked for the teachers and he found two renowned Brahmins. "
ဘုရားအလောင်းဟာ ဆရာကို ရှာဖွေတွေ့တဲ့အခါ ဗြဟ္မဏဆရာကြီး နှစ်ဦးကို တွေ့ခဲ့ပါတယ် ။

B : " Why did he search for the teachers ? "
ဘာဖြစ်လို့ ဆရာရှာတာလဲ ။

A : " To acquire the method of meditation . "
တရားအားထုတ်ဖို့ နည်းလမ်းရှာတာပါ ။

B : " Needed super human power ? "
တန်ခိုးအာနုဘော် ရချင်တဲ့ သဘောလား ။

A : " Yes , but it was wrong way. The future Buddha ceased to practise it later. "
မှန်ပါတယ် ၊ ဒါပေမယ့် အဲ့ဒါဟာ မှားယွင်းခဲ့တယ် ။ ဘုရားအလောင်းဟာ နောက်ပိုင်းမှာ တန်ခိုးရှာတာကို ရပ်ဆိုင်းခဲ့တယ် ။

B : " Then, what happened to the future Buddha ? "
ဒီနောက် ဘုရားအလောင်း ဘာဖြစ်ခဲ့ပါသလဲ ။

A : " He left the teachers and went to Uruvela grove in search of the enlightenment . "
ဘုရားအလောင်းဟာ ဗြဟ္မဏဆရာတွေဆီက ထွက်ခွာခဲ့ပြီး ဥရုဝေလတောကို သွားခဲ့တယ် ။ သဗ္ဗညုတ ရွှေဉာဏ်တော်ကို ရဖို့ ဖြစ်ပါတယ် ။

B : " Is it the way to Nibbanna ? "
နိဗ္ဗာန်ရောက်ကြောင်း တရား ဖြစ်ပါသလား ။

A : " Yes, indeed . It is very important to get the essence of Four Noble Truths. "
မှန်ပါတယ် ၊ သစ္စာလေးပါး အမြိုက်တရားကို ရရှိဖို့ဟာ အင်မတန် အရေးကြီးပါတယ် ။

B : " Four Noble Truths ! "
သစ္စာလေးပါး - ဟုတ်လား ။

A : " They are Dukkha ( suffering ) , Samudaya ( origination ) , Niroda ( cessation ) and Magga ( concerning of path ). It's really the fundamental Buddhism . "
အဲ့ဒီ သစ္စာလေးပါး တရားကတော့ ဒုက္ခ ၊ သမုဒယ ၊ နိရောဓ နဲ့ မဂ္ဂသစ္စာတို့ပဲ ဖြစ်ပါတယ် ။ ဒါဟာ ဗုဒ္ဓဘာသာရဲ့ အခြေခံ တရားပါပဲ ။

B : " I'd like to know the effect of the four Noble Truths. "
သစ္စာလေးပါးရဲ့ အကျိုးတရားကို သိချင်ပါတယ် ။

A : " It is indeed , getting out of 31 existences and the attainment of Nibbanna . "
သုံးဆယ့်တစ်ဘုံက လွတ်မြောက်ပြီး နိဗ္ဗာန်မဂ်ဖိုလ် ဆိုက်ခြင်းပါပဲ ။

B : " Out of suffering ! "
ဒုက္ခသစ္စာတရားက ကင်းဝေးကြောင်းပေါ့ ။

A : " Yes , of course , the future Buddha began to practise the Great Struggle for six years. "
မှန်ပါတယ် ။ ဘုရားအလောင်း ဒုက္ကရစရိယတရားကို ၆ နှစ်တိုင်တိုင် ကျင့်ကြံ အားထုတ်ခဲ့ပါတယ် ။

B : " How could he try ? "
ဘယ်လို ကျင့်ကြံခဲ့ပါသလဲ ။

A : " Practised- beyond human endurance he didn't eat rice meal and living on fruits which dropped from trees. Just one fruit a day . "
လူသားတစ်ယောက်အဖို့ ခံနိုင်စွမ်းမရှိသည်အထိ ကျင့်ကြံအားထုတ်ခဲ့တယ် ။ ဆွမ်းမစားတော့ဘဲ သစ်ပင်ပေါ်က အလိုအလျောက် ကြွေကျတဲ့ သစ်သီးကိုပဲ စားခဲ့တယ် ။ တစ်နေ့ တစ်လုံးမျှသာပဲ ဖြစ်တယ် ။

B : " Lack of nourishment ! "
အာဟာရ ချို့ယွင်းလာတာပေါ့ ။

A : " Yes , his body was reduced to skin and bones lost its golden colour and became dry and black. "
ဟုတ်ပါတယ် ။ ကိုယ်တော်ဟာ ကြုံလှီပြီး ၊ ပြီးတော့ ရွှေရောင်ကသို့ ၀င်းဝါသော အသားအရည် ( လက္ခဏာတော်ကြီး ၊ လက္ခဏာတော်ငယ် )တွေဟာလဲ မွဲခြောက်သွားခဲ့တယ် ။

