Pages

Monday, November 5, 2018

ဆန်းကြယ်သော ကောင်းကျိုးချမ်းသာ ဟူသမျှကို ပေးစွမ်းနိုင်သည့် မဟာပဋ္ဌာန်း ပူဇော်နည်း

ဆန်းကြယ်သော ကောင်းကျိုးချမ်းသာ ဟူသမျှကို ပေးစွမ်းနိုင်သည့်

  မဟာပဋ္ဌာန်း ပူဇော်နည်း

 

         ပဋ္ဌာန်းတရားတော်ကို မြတ်စွာဘုရားက မယ်တော်ဖြစ်ခဲ့ဖူးတဲ့ နတ်သားကို အကြောင်းပြုပြီး ဟောသောတရားဖြစ်သည် ။ မိခင်ရဲ့ ကျေးဇူးတရားကို အသိအမှတ်ပြု တုံ့ပြန်သော တရားဖြစ်သည် ။

         မိမိ လတ်တလော ရင်ဆိုင်နေရသော အခက်အခဲ မှန်သမျှ ပြေလည်စေတယ် ။ အနှောင့်အယှက် ပယောဂ ၊ ကျန်းမာရေးနဲ့ ညီညွတ်စေနိုင်သည် ။

         " ပုရေဇာတ ပစ္စယော " ဆိုတာ ရှေ့၌ ဖြစ်နှင့်၍ ကျေးဇူးပြုပါစေသတည်း ။

         " ပစ္ဆာဇာတ ပစ္စယော " ဆိုတာ နောက်မှ ကပ်၍ ကျေးဇူးပြုပါစေသတည်း ။

 

         ပထမဦးစွာ ဘုရားရှင်ကို ဆီမီး ၊ ရေချမ်း ၊ ပန်း ၊ အမွှေးနံ့သာတိုင်များကို ကပ်လှူပြီး ပဋ္ဌာန်းတရားတော်ကို ရွတ်ဖတ် ပူဇော်မည့်အကြောင်းကို အနှိုင်းမဲ့ ဘုရားရှင်အား ရိုရိုသေသေ လျှောက်ထားပါ ။

 

         ပြီးရင် ဘုရားရှင်ကို ဆွမ်းကပ်ပါ ။ ( ထောပတ်ထမင်းဆွမ်း ) ( ပိန္နဲသီးဆွမ်း ) ပြီးလျှင် ပုရေဇာတပစ္စယော ကို ရွတ်ဖတ်ပူဇော် ပုတီးစိပ်ပါ ။ ပုရေဇာတပစ္စယော ကို တန်ဆောင်မုန်းလမှာ ရွတ်ဖတ်ပူဇော် ပုတီးစိပ်ရပါမည် ။ ပိတောက်သား ပုတီးနဲ့ စိပ်ပါ ။ 

 

         ရွတ်ဖတ်ပူဇော်ပုံက - ပုတီးမစိပ်မီ ပုတီးခေါင်းကို ကိုင်ပြီး 

" ပုရေဇာတ ပစ္စယောတိ … ကိဉ္စိကာလေန ပုရေဇာတပစ္စယော "

 

         ပုရေဇာတပစ္စယော နိဒ္ဒေသ ( အကျယ် ) ကို တစ်ခေါက် ရွတ်ဆိုရပါမယ် ။ ပုရေဇာတပစ္စယောလို့ ဆိုပြီး ပုတီးတစ်လုံးချ ပုတီးတစ်ပတ် စိပ်ပါ ။ ရွတ်ဆိုမှု ( ၉ )ခေါက် ပုတီး ( ၉ ) ပတ် ဖြစ်မည် ။

 

         ထိုနည်းအတိုင်းပင် ပစ္ဆာဇာတပစ္စယော ကို တပေါင်းလ တစ်လလုံး ရွတ်ဆိုမှု ( ၉ ) ခေါက် ပုတီး ( ၉ ) ပတ် ရွတ်ဆို ပူဇော်ပုတီးစိပ်ပါ ။

