Pages

Thursday, August 26, 2010

ဆရာတော် ဦးဇောတိက၏ ဆုံးမ ဩ၀ါဒ

သတိဆိုတာ စိတ်ရဲ့ နေအိမ်ပါပဲ ၊ သတိမရှိတဲ့ စိတ်ဟာ
အိမ်မရှိတဲ့ လူလိုပဲ ကြုံရာ ခြေဦးတည့်ရာ လျှောက်သွားနေတတ်တယ်။
ကြုံရာမှာ နေတတ်တယ် ။ တည်ငြိမ်အေးချမ်းမှု လုံခြုံမှု မရှိဘူး။
ဂုဏ်သိက္ခာ မရှိဘူး။
ဘ၀မှာ အပျော်ဆုံး လူဆိုတာ ဘယ်သူလဲ ?
ဘ၀မှာ အဆင်မပြေမှုတွေ ဒုက္ခတွေ အများကြီး ရှိလျက်နှင့်
ငြိမ်းငြိမ်းချမ်းချမ်း နေနိုင်တဲ့သူတွေ ရှိတယ်။ အားလုံး အဆင်ပြေနေမှ
စိတ်ချမ်းသာမယ်ဆိုရင်တော့ ဒီတစ်သက် စိတ်ချမ်းသာဖို့ မလွယ်တော့ဘူး။
အဆင်မပြေမှုတွေ ရှိနေပါလျက် စိတ်ချမ်းသာအောင် နေတတ်မှ
တကယ် စိတ်ချမ်းသာအောင် နေတတ်တဲ့သူ ဖြစ်မယ်။
စိတ်ချမ်းသာအောင် နေတတ်ကြပါစေ။

No comments:

Related Posts Plugin for WordPress, Blogger...