B : " The most wonderful diligence ! "
အင်မတန် အံ့ဩစရာကောင်းတဲ့ လုံ့လပါပဲ ။

To be continue ......... Suzata , the rich lady offered the milk porridge Chapter

Saturday, February 4, 2012

သုဂတောငါးချက် ဂါထာ ( ဣစ္ဆာသယဂါထာတော် )

သုဂတောငါးချက် ဂါထာ ( ဣစ္ဆာသယဂါထာတော် )

သုဂတော သုဂတဓာနံ ၊
သုဂတော သုန္ဒရမ္ပိစ ၊
နိဗ္ဗာနံ သုဂတော ယာတိ ၊
သုဂတော တေ နမော နမာ ။

ဣစ္ဆာသယဂါထာတော် ရွတ်ဖတ်ခြင်းအကျိုး

၎င်းဂါထာတော်ကို နေ့စဉ် သက်စေ့ရွတ်ပါက လိုရာဆန္ဒ ပြီးစီးစေပါသည် ။ ပြောဆိုသမျှ ဩဇာတည်စေပါသည် ။ ဆရာကောင်း ၊ ဆေးဝါးကောင်းများကို အထူးရရှိစေပါသည် ။ နေမိန္ဒရတောင်ပေါ်မှ ဆရာတော်ကြီး ဦးတေဇနိယသည် နေ့စဉ်ရွတ်ရာ နှစ်ကြာလာသည်နှင့်အမျှ အကျိုးပွားလာခဲ့ပြီး တစ်နေ့တွင် ၀ိဇ္ဇာဓိုရ်များက တပည့်တစ်ဦး စေလွှတ်၍ စတုမဓူ ကပ်သဖြင့် ဘုဉ်းပေးရာ အားကုန်ညှိုးနွမ်းသော မြစ်ခြောက်နာမှာ ရုတ်တရက် ယူပစ်သလို ပျောက်ကင်းခဲ့ဖူးပါသည် ။
ဤ ဣစ္ဆာသယ မန္တန်တော်ကို ရှေးဆရာတော်ကြီးများက သုဂတော ငါးချက် ဂါထာဟု ခေါ်ဆိုခဲ့ကြသည်။
မြတ်ဗုဒ္ဓ၏ မုက္ခပါဌ်တော်များကို နတ်ပင့်မှ ဣစ္ဆာသယ သုဂတော ဂါထာထိ အမျိုးပေါင်း ခြောက်ဆယ်ကျော်ဖြင့် ထုတ်ဖော် တင်ပြခဲ့ပြီး ဖြစ်လေပြီ ။
ထိုသို့သော ဘုရား နှုတ်ခပါဌ် ဂါထာ မန္တန်တော်မြတ် တည်းဟူသော ဗုဒ္ဓ ပရိတ်တော်မြတ်များတွင် မိမိတို့ အလိုရှိရာ အဆင်ပြေရာ ဂါထာတော်မြတ်များကို ရွတ်ဖတ် သရဇ္ဈာယ်ပြီး သကာလ ထို ပရိတ် မန္တန်တော်မြတ်များ၏ အကျိုးကျေးဇူးများကို ပိုမို ခံစားစေနိုင်ရန် မေတ္တာပို့သခြင်းနှင့် တွဲဖက်၍ အသုံးပြုသင့်ပေသည် ။ ဥပမာ - သဗ္ဗဇယမင်္ဂလာ ဂါထာတော်ကို နေ့စဉ်အမြဲ ရွတ်ဖတ်မည် ဆိုပါက ထို သဗ္ဗဇယမင်္ဂလာ ဂါထာတော်ရွတ်ပြီးသည်နှင့် တစ်ပြိုင်နက် မေတ္တာပို့ ဂါထာတော်ကို ဆက်လက် ရွတ်ဆိုရန် ဖြစ်ပါသည် ။
ထိုကဲ့သို့ မေတ္တာပို့သပြီးသည်နှင့် တစ်ပြိုင်နက် မိမိပြုခဲ့သမျှ ကုသိုလ်ပုည အားလုံးကို ၃၁ ဘုံသို့ အမျှပေးဝေရမည် ဖြစ်ပါသည်။ လူ ၊ နတ် ၊ ဗြဟ္မာ သတ္တ၀ါများက မိမိ၏ ကောင်းမှုကို သာဓုအနုမောဒနာ ခေါ်ယူ၍ မှတ်တမ်းတင်ကြပါလိမ့်မည် ။
မေတ္တာပို့ အမျှအတန်းပေးဝေပြီးသည့်နောက် သမ္မာဒေ၀ နတ် ဗြဟ္မာအပေါင်းတို့အား ၎င်းတို့ ရပ်ဌာန ဘုံဗိမာန်သို့ ပြန်နိုင်စေရန် ရည်သန်ခွင့်ပြု နတ်ပို့ခြင်း အမှုကို ပြုရပါသည်။
နောက်ဆုံးတွင် အရပ်ဆယ်မျက်နှာကို စည်းချ၍ ဗုဒ္ဓပရိတ်တော် မန္တန်ရွတ်ဖတ်ခြင်း ကိစ္စကို ပြီးစီး စေရမည် ဖြစ်ပါသည်။