 

         အဲဒီလို အဓိဋ္ဌာန် တစ်ခု အောင်မြင်ပြီဆိုရင် မိမိမှာ တစ်စုံတရာ အခက်အခဲ ကြုံပါက ပုရေဇာတ ပစ္စယော ကို မနက် ပုတီး ( ၉ ) ပတ် ၊ ပစ္ဆာဇာတ ပစ္စယောကို ညနေ ပုတီး ( ၉ ) ပတ် ( ၉ ) ရက်စိပ်ပြီး မေတ္တာပို့ အမျှဝေပါ ။ လိုရာဆုတောင်းပါ ။

 

ပဋ္ဌာန်း                  = ကြာသပတေး ၊ စနေ

ပုရေဇာတပစ္စယော   = ကြာသပတေး ၊ စနေ

ပစ္ဆာဇာတပစ္စယော    = ကြာသပတေး ၊ စနေ

ထောပတ် ထမင်း      = ကြာသပတေး ၊ စနေ


Sunday, September 2, 2018

စိရံတိဋ္ဌတုမေ ဂါထာ ( မေမေပို့ပေးသော ဂါထာတော် )

မေမေက တနင်္ဂနွေသမီး ဖြစ်လို့ မေမေ့မွေးနံရက်လေး အမှတ်တရ တင်လိုက်ပါတယ် ... 🙏🏻🙏🏻🙏🏻 မေမေ အသက်ရှည်လို့ ကိုယ်စိတ်နှစ်ပါး ကျန်းမာချမ်းသာ လိုအင်ဆန္ဒ အမြန်ပြည့်ဝပါစေ ... သံသရာပြတ်မည့် တရားထူး တရားမြတ်များ အလျင်အမြန်ရပါစေ 🙏🏻🙏🏻🙏🏻 ... မေမေပို့ပေးလိုက်လို့ မေမေပို့ပေးသော ဂါထာတော်လို့ ခေါင်းစဉ်လေး တပ်ပေးလိုက်ပါတယ် ...


မေမေ ပို့ပေးသော ဂါထာတော်

" စိရံတိဋ္ဌတုမေ အာယု လာဘံ လာဘတု
သဗ္ဗဒါ ၊ ဇယော ဘဝတု မေသဒါ ၊
သောကရောဂံ ၊ ဝိနာသနံ "



မေ - ကျွန်ုပ်၏ အာယု အသက်သည် ၊ စိရံ - ကြာမြင့်စွာ ၊ တိဋ္ဌတု - တည်ပါစေသတည်း ။ လာဘံ - လာဘ်ကို ၊ သဗ္ဗဒါ - အခါခပ်သိမ်း ၊ လာဘတု - ရပါစေသတည်း ။ မေ - ကျွန်ုပ်အား ၊ ဇယော - အောင်မြင်ခြင်းသည် ၊ သဒါ - အခါခပ်သိမ်း ၊ ဘဝတု - ဖြစ်ပါစေသတည်း ။ သောကရောဂံ - သောကဟူသမျှ ရောဂါဟူသမျှသည် ၊ ဝိနာသနံ - ပျောက်ပျက်ခြင်းသည် ၊ ဘဝတု - ဖြစ်ပါစေသတည်း ။


ရှေ့မှ ဥုမ် ခံကာ တစ်နေ့လျှင် မနက် (၉)ခေါက် ၊ ည (၉)ခေါက် ရွတ်ဖတ်ပါက စီးပွားလာဘ်လာဘအရာတွင် (၄၅) ရက်အတွင်း သိသာစွာတိုးပွားမည်ဖြစ်ပြီး ရက်ပေါင်း (၉ ၉ ၉ )ရက် ရွတ်ဖတ်မည် ဆိုပါက အာယုအရာတွင် သိသိသာသာ ခံစားစံစားကြရမည် ဖြစ်သည်ဟု သိရှိရပါသည် ။



