Monday, August 26, 2013
Saturday, August 3, 2013
သဗ္ဗဇယမင်္ဂလာ ဂါထာတော်နှင့် အနက်
သဗ္ဗဇယမင်္ဂလာ ဂါထာတော်နှင့် အနက်
ဒိဝါတပတိ အာဒိစ္စော ၊ ရတ္တိမာ ဘာတိ စန္ဒိမာ
သန္နဒ္ဓေါ ခတ္တိယော တပတိ ၊ ဈာယီ တပတိ ဗြဟ္မဏော
အထသဗ္ဗ မဟောရတ္တိံ ၊ ဗုဒ္ဓေါ တပတိ တေဇသာ ။
ဧတေန သစ္စ၀ဇ္ဇေန သောတ္ထိ မေ ဟောတု သဗ္ဗဒါ ။
ဂါထာတော် အနက်
နေမင်းသည် နေ့အခါ၌သာ တင့်တယ်၏ ။
လမင်းသည် ညအခါ၌သာ တင့်တယ်၏ ။
မင်းသည် မင်းမြောက်တန်ဆာ ဆင်မှသာလျှင် တင့်တယ်၏ ။
ဗြဟ္မဏသည် ဈာန်ဝင်စားမှသာလျှင် တင့်တယ်၏ ။
ဗုဒ္ဓသည် တန်ခိုးဖြင့် နေ့ညဥ့်ပတ်လုံး တင့်တယ်၏ ။
ဤ မှန်ကန်သော သစ္စာစကားကြောင့် ဘုရားတပည့်တော်အား ၊ နေ့ရော ညဥ့်ပါ အခါခပ်သိမ်း ဘေးရန်ကင်းကွာ ချမ်းသာခြင်း သုခ အ၀၀နှင့် ပြည့်စုံခြင်းသည် မုချမသွေ ဖြစ်ပါစေသတည်း ။
Thursday, August 1, 2013
မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး ဆုံးမစာ
အိုးမဖုတ်ခင်၊
အိုးလုပ်စဉ်ဝယ်
အိုးတွင် နှိပ်ခတ်၊
တံဆိပ်မှတ်ကား
မပြတ်မစဲ၊အိုးပင်ကွဲလည်း
အမြဲတစေ၊တည်ရှိနေသို့
ထွေထွေသွေးသား၊ကလေးများ၌
ဘုရားတံဆိပ်၊ဘာသာစိတ်ကို
ခတ်နှိပ်နိုင်မှ၊သက်ဆုံးကျအောင်
ဗုဒ္ဓ၀ါဒီ၊စွဲ၍တည်မည်
ကိုယ်စီခတ်နှိပ်စေသတည်း။ ။
အမရပူရမြို့ ၊ မဟာဂန္ဓာရုံဆရာတော်ဘုရားကြီး
Friday, July 26, 2013
လုံးတော် ဆရာတော်ဘုရားကြီး၏ အဖွင့်နှင့် ဣစ္ဆန္တော ၁၂ ဂါထာ ပါဠိ
လုံးတော် ဆရာတော်ဘုရားကြီး၏
အဖွင့်နှင့် ဣစ္ဆန္တော ၁၂ ဂါထာ ပါဠိ
၁ ။ ဣစ္ဆန္တော သာသပ ဂဗ္ဘေ ၊ စင်္ကမတိ ဣတော စိတော ၊
ဣစ္ဆန္တော စက္က၀ါဠမှိ ၊ အတ္တဘာဝေန ဆာဒယိ ။
၂ ။ ဣစ္ဆန္တော ဒသစက္ကေသု ၊ သဟေဿသု စင်္ကမန္တော ၊
ပါဒရိယာ အကာသယိ ၊ နာနာဓမံ္မ အဒေသယိ ။
၃ ။ ဣစ္ဆန္တော အသာဓာရဏံ ၊ အနန္တ ဗုဒ္ဓနိမ္မိတံ ၊
စင်္ကမန္တောပိ ခဏေန ၊ မောစေသိ ဗဒ္ဓနာ ဗဟုံ ။