Monday, January 30, 2012

Chapter 10 The Future Buddha met King Bimbisara ဘုရားလောင်းနှင့် ဗိမ္ဗိသာရမင်း တွေ့ဆုံခြင်း




Chapter 10 The Future Buddha met King Bimbisara
ဘုရားလောင်းနှင့် ဗိမ္ဗိသာရမင်း တွေ့ဆုံခြင်း

A : " After the future Buddha had become the monk , he entered the city of Rajagaha . "
ဘုရားလောင်းတော်ဟာ ရဟန်းမြတ်ဖြစ်ပြီးနောက် ရာဇဂြိုဟ်ပြည်ကို ၀င်ခဲ့ပါတယ် ။

B : " Why ? " " And ... where's Rajagaha . "
ဘာကြောင့်လဲ ပြီးတော့ ရာဇဂြိုဟ်ပြည်ဆိုတာ ။

A : " To beg for food from house to house Rajagaha's- a distance of thirty leagues. "
တစ်အိမ်ပြီး တစ်အိမ် ဆွမ်းခံကြွဖို့ ဖြစ်ပါတယ် ။ ရာဇဂြိုဟ်ဟာ မြတ်ဘုရားအလောင်းတော် တောထွက်တဲ့ နေရာနဲ့ဆိုရင် လီပေါင်း ၃၀ ဝေးပါတယ် ။ ( တစ်လီလျှင် ၃ မိုင် )

B : " You said . Buddha belongs to the sakya clan. Why did he beg for food ? "
ဗုဒ္ဓဟာ သာကီဝင် မင်းမျိုး ဖြစ်တယ်ဆို ၊ ဘာကြောင့် ဆွမ်းခံရပါသလဲ ။

A : " For two reasons: First, according to the way of Pre-Buddhas. Secondly , trained himself the rule of noble one. "
အချက်နှစ်ချက်ကြောင့် ဖြစ်ပါတယ် ။ ပထမအချက်က ရှေးရှေးက ဘုရားရှင်တို့ရဲ့ လမ်းစဉ်အတိုင်း လိုက်နာခြင်း ဖြစ်တယ် ။ ဒုတိယအချက်ကတော့ သူတော်ကောင်းတို့ရဲ့ ကျင့်စဉ်ကို ကျင့်ကြံခြင်း ဖြစ်တယ် ။

B : " Yes , I see. Thank you . "
ဟုတ်ကဲ့ ၊ သိပါပြီ ။ ကျေးဇူးတင်ပါတယ် ။

A : " People of Rajagaha admired the appearance of the future Buddha and reported King Bimbisara about it . "
ရာဇဂြိုဟ် ပြည်သူပြည်သားတွေဟာ ဘုရားအလောင်းရဲ့ ရုပ်အဆင်းလက္ခဏာကို သဘောကျကြတယ် ။ ဒီအကြောင်းကို ဗိမ္ဗိသာရမင်းကြီးကို လျှောက်ထားကြတယ် ။

B : " Then , what ? "
ဒီတော့ ဘာဖြစ်သလဲ ။

A : " The king was delighted . The future Buddha had all the signs of universal monarch. "
ဘုရင် ဗိမ္ဗိသာရမင်းကြီးဟာ ၀မ်းသာရွှင်လန်းသွားတယ် ။ ဘုရားလောင်းတော်မှာ စကြ၀တေးမင်းဖြစ်မည့် အသွင်လက္ခဏာ ရှိနေလို့ပါပဲ ။

B : " The Powerful man ! "
မြင့်မြတ်တဲ့ ဘုန်းတန်းခိုးရှင်ပဲလေ ။

A : " Being admired , the king offered the future Buddha of his kingly glory . "
နှစ်သက် သဘောကျတာကြောင့် မင်းကြီးဟာ ဘုရားလောင်းတော်ကို ထီးနန်း စည်းစိမ် လွှဲအပ်ပေးတယ် ။