Credit - မူရင်းပိုင်ရှင်

( မေမေပို့ပေးသော ဂါထာအပိုဒ်လေး ဖြစ်ပါတယ် ။ မေမေက ဂါထာအပိုင်းလေး သိမ်းထားပြီး စာအုပ်အမည် မမှတ်မိပါ … )

Monday, March 26, 2018

ရှင်အရဟံ ပုတီးစိပ်နည်းသည်


ရှင်အရဟံ ပုတီးစိပ်နည်းသည် အလုံးရေ ၂၀၂ ရှိပါတယ် ... ဆရာကြီး ဦးဆန်းထွန်း ( မန်းတက္ကသိုလ် ) ၏ ဂါထာတော်များ သိဒ္ဓိမြောက်စေရန် နည်းအရ ရှင်အရဟံပုတီးစိပ်နည်းကို ၄၉ ၅၁ ကြိမ် ရွတ်ရပါမည် ။ 

ဘုရားစာများ ပြန်လည် ဖတ်ကြည့်ရင်း တွက်ချက်ကြည့်မိခြင်း ဖြစ်ပါတယ် ... ဂါထာတစ်ခုကို ထုံနေအောင် များများရွတ်ဖတ်ပေးပါက အကျိုးထူးစေပါတယ် ... 

ဂါထာတော်များ သိဒ္ဓိမြောက်စေရန်

" အကြိမ် တစ်သန်း ရွတ်သောကြောင့် အက္ခရာ တစ်လုံး ရှိသော မန္တရား အကျိုးပြီးမြောက် သိဒ္ဓိပေါက်၏ ။ အက္ခရာတိုးသည်နှင့်အမျှ ရွတ်ကြိမ်လျှော့သွားသည် ။ ထိုနည်းဖြင့် အခြားအခြားသော မန္တရားတို့၏ ရွတ်ကြိမ်ကို အဘယ်မျှဟု သုံးချက်တွက်နည်းဖြင့် တွက်၍ အတက်အဆုတ်ကို ကြံစည် သိမှတ်ရာ၏ ။ "

ဗုဒ္ဓ = အကြိမ် ငါးသိန်း

လောကဝိဒူ = အကြိမ် နှစ်သိန်း ငါးသောင်း

*** သတိပြုရန်မှာ ... ရွတ်ဖတ်ရမည့် အက္ခရာသည် " မ " ဖြစ်နေလျှင် ရှေ့တစ်ခု တိုး၍ " စုံ " ဟု မှတ်ရမည် ။

" နမော ဗုဒ္ဓါယ သိဒ္ဓံ " = ၇ လုံး ( မ ) = ၈ လုံး ( တစ်လုံးတိုး စုံ )

၁၀၀၀၀၀၀ / ၈ = ၁၂၅၀၀ ကြိမ် ရွတ်လျှင် သိဒ္ဓိမြောက်၏ ။

ဆရာကြီး ဦးဆန်းထွန်း ( မန်းတက္ကသိုလ် ) 
စာ - ၁၀၄ ၊ နက္ခတ္တရောင်ခြည် မဂ္ဂဇင်း
ဩဂုတ် ၊ ၁၉ ၉ ၆


ရှင်အရဟံ ပုတီးစိပ်နည်း ( အနန္တ မန္တာန်တော်ကြီး )


၁ ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ နာမ ရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ ။
ဗုဒ္ဓံ - မြတ်စွာဘုရားကို ၊ သရဏံ - ကိုးကွယ်ရာ ဟူ၍ ၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏ ။ နာမရူပံ - နာမ် ရုပ်သည် ၊ အနိစ္စံ - အမြဲ မရှိ ။ ဒုက္ခံ - ဆင်းရဲ၏ ။ အနတ္တာ - အနှစ်ကင်းပ အစိုးမရ ။
၂ ။ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ နာမ ရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ ။

