( ၇ ) ရက် သားသမီး ကုသိုလ်ကံဖွင့် လေးဆူဘုရား ရှိခိုး ဂါထာတော်များနှင့် ဆုတောင်း
တနင်္ဂနွေ သားသမီးအတွက် လေးဆူ ဘုရားရှိခိုး
မေဓင်္ကရော သောဘိတောစ ၊
ပီယဒဿီ သိခီ ဇိနော ။
ရ၀ိဝါရေ အဘိဇာတာ ၊
တေ နမဿာမိ သာဒရံ ။
ဆုတောင်း
နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ၀ိနဿန္တု ။
စတုန္နံ ဗုဒ္ဓတေဇေန ၊
သဒါ သုခီ ဘ၀န္တုမေ ။
တနင်္လာ သားသမီးအတွက် လေးဆူဘုရားရှိခိုး
သရဏင်္ကရော နောမာစ ၊
အတ္ထဒဿီ စ ဝေဿဘူ ။
စန္ဒ၀ါရေ အဘိဇာတာ ၊
တေ နမဿာမိ သာဒရံ ။
ဆုတောင်း
နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ၀ိနဿန္တု ။
စတုန္နံ ဗုဒ္ဓတေဇေန ၊
သဒါ သုခီ ဘ၀န္တုမေ ။
အင်္ဂါ သားသမီးအတွက် လေးဆူဘုရားရှိခိုး
ဒီပင်္ကရော ပဒုမောစ ၊
ဓမ္မဒဿီ ကကုသန္ဓော ။
ဘောမ၀ါရေ အဘိဇာတာ ၊
တေ နမဿာမိ သာဒရံ ။
ဆုတောင်း
နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ၀ိနဿန္တု ။
စတုန္နံ ဗုဒ္ဓတေဇေန ၊
သဒါ သုခီ ဘ၀န္တုမေ ။
ဗုဒ္ဓဟူး သားသမီးအတွက် လေးဆူဘုရားရှိခိုး
ကောဏ္ဍညော နာရဒေါ သတ္ထာ ၊
သိဒ္ဓတ္ထော ကောဏာဂမနော ။
ဗုဒ္ဓ၀ါရေ အဘိဇာတာ ၊
တေ နမဿာမိ သာဒရံ ။
ဆုတောင်း
နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ၀ိနဿန္တု ။
စတုန္နံ ဗုဒ္ဓတေဇေန ၊
သဒါ သုခီ ဘ၀န္တုမေ ။
ကြာသပတေး သားသမီး လေးဆူဘုရားရှိခိုး
မင်္ဂလော ပဒုမုတ္တရော ၊
တိေဿာနာထော စ ကဿပေါ ။
ဂုရုဝါရေ အဘိဇာတာ ၊
တေ နမဿာမိ သာဒရံ ။
ဆုတောင်း
နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ၀ိနဿန္တု ။
စတုန္နံ ဗုဒ္ဓတေဇေန ၊
သဒါ သုခီ ဘ၀န္တုမေ ။
သောကြာ သားသမီးအတွက် လေးဆူဘုရားရှိခိုး
သုမနော သုမေဓော ဗုဒ္ဓေါ ၊
ဖုေဿာ ဇိနော ဂေါတမော ။
သုက္က၀ါရေ အဘိဇာတာ ၊
တေ နမဿာမိ သာဒရံ ။
ဆုတောင်း
နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ၀ိနဿန္တု ။
စတုန္နံ ဗုဒ္ဓတေဇေန ၊
သဒါ သုခီ ဘ၀န္တုမေ ။
စနေ သားသမီးအတွက် လေးဆူဘုရား ရှိခိုး
တဏှင်္ကရော ရေ၀တောစ ၊
သုဇာတော စ ၀ိပဿိကော ။
သောရီဝါရေ အဘိဇာတာ ။
တေ နမဿာမိ သာဒရံ ။
ဆုတောင်း
နဝေနာနေန ကမ္မေန ၊
ပေါရာဏကံ ၀ိနဿန္တု ။
စတုန္နံ ဗုဒ္ဓတေဇေန ၊
သဒါ သုခီ ဘ၀န္တုမေ ။
ကုသိုလ် ကံပွင့် ကံမြှင့် ဂါထာတော် ရွတ်ဆိုရခြင်း အကျိုး
ခုနှစ်ရက်သားသမီးများအတွက် ကံပွင့် ၊ ကံမြှင့် ဂါထာတော်မှာ သာမည