B : " He accepted it ? "
လက်ခံခဲ့ပါသလား ။

A : " No , he replied that he didn't seek his passion and retired from the world for the sake of enlightenment of Buddha . "
ဘုရားအလောင်းက သူဟာ ကာမဂုဏ် ချမ်းသာကို ရှာတာ မဟုတ်ဘူး ။ လောကကြီးရဲ့ ကာမဂုဏ် ချမ်းသာကို ငြီးငွေ့ပြီး သဗ္ဗညုတဉာဏ်တော်ရတဲ့ ဘုရားဖြစ်ဖို့ တောထွက် ရဟန်းပြုခဲ့တာလို့ ပြန်ကြားပြောဆိုခဲ့တယ် ။

B : " What's the reply to that ? "
အဲဒီတော့ ဘုရင်ကြီးက ဘာပြန်ပြောပါသလဲ ။

A : " He said-if the future Buddha was sure to become a Buddha , he wished that the first journey would be to his kingdom. "
ဘုရားအလောင်းတော်ဟာ ဘုရားဖြစ်ပြီဆိုရင် သူ့တိုင်းပြည်ကိုပဲ ပထမဦးစွာ ကြွရောက်လာစေချင်တယ်လို့ ဘုရင်ကြီးက ပြောဆိုခဲ့ပါတယ် ။

To be continue ......... The Future Buddha Made the Great Struggle Chapter

Thursday, January 26, 2012

ဇယမင်္ဂလာ အောင်ဂါထာ

ဇယမင်္ဂလာ အောင်ဂါထာ


ဇယစက္ကော ဇယန္တောယော ၊ ဇယိ တဗ္ဗေ ဇယာသနေ ။
ဇယာပေသိ ဇယေသိနံ ၊ ဇယံ ဒေတု ဇယုတ္တယော ။

ဂါထာ အနက်

ယော ဇယစက္ကော - ပါရမီတော် ဆယ်ချက် အောင်လက်နက်ပိုင်ရှင် အကြင်ဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ၊ ဇယာသနေ - အောင်သိဒ္ဓိဆင်မြန်းသည့် ပလ္လင်နန်းမှန်ကင်း အောင်ဗောဓိပင်ရင်း၌ ၊ ဇယိတဗ္ဗေ - အောင်အပ်သည့် တရား မာရ်ငါးပါး အပေါင်းတို့ကို ၊ ဇယန္တော - အကြွင်းမဲ့ ချေမှုန်းလျက် ဖျက်ဖြုန်းကာ ပယ်ရှင်း၍ အောင်ခြင်းကြီး အောင်တော်မူခဲ့လေပြီ ၊ ဇယေသိနံ - မြတ်နိဗ္ဗာန် အောင်ခန်းနှင့် အောင်ဘိသိက်ပန်း မဂ်ဖိုလ်ကို များထိုထို ၀ဋ်အတွင်းမှ လွတ်ကင်းအောင် အာသာကြီးဖြင့် ရှာမှီးကာ နေကြကုန်သူတို့အား ၊ ဇယာပေသိ - ကိုယ်တော်မြတ်နှင့်အတူ အောင်ပန်းကို ဆွတ်ချူ၍ ထွတ်အငူ အမြိုက်ဓာတ်သို့ ဆိုက်ကပ်တော်မူစေ၍ အောင်စေတော်မူလေပြီ ။ ဇယုတ္တယော - အောင်သူတကာတို့၏ မှန်ကင်း အောင်ခြင်းတကာတို့၏ ဦးသျှောင် ထွတ်ခေါင် မြတ်သရဖူ သယမ္ဘူ မကိုဋ်ထီးကို အောင်ပွဲဝင် ပုဂ္ဂိုလ်ကြီး ဖြစ်ပေထသော ၊ သော ဇယ စက္ကော - အလုံးစုံ အောင်မင်းနှင့် ပြည့်စုံတော်မူသော ထိုဘုရားရှင် ကိုယ်တော်မြတ်ကြီးသည် ၊ မေ - မြတ်နိဗ္ဗူ အောင်ပန်းကို ဆွတ်ချူရန် တက်လှမ်း၍ ကြိုးပမ်းကာ အာသာကြီးဖြင့် ရှာမှီးသူ အကျွန်ုပ်အား ၊ ဇယံ - အောင်ခြင်းကို ( ၀ါ ) အောင်ပန်းဝေမြိုင် အောင်ဖူးတွေ ကြိုင်လှိုင်သည့် အောင်သိဒ္ဓိ ပန်းခိုင်ကြီးကို ၊ ဒေတု - ပေးသနားတော်မူပါ အရှင်ဘုရား ။