ဓမ္မံ - တရားတော်မြတ်ကို ၊ သရဏံ - ကိုးကွယ်ရာ ဟူ၍ ၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏ ။ နာမရူပံ - နာမ် ရုပ်သည် ၊ အနိစ္စံ - အမြဲ မရှိ ။ ဒုက္ခံ - ဆင်းရဲ၏ ။ အနတ္တာ - အနှစ်ကင်းပ အစိုးမရ ။

၃ ။ သံဃံ သရဏံ ဂစ္ဆာမိ ၊ နာမ ရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ ။

သံဃံ - သံဃာတော်မြတ်ကို ၊ သရဏံ - ကိုးကွယ်ရာ ဟူ၍ ၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏ ။ နာမရူပံ - နာမ် ရုပ်သည် ၊ အနိစ္စံ - အမြဲ မရှိ ။ ဒုက္ခံ - ဆင်းရဲ၏ ။ အနတ္တာ - အနှစ်ကင်းပ အစိုးမရ ။
၎ ။ ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ ၊ ဓမ္မံ သရဏံ ဂစ္ဆာမိ ၊ သံဃံ သရဏံ ဂစ္ဆာမိ ၊ နာမ ရူပံ အနိစ္စံ ဒုက္ခံ အနတ္တာ ။

ဗုဒ္ဓံ - မြတ်စွာဘုရားကို ၊ သရဏံ - ကိုးကွယ်ရာ ဟူ၍ ၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏ ။ ဓမ္မံ - တရားတော်မြတ်ကို ၊ သရဏံ - ကိုးကွယ်ရာ ဟူ၍ ၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏ ။ သံဃံ - သံဃာတော်မြတ်ကို ၊ သရဏံ - ကိုးကွယ်ရာ ဟူ၍ ၊ ဂစ္ဆာမိ - ဆည်းကပ်ပါ၏ ။ နာမရူပံ - နာမ် ရုပ်သည် ၊ အနိစ္စံ - အမြဲ မရှိ ။ ဒုက္ခံ - ဆင်းရဲ၏ ။ အနတ္တာ - အနှစ်ကင်းပ အစိုးမရ ။
၅ ။ စက္ကဝါဠေသု ၊ အနန္တေသု ။
အာကသေ ၊ အနန္တေ တထာ ။
သတ္တနိကာ ၊ အနန္တာစ ။
သမ္ဗုဒ္ဓေ ဉာဏ အနန္တာ ။
အနန္တေသု - အဆုံး အပိုင်းအခြား မရှိကုန်သော ၊ စက္ကဝါဠေသု - စကြာဝဠာတိုက်တို့၌ လည်းကောင်း ၊ တထာ - ထိုမှတစ်ပါး ၊ အနန္တေ - အနန္တေသု - အဆုံး အပိုင်းအခြား မရှိကုန်သော ၊ အာကာသေ - အာကာသေသုစ - ကောင်းကင်တို့၌ လည်းကောင်း ၊ သတ္တနိကာ - သတ္တဝါအပေါင်းတို့သည်လည်း ၊ အနန္တာ - အဆုံး အပိုင်းအခြား မရှိကုန် ။ သမ္ဗုဒ္ဓေစ - သစ္စာသိမြင် ဘုရားရှင်တို့သည်လည်း ၊ ဉာဏ - ဉာဏာ - ဉာဏ်တော်တို့သည် ၊ အနန္တော - အဆုံးအပိုင်းအခြား မရှိကုန် ။

