Pages

Friday, February 4, 2011

အရပ်(၁၀)မျက်နှာမေတ္တာပို့နှင့် မေတ္တာသုတ်တရားတော်

Min kun sayardawgyi ၈။ အာဋ္ဋနာဋိယသုတ် .mp3



အာဋာနာဋိယသုတ် ရွတ်ဖတ်ရခြင်း အကျိုး

ဤသုတ်ကို မပြတ် ရွတ်ပေးလျှင် နတ်တို့က လိုလားသည်။ နတ်လိုက လူလို၊ လူလိုက ဂြိုဟ်မ ၊ ကံဇာတာ ထ လာစေနိုင်သည်။ စုန်း ပယောဂ ၊ တစ္ဆေ ၊ မြေဖုတ် ဘီလူး ပူးကပ်လျှင် ဤသုတ်ဖြင့် ထုတ်ပစ်နိုင်သည်။ ပယောဂ ခွာဆေး တစ်မျိုး ဖြစ်ပေသည်။ ဤသုတ်ကို ရွတ်ပေးလျှင် လူနာကို အပ မမီနိုင်ပေ။

Min kun sayardawgyi ၇။ ဓဇဂ္ဂသုတ် .mp3



ဓဇဂ္ဂသုတ် ရွတ်ဖတ်ရခြင်း အကျိုး

ဤသုတ်ကို ရွတ်ဖတ်ပွားများလျှင် ပိုမို၍ ဉာဏ်ကောင်းလာစေနိုင်သည်။ မည်သည့်နေရာသို့ ဖြစ်စေ နေ့နေ့ညည တစ်ယောက်တည်း သွားရဲ ၊ လာရဲ၊ နေရဲ စေသည်။ စိတ်တန်ခိုးလည်း ကြီးလာလိမ့်မည်။ ပရိသတ် အလယ်မှာ ပြောရဲ ဆိုရဲရှိလာနိုင်သည်။ မိမိ၏ ဘ၀ အခြေအနေ ခိုင်မြဲစေသည်။ ရာထူး တည်မြဲရေး စည်းစိမ် တည်မြဲရေး အတွက် အကျိုးပြုလိမ့်မည် ဖြစ်သည်။

Min kun sayardawgyi ၆။ ၀ဋ္ဋသုတ် .mp3



ဝဋ္ဋသုတ် ရွတ်ဖတ်ရခြင်း အကျိုး

မီးဘေး လွတ်ကင်းစေနိုင်ပါသည်။ မိမိကိုယ်တိုင် မီးဘေး မသင့်ရအောင် မိမိ ရပ်ကွက် မီးဘေးကင်းအောင် သစ္စာပြုနိုင်သည်။

Min kun sayardawgyi ၅။ မောရသုတ် .mp3



မောရသုတ် ရွတ်ဖတ်ရခြင်း အကျိုး

ပီယဆေးခတ်ခြင်း ၊ ပုဏ္ဏကတိုက်ခြင်း စသည်ဖြင့် သူတစ်ပါးတို့က မကောင်းမကြံနိုင်အောင် ကာကွယ်နိုင်သည်။ အထူးသဖြင့် အပျိုရည် အပျို့ သိက္ခာကို မြတ်နိုးသော မိန်းကလေးများအတွက် အကာအကွယ်ကောင်းဖြစ်သည်။ အန္တရာယ်ပြုရန် တစ်စုံတစ်ယောက်က မိမိနောက်သို့ လိုက်နေသောအခါများတွင် ရွတ်နိုင်သည်။ သူတစ်ပါးက မိမိ၏ ရာထူး အခြေအနေ လျှောကျအောင် ကြံစည်နေလျှင်လည်း အကာအကွယ်ကောင်း တစ်ခု ဖြစ်ပေသည်။ လုပ်ကြံ သတ်ဖြတ်မှု မခံရအောင်လည်း စွမ်းပေသေးသည်။

Min kun sayardawgyi ၄။ ခန္ဓသုတ် .mp3



ခန္ဓသုတ် ရွတ်ဖတ်ရခြင်း အကျိုး

မြွေဘေး ကင်းနိုင်သည်။ အခြား အဆိပ်ရှိသော သတ္တ၀ါတို့ ဘေးမှလည်း လွတ်နိုင်သည်။ မြွေကိုက် ကင်းကိုက် ခံရသောအခါမျိုး၌လည်း အကြိမ်ကြိမ် ရွတ်နိုင်သည်။ ဘေးရန်ကို ကျော်လွန်နိုင်သည်။

Min kun sayardawgyi ၃။ မေတ္တသုတ်.mp3



မေတ္တသုတ် ရွတ်ဖတ်ရခြင်း အကျိုး

မေတ္တသုတ်ကို အမြဲမပြတ် ရွတ်ဖတ်လေ့ ရှိသူတို့မှာ အခြောက်အလှန့် မခံရခြင်း၊ အနာရောဂါ ကင်းခြင်း၊ အိပ်မက်ဆိုး နိမိတ်ဆိုး အတိတ်ဆိုးများ မတွေ့မကြုံရခြင်း၊ လူနတ်အများချစ်ခင်ခြင်း၊ အဆိပ် လက်နက် မစူးရှခြင်း၊ ရူးသွပ်သော ဝေဒနာ ကင်းခြင်းမှ စ၍ ဗြဟ္မာ့ဘုံ ရောက်သည်အထိ အကျိုးပေးနိုင်စွမ်း ရှိလေသည်။
Related Posts Plugin for WordPress, Blogger...