မဟုတ်ချေ ။ ဘုရားနှစ်ကျိပ်ရှစ်ဆူကို မပြတ်အာရုံယူ၍ ကြည်ညိုသဒ္ဓါ
ပွားနေကြရသည် ဖြစ်ခြင်းကြောင့် နိဗ္ဗာန်အကျိုးအထိ ရရှိစေနိုင်ပါသည် ။
နိဗ္ဗာန် မရမီတွင်လည်း ဤဂါထာတော်ကို မပြတ်ရွတ်ဖတ်
သရဇ္ဈာယ်နေခြင်းကြောင့် သမာဓိ-သမထ အာရုံ ပွားများသည် ဖြစ်ရာ နှောင့်ယှက်
ဖျက်ဆီးတတ်သော ကံဆိုး ကံဟောင်းများ ပျောက်ပျက်၍ ကံကောင်းခြင်း
အခွင့်အလမ်းပွင့်၍ မြင့်တက်သော အကျိုးကို ရရှိစေနိုင်ပါသည် ။
( ၇ ) ရက်သားသမီးများ အဓိဋ္ဌာန်ပြု ကုသိုလ်ကံဖွင့်ချင်လျှင် ဤသို့ ရွတ်ဖတ် ပွားများ ပူဇော်ပါ ။ကံပွင့် - ကံမြှင့် မဟာပဋ္ဌာန်း ရွတ်ဖတ်ပွားများပူဇော်နည်းသည် မိမိ၏ မွေးနေ့ နံအလိုက် ဆောင်ရွက်ရသော နည်းကောင်းတစ်ခု ဖြစ်ပါသည် ။
ဝေဒဗေဒင်တွင် ဂြိုဟ်ကြီး ရှစ်လုံး ၊ ဂြိုဟ်ကြီး ကိုးလုံး ဟု
လာရှိသော်လည်း နေ့ရက်သား အရ ( ၇ ) နေ့ ရက်သားသမီးဟူ၍သာ တည်ရှိသဖြင့် ( ကိတ်
- တနင်္လာနေ့ မွန်းလွဲဖွား ) သည် တနင်္လာနေ့ သားသမီးကဲ့သို့ လည်းကောင်း ၊ (
ရာဟု - ဗုဒ္ဓဟူးနေ့ မွန်းလွဲဖွား ) သည် ဗုဒ္ဓဟူးနေ့ သားသမီးကဲ့သို့
လည်းကောင်း ရွတ်ဖတ်ပွားများ ပူဇော်ရပေမည် ။
( ၁ ) မွေးနေ့ တစ်ရက်တည်းသာ ဆောင်ရွက်ရမည် ။
( ၂ ) သား ၊ ငါး
ရှောင်ကြဉ် သက်သတ်လွတ် စားပြီး မွေးနေ့ မွေးနံ ကိုက်ညီသည့် ပန်း ၊ ရေချမ်း
၊ ဆီမီး ၊ အသီးအနှံ ၊ ကပ်လှူ ပူဇော်၍ နေ့သားအလိုက် ကုသိုလ်ကံဖွင့်
လေးဆူဘုရား ရှိခိုး ဆုတောင်း ဂါထာ ပါဠိတော်နှင့် ရှိခိုးကာ
ငါးပါးသီလ ခံယူဆောက်တည်ပါ ။
( ကုသိုလ်ကံဖွင့် နေ့နံအလိုက်ဖွား လေးဆူဘုရားရှိခိုး ဆုတောင်းဂါထာများကို အထက်ပါ ဂါထာ၌ နေ့နံသင့် ရှုပါ ။ )
(
၃ ) ပြီးလျှင် နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ ( ၃ ) ခေါက် ရွတ်ဆို၍
ပဋ္ဌာန်း ပစ္စုယုဒ္ဒေသ ပါဠိတော် ( ၂၄ ) ပစ္စည်းအား (၁) ပစ္စည်း ပုတီး
တစ်လုံးချနှင့် ( ၁၀၈ ) လုံး ပုတီးဖြင့် ပုတီး ( ၂ ) ပတ်စိပ်ပါ ။
( ၄ ) အထူးကံဖွင့်၍ ကံပွင့်ရန်နှင့် အထူးကံမြှင့်၍ ကံမြင့်ရန်မှာ မိမိ၏
မွေးနေ့မှ စ၍ ( ၉ ) ရက် ၊ ( ၁၈ ) ရက် ၊ ( ၄၅ ) ရက် အဓိဋ္ဌာန် ပြဋ္ဌာန်းကာ နံနက်
နေ့လည် ည ၊ တစ်နေ့ ( ၃ ) ကြိမ် ရွက်ဆောင် ကြိုးပမ်းခြင်းဖြင့် ရရှိမည့်
လောကုတ် ၊ လောကီ အကျိုးအနန္တကို မညွှန်းလိုတော့ပါပြီ ။ ရွက်ဆောင်သူ၏
သဒ္ဓါနှင့် ကျင့်ကြံအားထုတ်မှုသာ ပဓာန ဖြစ်ပါသည် ။