မှတ်ချက် ။ ။ ဤ ဂါထာကို အောင်ရှစ်ချက် သစ္စာပန္နက်ဂါထာတော် ဟု ခေါ်ပါသည် ။ အောင်ပွဲအဆင့်ဆင့် ခံတော်မူခဲ့သော အောင်ပွဲများ ပိုင်ရှင် မြတ်စွာဘုရားက အောင်မြင် ချမ်းသာချင်သူတို့အား အလိုရှိသလို အောင်မြင်စေရန် နည်းပေး ညွှန်ပြတော်မူသည်။ ထိုအချက်ကို ဖော်ကျူးခြင်းသည် သစ္စာစကားပင် ဖြစ်၏ ။ ဤ ဂါထာကို ရွတ်ဆိုခြင်းသည်ပင်လျှင် သစ္စာဆိုခြင်း မည်တော့သည် ။

Monday, January 2, 2012

အောင်ခြင်း ရှစ်ပါး ဂါထာတော်




အောင်ခြင်း ရှစ်ပါး ဂါထာတော်
မာရာဠာဝက နာလာဂိံ ၊
အင်္ဂုလိံ စဉ္စ သစ္စကံ ။
နန္ဒော ပနန္ဒ ဗြဟ္မဉ္စ ၊
ဇေယျော ဟောတု တတောပရံ ။
ဗုဒ္ဓေါ မေ ရက္ခတု နိစ္စံ ၊
ဓမ္မော မေ ရက္ခတု သဒါ ။
သံဃော မေ ရက္ခတု ဒိနေ ၊
အာယုဒီဃံ သုခံ ဘဝေ ။

ဂါထာတော် အနက်

လောကဂ္ဂေါ - လောကထွဋ်ထား သဗ္ဗညုမြတ်စွာဘုရားသည် ။ မာရာဠာဝက နာလာဂိံ - လက်ရုံးတစ်ထောင် ကြံဆောင်ဖန်ဆင်း မာရ်နတ်မင်းနှင့် ကိုယ်တွင်းခက်ထန် မျက်ရည်ကြီးလှ အာဠာဝက နာလသွင်ဆန်း ဆင်ကြမ်းကြီးကို လည်းကောင်း ၊ အင်္ဂုလိံ - အင်္ဂုလိမာလ နာမ ထင်ရှား ဟိံသက ခိုးသားကိုလည်းကောင်း ၊ စိဉ္စသစ္စကံ - ပရိသတ်အလယ် စွပ်စွဲမည်ဟု ကြံရွယ်ပြီးလာ စိဉ္စမာနှင့် ၊ ၀ါဒါဝါဒ ပြိုင်လိုလှသော ကုဋန္တအမိုက် သစ္စက ပရိဗိုဇ်ကို လည်းကောင်း ၊ နန္ဒောပနန္ဒဗြဟ္မဉ္စ - တန်ခိုး အနန္တကြီးမားလှသော နန္ဒောပနန္ဒ နာမ ထင်ရှား မြွေနဂါးနှင့် ဖောက်ပြားမိစ္ဆာဣဒ္ဓိမာဖြင့် လွန်စွာပွင့်လင်း ဗကဗြဟ္မာမင်းကို လည်းကောင်း ၊ ဇေယျော - ဒေသနာ အမြိုက်ဆေး တိုက်ကျွေး၍ ယဉ်ကျေးသမူ အောင်ပွဲယူတော်မူပေ၏ ။
တထောတထာ - အောင်ပွဲယူငြား မြတ်ဘုရားနှင့် မခြားတမူ အလားတူစွာ ၊ ပရံ - မိမိကြဉ်ထား သူတစ်ပါးကို ၊ ( ၀ါ ) အပ ဖြစ်လာ များစွာသောင်းသောင်း ဘေးရန်အပေါင်းကို ၊ ဇေယျော - မိမိထံမှောက် မကပ်မရောက်အောင် ၊ ပြီးမြောက်အောင်မြင်ရခြင်းသည် ၊ ဟောတု - မြတ်စွာဘုရား၏ တန်ခိုးအားကြောင့် ထင်ရှားမသွေ ဖြစ်ပါစေသတည်း ။
ဗုဒ္ဓေါ - သစ္စာသိမြင် ဘုရားရှင်သည် ၊ နိစ္စံ - ရှည်ကြာမစဲ အမြဲသာလျှင် ၊ မေ - မြတ်စွာဘုရား၏ တပည့်သား ဖြစ်သော အကျွန်ုပ်အား ၊ ရက္ခတု - ဘေးရန်ခပ်သိမ်း ကင်းလွန်ငြိမ်းအောင် စောင့်ထိန်းတော်မူပါစေ သတည်း ။
ဓမ္မော - မြတ်စွာဘုရား ဟောကြား မြွက်ဖော် ဆယ်ပါးသော တရားတော်မြတ်သည် ၊ မေ - တရားဂုဏ်ကို ယုံကြည်ကိုးစား အကျွန်ုပ်အား ၊ သဒါ - အခါခပ်သိမ်း နေ့ညဥ့်မကွာ ၊ ရက္ခတု - အမြဲမသွေ စောင့်ရှောက်ပါစေသတည်း ။
သံဃော - သမုတိပရမတ် နှစ်ရပ်သော သံဃာတော်မြတ် အပေါင်းသည် ၊ မေ - သံဃာ့ဂုဏ်ကို ယုံကြည်ကိုးစား အကျွန်ုပ်အား ၊ ဒိနေ - နေ့တိုင်း နေ့တိုင်း ၊ ရက္ခတု - ကောင်းစွာ နိစ္စ ကောင်းကျိုးရအောင် စောင်မတော်မူပါစေ သတည်း ။
မေ - ရတနာသုံးစုံ တန်ခိုးဂုဏ်ကို ခိုလှုံကိုးစား အကျွန်ုပ်အား ၊ အာယုဒီဃံ - ဘေးတကာ ရန်ကင်း၍ အသက်တစ်ရာ့နှစ်ဆယ်သာအောင် ရှည်ကြာခြင်းသည် လည်းကောင်း ၊ သုခံ - ကိုယ်စိတ် နှစ်ဖြာ ချမ်းသာခြင်းသည် လည်းကောင်း ၊ ဘဝေ - ရတနာသုံးပါး တန်ခိုးအားကြောင့် ထင်ရှားမသွေ ဖြစ်ပါစေ သတည်း ။