၆ ။ အနန္တံ ဗလဝံ ဗုဒ္ဓံ ၊ အနန္တံ ဂေါစရံ ဓမ္မံ ။
အနန္တံ အရိယံ သံဃံ ၊ အနန္တံ ဗောဓိ မုတ္တမံ ။
ဗလဝံ - အားတော် ဆယ်တန် ၊ ဉာဏ်တော် ဆယ်ပါး နှင့် ပြည့်စုံတော် မူသော ၊ ဗုဒ္ဓံ - မြတ်စွာဘုရားသည် ၊ အနန္တံ - အတိုင်းမသိ တန်ခိုးတော် ကြီးမြတ်လှပါပေ၏ ။
ဂေါစရံ - မဂ်ဉာဏ် ဖိုလ်ဉာဏ် တို့၏ ကျက်စားရာဖြစ်သော ၊ ဓမ္မံ - တရားတော်မြတ်သည် ၊ အနန္တံ - အတိုင်းမသိ တန်ခိုးကြီးမြတ်လှပါပေ၏ ။
အရိယံ - မဂ္ဂဋ္ဌာန် ၊ ဖလဋ္ဌာန် ရှစ်တန်ထင်ပေါ် အရိယာ ဖြစ်တော်မူသော ၊ သံဃံ - သံဃာတော်မြတ်သည် ၊ အနန္တံ - အတိုင်းမသိ တန်ခိုးတော် ကြီးမြတ်လှပါပေ၏ ။

၇ ။ အာဂေစၧယ် သေဗၺေဒဝါ ၊
အာယုုဝေဏၰာ သုုခံဗလံ ၊
သဗၺသိဒၶိ မဟိဒၶိကာ ၊
ဇယေတဇ ၊ ဒသဒိသာ ။
ဘဝတြ မမ သဗၺဒါ ။ ။
သဗ္ဗေ - အလုံးစုံကုန်သော ၊ ဒေဝါ - နတ်တို့သည် ၊ အာဂစ္ဆေယျ - လာရာ၏ ။ အာယုဝဏ္ဏော သုခံ ဗလံ - အသက်ရှည်ခြင်း ၊ အဆင်းလှခြင်း ၊ ခွန်အားကြီးခြင်း ၊ ချမ်းသာကြီးခြင်း ၊ ဉာဏ်ပညာ ကြီးခြင်းသည် ၊ သဗ္ဗသိဒ္ဓိ - အလုံးစုံသော သိဒ္ဓိပြီးမြောက်သည် ဖြစ်၍ ၊ မဟိဒ္ဓိကာ - ကြီးမားသော တန်ခိုး ရှိ၏ ။ မမ - ကျွနု်ပ်အား ၊ ဒသဒိသာ - အရပ်ဆယ်မျက်နှာမှ ၊ ဘယံ - ဘေး ဟူသမျှသည် ၊ တေဇသာ - တေဇေန - တန်ခိုးအားဖြင့် ၊ ဇယ ဇယတု - အောင်ပါစေသတည်း ။ မမ - ကျွနု်ပ်အား ၊ သဗ္ဗဒါ - နေ့ရော ညဥ့်ပါ ဘယ်ခါ မပြတ် အခါခပ်သိမ်း ၊ ဘဝတု - တောင်းတတိုင်း ပြည့်စုံပါစေသတည်း ။ ။


အထက်ပါ ပုတီးစိပ်နည်းကို နေ့စဉ် စွဲမြဲပြီး အမြဲစိပ်ပါက အသက်ရှည်ခြင်း ၊ ဘုန်းကြီးခြင်း ၊ ကျက်သရေ တိုးတက်ခြင်း ၊ ကြံတိုင်းအောင်၍ ဆောင်တိုင်းပြီးမြောက်ခြင်း စသည့် လောကီ အကျိုးတရားတို့နှင့် တကွ လောကုတ္တရာ အကျိုးတရားတို့ကို ရရှိစေပါသည် ။