၎ ။ ဣစ္ဆန္တော ယာဝ ဘ၀ဂ္ဂံ ၊ သမိဉ္စိ တံ ဗာဟုံယထာ ၊
စင်္ကမတိ မဟိဒ္ဓိနာ ၊ ဗုဒ္ဓတေဇေန သံယုတံ ။
၅ ။ ဣစ္ဆန္တော ယုဂန္ဓရေန ၊ ဂစ္ဆံ သမံ သူရစန္ဒံ ၊ ဇေတ၀နေ ၊
သယာနတော ၊ အာမသိ ဟတ္ထပါဒေန ။
၆ ။ ဣစ္ဆန္တော မိတ၀ဏ္ဏောစ ၊ သမုဒ္ဒေါကာသိ ဣစ္ဆိတံ ၊
လောကဇေဋ္ဌံ စက္က၀ါဠံ ၊ အနန္တဘူမံဆာဒယိ ။
၇ ။ ဗုဒ္ဓေါ ဘမုခါ အသုရာ ၊ နလာဘေ အတ္တ ကာယတံ ၊
နပဿ ဋ္ဌ ပိတံ ဗုဒ္ဓံ ၊ အစိန္တေယျံ အပ္ဗမေယျံ ။
၈ ။ နိလ္လယေ ဒေ၀သူရေန ၊ သမ္ဗန္နော ဒသဣဒ္ဓိယာ ၊
ဘဂ၀ါဒေ၀ သူရဿ ၊ စက္ခုဓမ္မမှိ နိလ္လယိ ။
၉ ။ သကျာနံ ကောလိယာနဉ္စ ၊ မာနမဒ္ဒါ နမာသယံ ၊
အန္တရေ မဇ္ဈေ ဂန္တွာန ၊ နိသီဒတိ နိလ္လယိ ။
၁၀ ။ စရတွာ ဒုက္ကရ စရိယံ ၊ ဆဗ္ဗဿာနိ ဂတေဒိဝေ ၊
နိဂြောဓ သမီပေ ပတ္တေ ၊ ဣဒ္ဓိမဿ အဒဿနံ ။
၁၁ ။ တိဋ္ဌတု စတုစိန္တိယေ ၊ ၀ိကုပ္ဗနိဒ္ဓိမာပိတော ။
သဟပရိက္ခာရေဟိစ ၊ သာသပန္တေ စရတိစ ။
၁၂ ။ အန္တောဂစ္ဆေ ဣတော စိတော ၊ ဣဒ္ဓိဝဏ္ဏောဝသာသပေါ ၊
အတ္တဘာဝေန ဆာဒိယေ ၊ ဧတေ မေ ဇယမင်္ဂလံ ။
တိုက်တွန်းချက်
ဤ ဣစ္ဆန္တော ဂါထာကို ဆရာတော်ကြီး ကိုယ်တိုင် အလေးအနက် အဆုံးအဖြတ် ပေးထားခြင်းဖြစ်၍ နှုတ်ငုံအရဆောင်ပြီး နေ့စဉ်ဝတ်မပျက် ရွတ်ဖတ်ရန် တိုက်တွန်းအပ်ပါသည် ။
ဤ ဂါထာတော်ကြီး၏ တန်ခိုးကြောင့် အလွန်ဆင်းရဲသော ဘ၀မှသည် မကြောင့်မကြ ၊ မတောင့်မတ နေနိုင်သော ဘ၀သို့လည်းကောင်း ၊ ယခင်က အပယ်ခံ ပညာရှင်တစ်ဦးသည် ဤ ဂါထာတော်မြတ်ကြီးကို နေ့စဉ် ၀တ်မပျက် ပူဇော်ကန်တော့ရာမှ ရာထူးကြီးများ အဆင့်ဆင့်သို့လည်းကောင်း ၊ အသီးသီး ရောက်ရှိသွားပုံတို့ကို ၎င်းတို့ ပြောကြားချက်အရ သိရှိရပါသည် ။
( တစ်နေ့လျှင် မိမိ တတ်စွမ်းနိုင်သလောက် ရွတ်ဖတ် သရဇ္ဈာယ်ပါရန် တိုက်တွန်းအပ်ပါသည် ။ )

Wednesday, June 26, 2013
မဂ္ဂင်ရှစ်ပါး တရားတော်၏ အင်္ဂလိပ် အခေါ်အဝေါ်များ ...