ဂါထာတော် အညွှန်း
ဖော်ပြပါ အောင်ခြင်းရှစ်ပါး ဂါထာတော်သည် ဘေးရန်အန္တရာယ်အပေါင်း အထူးအောင်နိုင်သည့် တန်ခိုးထက်မြက်သော ဂါထာတော် ဖြစ်ပါသည် ။

Sunday, January 1, 2012

တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ၏ " သတသဟဿာရဟ " ဂါထာတော်



တောင်တန်းသာသနာပြု ဆရာတော်ကြီး ဦးဥတ္တမသာရ၏
တစ်ဂါထာလျှင် အဖိုးတစ်သိန်း ထိုက်တန်သော
" သတသဟဿာရဟ " ဂါထာတော်

" အို - လောက စောင့်ကြပ် နတ်များအပေါင်းတို့ ၊ တရားနာ လာကြကုန်လော့ ။
တောစောင့်နတ် ၊ တောင်စောင့်နတ်အပေါင်း ၊မြို့စောင့်နတ် ၊ ရွာစောင့်နတ်အပေါင်း ၊ ရုက္ခစိုး ၊ ဘုမ္မစိုး ၊ အာကာသစိုး

နတ်အပေါင်းတို့ တရားနာ လာကြကုန်လော့ ။
မြေစောင့်နတ် ၊ ရေစောင့်နတ် ၊ သာသနာတော်စောင့်နတ် ၊ သမုဒ္ဒရာစောင့်နတ် ၊ ၀ဠာဟကနတ် ၊ ပဇ္ဇုန်နတ် ၊

စတုလောကပါလနတ် ၊ သိကြား ၊ ဗြဟ္မာ ၊ အသုရာ ၊ ယမာ အစရှိသော နတ်ဗြဟ္မာအပေါင်းတို့ - တရားနာလာကြကုန်လော့ ။
နဂါး ၊ ဂဠုန် ၊ ကုမ္ဘန် ၊ ယက္ခိုက် အစရှိသော ဥပါသကာ အပေါင်းတို့ - တရားနာ လာကြကုန်လော့ ။
ဝိဇ္ဇာ ၊ ဇော်ဂျီ ၊ တပဿီ အစရှိသော သူတော်ကောင်း အပေါင်းတို့ - တရားနာ လာကြကုန်လော့ ။
အို-လူအပေါင်း ၊ နတ်အပေါင်း အပါယ်လေးပါး သတ္တ၀ါ အပေါင်းတို့ တရားနာလာရန် ဖိတ်ခေါ်ပါကုန်၏ ။
အကျွန်ုပ်သည် ဝေနေများစွာ သတ္တ၀ါတို့၏ ချမ်းသာမှုကို ရှေးရှု၍ ကောင်းမြတ်သော စိတ်စေတနာဖြင့် ကဿပ

မြတ်စွာဘုရားရှင်သည် ဟောကြားတော်မူခဲ့သည့် တစ်ဂါထာလျှင် အဖိုး တစ်သိန်းထိုက်တန်သည့် အလွန်တရာ ကြားရ နာရ

ခဲလှစွာသော " သတသဟဿာ ရဟ " ဂါထာတော်ကို ရွတ်ဖတ် သရဇ္ဈာယ်ပါကုန်အံ့ ။ ကောင်းမွန် ရိုသေစွာ နားကြား ကြကုန်လော့။ "