Monday, February 26, 2018

ငွေ လာဘ်ခေါ် မန္တာန်

ငွေ လာဘ်ခေါ် မန္တာန်

ဝီတ ဒုက္ခာ ၊ သောကရောဂါ ၊
အဘယာဒိ တုပ္ပဒ္ဒဝါ ။
သကုန ဒုသုပိနာစ ၊
သဗ္ဗေဘယာ ဒူရမနာ ၊
ဝိနဿန္တု အသေသတော ။
နာနာလာဘ ဓနံ ယသော
ခိလ ဇန ပိယ နန္တော ။
အာယုဒီဃံ သတံ သုခံ ၊
သဗ္ဗတ္တဉ္စ ဝရာဝရံ ။
သဗ္ဗသတ္တရု ဝိနာသနံ ၊
သဗ္ဗဘယာ ဝိနာသန္တု ။

ရွတ်ဖတ်ရခြင်း၏ အကျိုးကျေးဇူး

အိပ်ရာဝင် အိပ်ရာထ နေ့ည ( ၉ ) ခေါက် ရွတ် ၊ ဘေးကင်း၏ ၊ ရောဂါကင်း၏ ၊ သောကကင်း၏ ၊ ချစ်ခင်သူ ပေါ၏ ၊ လာဘ်မိုးစွေ၍ စည်းစိမ်တိုး၏ ၊ ကိုယ်စိတ်နှလုံး အေးချမ်း၏ ။

စာ - ၂၂၀ ဗုဒ္ဓ ပရိတ်တော် မန္တာန်တော်ပေါင်းချုပ်

Thursday, February 15, 2018

ဆန်းကြယ်သော ကောင်းကျိုးချမ်းသာ ဟူသမျှကို ပေးစွမ်းနိုင်သည့် မဟာပဋ္ဌာန်းပူဇော်နည်း

ဆန်းကြယ်သော ကောင်းကျိုးချမ်းသာ ဟူသမျှကို ပေးစွမ်းနိုင်သည့် မဟာပဋ္ဌာန်းပူဇော်နည်း

ဒီနေ့ တပေါင်းလဆန်း တစ်ရက်နေ့ ဆိုတာ မနက်မှ သိရလို့ အပြင်လည်းသွားရမှာရယ် ဆောင်ရွက်ချင်သူတွေ ဆွမ်းချိန် မမီမှာ စိုးတာရယ်ကြောင့် စာအုပ်ထဲကနေပဲ ပုံရိုက်တင်လိုက်ပါတယ် ... စာအုပ်က ဆယ်စုနှစ်ကျော်နေလို့ ဟောင်းနေတာ တောင်းပန်ပါတယ် ... ကွန်ပျူတာနဲ့ ရိုက်ပြီး ထပ်တင်ပေးပါ့မယ် ...

Tuesday, December 26, 2017

ပါဠိ စာလုံးဆင့် ဖတ်နည်း ရှင်းတမ်း


ပါဠိ စာလုံးဆင့် ဖတ်နည်း ရှင်းတမ်း

 

၁ ။ နှစ်လုံးဆင့်မှာ ၊ အထက်သာ ၊ သတ်ပါ မြဲဧကန် ၊

၂ ။ သဝေလည်းထိုး ၊ တ - သတ်မျိုး ၊ 

     ဖတ်ရိုး စ - သတ်သံ ။

၃ ။ သဝေလည်းထိုး ၊ န - သတ်မျိုး ၊ 

     ဖတ်ရိုး င - သတ်သံ ။

၎ ။ သဝေရေးချ ၊ သတ်မြင်က ၊

     မှတ်ကြ ဝ - ဆွဲသံ ။

၅ ။ ဟထိုး ဝဆွဲ ၊ ရရစ် ယပင်း ၊ တွေ့လျင်းက ၊

     နှစ်ဝတာဝန် ၊ ကျေပွန်စေရန် ၊

     အသံ အသတ် ယူမြဲမှတ် ။

 