The Noble Eightfold Path မဂ္ဂင် ( ၈ ) ပါး
The Middle way ( Majjhimapatipada ) မဇ္ဈိမ ပဋိပဒါ
1. သမ္မာ ဒိဋ္ဌိ Samma - ditthi = Right View or Understanding
2. သမ္မာ သင်္ကပ္ဗ Samma - sankappa = Right Thought or Intention
3. သမ္မာ ၀ါစာ Samma - vaca = Right Speech
4. သမ္မာ ကမ္မန္တ Samma - kammanta = Right Action
5. သမ္မာ အာဇီဝ Samma - ajiva = Right Livelihood
6. သမ္မာ ၀ါယာမ Samma - vayama = Right Effort
7. သမ္မာ သတိ Samma - sati = Right Mindfulness
8. သမ္မာ သမာဓိ Samma - samadhi = Right Concentration
The Nobel Threefold Training ( သိက္ခာ သုံးပါး )
1. သီလသိက္ခာ Silasikkha = The training of moranty ( 3,4,5 )
2. သမာဓိသိက္ခာ Samadhisikkha
3. ပညာသိက္ခာ Pannasikkha = The training of wisdom ( 1,2 )
1. What is the right understanding ? ( Samma - ditthi )
The right understanding is :
1. To understand suffering :
2. To understand the origin of suffering :
3. To understand the exitinction of suffering :
4. To understand the path that leads to the exitinction of suffering : ( မဂ္ဂသစ္စာ = Magasacca )
This is called the Right Understanding ( Samma - ditthi )
Four kinds of the Right Understanding သမ္မာဒိဋ္ဌိ ( ၄ ) မျိုး
1. ကမ္မဿကတာ သမ္မာဒိဋ္ဌိ = Understanding kamma and its result :
kammassakata - sammaditthi
2 . ဈာန သမ္မာဒိဋ္ဌိ
Jana - sammaditthi
3 . ၀ိပဿနာ သမ္မာဒိဋ္ဌိ = Understanding the psycho physical phenomena by insight .
Vipassana - sammaditthi
4. စတုသစ္စ သမ္မာဒိဋ္ဌိ
Catusacca - sammaditthi
Sunday, May 26, 2013
ဝဋ်ကြွေးတော်ပြေ ဘုရားနှင့် ပါရမီ ၁၀ ပါး
ဝဋ်ကြွေးတော်ပြေ ဘုရားနှင့် ပါရမီ ၁၀ ပါး
ဘုရားပုံတော်ကို facebook သတင်းချစ်သူမှ ပင့်ဆောင် ပူဇော်ထားပါသည် ။
10 Kinds of the fulfilment of the perfection ပါရမီ ( ၁၀ ) ပါး
၁ ။ ဒါနပါရမီ - Danaparami = The fulfilment of the perfection of Charity .
၂ ။ သီလပါရမီ - Silaparami = The fulfilment of the perfection of Morality .
၃ ။ နေက္ခမ္မပါရမီ - Nekkhammaparami = The fulfilment of the perfection of Renunciation .
၎ ။ ပညာပါရမီ - Pannaparami = The fulfilment of the perfection of Wisdom .
၅ ။ ၀ီရိယပါရမီ - Viriyaparami = The fulfilment of the perfection of Effort .
၆ ။ ခန္တီပါရမီ - Khantiparami = The fulfilment of the perfection of Patience .
၇ ။ သစ္စာပါရမီ - Saccaparami = The fulfilment of the perfection of Truthfulness .
၈ ။ အဓိဋ္ဌာနပါရမီ - Adhitthanaparami = The fulfilment of the perfection of Resolution .
၉ ။ မေတ္တာပါရမီ - Mettaparami = The fulfilment of the perfection of Loving-kindness .
၁၀ ။ ဥပေက္ခာပါရမီ - Upekkhaparami = The fulfilment of the perfection of Equanimity .
When the above 10 are multiplied by 3 perfections , there are all together 30 .
၁ ။ ဒါန ပါရမီ - Danaparami
၂ ။ ဒါန ဥပ ပါရမီ - Danaupaparami
၃ ။ ဒါန ပရမတ္ထ ပါရမီ - Danaparamatthaparami = offering or donation one's own life to others .
From Wikipedia
- Dāna pāramī : generosity, giving of oneself
- Sīla pāramī : virtue, morality, proper conduct
- Nekkhamma pāramī : renunciation
- Paññā pāramī : transcendental wisdom, insight
- Viriya (also spelled vīriya) pāramī : energy, diligence, vigour, effort
- Khanti pāramī : patience, tolerance, forbearance, acceptance, endurance
- Sacca pāramī : truthfulness, honesty
- Adhiṭṭhāna (adhitthana) pāramī : determination, resolution
- Mettā pāramī : loving-kindness
- Upekkhā (also spelled upekhā) pāramī : equanimity, serenity
ပါရမီ ( ၁၀ ) ပါးကို အင်္ဂလိပ်လိုပါ လေ့လာ သိရှိနိုင်ရန်အတွက် ရှာဖွေ ဖော်ပြပေးခြင်း ဖြစ်ပါသည် ။ ၀ဋ်ကြွေးများရှိက အမြန်ဆုံး ကျေပါစေ ။ ။
Subscribe to:
Posts (Atom)