၁ ။ သကိံဒေ၀ မဟာရာဇ ၊ သဗ္ဘိဟောတိ သမာဂမော ။
သာ နံ ပါလေတိ သင်္ဂတိ ၊ နာ သဗ္ဘိဗဟုသင်္ဂမော ။

၂ ။ သမ္ဘိရေ၀ သမာသေထ ၊ သမ္ဘိ ကုဗ္ဗေထ သန္တ၀ံ ။
သတံ သဒ္ဓမ္မ မညာယ ၊ သေယျော ဟောတိ န ပါပိယော ။

၃ ။ ဇိရန္တိ ဝေ ရာဇရထာ သုစိတ္တာ ၊ အထော သရီရမ္ပိ ဇရံ ဥပေတိ ။
သတဉ္စ ဓမ္မော န ဇရံ ဥပေတိ ၊ သန္တော ဟဝေ သဗ္ဘိ ပဝေဒယန္တိ ။

၎ ။ နဘိံ စ ဒူရေ ပထ၀ီ စ ဒူရေ ၊ ပါရံ သမုဒ္ဒဿ တဒါဟု ဒူရေ ။
တတော ဟဝေ ဒူရတရံ ၀ဒန္တိ ၊ သတဉ္စ ဓမ္မော အသတဉ္စ ရာဇ ။

အနက် - မြန်မာပြန်

၁။ မဟာရာဇ - အဆွေတော်မင်းမြတ် ၊ သဗ္ဘိ - သူတော်ကောင်းတို့နှင့် ၊ သကိံဒေ၀ - တစ်ကြိမ်တစ်ခါမျှ သာလျှင် ၊

သမာဂမောဟောတိ - အကြောင်းခွင့်ကြုံ၍ ပေါင်းဆုံ မှီဝဲရပေ၏ ။ သာသင်္ဂတိ - ထို တစ်ကြိမ်မျှ ပေါင်းဆုံမှီဝဲရခြင်းသည် ၊ နံ - ထိုထို

အခွင့်ကြုံ၍ ပေါင်းဆုံ မှီဝဲရသောသူကို ၊ ပါလေတိ - ဘေးရန်မနှောက် ချမ်းသာရောက်အောင် ကယ်မ နိုင်ပါပေ၏ ။

၂။ အသဗ္ဘိ - တရားကင်းကွာသော သူယုတ်မာတို့နှင့် ၊ ဗဟုသင်္ဂမော - ကြိမ်ဖန်များစွာ ပေါင်းဆုံ မှီဝဲသော်လည်း ၊ န ပါလေတိ -

ဘေးရန်မနှောက် ချမ်းသာရောက်အောင် မစောင့်ရှောက် မကယ်မ နိုင်ပေ။ မဟာရာဇ - အဆွေတော်မင်းမြတ် ၊ တသ္မာ - ထို့ကြောင့် ၊

သမ္ဘိရေ၀ - သူတော်ကောင်းတို့နှင့်သာလျှင် ၊ သမာသေထ - ပေါင်းဆုံ အမြဲ မှီဝဲဆည်းကပ်ရာ၏ ။ သဗ္ဘိ - သူတော်ကောင်းတို့နှင့် ၊

သန္တ၀ံ - မိတ်ဆွေဖွဲ့ခြင်း ၊ ကျွမ်းဝင်ချဉ်းကပ်မှုကို ၊ ကုဗ္ဘေထ - ပြုရာ၏ ၊ ပြုပါလေ ၊ သတံ - ဘုရား အစရှိသော သူတော်ကောင်းတို့၏ ၊

သဒ္ဓမ္မံ - ပစ္စုပ် ၊ သံသာ နှစ်ဖြာ ကြီးပွား ချမ်းသာကြောင်း ပုညကိရိယ ဗောဓိပက္ခိယ တရားကောင်းကို ၊ အညာယ - တစ်လုံး တစ်ပါဒမှ

စ၍ ကောင်းစွာ သိမြင်လာရသည်ရှိသော် ၊ သေယျော ဟောတိ - တစ်နေ့တစ်ခြား ကြီးပွားချမ်းသာ မြင့်မြတ်လာနိုင်ပါပေ၏ ။ န

ပါပိယော - ဆုတ်ယုတ်နိုင်ကြခြင်း အလျဉ်းပင် မရှိနိုင်ပေ ။

၃။ မဟာရာဇ - အဆွေတော်မင်းမြတ် ၊ သုစိတ္တာ - မွမ်းမံ ခြယ်လှယ်၍ အဆန်းတကြယ် လှပ ခိုင်ခန့် ကုန်သော ၊ ရာဇရထာ -

မင်းစီးရထားတို့သည် ၊ ဝေ - စင်စစ် ဧကန် အမှန်ပင် ၊ ဇိရန္တိ - ဟောင်းနွမ်းဆွေးမြေ့ တစ်နေ့နေ့တွင် ပျက်စီး၍ သွားကြရကုန်၏ ။