၁ ။ အဓိပ္ပာယ်မှာ - အက္ခရာ ၂ - လုံးဆင့် တွေ့လျှင် အပေါ်တွင်ရှိသော အထက် အက္ခရာကို အသတ်တင်၍ ဖတ် ၊ အသံ သေပြီ ၊ ရှေ့အက္ခရာနှင့် တွဲ၍ ဖတ်ရမည် ။ 

 ဥပမာ - သမန္တာ = သမန်တာ

 

၂ ။ အဓိပ္ပာယ်မှာ - သဝေထိုးနှင့် တွဲသော တ - သတ်ကို စ သတ်အသံ ထွက်၍ ဖတ်ရမည် ။

ဥပမာ - မေတ္တာ = မေတ်တာ ( မစ်တာ ဟု ဖတ် ) 

 မှတ်ချက် ။ ။ သဝေထိုးကို ပါဠိ၌ ဧ - သရဟုခေါ်သည် ။

 

၃ ။ အဓိပ္ပာယ်မှာ - သဝေထိုးနှင့်တွဲသော န - သတ်ကို င သတ် အသံထွက်၍ ဖတ်ရမည် ။

ဥပမာ - ပူရေန္တံ = ပူရေန်တံ ( ပူရင်တံ ဟု ဖတ် )

 

၎ ။ အဓိပ္ပာယ်မှာ - သဝေထိုးရေးချကို ဝဆွဲသံထွက်၍ ဖတ်ရမည် ။

ဥပမာ - ဟောန္တု = ဟောန်တု ( ဟွန်တု ဟု ဖတ် ) 

  မှတ်ချက် ။  ။ သဝေထိုးရေးချကို ပါဠိ၌ ဩ - သရ ဟု ခေါ်သည် ။

 

၅ ။ အဓိပ္ပာယ်မှာ - ဟထိုး ဝဆွဲ ရရစ် ယပင့် အက္ခရာစာလုံးများနှင့် တွဲသော အက္ခရာသည် အသတ်တာဝန်ကိုလည်း ယူရသည် ။ မိမိ၏ မူလအသံလည်း ထွက်ရသည် ။

ဥပမာ - အမှ = အမ်မှ

 

ဤ ပြယုဂ်တို့၌ ဟထိုးနှင့် တွဲသော မ ၊ ဏ ၊ န - အက္ခရာတို့သည် အသတ်တာဝန်ကိုလည်း ယူရသည် ။ မိမိ၏ မူလဗျည်း အသံလည်း ထွက်ရမည် ၊ အသတ်နှင့် အသံ တာဝန် ၂ - မျိုးကို ယူထားသည် ။ 

 

သကျ  = သက်ကျ

ဤ ပြယုဂ်တို့၌ ယပင့်နှင့် တွဲသော  က နှင့် သ တို့သည် အသတ်နှင့် အသံ တာဝန် - ၂ မျိုးကို ယူထားသည် ။ 

 

စကြာ  =  စက်ကြာ 

ဤ ပြယုဂ်တို့၌ ရရစ်နှင့် တွဲသော က နှင့် တ အက္ခရာတို့သည် အသတ်နှင့် အသံ တာဝန် ၂ - မျိုးကို ယူထားသည် ။

 

ကတွာ  =  ကတ်တဝါ

ဤ ပြယုဂ်တို့၌ ဝ - ဆွဲနှင့် တွဲသော တ - အက္ခရာတို့သည် အသတ်နှင့် အသံ ၂ - မျိုးကို ယူထားသည် ။

         မှတ်ချက် ။  ။ ဟထိုးသည် ဟ ၊ ယပင့်သည် ယ ၊ ရရစ်သည် ရကောက် ၊ ဝဆွဲသည် ဝ - အက္ခရာ၏ ကိုယ်စားလှယ်ဟု အသီးသီးမှတ် ။

 

ပါရမီ ဘုရားရှိခိုး အမျိုးမျိုးနှင့် ဝတ်ရွတ်စဉ် စာအုပ်မှ -

Related Posts Plugin for WordPress, Blogger...