အထော - ထို့အပြင် ၊ သရီရမ္ပိ - ကျွေးမွေး သုတ်သင် နေ့စဉ်နှင့်အမျှ မွမ်းမံခြယ်သကာ တယုတယ စောင့်ရှောက်၍ နေကြသော

သူသူငါငါ ဤခန္ဓာကိုယ်ကြီးသည်လည်း ၊ ဇရံ ဥပေတိ - ပြုပြင်ရင်းက အိုမင်းဆွေးမြေ့ တရွေ့ရွေ့နှင့် ပျက်စီး၍ သွားရမြဲသာတည်း ။

သတဉ္စ ဓမ္မော - ပြုလည်း မပြု ၊ ပြင်လည်း မပြင် ပင်ကိုမြဲတည် သူတော်ကောင်းတို့၏ တရား ဖြစ်သော နိဗ္ဗာန်သည်ကား ၊ ဇရံ -

ပျက်စီး ယိုယွင်း ဆိတ်သုဉ်းခြင်းသို့ ၊ န ဥပေတိ - ကမ္ဘာလှဲဖောက် ကပ်တွေ ပျောက်လည်း ဘယ်သောခါမျှ မရောက်နိုင်ပါချေ ။ သန္တော

- ဘုရား အစရှိသော သူတော်ကောင်းတို့သည် ၊ သဗ္ဘိ - သူတော်ဥစ္စာ ဘယ်ခါမပြတ် ထိုနိဗ္ဗာန် ချမ်းသာမြတ်ကိုသာလျှင် ၊ ဟဝေ -

စင်စစ်ဧကန် အမှန်ပင် ၊ ပဝေဒယန္တိ - ထုတ်ဖော်မြွက်ဟ ပြောဆို ချီးကျူးကြလေကုန်၏ ။

၎။ မဟာရာဇ - အဆွေတော်မင်းမြတ် ၊ နဘိံ စ - ထက်လဟာပြင် မိုးကောင်းကင်သည်လည်း ၊ ပထ၀ီတော - မြေပြင်မှ ၊ ဒူရေ -

တစ်စပ်တည်းပင် ထင်ရစေကာ အလွန်ပင် ဝေးကွာလှချေ၏ ၊ ပထ၀ီစ - မြေပြင်သည်လည်း ၊ နဘိံတော - ထက်လဟာပြင်

မိုးကောင်းကင်မှ ၊ ဒူရေ - တစ်စပ်တည်းပင် ထင်ရစေကာမူ အလွန်ပင် ဝေးကွာလှချေ၏ ။ သမုဒ္ဒဿ - တင်းကြမ်းရေပြင်

ကမ်းမမြင်သော ပင်လယ် သမုဒ္ဒရာ၏ ၊ ပါရံ - ပရတီရံ - ဟိုမှာဘက်ကမ်းသည် ဩရိမှတိရတော - ဤမှာဘက်ကမ်းမှ ၊ ဒူရံ - မမှန်းဆ

နိုင်အောင် ဝေးကွာလှချေ၏ ။ ဩရိမှတီရံ - ဤမှာဘက်ကမ်းသည်လည်း ၊ ပါရာပတီရာ - ဟိုမှာဘက်ကမ်းမှ ၊ ဒူရံ - မှန်းဆ မထင်

အလွန်ပင် ဝေးကွာလှချေ၏ ။ တံ - ထိုစကားကို ၊ ၀ါ - ထိုသို့ပင် ၊ သန္တော - ဘုရား အစရှိသော သူတော်ကောင်းတို့သည် ၊ အာဟု -

ပြောဆိုတော်မူကြကုန်၏ ။ သတဉ္စ ဓမ္မော သဒ္ဓမ္မော - သူတော်ကောင်းတို့၏ တရားသည်လည်း ၊ အသတံတမ္မာ အသဒ္ဓမ္မာ -

မသူတော်တို့ တရားမှ ၊ တတော - ထို မိုးမြေနှစ်သွယ် ပင်လယ်ကမ်း နှစ်ခုတို့ထက် ၊ ဟဝေ - စင်စစ်ဧကန် အမှန်ပင် ၊ ဒူရတရံ - အရှေ့

အနောက် တောင် နှင့် မြောက်သို့ ထောက်ဆ နှိုင်းညှိ၍ မရအောင် အလွန့်အလွန်ပင် ဝေးကွာလှချေ၏ ဟူ၍ ၊ သန္တော - ဘုရား

အစရှိသော သူတော်ကောင်းတို့သည် ၊ ၀ဒန္တိ - မိန့်ဆိုတော်မူကြကုန်၏ ။

နတ်ချစ်ဂါထာတော်များ ပြီး၏ ။

Related Posts Plugin for WordPress, Blogger...